← Chapters

ဒီလိုမှပေါ့...

Vol. 49 Ch. 727

ဒီလိုမှပေါ့...

Vol. 49 Ch. 727

#ဘာသာပြန် = စနိုးဝှိုက်

ဒုတိယ ဥက္ကဌဟာ အားတင်းပြီး ရယ်မောလိုက်တယ်..။လီယင်ဒေါင်နဲ့ ကျိုးလီ တို့က ယန်ဂျင် ရဲ့ မိတ်ဆွေတွေ ဖြစ်တာကြောင့်..မာစတာလင်း အပေါ်မှာ ဖော်ရွေမှာ မဟုတ်ဘူးဆိုတာကို သူ ကြိုတင်ခန့်မှန်းပြီးသားပါ..။

လင်းဖန် က ယန်ဂျင်ကို ရိုက်နှက်ခဲ့တဲ့ ကိစ္စက အတော်ပျံ့နှံ့နေပြီ ဖြစ်တာကြောင့်..လူတိုင်းက သိထားကြပါတယ်..။

ဒါက..နည်းလမ်းကျတဲ့ ရှင်းပြမူ မျိုးပါ..။သို့ပေမယ့်..သူတို့ ဘာမှ စိုးရိမ်စရာ မရှိပေ..။ဒါပေမဲ့..သူတို့က ခံစားချက်တွေကို စင်ပေါ်အထိ ယူသွားကြမှာလား..။

ဒုတိယ ဥက္ကဌ ဟာ..ချောင်းဆိုးလိုက်ပြီး..

"ဒါက တိုက်ရိုက် ထုတ်လွင့်မူဆိုတော့..အကုန်လုံးက ပရော်ဖက်ရှင်နယ် ကျကျလုပ်ကိုင်ကြမယ်လို့ မျှော်လင့်ပါတယ်..။ပြိုင်ပွဲဝင်တွေက ပြသနာ ရှိနိုင်ပေမယ့်..ဒိုင်တွေက ပြသနာ ဖြစ်လို့မရဘူးလေ...။ဒါက ကျွန်တော်တို့ လိူချင်တဲ့ တစ်ခုတည်းသော အချက်ပါ.."

လင်းဖန် နဲ့ ကျန်တဲ့လူတွေဟာ ခေါင်းညိမ့်လိုက်ပြီး ဒုတိယ ဥက္ကဌ ကို အာမခံချက်ပေးလိုက်ပါတယ်..။လင်းဖန် လည်း ဒီတောင်းဆိုချက်ကို နားလည်ပေးနိုင်ပါတယ်..။သူတို့က ဒိုင်တွေကို ပိုက်ဆံ အကုန်အကျခံပြီး ဖိတ်ခေါ်ထားရတာ ဖြစ်တဲ့ အတွက် ရှိုးပွဲမှာ ဘာပြသနာ မှ ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး..။

သူတို့ နေ့လည်ဘက် အထိ..အစီစဥ်တွေကို ဆွေးနွေးခဲ့ကြတယ်..။

ဥက္ကဌ လီက အကုန်လုံးကို နေ့လည်စာစားဖို့ ဖိတ်ခဲ့ပါတယ်..။သို့ပေမယ့်..လီယင်ဒေါင် နဲ့ ကျိုးလီတို့ဟာ လင်းဖန် နဲ့အတူ စားပွဲတစ်ခုတည်း မထိုင်ချင်ကြတာကြောင့်..အကြောင်းတစ်ခုခု ပြပြီး ငြင်းပယ် ခဲ့ကြပါတယ်..။

တစ်ဖက်မှာတော့ ဟောင်ဂျင်ရှင်းဟာ လင်းဖန် အကြောင်းပိုပြီး သိချင်နေတာကြောင့်..လက်ခံခဲ့ပါတယ်..။

သူတို့ လူအနည်းငယ် သာ နေ့လည်စာ စားခဲ့လိုက်ကြတယ်..။

နေ့လည်ဘက် နှောင်းပိုင်းတွင်..။

အင်တာနက်ပေါ် သတင်းတစ်ခု တက်လာခဲ့ကြပါတယ်..။

" အသန်မာဆုံး ကောင်းကင် သံစဥ် ပြိုင်ပွဲက ဒိုင်လေးယောက်ဟာ ဒီနေ့ တွေ့ဆုံခဲ့ကြတယ်..။ဆရာတွေထဲမှာ..လီယင်ဒေါင် နဲ့ ကျိုးလီ တို့ဟာ.မာစတာလင်း အပေါ် အနုတ်လက္ခဏာဆောင်ခဲ့ကြတယ်..။အယ်ဒီတာရဲ့ စုံစမ်းမူ အရတော့..လီယင်ဒေါင်နဲ့ ကျိုးလီတို့ဟာ..ယန်ဂျင်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေပါ..။ဒါကြောင့် သူတို့က..ယန်ဂျင်နဲ့ ရန်ငြိုးရှိတဲ့..မာစတာလင်းအပေါ်မှာ ဒီလို ဆက်ဆံကြတာ ဖြစ်နိုင်ပါတယ်..။ဒီ အရှုပ်အထွေးက..ပရိုဂရမ် ရဲ့ စတိတ်စင်ပေါ် အထိပါ ရောက်သွားနိုင်မလား..ဆိုတာ စိတ်ဝင်စားစရာပါပဲ..."

"ချီးပဲ..အယ်ဒီတာက စကားတွေ အများကြီး ပြောထားတာပဲ..။ဒီသတင်းက ဘယ်ကနေ လာတာလဲ.."

"အယ်ဒီတာ ပြောသွားတာတွေက အဓိပ္ပါယ်ရှိတယ်..။တကယ်လို့ မင်းတ်ို့ အနီးကပ် သေချာ လေ့လာကြည့်မယ် ဆိုရင် ယန်ဂျင် နဲ့..ကျန်တဲ့ ဒိုင်နှစ်ယောက်က အတော်ရင်းနှီးကြတယ် ဆိုတာ တွေ့ရလိမ့်မယ်..."

"ဟားဟား..ငါ အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲ ထုတ်လွင့်တာကို မစောင့်နိုင်တော့ဘူး..။ငါတို့ ဒရမ်မာဇာတ်လမ်းလေးတွေ ကြည့်ရတော့မယ်..."

"မင်း အိပ်မက်မက်နေတာပဲ..။ဒါမျိုးက ဖြစ်လာမှာ မဟုတ်ဘူး.."

တကယ်လို့ လင်းဖန် သာ ဒီသတင်းကို မြင်ရင် အံ့ဩသွားမှာပါ..။ဒီသတင်း ခေါင်းစဥ်က..ရှန်ဟိုင်း ဂြိုလ်တု.TV နစ်ဝါ့က လူရေးထားတာ ဖြစ်ပြီး..ရည်ရွယ်ချက်က ရှိုးပွဲကို လူတွေ ပိုပြီး စိတ်ဝင်စားလာကြအောင်ပါ..။

ဒိုင်လေးယောက်မှာ သူတို့ သုံးယောက်က..အရှုပ်အထွေးတွေ ရှိနေခဲ့ပါပြီ..။ဒီရှိုးက အရင် ပြိုင်ပွဲတွေထက် ပိုပြီး ..ပေါ်ပြူလာ ဖြစ်မှာက ကျိန်းသေသလောက်ပါပဲ..။

ညဘက်..။

လင်းဖန် တိမ်ဖြူလမ်းကနေ ထွက်ခွာဖို့ လုပ်တဲ့ အချိန်မှာပဲ..ဝမ်မင်ယန်ဟာ ရောက်လာခဲ့တယ်..။

နောက်ဆက်တွဲပါလာတာက..သူ့ရဲ့ အားပါးတရ ပွေ့ဖက်မူ ပါပဲ..။

"ချီးပဲ..ငါသာ မင်းကို လာမရှာရင် မင်းက ငါ့ကို ဘယ်တော့မှ လာတွေ့မှာ မဟုတ်ဘူး.."

ဝမ်မင်ယန် မကျေမနပ်ပြောလိုက်တာပါ.။

"ခင်ဗျား ဒီရက်ပိုင်းတွေမှာ..အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား..။ကျုပ်လည်း ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေတာ..။ဒါနဲ့.ဘာကိစ္စရှိလို့လဲ.."

"ကောင်းပြီလေ..ငါက ဒီတိုင်း လာလည်တာ..။ငါတို့ တစ်ခုခု သွားသောက်ရင်ရော ဘယ်လိုလဲ.."

ဝမ်မင်ယန် ပြုံးပြီး ပြောလိုက်တယ်..။

လင်းဖန် ဝမ်မင်ယန်ကို ကြည့်ကာ မျက်မှောင်ကျုတ်လိုက်ပြီ...

"ဇီလီက.ရုပ်ရှင်ရိုက်နေတာ မလား..."

"ငါ မင်းဆီကနေတော့ ဘာမှကို ဖုံးကွယ်လို့ မရဘူး..။မင်းမှန်တယ်..သူမက အမြဲတမ်း ရိုက်ကူးရေး လုပ်နေရတာ."

ဝမ်မင်ယန် ရယ်မောပြီး ပြောလိုက်တာပါ..။

"ဘာပဲဖြစ်ဖြစ်ပါ..မင်း အသန်မာဆုံး ကောင်းကင် သံစဥ် ပြိုင်ပွဲမှာ..ဒိုင် အဖြစ် တာဝန်ယူမယ်လို့ ကြားထားတယ်..။ငါတို့ အဲ့ကိစ္စ ဆွေးနွေးကြတာပေါ့.."

"ဟိုကို ရောက်မှ ပြောကြရအောင်..။လီချွန်းကို သွားကြရအောင်..ဒါပေမဲ့ အများကြီး သောက်လို့တော့ မရဘူး..။မနက်ဖြန်ကျရင် အလုပ်လုပ်ဖို့ရှိသေးတယ်လေ..."

လင်းဖန် ဝမ်မင်ယန် ဘာကို ဆွေးနွေးချင်တာလဲ ဆိုတာတောင် မမေးပဲ ပြောလိုက်ပါတယ်..။

"ကောင်းပြီလေ.ပြသနာ မရှိဘူး..။မင်းက ရှိုးပွဲရဲ့ ဆရာ..တစ်ယောက် ဖြစ်နေပြီ ဆိုတော့.. အများကြီး မသောက်ခိုင်းပါဘူး.."

ညဘက်..စားသောက်ဆိုင်တစ်ခုတွင်..။

လင်းဖန် ဝမ်မင်ယန်ကို..ပဟေဠိ ဖြစ်စွာ ကြည့်လိုက်ပြီး..

"ခင်ဗျားက ဘာကိစ္စ ဆွေးနွေးချင်လို့လဲ.."

"ဘာရှိရမှာလဲ.ငါပြောပြမယ်. ငါ့ကုမ္ပဏီမှာက..

စတား တွေ အနည်းငယ်တော့ ရှ်ိတယ်လေ..။ဒါပေမဲ့..သူတို့က အရေအတွက် အရမ်းနည်းနေတယ်..။ဒီတော့ ငါ့က ရိုးရှင်းတဲ့ တောင်းဆိုမူ တစ်ခုလုပ်ချင်လို့..။တကယ်လို့ မင်း ပြိုင်ပွဲ အတွင်းမှာ..အလားအလာကောင်းတဲ့..ပြိုင်ပွဲဝင်တွေကို တွေ့ရင် ..သူတို့ကို ငါ့ရဲ့ ကုမ္ပဏီဆီပို့ပေးပါ.."

ဝမ်မင်ယန် ပြောလိုက်တာပါ..။

ဝမ်မင်ယန်ဟာ..ဖျော်ဖြေရေးလောကမှာ အောင်မြင်ဖို့ အတွက်ဆိုရင် ဒိီလို အသားတုံးကြီးကို လက်လွတ်လို့ မဖြစ်ပါဘူး..။အခု သူ့လက်အောင်မှာလည်း..အောင်မြင်နေတဲ့ စတားတွေ ရှိနေပေမယ့်.ဝမ်မင်ယန်က ဒီထက်ပိူပြီး ချဲ့ထွင်ချင်နေခဲ့တာပါ..။

သိူ့ပေမယ့်..သူက အရည်အချင်းတွေကို ကြည့်တဲ့မျက်လုံး နဲ့ တစ်ယောက်ယောက် ရဲ့ အလားအလာ ကို ကြည့်တဲ့နေရာမှာ လင်းဖန်လောက် တော်မှာ မဟုတ်ပေ..။

တစ်ဖက်မှာတော့ သူ့ရဲ့ ညီအစ်ကိုက မတူညီတဲ့ မျက်လုံးတွေ ရှိပြီး အတော်လည်း တိကျပါတယ်..။တကယ်လို့ သူက တစ်စုံတစ်ယောက်က အလားအလာ ရှိတယ် လို့ ထောက်ခံပေးရင် အဲ့ဒီလူက ကျိန်းသေ အောင်မြင်တဲ့ စတားတစ်ယောက်ဖြစ်လာမှာပါ..။

လင်းဖန် မငြင်းပယ် ခဲ့ပေ..။

"ကောင်းပြီလေ..ပြသနာ မရှိဘူး..။ခင်ဗျား ပြောချင်တာက ကျုပ်ကို ဆုံးဖြတ်ချက်ချပြီး လူရွေးခိုင်းတာမလား.."

"ဟုတ်တယ်..မင်းသဘော အတိုင်းပဲ..။မင်း ထောက်ခံပေးတာနဲ့ ငါ အဲဒီလူကို အပြည့်အဝ ထောက်ခံပေးမယ်.."

ဝမ်မင်ယန် ယုံကြည်မူ ရှိစွာ ပြောလိုက်တာပါ..။လင်းဖန်မှာက..သူ့ကိုယ်စား လုပ်ပိုင်ခွင့်အပြည့်အဝ ရှိပါတယ်..။

"ကောင်းပြီလေ..ကျုပ်လုပ်ပေးမယ်..။ဒါပေမဲ့ တစ်ခု သိထားရမှာက ရွှန်းယွဲ့က ကျုပ်တို့ထဲက တစ်ယောက်ပဲနော်..။ခင်ဗျား ပိုက်ဆံ ရှာလို့ရပေမယ့် .သူမအပေါ် ခေါင်းပုံမဖြတ်တာ ပိုကောင်းလိမ့်မယ်..။မဟုတ်ရင် ကျုပ်စိတ်ဆိုးမိမှာ..."

"ညီအစ်ကို ဒါက ပြသနာ မရှိဘူးလေ..။ငါ မနက်ဖြန် စာချုပ်ကို ပြန်ကြည့်ပြီး မင်းကျေနပ်အောင် ပြန်ဆင်ပေးမယ်..။ဒါပေမဲ့ ဒီတစ်ကြိမ်တော့ မင်းကို အားကိုးမယ်နော်..။မြန်မြန်အောင်မြင်နိုင်ဖို့ အလားအလာ ရှိတဲ့ ကြယ်ပွင့် လေးတွေကိုသာ..ငါ့အတွက် ရွေးချယ်ပေး.."

ဝမ်မင်ယန် ပြောလိုက်တာပါ..။

လင်းဖန် ဖန်ခွက်ကို မြှေက်လိုက်ပြီး..

"ကောင်းပြီးလေ..ကျုပ်ကို အသုံးချနေတဲ့.မသမာတဲ့..စီးပွားရေးသမား အတွက် ချီးယား.."

"ဒါတော့ မဟုတ်သေးဘူးလေ..။ငါ ဘယ်တုန်းက မင်းကို အသုံးချလို့လဲ..။ငါ တစ်ယောက်ယောက်ကို နောက်ကျော ဓားနဲ့ ထိုးရမယ် ဆိုရင်တောငိ..ငါ့ညီအစ်ကိုကိုတော့ သစ္စာဖောက်မှာ မဟုတ်ဘူး..။ငါတို့..ပြစ်မူကျူးလွန်ပြီး ရဲအဖမ်းခံရရင်တောင် မင်းကို ဖော်မှာ မဟုတ်ဘူး.."

ဝမ်မင်ယန် ပြောလိုက်တာပါ..။

* ပြန်အန်ထွက်သည့် အသံ *

"ကောင်းပြီ ကောင်းပြီ အဲလောက်အထိလည်း မလိုပါဘူး..။သောက်ကြရအောင်..."

လင်းဖန် ဝမ်မင်ယန် ပြောတာကို ကြားပြီး ပြောလိုက်တာပါ..။ယင်းနောက် သူတို့ ခွက်ချင်းတိုက်လိုက်တယ်..။

" ချီးယား..."

ရှန်ဟိုင်းက စီးပွားရေး.လုပ်ငန်းရှင်တစ်ယောက်နဲ့..ရှန်ဟိုင်းက မာစတာတစ်ယောက်..။သူတို့ နှစိယောက်ဟာ စားပွဲတစ်ခုတည်းမှာ သောက်နေကြပြီး အကြောင်းအရာ မျိုးစုံကို စကားပြောနေခဲ့ကြတယ်..။တကယ်လို့ တစ်ယောက်ယောက်က မြင်ရင်တောင် သူတို့က ကျော်ကြားနေတဲ့လူတွေ ဆိုတာ ယုံကြမှာ မဟုတ်ပါဘူး..။

နောက်တစ်ရက်..။

မနက် ၆ နာရီတွင်..။

အသန်မာဆုံး ကောင်းကင်သံစဥ် တိုက်ရိုက် ထုတ်လွင့်မူ..။

လူတွေ အများကြီးဟာ ဝင်ခွင့်လက်မှတ်ကို ဝယ်နေခဲ့ကြပြီး လက်မှတ်ကလည်း ရဖို့ အတော်ခက်ခဲပါတယ်..။နေရာတစ်ခုလုံးက..လူတွေနဲ့ ပြည့်နေကြပြီး..ရှိုးပွဲ စတင်ဖို့ စောင့်နေခဲ့ကြတယ်..။

အသန်မာဆုံး ကောင်းကင် သံစဥ်ပြိုင်ပွဲက..တစ်ခြား သီချင်းဆို ပြိုင်ပွဲတွေနဲ့ အတော်ကွာခြားပြီး..ပြိုင်ပွဲဝင်တွေ အောင်မြင်ဖို့ဆိုတာက ဒိုင်တွေရဲ့ သဘောထားပေါ်မှာ အပြည့်အဝ မူတည်နေခဲ့ပါတယ်..။ပြိုင်ပွဲဝင်တစ်ယောက် စင်ပေါ်မှာ ဆက်ပြီး နေနိုင်မလား ဆိုတာက ဒိုင်တွေအပေါ်မှာပဲ..မူတည်ပါတယ်..။

ဒီလူအုပ်ကြီးက..ပြိုင်ပွဲဝင်တွေ မဟုတ်ကြပဲ..ပွဲကြည့်ဖို့ သက်သက် လာခဲ့ကြတာပါ..။

အပြင်မှာ လူတွေဟာ..အတော်ကို များပြားနေခဲ့တယ်..။

"ဟောင်ဂျင်ရှင်း ..အရမ်းချစ်တယ်..."

"ဂီတ နတ်ဘုရား လီယင်ဒေါင် ..အမြဲတမ်း အားပေးနေတယ်နော်.."

"ကျိုးလီ က အရမ်းလှတာပဲ.."

လူအုပ်ကြီးဟာ ဆရာတွေ လျောက်လာတဲ့ အချိန်မှာ အော်ဟစ်အားပေးနေခဲ့ကြတယ်.။ဆရာ သုံးယောက်ဟာ..ဒီလို ပရိတ်သတ်တွေရဲ့ အားပေးမူတွေနဲ့..ကျင့်သားရနေကြပြီ ဖြစ်ပေမယ့်. ကျေကျေနပ်နပ်ပဲ..ပရိတ်သတ်တွေကို လက်ဆွဲ နှုတ်ဆက်နေပါသေးတယ်..။

ဒီမှာ တစ်ခုတည်းသော ချွတ်ယွင်းချက် ရှိနေခဲ့ပြီး အဲတာကတောပ လင်းဖန်ပါ..။ဒိုင်သုံးယောက်နဲ့ ယှဥ်လိုက်ရင် သူ့ကို ဘယ်သူမှ အားမပေးကြပေ..။

လိီယင်ဒေါင် နဲ့ ကျိုးလီ တို့ဟာ အေးစက်စွာ ရယ်လိုက်ကြတယ်..။ဘယ်လို ကျော်ကြားမူမျိုးလဲ..သူက ဒိုင်တစ်ယောက် အနေနဲ့ မျက်နှာပြနိုင်သေးတာလား..။ဒါက တကယ်ကို ရှက်စရာပါပဲ..။

လင်းဖန် ကားပေါ်က ဆင်းပြီး တဲ့ အချိန်မှာ အကူညီမဲ့သွားခဲ့ပါတယ်..။သူ..မတတ်နိုင်စွာပဲ..အော်လိုကိတယ်..။

"ဟေး..ငါ့ကို အားပေးတဲ့လူတွေ..မရှိတော့ဘူးလား..."

ဟောင်ဂျင်ရှင်း ဒါကိုကြားပြီး ရယ်မောလိုက်တယ်..။ကျော်ကြားတဲ့ လူတစ်ယောက်က..သူ့ကို အားပေးကြဖို့..မေးနေရတာက..ဒါ ပထမဆုံး အကြိမ်ပါပဲ..။

လီယင်ဒေါင်နဲ့..ကျိူးလီ တို့လည်း ရယ်မောလိုက်ကြပါတယ်..။သူ ဘယ်လောက်ပဲ တောင်းဆို တောငိးဆို..ဒါက အသုံးဝင်မှာ မဟုတ်ပေ..။ကြည့်ရတာ သူ့ပရိတ်သတ်တွေက ဒီမှာ မရှိကြတဲ့ ပုံပါပဲ..။

ရုတ်တရက်..။

လူအုပ်ထဲမှာ ရယ်မောသံတွေ ပြည့်နှက်သွားခဲ့တယ်..။

လူအုပ်ထဲက ပရိတ်သတ်တွေဟာ..သဘောကျစွာ ရယ်မောနေကြတာပါ..။

"ဟားဟား..ဒါက တကယ်ပျော်ဖို့ ကောင်းတာပဲ..။မာစတာလင်းက တကယ် စနောက်လို့ကောင်းတယ်..."

"ရယ်နေတာ ရယ်လိုက်ကြတော့..။ဟိုမှာ ငါတို့ မာစတာလင်းက..အားငယ်ပြီး ငိုတော့မယ်..။အားပေးလိုက်ကြရအောင်..."

"မာစတာလင်း အရမ်းချစ်တယ်နော်..မငိုပါနဲ့.."

"မာစတာလင်း..ရှင့်ရဲ့ ကလေးလေးတွေ မွေးပေးချင်တယ်နော်..."

"မာစတာလင်း..အားပေးနေတယ်နော်.."

အဲ့အချိန်မှာ ပဲ လူအုပ်ကြီးဟာ တစ်ခဲနက် အော်ဟစ်ပြီး အားပေးလိုက်ကြပါတယ်..။

လင်းဖန် အဲ့ချိန်ကြမှာ..ကျေနပ်စွာ ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်..။

"ဒီလိုမှပေါ့...."

All Chapters