← Chapters

အခန်း (၇၂၈)

Vol. 49 Ch. 728

အခန်း (၇၂၈)

Vol. 49 Ch. 728

#ဘာသာပြန် = စနိုးဝှိုက်

စင်နောက်တွင်..။

လင်းဖန်ဟာ..ကျေနပ်တဲ့ အကြည့်တွေနဲ့..လီယင်ဒေါင် နဲ့ ကျိုးလီကို လှမ်းလှမ်းကြည့်နေခဲ့တယ်..။သူ ပြောချင်တာက..ရှင်းလင်းပါတယ်..။မာစတာလင်းဆိုတာက ပရိတ်သတ် မရှိတဲ့ လူတစ်ယောက် မဟုတ်ဘူး..။အစောက..အဖြစ်အပျက်က..သူ့ရဲ့ ပရိတ်သတ်တွေက..စနောက်နေကြလို့ပါ..။

ဟောင်ဂျင်ရှင်း လင်းဖန် ရဲ့ ပုခုံးကို ပုတ်လိုက်တယ်..။သူ အကူညီမဲ့စွာ..ပဲ ခုနက အဖြစ်အပျက်ကို ပြန်တွေးမိကာ ရယ်မောလိုက်ပါတယ်..။

"ကြည့်ရတာ..မင်းက တကယ်ကိုကျော်ကြားတာပဲ..။အပြင်က..လူတွေ အကုန်လုံးက မင်းရဲ့ ပရိတ်သတ်တောင် ဖြစ်နေနိုင်တယ်.."

လင်းဖန် တည်တည်ငြိမ်ငြိမ်ပဲ ပြုံးလိုက်တယ်..။

"အဲလောက်လဲ မဟုတ်ပါဘူး.။ဆရာ ဟောင် ချင်ကျိုး က ကျွန်တော့် ပရိတ်သတ်တွေကို မတွေ့သေးလို့ပါ..။အဲ့မှာ ဆိုရင် ..ကျွန်တော့် ပရိတ်သတ်တွေက ဒီထက် အဆ တစ်ရာလောက်ပိုများတယ်..."

လီယင်ဒေါင် နဲ့..ကျိူးလီတို့ဟာ..လင်းဖန်ကို အေးစက်စွာ ကြည့်ပြီး အထင်သေးနေခဲ့ကြတယ်..။

သို့ပေမယ့်..သူတို့ အနည်းငယ်တော့ အံ့ဩမိပါတယ်..။ဒီငနဲလေးမှာ ပရိတ်သတ်တွေ အများကြီး ရှ်ိနေလိမ့်မယ်လိူ့ သူတို့ မထင်ထားခဲ့ပါဘူး..။

'အသန်မာဆုံး ကောင်းကင် သံစဥ်' ပြိုင်ပွဲ၏ အင်တာနက် ကြည့်ရူသူများ..။

"ဟားးဟား..စစချင်းတုန်းကတော့ မာစတာလင်းက ရှက်ရွံ့နေတဲ့ ပုံပဲ..။​ေနာက်တော့ သူ့ ပရိတ်သတ်တွေက အားပေးလိုက်ကြတာ..တကယ် ကြောက်ဖို့ကောင်းတယ်..."

"ချီးပဲ..လက်မှတ် ဝယ်နိုင်တဲ့လူတွေက တကယ်ကံကောင်းတာပဲ..။ငါတို့ကတော့..တိုက်ရိုက်ထုတ်လွင့်တာပဲ..ကြည့်နေရတယ်.."

"ငါ မာစတာလင်း ရဲ့ တုန့်ပြန်မူတွေကို ကြည့်ချင်လို့ ဒီကို ရောက်နေတာ.."

"ငါရောပဲ..။ငါက ကျိုးလီ ရဲ့ ပရိတ်သတ်ဆိုပေမယ့် တစ်ယောက်ကို ရွေးချယ်ရမယ်ဆိုရင် ငါ မာစတာလင်းကိုပဲ ရွေးမိမှာပဲ..။မာစတာလင်း ရဲ့ ပုံစံကို တကယ် သဘောကျတယ်.."

"ငါ မစောင့်နိုင်တော့ဘူး..။တကယ်ကို စိတ်လှုပ်ရှားနေပြီ..."

ကြည့်ရူသူတွေအများကြီးဟာ..TV ပေါ်ကရော ဖုန်းထဲကရော တိုက်ရိုက်ထုတ်လွင့်မူကို အားပေးနေခဲ့ကြပါတယ်..။တကယ်လို့..သူတို့ရဲ့ သူငယ်ချင်းတွေက ဒီအချိန်မှာ အပြင်သွားဖို့ လာပြောရင်တောင် လိုက်သွားကြမှာ မဟုတ်ပါဘူး..။

တကယ်လို့ သူတို့ အပြင်မှာ ပျော်ရွှင်ဖို့နဲ့ မာစတာလင်းကို ကြည့်ဖို့ ရွေးရမယ် ဆိုရင် မာစတာလင်းကိုပဲ ရွေးချယ်ကြမှာပါ..။ဘာလို့လဲ..ဆိုတော့ မာစတာလင်းကိုသာ စောင့်ကြည့်နေရင် ပျော်ရွှင် စိတ်လှုပ်ရှားစရာတွေက သူ့အလိုလို ဖြစ်ပေါ်လာမှာ မို့လို့ပါပဲ..။

စင်နောက်ဘက် စတူဒိီယိုတွင်..။

ဒါရိုက်တာနဲ့ အလုပ်သမားတွေဟာ အဆင်သင့်ဖြစ်နေခဲ့တယ်..။

ဒါက ပထမဆုံး..အပိုင်းဖြစ်တာကြောင့်..ဒုတိယဥက္ကဌ ပါ..ဒီမှာရောက်နေခဲ့ပါတယ်..။ဒီ ရှိုးပွဲရဲ့..အောင်မြင်မူက..ဒီနေ့ ကြည့်ရူနှုန်းပေါ်မှာ မူတည်နေတဲ့ အတွက်..သူ စိတ်ပူမိတာကတော့ အမှန်ပါပဲ..။

ဒိုင်လေးယောက်မှာ..သုံးယောက်က ဂီတလောကရဲ့ ဝါရင့် စီနီယာတွေ ဖြစ်ကြပြီး..တစ်ဖက်မှာတော့ မာစတာလင်းက..အင်တာနက်ပေါ်မှာကြီးမားတဲ့..ပရိတ်သတ်တွေ ရှိထားပါတယ်..။

ရှန်ဟိုင်းဂြိုလ်တု TV နစ်ဝါ့ဟာ ..အကျိူးအမြတ်မရှိရင်..ဒီလို အစီအစဥ်မျိုးကို လုပ်မှာ မဟုတ်ပေ..။သူတို့ ပိုက်ဆံတွေ ဒီလောက်အထိ အကုန်ကျခံထားတယ် ဆိုတာက ဒီရှိုးက ကျိန်းသေ ပေါ်ပြူလာဖြစ်မယ် ဆိုတာကို သိထားလို့ပါ..။

"ဒိုင်လေးယောက်လုံး..စင်ပေါ်ကို သွားလို့ရပါပြီ.."

"ဆရာဟောင်..စင်ပေါ်ကို သွားကြရအောင်.."

လင်းဖန် သူနဲ့ ဟောင်ဂျင်ရှင်းနဲ့ ပြောနေတဲ့ စကားစ ကို လက်စသတ်ပြီး ပြောလိုက်တာပါ..။တစ်ဖက်မှာတော့..လီယင်ဒေါင်နဲ့ ကျိုးလီ တို့ဟာ..လင်းဖန်ကို လျစ်လျူ ရူထားခဲ့တယ်..။

အလုပ်ရှုပ်နေကြတဲ့..ဝန်ထမ်းတွေတောင်မှပဲ..ဒိုင်လေးယောက် ရဲ့ ကြားထဲမှာ အဖုအထစ်လေးတွေ ရှ်ိနေတာ သတိထားမိကြပါတယ်..။

"မာစတာလင်း.အရင်တက်လိုက်ပါ.."

ဟောင်ဂျင်ရှင်း ​ပြုံးပြီး ပြောလိုက်တာပါ..။

"ဆရာ ဟောင်က..ဒီမှာ စီနီယာ အကျဆုံးလေ..။ဒီတော့ အရင်တက်လိုက်ပါ.."

လင်းဖန်ဟာ ဘေးနားရပ်ပြီး ပြောလိုက်တယ်..။

သူတို့နောက်မှာ ရှိနေတဲ့ လီယင်ဒေါင်နဲ့ ကျိုးလိီတို့ဟာ ဒါကိုမြင်ပြီး စိတ်ရှုပ်သွားခဲ့တယ်..။

"ရှင်တို့က အခု ဘာဖြစ်နေကြတာလဲ..။တကယ်လို့ ဘယ်သူမှ မတက်ဘူးဆိုရင်လည်း ကျွန်မတို့ တက်တော့မယ်.."

လင်းဖန် ချက်ချင်းလက်ကို ဆန့်တန်းလိုက်ပြီး.ရှေ့ကိုတိုးဖို့ လုပ်နေတဲ့ လီယင်ဒေါင်နဲ့ ကျိုးလီတို့ကို တားထားလိုက်တယ်..။

"မဟုတ်ဘူး..ခင်ဗျားတ်ို့ အလှည့်မရောက်သေးဘူး..။ဆရာဟောင်ကို အရင်တက်ခိုင်းလိုက်ရအောင်..."

"ကောင်းပြီလေ.ငါပဲ အရင်တက်လိုက်ပါ့မယ်.."

ဟောငိဂျင်ရှင်း အကူညီမဲ့စွာ ပြုံးပြီး ပြောလိုက်တာပါ .။

"နင်..."

လီယင်ဒေါင် နဲ့ ကျိူးလီ တို့ဟာ လင်းဖန်ကို ဒေါသထွက်စွာ ကြည့်လိုက်ကြတယ်..။သူတ်ို့ ဒီငနဲ ရဲ့ မျက်နှာကိုတောင် တက်နင်းလိုက်ချင်ပါတယ်..။

ဟောင်ဂျင်ရှင်း တက်ပြီးတဲ့နောက်မှာ လီယင်ဒေါင်နံ့ ကျိုးလီ တို့ဟာ နှာခေါင်းရှုတ်ပြီး..လင်းဖန် ထက်အရင်တက်ဖို့ ရှေ့တိုးလိုက်တယ်..။

သို့ပေမယ့် လင်းဖန်က သူတ်ို့ကို ကျေနပ်ခွင့်မပေးခဲ့ပါဘူး..။သူ ချက်ချင်း အပေါ်ကို အမြန် တက်လိုက်ပြီး..

"ခနလေး..ကျွန်တော် အရင်သွားလိုက်တော့မယ်.."

ယင်းနောက် သူ အပေါ်ကို တန်းတက်သွားခဲ့ပါတယ်..။

"ရိုင်းစိုင်းတယ်..။ဒီငနဲက..အတော်ကို ရိုင်းစိုင်းတာပဲ.."

ကျိုးလီ အံကို ကြိတ်ပြီး ပြောလိုက်တာပါ..။

"ဒေါသထွက်မနေနဲ့..ဒီငနဲ ဘယ်လောက်အထိ မောက်မာနိုင်မလဲ ကြည့်ကြရအောင်.."

လီယင်ဒေါင် ပြောလိုက်တယ်..။

သူတို့နှစ်ယောက်လုံးက..ဂီတလောကမှာ..ကျင်လည်နေတာ ၁၀ နှစ်ကျော်ပါပြီ..။ဒီဆယ်နှစ် အတွင်းမှာ..သူတို့က အဓိက ပုဂ္ဂိုလ်တွေဖြစ်ခဲ့ကြတာကြောင့်..သူတို့ စိတ်ကြီးဝင်လာခဲ့ကြပါတယိ..။

တကယ်လို့ ဂျုနီယာတွေက သူတို့အပေါ် လေးစားမူ မရှ်ိရင် ချက်ချင်း သင်ခန်းစာပေးခဲ့ကြတာ ချည်းပါပဲ..။သို့ပေမယ့် လီယင်ဒေါင်နဲ့ဟကျိူးလီ တို့ဟာ ဒီတစ်ကြိမ်မှာ အလျင်မလိုခဲ့ပေ..။သူတို့ ဒီမာစတာလင်း ..ဘယ်လောက်အထိမြောက်ကြွ မြောက်ကြွ လုပ်နေနိုင်မလဲ စောင့်ကြည့်ချင်ပါသေးတယ်..။

ဒိုင်လေးယောက် စင်ပေါ်ကို ရောက်သွားတဲ့ အချိန်မှာ ပရိတ်သတ်တွေရဲ့အားပေးသံတွေ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တယ်..။ယင်းနောက် သူတို့ ထိုင်ခုံမှာ ထိုင်လိုက်ကြပါတယ်..။

ဆရာတွေ ထိုင်ခုံမှာ နေရာယူပြီးတဲ့ နောက်မှာ ဒါရိုက်တာဟာ ကျေနပ်စွာ ခေါင်းညိမ့်လိုက်တယ်..။

ယင်းနောပ် သူနောက်ထပ် ညွှန်ကြားမူတစ်ခုလုပ်လိုက်ပါတယ်..။

"ကောင်းပြီ..တိုက်ရိုက်ထုတ်လွင့်ဖို့ အမှတ်စဥ် ရေတွက်လိုက်..။TV အစီစဥ် တင်ဆက်သူ ကလည်း အဆင်သင့်ဖြစ်နေသင့်ပြီ..."

ဝန်ထမ်းတွေဟာဟ စတင်ပြီး လုပ်လိုက်ကြတယ်..။သူတို့ ဒီ အစီအစဥ်ကို အမှားယွင်း အဖြစ်မခံနိုင်ပါဘူး..။

ဒီအစီအစဥ်ရဲ့ တင်ဆက်သူက ရှ်ိုးပွဲတွေကို တင်ဆက်တဲ့နေရာမှာ နာမည်ကြီးနေတဲ့လူတစ်ယောက်ပါ..။သူ့ရဲ့ ကျွမ်းကျင်မူတွေကလည်း ထိပ်ဆုံးမှာ ရှိပါတယ်..။

ထောင့်နားမှာ ရပ်နေတဲ့..အစီစဥ် တင်ဆက်သူဟာ အသက်ကို ပြင်းပြင်းရူပြီး အချက်ပြလိုက်တယ်..။ယင်းနောက် သူ စင်ပေါ်ကို တက်သွားခဲ့ပါတယ်..။

များပြားလှတဲ့ မိသားစုဝင်တွေ..သန်းချီတဲ့ ကွန်ပြူတာတွေ..TV တွေ..နဲ့အတူ မရေမတွက်နိုင်တဲ့ ပရိတ်သတွေဟာ..ဒီအစီအစဥ်ကို စောင့်ကြည့်နေကြပါပြီ..။

"တိုက်ရိုက်ထုတ်လွင့်မူ စတင်ပြီ.."

"အချိန်ကွက်တိပဲ..နောက်ပိုင်း စိတ်ဝင်စားစရာလေးတွေ ဖြစ်လာဖို့ပဲ မျှော်လင့်တယ်.."

"အစီစဥ် တင်ဆက်သူက စငိပေါ်တက်လာပြီ.."

…

ရုပ်သံ အစီစဥ် တင်ဆက်သူ..ချီဝေ..

"ကျွန်တော်တို့နဲ့ အတူ စင်အောက်မှာ ကြည့်ရူနေတဲ့ ပရိတ်သတ်တွေရော အိမ်ကနေ တဆင့်ကြည့်ရူနေတဲ့ ပရိတ်သတ်တွေကိုရော နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ်..။ကျွန်တော်တို့ ရှန်ဟိုင်းဂြိုလ်တု TV နစ်ဝါ့ရဲ့..အသန်မာဆုံး ကောင်းကင်သံစဥ် ပြိင်ပွဲက အခု စတင်တော့မှာပါ..။မစတင်ခင်မှာ ကျွန်တော် တို့ရဲ့ စပွန်ဆာတွေ ဖြစ်တဲ့..ဒေါင်ဂန်ရှင်းဖန်း..ဆီ ကုမ္ပဏီ..ကျောင်းရှောင်ဘိုင်..ဝိုင်အရက်ချက် စက်ရုံ..ပြီးတော့....."

သူ ဆက်တိုက်ပြောနေခဲ့တယ်..။

"ပြီးတော့ ကျွန်တော် ဒိုင်လေးယောက်နဲ့ မိတ်ဆက်ပေးပါ့မယ်..။ကျေးဇူးပြုပြီး ဒိုင်တွေဖြစ်တဲ့..ဆရာ ဟောင်ဂျင်ရှင်း..ဆရာ ကျိုးလီ..ဆရာမ လီယင်ဒေါင် နဲ့ ဆရာ လင်းဖန်တို့ကို ကြိုဆိုလိုက်ရအောင်.."

ဖြောင်းဖြောင်းဖြောင်း..

လူအုပ်ကြီးဟာ ကျယ်လောင်စွာအားပေးလိုက်ကြပါတယ်..။

တိုက်ရိုက်ထုတ်လွင့်မူထဲမှာတော့ မြို့သားတွဟာ ဆွေးနွေးနေခဲ့ကြပါတယ်..။

"အသန်မာဆုံး ကောင်းကင်သံစဥ် ပြိင်ပွဲက ဒိုင်တွေက တစ်ခုခုပဲ..။ယန်ဂျင် ဒီမှာ ရှိမနေတာ ရှက်ဖို့ကောင်းတယ်.."

"အာ..သူမ ဘာလုပ်နိုင်မှာလဲ..။ဒီမှာ သူမအတွက်နေရာ မရှိဘူး.."

"ဒီလိူ ပြောလို့တော့ မရဘူးလေ..။သူမက ပြသနာ တစ်ချို့ရှိပေမယ့် ဂီတပိုင်းမှာတော့ သူမက တကယ်ကျွမ်းကျင်မူ ရှိတယ်..။ဒါပေမဲ့ သူ့နေရာကို အစားဝင်လာတဲ့ မာစတာလင်းကို ကြည့်ချင်နေမိပြီ..။ငါ မစောင့်နိုင်တော့ဘူး.."

"ဟားဟား..မာစတာလင်း ကြည့်ရတာ ကြောက်ရွံ့နေသလိုပါပဲ..။သူက ခြေထောက်ကို မရပ်မနား လှုပ်နေတယ်..."

"မင်းတို့ဘာသိလို့လဲ..။အဲတာ သူ အေးဆေးပဲ ဆိုတာကို ပြချင်နေတာလဲ ဖြစ်နိုင်တယ်လေ.."

"အဲတာတော့..ငါ မသိဘူး..ဒါပေမဲ့ သူ သီချင်းဆိုတာကို တစ်ခါမှ မကြားဖူးသေးတာတော့ ကျိန်းသေတယ်..."

…

"ကောင်းပြီ..ကျွန်တော်တို့ ရဲ့ ပထမဆုံး ပြိိုင်ပွဲဝင်ကို စင်ပေါ်ကို ဖိတ်ခေါ်လိုက်ကြရအောင်..."

အစီစဥ် တင်ဆက်သူ ချီဝေ ပြောလိုက်တာပါ..။

လင်းဖန်ကတော့ ငြိမ်သက်ပြီး အတွေးနက်နေခဲ့တယ်..။ငါ ..ထငိထင်ပေါ်ပေါ်နေရမှာလား နိမ့်ချရမှာလား..။ကောင်းပြီလေ..နောက်မှ အခြေအနေ ပြုပြီး..တုန့်ပြန်ရတာပေါ့..။တကယ်လို့ အခြေအနေက စိတ်လှုပ်ရှားစရာ ကောင်းလာရင်..ငါ ပိုပြီး ထပ်လုပ်ရမယ်..။

ဟောင်ဂျင်..။

"အစ်မ ဒီရှိုးက ဘာများကောင်းလို့လဲ..။ဒါက လူတွေ သီချင်းဆိုတာပဲ မဟုတ်ဘူးလား.."

ယွန်ယွဲ့ယောင်ရဲ့ ညီမဟာ စိတ်မဝင်စားစွာ ကြည့်ပြီး ပြောလိုက်တာပါ..။

"နင်မကြည့်ချင်ဘူးဆိုရင်လည်း သွားအိပ်လိုက်တော့..."

ယွန်ယွဲ့ယောင် စခရင်ပေါ်က မာစတာလင်းကို ကြည့်နေခဲ့တယ်..။သို့ပေမယ့် ကင်မရာက..တစ်ခြားနေရာကို ရောက်ရောက်သွားတိုင်း သူမ စိတ်ရှုပ်ရပါတယ်..။

ဒါက ယွန်ယွဲ့ယောင်ကို စိတ်ဆိုးစေပါတယ်..။ဖြစ်နိုင်ရင် သူမ ကင်မရာမန်းကို မာစတာလင်းကိုပဲ..အမြဲတမ်း ရိုက်ပြဖို့တောင် ပြောလိုက်ချင်ပါတယ်..။

လင်းဖန် ဟောင်ဂျင်က ထွက်သွားပြီးကတည်းက သူမ ..သူ့အကြောင်းတွေးနေတာတွေကို မရပ်တန့်နိုင်ပါဘူး.. ။သူမ ညအိပ်တဲ့ အချိန်တိုင်း အစ်ကိုလင်း သူမကိုကယ်ဖို့ တိုက်ခိုက်ခဲ့တာကိုပဲ..ပြန်စဥ်းစားနေမိပါတယ်..။

အခုလည်း...သူမ အစ်ကိုလင်း ပါဝင်တဲ့ ရှိုးပွဲကို စောင့်ကြည့်နေမိပြန်ပါပြီ..။

All Chapters