ငါတို့ အခုမှ စတာ..
Vol. 49 Ch. 729
#ဘာသာပြန် = စနိုးဝှိုက်..
"ပထမဆုံး ပြိုင်ပွဲဝင်ကို စင်ပေါ် ခေါ်လိုက်ရအောင်..."
စတိတ်မီးတွေဟာ..မှိန်သွားခဲ့ပြီး..စလိုက်မီးတွေဟာ...သာမန်အင်္ကျီကို ဝတ်ဆင်ထားပြီး..ဂစ်တာကို ကိုင်ကာ..စင်အလယ်ကို လျောက်လာတဲ့ လူငယ်လေးကို ဦးတည် ထိုးထားခဲ့ပါတယ်..။
အခုပြိုင်ပွဲဝင်ဖို့ ရောက်လာတဲ့ လူတိုင်းက..သူတို့ရဲ့..စီရင်စုတွေ မှာ စံကာတင်အဖြစ် ကြိုတင်ရွေးချယ်ပြီးသားတွေပါ..။သူတိူ့ အရမ်းကြီးကောင်းအောင် ဆိုနိုင်ဖို့..မလိုပေမယ့်..ဂီတ စွမ်းရည်တော့ရှိဖို့လိုအပ်ပါတယ်..။မဟုတ်လို့..လူတိုင်းကို စင်ပေါ်မှာ လာပြိုင်ခိုင်းမယ် ဆိုရင် ဒိုင်တွေ အတွက်..အချိန်ဖြုန်းသလို ဖြစ်သွားတော့မှာပါ..။
ထပ်ပြောရရင် သူတို့ တွေက..ဆိုးဆိုးရွားရွားတွေ ဆိုရင်..ပြိုငိပွဲအပေါ် ထိခိုက်လာမှာ အသေချာပါပဲ..။
"ဒီ ချောမောတဲ့လူငယ်လေးက. နည်းနည်း ကြောက်ရွံ့နေတဲ့ ပုံပဲနော်"
အစီစဥ် တင်ဆက်သူက စနောက်လိုက်တာပါ..။
ကြည့်ရူသူတွေ အကုန်လုံး ရယ်မောလိုက်ကြတယ်..။
"ကောင်းသော ညနေခင်းလေးပါ ဆရာတို့..။ကျွန်တော့် နာမည်က ဟောင်ဖေးပါ..အသက် ၂၆ နှစ်ရှိပါပြီ..။ကျွန်တော်က ဂျီလင် ကနေ လာပြိုင်တာပါ.."
"မင်းကို ကြည့်ရတာ..လူငယ်လေးတစ်ယောက်လို အားအင်တွေ ပြည့်နေတာပဲ.."
ကျိုးလီ မိုက်ကရိုဖုန်းကနေ တဆင့်ပြောလိုက်တာပါ..။
"ကျေးဇူးပါ ဆရာမ.."
ဟောင်ဖေး..လေးစားစွာ ပြန်ပြောလိုက်တယ်.။
"ကောင်းပြီလေ..အဆင်သင့်ဖြစ်ပြီဆိုရင် စလို့ရပါပြီ..."
ဟောင်ဂျင်ရှင်း ပြောလိုက်တာပါ..။
ဟောင်ဖေးဟာ..သီချင်းစဆိုရမယ့် အစား..တစ်ခုခု ပြောစရာ ရှိတဲ့ပုံပေါ်နေခဲ့တယ်..။ယင်းနောက်..သူ အံကို ကြိတ်ပြီး အားတင်းကာ ပြောလိုက်ပါတယ်..။
"ဆရာတို့..ကျွန်တော် သီချင်းစမဆိုခင်မှာ ပြောစရာလေး ရှိလို့ပါ.."
လီယင်ဒေါင်ဟာ..စင်အောက်မှာတုန်းက..လင်းဖန်ကြောင့်..ဒေါသထွက်ခဲ့ရပေမယ့်..စင်ပေါ်ရောက်တဲ့ အချိန်မှာတော့ ပရိုပီသစွာပဲ..တည်ငြိမိနေခဲ့ပါတယ်..။
"ကောင်းပြီလေ..ပြောစရာရှိတာကို ပြောပါ.."
ဟောင်ဖေး စတင်ပြီး ပြောလိုက်တယ်..။
"ကျွန်တော်က ဂျီလင်ရဲ့ စီရင်စု သေးသေးလေးကနေ လာပြီး..မိဘလည်း တစ်ယောက်တည်းပဲ ရှိပါတယ်..။ကျွန်တော့်ရဲ့ အဖေက ကျွန်တော် ငယ်ငယ်လေးကတည်းက..ဆုံးသွားခဲ့ပြီး ကျွန်တော့်အမေက ဒီအရွယ်အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်..။ကျွန်တော် ၁၅ နှစ် အရွယ်မှာ
အမေက ..နေမကောင်းဖြစ်ပြီး..တစ်ချိန်တည်းမှာပဲ..ကျွန်တော့်ရဲ့..ဂီတကို ရူးသွပ်မူက အဆုံးသတ်သွားခဲ့တယ်..။အခုတော့ ကျွန်တော် ဒီပြိုင်ပွဲကို အကောင်းဆုံး ကြိုးစားပြီး..ဆုတစ်ခုခု ရရင်..အမေ့ကို ဆေးဖို့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.."
"ဒါပေလ့..ဂီတကို အသုံးချပြီး ပိုက်ဆံ ရှာဖို့ဆိုတာက ကျွန်တော့် နှလုံးသားထဲက ရည်ရွယ်ချက်တော့မဟုတ်ပါဘူး..။ဒါပေမဲ့ ကျွန်တော့်အမေရဲ့ ကျန်းမာရေးနဲ့ ယှဥ်ရင် ..ဒါက ဘာမှ မပြောပလောက်ဘူးလေ..။အမေ့ကို ကျွန်တော် အိမ်ထောင်ပြုပြီး ကလေးတွေ မွေးတဲ့အထိ အသက်ရှင်နိုင်မယ်လို့ မျှော်လင့်ပါတယ်..။ဘဝမှာ တစ်ခါမှ ပျော်ရွင်မူတွေ မရဘူးတဲ့ အမေ့အတွက်ပျော်ရွင်မူ နေ့ရက်လေးတွေ ရောက်လာစေချင်ပါတယ်.."
ဟောင်ဖေးရဲ့ စကားဆုံးသွားတဲ့ အချိန် ပြိုင်ပွဲ ဝင်တွေဟာ ဝမ်းနည်းသွားခဲ့တယ်..။
မိန်းကလေး တစ်ယောက်အနေနဲ့ ကျ်ိုးလီဟာ.ဟောင်ဖေးရဲ့ ဇာတ်လမ်းကို ..ကြားပြီး မျက်ရည်တွေ ဝဲလာခဲ့တယ်..။
"မင်းမှာ ဒီလို ဇာတ်လမ်းလေး ရှိမယ်လို့ မထင်ထားဘူး..။ဘယ်လောက်တောင် မိဘအပေါ်သိတတ်လိုက်လဲ .။မင်းရဲ့ ဂိီတက ကောင်းမွန်နေတယ် ဆိုရင်တောင် မိဘအပေါ်ထားတဲ့ မင်းရဲ့ စိတ်ထားက အရေးကြီးဆုံး အချက်ပဲ."
လက်ခုတ်တီးမူများ..။
ပရိတ်သတ်တွေဟာ အားပေးလိုက်ကြတယ်..။
အင်တာနက်..။
"ချီးပဲ..ကျိုးလီက အရမ်းဆွဲဆောင်မူရှိတာပဲ..။ငါတော့ သူမကို ချစ်နေမိပြီ.."
"ဒီ ကောင်လေးက..ဒီလိုမျိုးတွေ ဖြတ်ကျော်လာရလိမ့်မယ်လို့ မထင်ထားဘူး..။တကယ်လို့ သူ သီချင်းဆိုတာသာ အရမ်းဆိုးမနေဘူးဆိုရင် ငါတော့ သူ့ကိုပဲ..အားပေးတော့မယ်..."
"ကျိုးလီ ပြောတာက ဘာကောင်းလို့လဲ.."
လင်းဖန် မျက်မှောင်ကျုတ်လိုက်ပြီး..ဟောင်ဖေးပိုကြည့်ကာ..သူဝတ်ထားတဲ့..အဝတ်အစား..ဂီတာကို ကိုင်ထားတဲ့ လက်တွေကို..ခွဲခြမ်းကြည့်လိုက်တယ်..။
သူက စုံထောက်တစ်ယောက် မဟုတ်ပေမယ့်လည်း..ဒီဂစ်တာက..သာမန် ဂစ်တာ တစ်ခု ဖြစ်မယ့်ပုံမရှိပါဘူး..။
ဒီဂစ်တာ အမျိုးအစားက..အတော်ကို..လူသိများပြီး.စျေးနှုန်းဆိုရင် ဒေါ်လာ ၁ သိန်းဝန်းကျင်လောက်တောင်ဖြစ်နိုင်ပါတယ်..။
သူ ခန့်မှန်းတာသာ မမှားဘူးဆိုရင် ..သူ့ပြောတဲ့ ဇာတ်လမ်းနဲ့ သူ့ပုံစံနဲ့က တစ်ခုခု လွဲနေပါတယ်..။
အဲ့အချိန်မှာပဲ..ဟောင်ဖေး စတင်ပြီး ဆိုလိုက်တယ်..။
"ကျွန်တော် သီဆိုမယ့် သီချင်း နာမည်က 'ကျွန်တော်ရဲ့ အနာဂတ် ' ပါ..."
သူ ဂစ်တာ ကို စပြီး တီးလိုက်တယ်..။
ဆရာသုံးယောက်လုံး သီချင်းကို စတင်ခံစားလိုက်ကြတယ်..။
သူတို့ရဲ့ အမြင်မှာတော့..ဟောင်ဖေးရဲ့ အသံက သိပ်မဆိုးပါဘူး..။သူ့ရဲ့ အသံက ကောင်းပေမယ့်..သူ ထပ်ပြီး လုပ်နိုင်တာလေးတွေ လည်း ရှိနေပါသေးတယ်.။ သူ့ကိုသာ အချိန်ပေးပြီး လေ့ကျင့်ခိုင်းရင် အလားအလာကောင်းတွေ ရလာတော့မှာပါ..။
"ချီးပဲ..ပထမဆုံးပြိုင်ပွဲ ဝင်ကတင် အတော်အရည်အချင်းရှိနေပြီ..။ဒီပြိုင်ပွဲက တကယ်ကောင်းတာပဲ.."
"ဟုတ်တယ်..ပြိုင်ပွဲဝင်တိုင်သား ဒီတိုင်းဆိုရင် ငါတို့တော့ တကယ်မိုက်ပြီ.."
"ဘယ်လောက်လှပလိုက်တဲ့ သီချင်းလဲ..။သူ့အသံက အတော်ချ်ိုသာပြီး ခံစားချက်တွေလည်း ပါဝင်နေတယ်..."
"အာ..မာစတာလင်းက သူ့ကို စိုက်ကြည့်နေတယ်..။ကြည့်ရတာ သူဆတာ့ အရွေးခံရတော့မယ် ထင်တယ်.."
အဲ့အချိန်မှာတော့ လင်းဖန် စင်ပေါ်က ပြိုင်ပွဲဝင်ကို စိုက်ကြည့်နေခဲ့တယ်..။သူ့စိတ်ထဲမှာတော့ သိချင်နေခဲ့ပါတယ်.။
ပထမဆုံးပြိုင်ပွဲဝင်က ဒီလို မကောင်းတဲ့ ဇာတ်လမ်းလေးကို သုံးပြီး..လူတွေကို ခံစားရအောင် လုပ်ခဲ့တာပါ..။
သို့ပေမယ့် တစ်ခုခုတော့ မဟုတ်သေးပါဘူး..။သူမြင်ရသလောက်ကတော့ ပြိုင်ပွဲ ဝင်ရဲ့ မိဘနှစ်ပါးလုံးက အသက်ရှင်လျက်ရှိနေကြပြီး အတော်လည်း ကျန်းမာကြပါတယ်..။တစ်ခုတည်းသော အမှန်တရားက သူက ဂျီလင်က ဆိုတာပါပဲ..။
သီချင်းပြီးသွားခဲ့တယ်..။
ဟောင်ဖေးဟာ..ဒိုင်တွေကို ဂါဝရပြုလိုက်ပြီး မျှော်လင့်ချက်ပြည့်နေတဲ့ အကြည့်နဲ့ ကြည့်နေခဲ့ပါတယ်..။
"အစ်မ မင်းရဲ့ အသံကို ကြိုက်တယ်.ပြီးတော့ မင်းရဲ့ ဇာတ်လမ်းကြောင့်လည်း ခံစားခဲ့ရတယ်..။ငါ့ကို ဆရာအဖြစ်သတ်မှတ်နိုင်မလား ပြောပါ..ငါ သင်ကြားပေးနိုင်တယ်..။ပြိီးတော့ မင်း ဒီပြိုင်ပွဲမှာတောင် အနိုင်ရနိုင်တယ်နော်.."
ကျိုးလီ ပြောလိုက်တာပါ.။
"မင်းဆိုတာ တကယ် ကောင်းတယ်..။တစ်ချို့နေရာတွေမှာ ကြိုးစားဖို့ လိူသေးတယ် ဆိုပေမယ့်..ဒါတွေက လေ့ကျင့်လို့ ရပါတယ်..။မင်းရဲ့ အသံက ပရိတ်သတ်တွေ ငြိမ်ပြီးနားထောင်ရလောက်အောင်ကို ကောင်းလွန်းတယ်..။ဒါပေမဲ့..ကျိုးလီက ..မင်းကို ရွေးပြီးပြီး ဆိုတော့
.ငါ မင်းကို လုမယူတော့ဘူး.."
ဟောင်ဂျင်ရှင်း ခလုတ်ကို မနိပ်ခဲ့ပေ..။သူက အသံနဲ့ ပတ်သက်ပြီး မြင့်မားတဲ့..အဆင့်သတ်မှတ်ချက်တွေ ရှိပါတယ်..။ဒီပြိုင်ပွဲဝင်ရဲ့ အသံက ..ထိုးဖောက်နိုင်စွမ်းရှိပေမယ့်..တစ်ချို့နေရာတွေမှာ လိုအပ်ချက်တွေ မပြည့်မှီခဲ့ပါဘူး..။
အဲ့အချိန်မှာပဲ..လူတိုင်းရဲ့ အကြည့်က လင်းဖန် အပေါ် ရောက်နေခဲ့တယ်..။မာစတာလင်းက အချက်ပေးခလုတ် ကို နိပ်မလား မပြောတတ်ကြပါဘူး..။ကျိူးလီကတော့ လင်းဖန် သူမရဲ့ ပြိုင်ပွဲဝင်ကို လုယူလိမ့်မယ်လို့ပဲ ထင်ထားခဲ့ပါတယ်..။
"မာစတာလင်းရော ဘယ်လိုထင်လဲ..။ဒီပြိုင်ပွဲဝင်အပေါ် တစ်ခုခု ပြောပေးပါဦး.."
ကျိူးလီ လင်းဖန်ကို မေးလိုက်တာပါ..။
လင်းဖန် ရယ်မောလိုက်ပြီး သူ့ကိုယ်နေဟန်ထားကို ပြန်ပြင်လိုက်တယ်..
"ကျွန်တော် အရင်ဆုံးပြောချင်တာက..မိန်းကလေးတွေ အနေနဲ့ ဒီလို ဇာတ်လမ်းလေးကြောင့် စိတ်လှုပ်ရှား ခံစားရတယ် ဆိုတာက အဆင်ပြေပါတယ်..။ဒါပေမဲ့ ဒီနေရာမှာတော့ ကျွန်တော်တို့..နည်းလမ်းတကျ ဖြစ်ရ်ယ်လေ..။ဒီပြိုင်ပွဲဝင်ရဲ့ နောက်ခံ ဇာတ်လမ်းအပေါ်..ဆရာမ ကျိုး ဘယ်လိုမြင်လဲ.."
လူအုပ်ကြီး အံ့ဩသွားခဲ့တယ်..။မာစတာလင်း..ဘာကို ဆိုလိုချင်တာလဲ..သူတိူ့ မသိတော့ပါဘူး..။
သူတိူ့ အမြင်ကတော့..ပြိုင်ပွဲဝင်ရဲ့..နောက်ခံဇာတ်လမ်းက တကယ်ကို သနားဖို့ကောင်းတာပါ..။ပရိတ်သတ်တစ်ချ်ို့ဆိုရင်. မျက်ရည်တောင် ကျလာခဲ့ကြပါသေးတယ်..။.
ကျိုးလီ လင်းဖန် ဘာကို ဆိုလိုချင်တာမှန်း မသိပေမယ့်..ပြန်ဖြေခဲ့ပါသေးတယ်..။
"သူ့ရဲ့ ဇာတ်လမ်းက ဝမ်းနည်းဖို့ကောင်းတယ်..။ကျွန်မတော့ သူ့ကို ကူညီချင်တယ်..သူ့အသံကလည်း တကယ်ကောင်းတယ်..။ဒီအသံက ကျွန်မသလောကျတဲ့ အသံပဲ.."
သူမ ပြောတာကို ကြားပြီး လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။
"ပြိုင်ပွဲဝင်...မင်း အထုတ်အပိုးတွေယူပြီး အိမ်ပြန်လို့ရပြီ..။မင်းအတွက် ..ဒီပြိုင်ပွဲက မကောင်းနိုင်ဘူး.."
လင်းဖန် ရဲ့ စကားကို ကြားတဲ့ အချိန်မှာ အကုန် အံ့ဩသွားခဲ့ကြတယ်..။
ဘာတွေဖြစ်နေတာလဲ..။
ဝန်ထမ်းတွေလည်း ကြောင်အသွားခဲ့ကြတယ်..။အစီအစဥ်က အခုမှ စတာ ဖြစ်ပေမယ့်..တစ်ခုခုက ဖြစ်ပျက်လာခဲ့ပါပြီ..။
ဟောင်ဖေး လင်းဖန်ကို ထိပ်လန့်တဲ့ အမူအရာနဲ့ ပြန်ပြည့်နေခဲ့တယ်..။လင်းဖန် သူ့လုပ်ရပ်တွေ ကို သိသွားတာလား လို့တောင် သူ သံသယဖြစ်မိပါတယ်..။
"ဆရာလင်း..ဒါက ဘာကိုဆိုလိုတာလဲ..။ရှင် ဒီပြိုင်ပွဲဝင်နဲ့ ဘယ်လို..မကျေနပ်မူတွေ ရှိလဲတော့ မသိဘူး..။ဒါပေမဲ့ ကိုယ်ရေးကိုယ်တာ အရတော့ သူ့ကို စင်ပေါ်က ထွက်သွားခိုင်းလို့ မရဘူးလေ..။ရှင်ဒိီလို ဖြစ်ချင်ရင်တောင် ..ကျွန်မဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး"
ကျိုးလီ ပြောလိုက်တယ်..။
ဒါကိုပြောပြီးနောက်မှာ ကျိုးလီ ချက်ချင်းထရပ်ပြီး လင်းဖန်ကို စိုက်ကြည့်လိုက်ပါတယ်..။သူမရဲ့အမူအရာက လင်းဖန် နဲ့ တိုက်ခိုက်မယ် ဆိုတာ ရှင်းလင်းနေပါတယ်..။
တိုက်ရိုက်ထုတ်လွင့်မူထဲမှာလည်း ဒီကိစ္စကို ဆွေးနွေးနေခဲ့ကြတယ်.။
"ကျိုးလီက..တကယ်ကောင်းတယ်.."
"ဟုတ်တယ် ..မာစတာလင်း ဘာလို့ ဒိီကောင်လေးကို ကန်ထုတ်ချင်နေရတာလဲ.."
"ဆရာလင်းက..ဒီပြိုင်ပွဲဝင်နဲ့ အရင်က..ပြသနာဖြစ်ဖူးလို့များလား.."
"ဒီပြိုင်ပွဲဝင်က ..သေချာ သီဆိုသွားတာကို ဆရာလင်းက ထွက်သွားခိုင်တယ် ဆိုတော့..ဒါက မဟုတ်သေးဘူးနော်.."
"မင်းတို့က ဘာတွေဖြစ်နေကြတာလဲ..။မာစတာလင်း ဒီလို လုပ်တယ် ဆိုတာ ကျိန်းသေ အကြောင်းအရင်း ရှိရမယ်..။မင်းတ်ို့ အဖြေကို မသိရသေးခင်မှာ အပြစ်မတင်သင့်ဘူး.."
မာစတာလင်းရဲ့ ရှင်းပြမူကို စောင့်ခိုင်းတဲ့လူတွေက လင်းဖန်ရဲ့ ပရိတ်သတ်တွေပါ..။သူတို့ အရင်က မာစတာလင်း ကြောင့် အမြဲတမ်း ဆွံ့အခဲ့ရတာမို့..ဘယ်တော့မှ..မာစတာလင်း အပေါ်ကို အစောကြီး သွားပြီး မဝေဖန်ကြတော့ပါဘူး..။