အခန်း (၇၃၀)
Vol. 49 Ch. 730
#ဘာသာပြန် = စနိုးဝှိုက်
အဲ့အချိန်မှာတော့..ကျိုးလီ နဲ့..ပရိတ်သတ်တွေကပဲ..လင်းဖန်ကို ဆန့်ကျင်ကြတာ မဟုတ်ပါဘူး..။လီယင်ဒေါင် တောငိမှပဲ..သဘောမတူနိုင်တဲ့ ပုံစံနဲ့ မတ်တတ်ထရပ်လိုက်ပါတယ်..။
"ငါတော့ ဒီပြိုင်ပွဲဝင်ကို သဘောကျတယ်..။ငါ ဒီမှာ ရှိနေသ၍တော့..သူ့ကို စင်ပေါ်က ထွက်သွားခိုင်းမှာ မဟုတ်ဘူး.."
ဟောင်ဂျင်ရှင်းကတော့..လင်းဖန် ဘာလုပ်ချင်နေမှန်း မသိပေမယ့်..အရာရာကို တည်တည်ငြိမ်ငြိမ်ပဲ..ဖြေရှင်းလိုက်ပါတယ်..။
"အားလုံး ခနနေကြပါဦး..မာစတာလင်း ဒီလို ဆုံးဖြတ်တယ် ဆိုတာက ကျိန်းသေ အကြောင်းပြချက် ရှိမှာပဲ.."
ယင်းနောက် သူ လင်းဖန်ကို ကြည့်လိုက်ပြီး..
"ဆရာလင်း..ကျေးဇူးပြုပြီး ဘာလို့ ဒီလို ပြောတာလဲ ဆိုတာ ရှင်းပြပေးပါဦး..."
ဒုတိယ ဥက္ကဌ ကြောင်အသွားခဲ့တယ်..။သူ.စင်ပေါ်တက်ပြီးတောင် လင်းဖန် နဲ့ စကားပြောချင် နေခဲ့ပါတယ်..။သို့ပေမယ်ပ..ဒါက တိုက်ရိုက် ထုတ်လွင့်မူ ဖြစ်နေတာကြောင့် သူ ဒီလို လုပ်လို့မရပါဘူး..။
သူတတ်နိုင်တာဆိုလို့..စင်နောက်ကနေပြီး အခြေအနေတွေကို စောင့်ကြည့်တာပါပဲ..။
စင်နောက်မှာ ရှိနေကြတဲ့..တစ်ခြားပြိုင်ပွဲဝင်တွေဟာ လည်း သိချင်နေခဲ့ကြတယ်..။ဘာတွေ ဖြစ်နေတာလဲ..။ပြိူင်ပွဲ ရဲ့ စည်းမျဥ်းက ဒီလို မျိုးမဟုတ်ပါဘူး..။
ပြိုင်ပွဲရဲ့ စည်းမျဥ်း အရဆိုရင်..ဆရာတစ်ယောက်က မီးစိမ်းပြတဲ့ အခါမှာ ပြိုင်ပွဲဝင်တွေက သူတို့လက်အောက်မှာ ဆက်နေပြီး ယှဥ်ပြိုင်လို့ရပါသေးတယ်..။
ဆရာမ ကျိူးက..ဟောင်ဖေးကို မီးစိမ်းပြပြီးသားပါ..။ဒါဆို လာလို့ ဆရာလင်းက ပြိင်ပွဲဝင်ကို စင်ပေါ်က ထွက်သွားခိုင်းတာလဲ..။
လင်းဖန် ဟောင်ဖေးကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်..။
"မင်းသီချင်း ဆိုနေတုန်းမှာပဲ..ငါ ဖုန်းကနေ တဆင့် မင်းအသုံးပြုနေတဲ့ ဂစ်တာကို ရိုက်ရှာကြည့်လိုက်တယ်..။မင်း သုံးနေတဲ့..ဂစ်တာက..ဝေဘ အမျိုးအစား ဟုတ်တယ် မလား.."
ဟောင်ဖေး တစ်ခုခု ပြောချင်ပေမယ့်..လင်းဖန်က ဒီလို အခွင့်အရေး မပေးခဲ့ပါဘူး..။
"ကံကောင်းချင်တော့..ဒီဂစ်တာက ရှာဖွေမူ စာရင်းမှာ ထိပ်ဆုံးကနေပြီး တက်လာခဲ့တယ်လေ..။ဒီ မော်ဒယ် အတိုင်း အတိအကျပဲ..။မင်းပြောတော့ မင်းက ဆင်းရဲတဲ့ မိသားစုက လာပြီး မင်းအမေက ဖျားနာနေတယ်လို့ ပြောတယ်..။ဒါပေမဲ့ မင်းကိုင်ထားတဲ့..ဂစ်တာက ဒေါ်လာ ၁၆၈၀၀၀ တန်ကြေးရှ်ိတယ်နော်..။ဒီအပေါ် မင်း ပြောစရာ တစ်ခုခု များရှိလား..."
လင်းဖန် ဒါကိုပြောပြီးတဲ့ နောက််မှာ အကုန်လုံး ကြောင်အသွားခဲ့ကြတယ်..။
ဟောင်ဂျင်ရှင်း ဂစ်တာ ရဲ့ တံဆိတ်ကို ကြည့်လိုက်ပြီး..
"ဒါက တကယ်ပဲ..ဝေဘ ဂစ်တာပဲ.."
သူက အံ့ဩနေတဲ့ အမူအရာနဲ့ ပြောလိုက်တာပါ..။
ကျိုးလီ တံတွေးမြိုချလိုက်တယ်..။ဒီမှာ ပြသနာ တစ်ခုခု ရှိနေခဲ့တာလား..။
အင်တာနက်..။
"ချီးပဲ..ဒါတကယ်ကြီးလား..။ဂစ်တာ တစ်လက်ကတင် ဒေါ်လာ ၁၆၈၀၀၀ တန်ကြေး ရှိတာလား..။သူ ပြောတော့ သူ့မိသာစုက ဆင်းရဲတယ်ဆို..။ဒါတောင် ဒီလို ဂစ်တာ ကိုင်နိုင်သေးတာလား.."
"သူ့အမေက နေမကောင်းပဲ..ဆေးရုံးစရိတ်တောင် မရှိဘူးလေ..။အဲတာကို သူက ဒိီဂစ်တာကြီးကိုင်ပြီး ဘာလုပ်နေတာလဲ..ဒါက..."
"ဟားဟား..ငါအစောက မပြောထားဘူးလား..။မာစတာလင်းမှာက ဖီးနစ်မျက်လုံးတွေ ရှိတယ်..။တစ်ခုခု မှားယွင်းနေလို့သာ မဟုတ်ဘူးဆိုရင် သူက ပြိုင်ပွဲဝင်တစ်ယောက်ကို ဒီလို ပြောမှာ မဟုတ်ဘူး..."
"ဇာတ်လမ်းက အခုမှ စမှာ..မာ၀တာလင်းက မပြီးသေးဘူး.."
"ဒါပေမဲ့ ဒီဂစ်တာကို တစ်ယောက်ယောက်က လက်ဆောင်ပေးထားတာ မဖြစ်နိုင်ဘူးလား..."
….
စင်ပေါ်တွင်..။
ဟောင်ဖေးဟာ စတင်ပြီး ကြောက်ရွံ့နေပြီ ဖြစ်ပေမယ့် သူ့ကိုယ်သူ တည်ငြိမ်အောင် ထားလိုက်တယ်..။သူ အစကတည်းက..အစီအစဥ် ရှိပြီးသားပါ..။
"ဟုတ်ပါတယ်..ဆရာလင်း ပြောတာ အမှန်ပါပဲ..။ဒီဂစ်တာက တကယ်ကို စျေးကြီးတဲ့ ဂစ်တာပါ..။ဒါပေမဲ့ ဒီဂစ်တာကို ကျွန်တော် ပိုက်ဆံနဲ့ ဝယ်ခဲ့တာ မဟုတ်ပါဘူး..။ကျွန်တော် ဘားတစ်ခုမှာ ဆီချင်း သွားဆိုတုန်းက..မိန်းကလေး တစ်ယောက်က.ကျွန်တော် ဆင်းရဲမှန်းသိလို့.လက်ဆောင်ပေးခဲ့တာပါ..။ဒါကြောင့်လည်း ကျွန်တော် အခုလိုပဲ..ကောင်းကောင်းမွန်မွန် ဖျော်ဖြေနိုင်နေတာပါ."
သူ့ရဲ့ ရှင်းပြချက်က ရှင်းလင်းပြီး နည်းလမ်းကျပါတယ်.။
ကျိုးလီ ပြုံးလိုက်ပြီး..
"မာစတာလင်း..ဒါက ပြသနာ ရှိလို့လား..။တစ်ခြားတစ်ယောက်က သူ့ကို ဂစ်တာ လက်ဆောင် ပေးထားတာလေ.။ဒီတော့ ဒါက ပြသနာ တစ်ခု မဟုတ်ပါဘူး.."
ယင်းနောက် သူမ ဟောင်ဖေး ဘက်လှည့်လိုက်ပြီး..
"အဲ့ မိန်းကလေးက မင်းကို ကြိုက်နေတာပဲ ဖြစ်ရမယ်..။ငါ မင်းတို့နှစ်ယောက်ရဲ့..သတင်းကောင်းကို ကြားရဖို့ မျှော်လင့်မိတယ်."
ဟောင်ဖေး ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"ဆရာမ ကျိုး..ကျွန်တော် စိတ်မပျက်စေရပါဘူး..။ကျွန်တော် ဒါကို အရင်က တွေးဖူးပြီး၏ဂပြီ..။ကျွန်တော် ဒီပြိုင်ပွဲမှာ အနိုင်မရရင်တောင် သူမကို ဖွင့်ပြောတော့မယ်..။ကျွန်တော်က.ဆင်းရဲတယ် ဆိုပေမယ့် သူမအတွက် အစွမ်းကုန်ကြိုးစားသွားမှာပါ.."
လက်ခုပ်သံများ..။
အောက်မှာ ရှိတဲ့..လူအုပ်ကြီးဟာ.မတ်တတ်တောင် ထရပ်လိုက်ကြပါတယ်..။
တစ်ချိန်တည်းမှာပဲ..သူတို့ လင်းဖန်ကို ကြည့်လိုက်ကြတယ်.။ဆရာလင်း ကြည့်ရတာတော့.ဆွဲဆောင်ခံလိုက်ရတဲ့ပုံ လုံးဝ မရှိပါဘူး..။
"ဆရာလင်း..မင်း လူတစ်ယောက်ကို သံသယ ဖြစ်လို့ရတယ်.။ဒါပေမဲ့ မင်းတွေ့ဖူးတဲ့လူတွေလို လူတိုင်းကို မကောင်းမြင်လို့ မရဘူးလေ."
လီယင်ဒေါင် ပြောလိုက်တာပါ..။
"ဟုတ်တယ် ဒါအမှန်ပဲ..။မာစတာလင်း.က တကယ်ကျွမ်းကျင်တဲ့ အကဲခတ် နိုင်စွမ်းတွေ ရှိပါတယ်.။ဒါပေမဲ့ လူတိုင်းကို မကောင်းမြင်လို့ မရဘူးလေ."
"သနားစရာ ဟောင်ဖေးလေ.။သူက စင်ပေါ်ရောက်နေတာတောင် အစစ်ဆေး ခံနေရတယ်.။ဒါက လုံးဝ မမျှတဘူး..."
ဟောင်ဖေး စိတ်သက်သာရာ ရသွားခဲ့တယ်..။သူ့ရဲ့ ဖြတ်ထိုးဥာဏ်ကောင်းလို့သာ မဟုတ်ရင် သူကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး..။
သို့ပေမယ့် လင်းဖန် ကတော့ လှုပ်တောင် မလှုပ်ပေ..။
ဒီကိစ္စပြီးသွားရင် လင်းဖန်ကို မုန်းတဲ့လူက နောက်တစ်ယောက် တိုးလာတော့မှာပါ..။
လင်းဖန်ကတော့ ဒီလို လွယ်လွယ်နဲ့ လွတ်ပေးလိုက်မှာ မဟုတ်ပါဘူး..။
"ကောင်းပြီ..ဂစ်တာ ကိစ္စကိုတော့ ထားလိုက်တော့..။ဒါပေမဲ့ ငါ့မှာ နောက်ထပ် မေးခွန်းတစ်ခုရှိတယ်..။မင်းပြောတာတော့..မင်းမှာ မိဘတစ်ယောက်ပဲ..ရှိတော့တာဆို..။ဒါပေမဲ့ မင်းက အဲလို ပုံစံ ပေါက်မနေပါလား..။မင်းရဲ့ မိဘနှစ်ပါးလုံးက အသက်ရှင်ပြီး ကောင်းကောင်းမွန်မွန်နေနေကြတယ်လေ.။ထပ်ပြောရရင် ဒါက သီချင်းဆိုပြိုင်ပွဲလေကွာ..အဲတာကို မင်းက ဘာလို့ မင်းရဲ့ ဇာတ်လမ်းကို ငါတို့သိအောင် လာပြောပြနေရတာလဲ..."
.
ဟောင်ဖေး လင်းဖန် ကို အံ့ဩစွာ ကြည့်ပြီး တိတ်ဆိတ်သွားခဲ့တယ်..။တစ်ဖက်လူက..သူ့အကြောင်းဘယ်လိူ သိနေလဲ မသိပေမယ့်..သူ့ကို ထိုးဖောက်မြင်နေတာတော့ ကျိန်းသေပါတယ်..။
ဘာပဲဖြစ်ဖြစ်..သူ့ကိုသူတော့..ဖော်ထုတ်ခံမှာ မဟုတ်ပေ..။သူ မတ်တတ်ရပ်နေရင်းကနေ တုန်ရီနေတဲ့ အသံနဲ့ တစ်လုံးချင် ပြောလိုက်တယ်..။
"မာစတာလင်း..ကျွန်တော် ဆရာတစ်ယောက် အနေနဲ့ တကယ်လေးစားပါတယ်..။ဒါပေမဲ့ ကျွန်တော် ပြောတာ အမှန်ပါ.."
သူ့ မျက်နှာကတော့ ငိုတော့မယ် အတိုင်းပါပဲ..။
"ဆရာလင်း..ဒါကလုံလောက်ပြီ.."
ကျိုးလီ လင်းဖန်ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်..။
"တစ်စုံတစ်ယောက်ကို ဘယ်လိုလုပ် ဒါမျိုး လုပ်နိင်ရတာလဲ.။သူ့အဖေ က ဖြင့် သေသွားပြီကို ဆရာလင်းက ဟာသ လုပ်နေတာလား..။ကျွန်မ တို့က ဆရာတွေ ဆိုပေမယ့် ပြိုင်ပွဲဝင်တွေ အပေါ်နဲ့ သူတို့ရဲ့ မိသားစု အပေါ် လေးစားမူ ရှိရမယ်..."
လီယင်ဒေါင်လည်း မိုက်ကရိုဖုန်းကို ချပြီး လင်းဖန်ကို မကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်..။
ဒုတိယ ဥက္ကဌကတော့ သူ့မျက်နှာကို ဖုံးအုပ်ထားတယ်..။ချီးပဲ..။ပြိုင်ပွဲက အခုမှ စတာဖြစ်ပေမယ် ပြသနာက တက်နေပါပြီ..။
တစ်ချိန်တည်းမှာပဲ..သူ နောင်တအကြီးကြီးရနေခဲ့တယ်..။တကယ်လို့ ဒီလိုတွေ ဖြစ်လာမယ် မှန်းသိရင် သူ မာစတာလင်းကို ဒိုင်အဖြစ် ခန့်အပ်ခဲ့မှာ မဟုတ်ပါဘူး..။
ချီးပဲ..အရမ်းနောင်တရတယ်..။
အင်တာနက်..။
"ချီးပဲ..မာစတာလင်း ဒီတစ်ကြိမ်တော့ စည်းကျော်သွားပြီ."
"ဟုတ်တယ် ဒါက ပြိုင်ပွဲဝင်အတွက် မမျှတဘူး..။သူ့မျက်နှာကို မြင်လိုက်လား..။သူ ငိုတောင် ငိုတော့မယ်..."
"မင်းတို့..မာစတာလင်းကို သံသယ မဖြစ်နဲ့..။သူ့မှာ တကယ်ပဲ အကြောင်းပြချက် ရှိလိမ့်မယ်..။မင်းတို့ပြီးမှ မာစတာလင်းကို ပြစ်မှားလို့နောင်တရမယ်နော်..."
"ချီးပဲ..မာစတာလင်းမှာ အကြောင်းပြချက် ရှိကိုရှိတယ်..။ချင်ကျိုးပရိတ်သတ်တွေကတော့ မာစတာလင်းကို အမြဲ ထောက်ခံနေမှာပဲ.."
"မင်းတို့က ဦးနှောက်မရှိတဲ့ ကောင်တွေပဲ.."
"ငါတို့က ဦးနှောက်မရှိဘူး..အဲတော့ ဘာဖြစ်ချင်လဲ.."
အဲ့အချိန်မှာပဲ..ကြီးမားတဲ့ ငြင်းခုန်မူတွေ ဖြစ်လာခဲ့ပါတယ်..။
မာစတာင်းကို..ကျိန်ဆဲပြီး နောက်မှ အံ့ဩခဲ့ရတာကို ခနခနကြုံခဲ့ရတဲ့ ပရိတ်သတ်တွေကတော့ မာစတာလင်း အပေါ်မှာ ဘယ်တော့မှ သံသယ မဖြစ်ကြတော့ပါဘူး..။
စင်ပေါ်က လေထုက သိပ်မကောင်းတော့ပေမယ့်လင်းဖန် ဂရုမစိုက်ပေ..။သူ မတ်တတ်ရပ်လိုက်ပြီး..။
"ဒါက သီချင်းဆို အသံပြိုင်ပွဲပဲ ဖြစ်သင့်တာလေ..ဒီတော့..မင်းရဲ့နောက်ခံ ဇာတ်လမ်းတွေက မလိုအပ်ဘူး..။ဒါပေမဲ့ မင်းက ဇာတ်လမ်းလေးနဲ့မှ ကြိုက်တာ ဆိုရင်လည်း ငါ မင်း ဆန္ဒကို ဖြည့်ဆည်းပေးမယ်..."
"ဆရာ ချီ. .စင်နောက်ကို..ခနသွားပြီး ..ပြိုင်ပွဲဝင်ရဲ့ ဖုန်းလေး တစ်ချက်ယူပေးဖို့..အကူညီတောင်းပါရစေ..."
လင်းဖန် ပြောလိုက်တာပါ..။
အစီစဥ် တက်ဆက်သူဟာ မာစတာလင်းကို ကြည့်လိုက်တယ်..။ယင်းနောက် သူ ခေါင်းညိမ့်လိုက်ပြီး..
"ကောင်းပါပြီ..။အားလုံးပဲ..ခနလေးပါ..ကျွန်တော် မာစတာလင်းရဲ့ တောင်းဆိုမူအတိုင်း လုပ်ပေးပါ့မယ်..."
အဲ့အချိန်မှာတော့..ဟောင်ဖေးဟာ..တုန်ရီနေပြီး မလုံမခြုံ ဖြစ်နေခဲ့တယ်..။
ဆရာလင်းက.ဘာ သောက်ကျိုးနဲ တွေ လုပ်ဦးမလို့လဲ..။