← Chapters

အခန်း (၇၃၁)

Vol. 49 Ch. 731

အခန်း (၇၃၁)

Vol. 49 Ch. 731

#ဘာသာပြန် = စနိုးဝှိုက်

ပွဲကြည့်စင်က ပရိတ်သတ်တွေဟာ..ဖြစ်ပျက်နေတဲ့..အ​ကြောင်းကို..ပြောဆိုနေခဲ့ကြတယ်..။

လင်းဖန် ဘေးနားမှာ ထိုင်နေတဲ့ ဟောင်ဂျင်ရှင်းဟာ.အနားကို တိုးလာခဲ့ပြီး အသံနိမ့်ကာ ပြောလိုက်ပါတယ်..။

"ဆရာလင်း.တစ်ခုခု နားလည်မူ လွဲနေတာများ ဖြစ်နိုင်မလား.."

"ကျွန်တော်ကို ယုံကြည်လိုက်."

လင်းဖန် ပြောလိုက်တယ်..။

လင်းဖန် အစကတော့..အရမ်းအလေးမထားပေမယ့်..အခုတော့ ကျိုးလီက ထောင်ချောက်ထဲက ကျလာခဲ့ပါပြီ..။တကယ်လို့..သူ ဘာမှ မလုပ်ဘူးဆိုရင် ..အမှန်တရား ဖန်လို့တောင် ပြောစရာ မလိုတော့ပါဘူး..။

ဒါက ကျိုးလီ အတွက် ပြသနာ ကြီးတစ်ခု မဟုတ်ပေမယ့်..လင်းဖန် သက်သောင့်သက်သာ ခံစားရမှာ မဟုတ်ပေ..။

ဟောငိဖေး သုံးနေတဲ့ နည်းလမ်းက.တကယ်ကို မသင့်တော်တာပါ..။

တစ်စုံတစ်ယောက်..အကောင်းအတိုင်း ရှိနေတဲ့..သူ့အဖေကို သေခိုင်းပြီး..သူ့အမေကို နေမကောင်းခိုင်းတာကို..သူ မမြင်ဖူးပေ.။

ဒီလို မကောင်းတဲ့ အလေ့အကျင့်တွေက..လူငယ်မျိုးဆကိတွေ အတွက်ဟမိဘတွေ ဆီကမဟုတ်ပဲ..သူတို့ အားပေးတဲ့..ဆယ်လီတွေကနေ တစ်ဆင့် အလွှမ်းမိုး မခံနိုင်ပေ..။နောက်မျိုးဆက်တွေကို ..လိမ်ညာတာ က အနိုင်မရနိုင်ဘူးဆိုတာကို..ခံစားစေဖို့..လင်းဖန် ဖော်ထုတ်မှ ဖြစ်တော့မှာပါ..။

သိပ်မကြာခင်မှာ အစီစဥ် တင်ဆက်သူဟာ..ဟောင်ဖေးရဲ့ ဖုန်းနဲ့အတူ..ပြန်လာခဲ့တယ်..။

လင်းဖန် ..ဖုန်းကိုယူပြီး လျို့ဝှက်စာလုံး နေရာကို ကြည့်လိုက်တယ်..။

"ဟောင်ဖေး..လျို့ဝှက်ကုဒ်က ဘာလဲ.."

ဟောင်ဖေး ကြောက်လန့်သွားခဲ့တယ်..။သူ လျို့ဝှက် နံပါတ်ကို လင်းဖန်ကို ဘယ်လိုပြောနိုင်မှာလဲ..။ယင်းနောက်..သူ မတ်တတ်ရပ်နေရင်း..

"မာစတာလင်း.. ကျွန်တော့်အပေါ် နည်းနည်း လေးစားလို့ရမလား...။ကျွန်တော့်ကို အရှက်ခွဲတာက ကျွန်တော့်အမေကို အရှက်ခွဲတာပဲနော်..."

ကျိုးလီ လင်းဖန်ကို စိတ်ဆိုးစွာ ကြည့်လိုက်ပြီး..

"မင်းက အတော်ဆိုးပါလား..။ဘာအတွက်ကြောင့် တစ်စုံတစ်ယောက်ရဲ့ အိပ်မက်ကို ဖျက်ဆီးချင်နေရတာလဲ..။တကယ်လို့ မင်းကိုယ်မင်း ဆရာ တစ်ယောက် အနေနဲ့ သက်သေပြချင်တယ် ဆိုရင်လည်း ဒီနည်းလမ်းကတော့ မဟုတ်သေးဘူးလေ..."

လူအုပ်ကြီးဟာ..လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့တယ်..။

"ချီးပဲ..အဲတာ ဘာတွေဖြစ်နေကြတာလဲ..။သူက အစီစဥ်ကို.ဖျက်ဆီးပစ်ချင်နေတာလား.."

ဒုတိယ ဥက္ကဌ အကူညီမဲ့စွာ ပြောလိုက်တာပါ..။

"ဆရာမ ကျိုး..ခင်ဗျား ကိစ္စတွေကို ဒေါသမထွက်ပဲ ဖြေရှင်းတာ ပိုကောင်းလိမ့်မယ်..။ခင်ဗျားက ပြိုင်ပွဲဝင်ရဲ့ သနားစရာ ဇာတ်လမ်းကြောင့် ဒီပြိုင်ပွဲဝင်အပေါ် စိတ်ခံစားချက်တွေ ဖြစ်နေရင် တစ်ခြား ပြိုင်ပွဲဝင်တွေ အတွက် မမျှတဘူးလေ..။တကယ်လို့ သူ့ ရဲ့ ဇာတ်လမ်းက အမှန်ဆိုရင် ကျုပ် ဒီ အသန်မာဆုံးကောင်းကင် သံစဥ် ပြိုင်ပွဲကနေ နှုတ်ထွက်ပြီး ပြောခဲ့တာတွေ အတွက်လည်း ဒီပြိုင်ပွဲဝင်ကို ပြန်တောင်းပန်မယ်..."

ကျိူးလီ ဒါကို ကြားတဲ့ အချိန်မှာ သူမ သဘောကျသွားခဲ့တယ်..။တကယ်လို့ ဒီလိုသာ တကယ် ဖြစ်လာရင် သူမအတွက်တော့ အကောင်းဆုံးပါပဲ..။သူမ ဟောင်ဖေးကို ကြည့်လိုက်ပြိီး..

"ဟောင်ဖေး..မင်းရဲ့ လျို့ဝှက်နံပါတ်ကို ပြောလိုက်..။မင်းပြောတာကို ဆရာမက ယုံပေမယ့် ဒီတစ်ယောက်က မယုံဘူး..."

"အာ..."

ဟောင်ဖေး ကြောင်အသွားခဲ့တယ်..။သူ ဘာလုပ်

ရမလဲတောင် မသိတော့ပါဘူး..။အဲ့အချိန်မှာပဲ..လူအုပ်ကြီးဟာ စတင်ပြီး အော်ဟစ်လိုက်ကြတယ်..။

"သူ့ကို..လျို့ဝှက်ကုဒ် ပေးလိုက်.."

"မာစတာလင်းကို လျို့ဝှက်နံပါတ် ပေးလိုက်.."

လူအုပ်ကြီးဟာ..စိတ်လှုပ်ရှားစွာ အော်ဟစ်နေခဲ့တယ်..။သူတို့ ဒီလို အဖြစ်အပျက်မျိူးကို မြင်ဖူးတာ ပထမဆုံး အကြိမ်ပါပဲ..။

အင်တာနက်ပေါ်မှာလည်း ပြင်းပြင်းထန်ထန် ဆွေးနွေးနေခဲ့ကြပါတယ်..။

"ဒီကိစ္စက ကြီးတော့မယ်..."

"တကယ်လို့ ​ပြိုင်ပွဲဝင် ပြောတာတွေသာ အမှန်ဆိုရင် မာစတာလင်း ထွက်ရတော့မှာလား..."

"သူထွက်ရတော့ရော ဘာဖြစ်လဲ.။သူက ပြိုင်ပွဲဝင်တိုင်းကိုလိုက်ပြီး သံသယဖြစ်နေရင်တော့ဆရာအဖြစ် မထိုက်တန်ဘူး..."

"မာစတာလင်းက အမြဲတမ်းမှန်တယ်..။မင်းတို့ သူ့ကို ယုံတာ မယုံတာတော့..ငါမသိဘူး..။ငါကတော့ မာစတာလင်းကိုထောက်ခံတယ်.."

"ဘာလို့ တစ်ခုခု ခံစားနေရတာလဲ..။ဟောင်ဖေး..က လျို့ဝှက်ကုဒ်ကို ဘာလို့ မပေးချင်တာလဲ."

"အာ...ဒါက အဓိပ္ပါယ် ရှိတယ်နော်...။ဒါပေမဲ့..သူက စိတ်ထဲမှာ..တော့ မကျေမနပ်ဖြစ်နေမှာပဲ.."

…

ဟောင်ဖေး ထပ်ပြီး ဒီတိုင်း နေလို့ မရတော့ဘူးဆိုတာ သိတာကြောင့်..အံကိုကြိတ်ပြီး ပြောလိုက်တယ်..။

"၂၉၁၅"

လင်းဖန် ဖုန်းကို ဖွင့်ပြီး လျို့ဝှက်ကုတ်ကို ရိုက်လိုက်တယ်..။မျက်လုံးတွေ အကုန်လုံးက..သူ..နံပါတ်တွေ ရိုက်နေ တာကို ကြည့်နေခဲ့ပါတယ်..။

သူ့ကို ယုံကြည်တဲ့လူရော မယုံကြည်တဲ့ လူရော ရှိကြပေမယ့်..အခုတော့..အမှန်တရား ပေါ်ထွက်လာရမယ့် ..အချိန်ရောက်ပါပြီ..

ခနကြာပြီးနောက်..။

လင်းဖန် နံပါတ်ကို ရှာဖွေနေတာ.မတွေ့သေးတာကြောင့်..လူအုပ်ကြီးဟာ စိတ်မရှည်ဖြစ်နေခဲ့ကြပါတယ်..။

"အခု ဘာလုပ်နေတာလဲ..။မင်းက ဒီမှာ ရှိတဲ့ လူတိုင်းရဲ့ အချိန်ကို ဖြုန်းတီးနေတာလား..။ဆရာတစ်ယောက် အနေနဲ့..မင်း ပြိုင်ပွဲဝင်တွေ အပေါ် လေးစားမူ ရှိသင့်တယ်လေ..။သူ့ကို အခုချက်ချင်း တောင်းပန်လိုက်....ဒါဆိုရင်တော့..မင်းကို..ခွင့်လွှတ်ပေးနိုင်လောက်ဦးမယ်..."

အစ်မယန်ကို ...ညီမ အစ်မအစား လက်စားချေပြီး ဒီငနဲကို..လူတိုင်းရဲ့ ရှေ့မှာ အရှက်ခွဲပြမယ်..။

အဲ့အချိန်မှာပဲ..ဟောင်ဖေး..စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။သူ့ မိဘတွေ ရဲ့ နံပါတ်ကို သူ မမှတ်ထားထာ သတိရလိုက်တယ်..။ဒီကြောင့်..သူ့မိဘရဲ့ ဖုန်းနံပါတ်ကို သူ့ဖုန်းထဲကနေ ရှာဖွေဖို့ဆိုတာက မဖြစ်နိုင်ပါဘူး..။

"အာ."

အံ့အချိန်မှာပဲ..လင်းဖန် အံ့ဩစွာ ရေရွတ်လိုက်တယ်..။

"ဒီပြိုင်ပွဲဝင်က သူ့မိဘတွေ နံပါတ်ကိုတောင် မမှတ်ထားပါလား..။ဒါပေမဲ့..တစ်ခုခု ထူးခြားတာ တော့ ရှိတယ်..."

"ဖုန်းခေါ်ဆိုမူ စာရင်းထဲမှာတော့..ဒီနံပါတ်က..မင်းကို ၁၈ ကြိမ်လောက်တောင် ခေါ်ထားတာပဲ..။ဒီတော့ ဒီတစ်ယောက်က..မင်းကို..ဂရုစိုက်တဲ့ ပုံပေါက်တယ်..။ဒါပေမဲ့..မင်းက..ဖုန်းမကိုင်ထားဘူးဆိုတော့ ဒီတစ်ယောက်ကို ရှောင်နေတဲ့ ပုံပဲ..။ဒီတော့....."

လင်းဖန် ပြောလို့တော့ မပြီးလိုက်ပေ..။

ဟောငိဖေးရဲ့ ဖုန်းဟာ အသံမြည်လာခဲ့တယိ..။

လင်းဖန် စခရင်ကို ကြည့်ပြီး ရယ်လိုက်ပါတယ်.။

"ဒီတစ်ကြိမ်ပါ ထည့်တွက်ရင်တော့ ဒီတစိယောက်က..၁၉ ကြိမ်ဖြစ်သွားပြီဟေ့..။ကြည့်ရတာ ငါ ဖုန်းကိုင်သင့်ပြီ ထင်တယ်..."

အဲ့အချိန်မှာပဲ..ဟောငိဖေး ​စိုးရိမ်သွားခဲ့တယ်..။သူ့ မျက်နှာမှာ ကြောက်လန့်မူတွေ ပြည့်နေပြီး သူ့နှလုံးခုန်သံကတော့ အတော်မြန်နေခဲ့ပါတယ်..။

"ဖုန်းကို မကိုင်နဲ့...ဖုန်းကို မကိုင်နဲ့...."

လင်းဖန် ဖုန်းကို ကိုင်လိုက်ပြီး..အကုန်လုံး ကြားအောင်လို့ စပီကာ ခလုတ်ကို နိုပ်လိုက်တယ်..။

"မင်းက ဘာလို့..ငါ့ဖုန်းကို မကိုင်တာလဲ.."

တစ်ဖက်က ဖုန်းပြောနေတဲ့လူက ယောက်ျားလေး အသံနဲ့ပါ..။

"ဟဲလို..ဒါက ဟောင်ဖေး ရဲ့ အဖေလားခင်ဗျ.."

"ဟုတ်ပါတယ်.ကျွန်တော် က သူ့အဖေပါ.။အခု ပြောနေတာ ဘယ်သူလဲ.."

တစ်ဖက်က ပြန်ဖြေလိုက်တဲ့ အသံကြောင့် အကုန်လုံး အံ့ဩသင့်သွားခဲ့တယ်..။

ဟောင်ဖေး..ဟာ ကြောက်လန့်သွားပြီး ကြမ်းပြင်ပေါ်တောင်..ခွေကျသွားခဲ့ပါတယ်..။

သွားပြီ..ဒါက အဆုံးသတ်ပြီ..။

"ဒါက မဟုတ်သေးဘူးနော်..။ဟောင်ဖေး ပြောတာကတော့. သူ မွေးပြီး သိပ်မကြာခင်မှာပဲ.သူ့အဖေက ဆုံးသွားတယ် လို့ ပြောတယ်..။အဲ့တာ ကြောင့်.အမေ တစ်ယောက်တည်းက ကျွေးမွေးခဲ့ရတာတဲ့..ဒီတော့..."

လင်းဖန် ပြောပြီး သူ့အကြည့်တွေက ကျိူးလီ ဆီကို ရောက်သွားခဲ့တယ်..။ကျိုးလီ ရဲ့ မျက်နှာကတော့.အံ့ဩသင့်နေခဲ့ပြီး..သူမ ဘာပြောရမလဲတောင် မသိတော့ပေ..။

"ဘာ..အဲ့ကောင်လေး..က ငါ့ကို သေစေချင်နေတာလား..။သူ ငါတို့ ဆီက ခိုးသွားတဲ့ ဒေါ်လာ ၂ သောင်းကို အခုချက်ချင်း ပြန်လာပေးလို့ ပြောလိုက်..။ဒါက ငါတို့ရဲ့..နာရေး စာရိတ်ပဲ..။သူက..ငါတို့ကို ဒေါသထွက်ပြီး သေစေချင်နေတာလား..."

တီ...

တစ်ဖက်က နေ ဖုန်းချသွားခဲ့တယ်..။

အဲ့အချိနမှာ ပရိတ်သတ်တွေဟာ..အံ့ဩစွာ ရေရွတ်လိုက်ပါတယ်..။

"ချိးပဲ..ဒီတော့ ဒီလိုလား..."

"လူလိမ်..ဒီကောင်က တကယ့် လူလိမ်ပဲ.."

"အစောက..တော့ ငါ ဒီကောင့်ကြောင့် ငိုတောင် ငိုမိတော့မလို့..။သူ ပြောတာတွေ အကုန်လုံးက ..အလိမ်ညာတွေ ချည်းပဲ..."

"ဒီခွေးသားလေးက..သနားစရာကောင်းအောင် သရုပ်ဆောင်ပြီး..မျက်ရည်ခြူနေတာလား.."

"ဒါပေမဲ့ မာစတာ လင်းက ဒါကို ဘယ်လို သိတာလဲ..."

"ဟားဟား..မာစတာလင်းက မာစတာလင်းပဲ..။သူ ဘယ်လို သိလဲ ဆိုတာ..မမေးနဲ့..။သူက အမြဲတမ်း မှန်တယ်..."

…

လင်းဖန် လက်နှစ်ဖက်စလုံးကို ပွတ်လိုက်ပြီး..

"ကောင်းပြီလေ..အမှန်တရားကတော့ ထွက်လာပြီဆိုတော့ မင်း အခု သွားလို့ရပြီ.."

ဟောင်ဖေးဟာ ခေါင်းငုံ့ပြီး စင်အောက်ကို ဆင်းသွားခဲ့ပါတယ်.။သို့ပေမယ့်..သူသိတာကတော့..အခုကစပြီး..သူ လူသိများတဲ့ လူတစ်ယောက်ဖြစ်တော့မှာပါ..။

သို့ပေမယ့်. ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ်မှာတော့ မဟုတ်ပေ..။

ကျိုးလီ ..မတ်တတ်ရပ်နေခဲ့ပြီး..ဘာလုပ်ရမလဲ မသိတော့ပေ..။သူမရဲ့..မျက်နှာကတော့..နီရဲနေပါပြီ..။သူမ..လူလိမ် တစ်ယောက် အပေါ်မှာ..ရပ်တည်နေမိမယ်လို့ မထင်ထားခဲ့ပါဘူး..။

လင်းဖန် ရယ်မောလိုက်ပြီး..

"ဆရာမကျ်ိုး..အနာဂတ်မှာ ခင်ဗျား လူတိုင်းကို..ကိုယ်ပိုင်အမြင်နဲ့ ဆုံးဖြတ်ချက် မချ ဖို့ မျှော်လင့်ပါတယ်..။ခင်ဗျား အရှုပ်အထွေးတွေ နဲ့ ကြုံလာရတဲ့ အချိန်မှာ ဘာမှ မဆုံးဖြတ်ခင်မှာ.နှစ်ဖက်စလုံးက..ပြောတာကို သေချာနားထောင် သင့်တယ်လေ..။ခင်ဗျားက..ဂီတလောကရဲ့..စီနီယာတစ်ယောက် ဆိုတော့..ကိုယ်တိုင်အမြင်နဲ့ အတင်းငြင်းခုန်လို့ မဖြစ်ဘူးလေ..။ဒါပေမဲ့..အခုတော့..ခင်ဗျားရွေးချယ်ထားတဲ့လူကို ပြောင်းလဲဖို့ အချိန်ကျပြီ..။သူ့ရဲ့ အလိမ်အညာတွေက..ခင်ဗျားတို့ အကုန်လုံး အပေါ်ကိုတောင် လွှမ်းမိုးသွားတော့မလို့..။ကောင်းပြီ ခင်ဗျား အခု ထိုင်လို့ရပြီ.."

ကျိုးလီ မယုံကြည်နိုင် ဖြစ်နေခဲ့တယ်..။ငါ..သင်ခန်းစာ အပေးခံနေရတာလား..။

သိူ့ပေမယ့် သူမ လင်းဖန်ကို ပြန်မငြင်းခုန်နိုင်ခဲ့ပါဘူး..။

အဲ့အချိန်မှာပဲ..လငိးဖန် လီယင်ဒေါင်ကို ကြည့်လိုက်တယ်..။

"ဆရာ..လီ..ကျုပ်ခင်ဗျားကို ဆူနေတာတော့ မဟုတ်ပါဘူး..ဒါပေမဲ့ ခင်ဗျားရဲ့ ရပ်တည်ချက်က..သိပ်တော့ မကောင်းဘူး..။တကယ်လို့ ခင်ဗျား ကျွန်တော် ပြောတာတွေကို မကြိုက်ရင် မိုက်တွေ ပစ်ချတာ..မျက်နှာကြီး မဲနက်နေတာထက်စာရင်..ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်တာက..ပိုကောင်းတယ်လေ..။ဘာပဲဖြစ်ဖြစ် ဒီအစီအစဥ်ကို ..ကလေးတွေ အများကြီးက ကြည့်နေကြတာ ဆိုတော့.ခင်ဗျားတို့ရဲ့..အမူအကျင့်တွေကို သူတိူ့က အတုယူသွားနိုင်တယ်လေ..။မဟုတ်ရင် ခင်ဗျား ဒိုင်တစ်ယောက် အနေနဲ့ လာမလုပ်သင့်ဘူး..ဒါက ကလေးတွေ အပေါ် ကို အယူမှားတာတွေ ဖြစ်စေနိုင်တယ်..."

လီယင်ဒေါင် ..အံကို ကြိတ်ပြီး မျက်နှာကြီး နီရဲနေခဲ့တယ်..။သူ ချက်ချင် ထပြီး..ပြန်ကျိန်ဆဲ လိုက်ချင်ပေမယ့်လည်း...

အရှုံးကိုသာဝန်ခံနေလိုက်ပါတယ်..။

အင်တာနက်..။

လူတိုင်းဟာ ရယ်မောနေခဲ့တယ်..။

"မာစတာလင်းက..တုန့်ပြန်ပြလိုက်ပြီ..။သူက အမှန်တရား ဘက်မှာ ရပ်တည်နေတဲ့လူဆိုတော့..သူ ပြောတာတွေကို..ဘယ်သူမှ ပြန်မတုန့်ပြန်နိုင်ဘူးလေ..."

"6666...မာစတာလင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ..."

All Chapters