← Chapters

ဒါက တကယ်အောင်မြင်ပြီ..

Vol. 49 Ch. 732

ဒါက တကယ်အောင်မြင်ပြီ..

Vol. 49 Ch. 732

#ဘာသာပြန် = စနိုးဝှိုက်

နောက်တစ်ရက်..။

ရှန်ဟိုင်း TVအတွက်ကတော့..'အသန်မာဆုံး ကောင်းကင် သံစဥ်' အစီအစဥ်က အောင်အောင်မြင်မြင်နဲ့ မစတင်နိုင်ခဲ့ပါဘူး..။အစမှာတင် ဒီလို အဖြစ်အပျက်မျိုး ဖြစ်သွားတယ်ဆိုတော့..နောက်ပိုင်း ဘာဆက်ဖြစ်မလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ပေ..။

အစကတော့ ဒုတိယဥက္ကဌ ဟာ.နောက်ပိုင်း တွေမှာ ဒီလို မျိုး အဖြစ်အပျက်မျိုး ထပ်မဖြစ်စေဖို့ မာစတာလင်းနဲ့ ဆွေးနွေးချင်ခဲ့ပါတယ်..။သူတို့ ဒါမျိုး ထပ်ပြီး အဖြစ်မခံနိုင်ပါဘူး..။ဒါက တကယ်ကိုလှောင် ပြောင်စရာတွေ ဖြစ်လာတော့မှာပါ..။သို့ပေမယ့်..လင်းဖန် ရဲ့အပြုံးကို မြင်တဲ့ အချိန်မှာ လက်ထောက် ဥက္ကဌ ရဲ့ စားလုံးတွေဟာ.ပြောထွက်မလာတော့ပဲ..စိတ်ထဲမှာပဲ..သိမ်းထားလိုက်ရပါတယ်..။

အင်တာနက်.။

"မင်းတို့.မနေ့က လာတဲ့ ' အသန်မာဆုံး ကောင်းကင် သံစဥ်' ဇာတ်လမ်းကို ကြည့်လိုက်ရလား..။ဒါက တကယ်ကို အံ့ဩဖို့ ကောင်းတယ်..။သီချင်းဆိုသွားကြတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အသံက ကောင်းကြပေမယ့် အရေးကြီးတာက..မာစတာလင်း အံ့ဩစရာ စွမ်းရည်တွေပဲ.."

"ချီးပဲ..ငါ ဒီအစီစဥ်လာတာကို သိပေမယ့်..မကြည့်ခဲ့ဘူး.။အဲတာက ဒီလောက်တောင် ကောင်းတာလား..."

"ဒါကသောက်ရမ်း ကောင်းတယ်..။ဒီရှိုးက အရင်ရှိုးတွေနဲ့ ဆင်တူတယ် ဆိုပေမယ့်..မကြည့်ဖြစ်ရင် မင်းတကယ်ကို နောင်တရမှာပဲ.."

"မာစတာလင်းက တကယ် အံ့ဩဖို့ကောင်းတယ်..။ပြိုင်ပွဲဝင်ကတော့ တကယ်ကို ငတုံးပဲ.။သူက.မာစတာလင်းရှေ့လာပြီး..သနားချင်စရာကောင်းအောင် သရုပ်လာဆောင် နေတာ..ချက်ချင်းပဲ ဖော်ထုတ်ခံလိုက်ရတယ်လေ.."

"ငါ ထင်တာတော့..ကျိုးလီ..နဲ့ လီယင်ဒေါင် တို့က အခုချိန်တော်တော် ဒေါသထွက်နေလောက်ပြီ..။သူတို့ နှစ်ယောက်က စီနီယာတွေ ဖြစ်ကြပေမယ့်.မာစတာလင်းရဲ့ ဆူတာ ခံလိုက်ကြရတယ်လေ.။ငါ ရယ်ရလွန်းလို့ သေတော့မယ်..."

"ငါထင်တာတော့ သူတို့ကို ဒီလို ပြောရဲတာက မာစတာလင်းပဲ ရှိမယ် ထင်တယ်.."

"ဒါက ငါ ကြည့်ချင်တဲ့ ရှိုးပွဲမျိုးပဲ.."

"ချီးပဲ..မင်းတို့ ပြောနေတာ နဲ့ ငါတကယ် ကြည့်ချင်လာပြီ..။ငါ ပြိုင်ပွဲခေါင်းစဥ် မြင်တုန်းက တကယ် မကြည့်ချင်ဘူး.။ဒါပေမဲ့ မင်းတို့ပြောတာမြင်တော့ တော်တော် ကောင်းတယ် ထင်တယ်..။ငါ အခုပဲ..သွားကြည့်လိုက်တော့မယ်..."

"ဒုတိယ အပိုင်းက ဒီည ၈ နာရီ လာမှာနော်..။ငါ ..လုပ်စရာ ရှိတာတွေကို..အကုန် ဖျက်သိမ်းထားပြီးပြီ..."

ဒါက အင်တာနက် ပေါ်မှာ အတော်ကို ပေါ်ပြူလာဖြစ်နေခဲ့ပါတယ်..။

ဝိုက်ဘို..

ဖိုရမ်...

တီဘာ...

သူတို့..က မနေ့ညက..ကျင်းပခဲ့တဲ့..' အသန်မာဆုံး ကောင်းကင်သံစဥ်' ရဲ့ ပြိုင်ပွဲဝင် တစ်ယောက် ဖြစ်တဲ့ ဟောင်ဖေး ရဲ့ အကြောင်းတွေကိုပဲ ပြောနေခဲ့ကြပါတယ်..။သူက..အောင်မြင်ချင်ပေမယ့်..ချက်ချင်းပဲ အကုန်လုံးရဲ့ဝေဖန်မူကို ခံနေခဲ့ရတာပါ.။

ကျိုးလီ..သတင်းတွေကို ဖတ်နေရင်းက..နေ သူမရဲ့ မျက်နှာဟာ ဒေါသကြောင့် နီရဲ နေခဲ့တယ်..။သူမ ဖုန်းကို စားပွဲပေါ် ပစ်ပေါက်လိုက်ပြီး အံကို ကြိတ်လိုက်တယ်..။

"အတော်ဆိုးရွားတယ်..။ဒီခွေးသားက ငါ့ကို အရှက်ရစေ ခဲ့တာပဲ..။အင်တာနက်မှာ ပြောနေကြတာတွေ ကို ကြည့်လိုက်ဦး.."

လီယင်ဒေါင်ဟာ ဘာမှ မပြောပဲ နဲ့ ထိုင်နေခဲ့တယ်..။သူလည်း သိပ်ကောင်းတဲ့အခြေအနေမှာ ရှိမနေခဲ့ပါဘူး..။သိူ့ပေမယ့် သူ ကြည့်လိုက်တဲ့ အချိန်မှာ မျက်နှာ မဲမှောင်သွားခဲ့တယ်..။တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် သူ လင်းဖန် ကိုအစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဖြတ်တောက်လိုက်ချင်ပါတယ်..။

"မာစတာလင်းက ကျိုးလီ ကို သင်ခန်းစာပေးမဲ့..'ကိုယ့်ကိုကို အမြဲမှန်တယ် လို့ ထင်မနေနဲ့..။မတူညီနဲ့ အမြင်တွေကို နားထောင် ."

"အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲတွင်..ကျိုးလီဟာ..ဆုံးဖြတ်ချက် အမှားချမိသောကြောင့်..မာစတာလင်းမှ ..သူမအား ဆုံးမခဲ့.."

"လီယင်ဒေါင် ၏ အတွင်းစိတ်မှာ..အရည်အချင်း နိမ့်ပါးသောကြောင့် မာစတာလင်းမှ..​ပြစ်တင် ပြောဆို..."

…

*ကလင် ကလင်*

ကျိုးလီ ရဲ့ ဖုန်းမြည်လာခဲ့တယ်..။

"အစ်မ ယန် "

ကျိူးလီ ဖုန်းကို ဖြေလိုက်တယိ...။အစ်မယန်ဖုန်းခေါ်တာကဘာကို ဆိုလိူတာလဲ ဆိုတာကို သူမ နားလည်ပါတယ်..။သိူ့ပေမယ့် သူမ ခံစားချက်တွေ သိပ်မကောင်းခဲ့ပေ..။သူမဒီလိူ အရှက်ခွဲခံရတဲ့..ခံစားချက်မျိုးကို ဘယ်တုန်းကမှ မကြုံဖူးခဲ့ပေ.။

ယန်ဂျင် ပြောလိုက်တယ်..။

"ငါ ရှိုးပွဲကို ကြည့်ပြီးပြီ..။အရမ်းလည်း ဂရုစိုက်မနေနဲ့.။ဒီ ကောင်လေးက အတော်ကို ရိုင်းစိုင်းတယ်.။ငါ သူ့ကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်ချက် ချထားပြီးပြီ..။မဟုတ်ရင်..ကမ္ဘာကြီးက ဘယ်လောက်ကျယ်လဲ ဆိုတာကို သူသိမှာ မဟုတ်ဘူး."

ကျိုးလီ အံ့ဩသွားခဲ့ပြီး..

"အစ်မယန်..ညီမတို့ ဘာလုပ်သင့်လဲ.."

"ညီမ ဒီ ကိစ္စကို ဂရုစိုက်စရာ မလိုဘူး..။အစ်မ အကုန် စီစဥ်ထားပြီးပြီ..။ရှိုးပွဲမှာ..သူ့ကို..ဂရုစိုက်မနေနဲ့.။သူ့ လို လူမျိုးတွေက နေရာ အဝေးကြီး မရောက်နိုင်ဘူး..။သူ့ကို ..သင်ခန်းစား ပေးချင်နေတဲ့ လူတွေက အများကြီးပဲ.. "

ကျိုးလီ ခေါင်းညိမ့်လိုက်ပြီး.

"နားလည်ပါပြီ .အစ်မယန်..."

သူတို့နှစ်ယောက်..ဖုန်းမချခင်မှာ အတော်ကြာအောင် စကားပြောခဲ့ကြတယ်..။

လီယင်ဒေါင် မေးလိုက်တယ်.. ။

"အစ်မယန်က လှုပ်ရှားတော့မှာလား.."

ကျိုးလီ ခေါင်းညိမ့်လိုက်ပြီး.

"အင်း..အစ်မယန်က ငါတို့ကို..သူ့ကို လျစ်လျူရူ ထားဖို့ ပြောတယ်..။အစ်မယန် က..သူတို့ကို..သင်ခန်းစာပေးချင်တာ အသေအချာပဲ..။အစ်မယန် .သူ့ကို အနိုင်ရနိုင်မယ်လို့ ထင်လား.."

လီယင်ဒေါင် အစ်မယန် ..အရင်က ခံခဲ့ရတာကို..တွေးပြီး..နှာဖူးမှာ ချွေးတွေ ပြန်လာခဲ့ပါတယ်..။အစ်မယန်ကို..ဒီလို လုပ်ရဲတာ ဆိုလို့ ဒီငနဲတစ်ယောက်ပဲ ရှိမှာပါ..။

ယင်းနောက် လီယင်ဒေါင် စတင် ရယ်မောလိုက်တယ်..။ယန်ဂျင်ဆိုတာက အဆင့်အတန်း မြင့်မားပြီး.အဆက်အသွယ်တွေ ရှိတဲ့ လူတစ်ယောက်ပါ..။ဒီငနဲကို .အနိုင်ရဖို့ဆိုတာက သူမ အတွက် သိပ်မခက်ခဲနိုင်ပါဘူး..။

ရှန်ဟိုင်းTV.

လူအုပ်စု တစ်စုဟာ စိတ်ပူစွာ စောင့်နေခဲ့ကြတယ်.။ဒါရိုက်တာ ကနေ စပြီး ..အောက်ခြေ ဝန်ထမ်းအထိ မျှော်လင့်ချက်တွေ အပြည့်နဲ့ပါ..။

"အခုထိရလာဒ် ထွက်မလာသေးဘူးလား"

"ဘယ်လို ဖြစ်မလဲ.ငါတကယ်သိချင် နေပြီ.."

"ငါကတော့ ဒီရှိုးက ကောင်းတယ်လို့ ထင်တယ်.။ရလာဒ်ကို သိပ်ဆိုးမှာ မဟုတ်ဘူး..."

"ငါတို့ ကောင်းတယ် မကောင်းဘူး ပြောနေတာ က ဘာမှ အသုံးမဝင်ဘူး.။ပရိသတ်​ကြိုက်လား ဆိုတာကိုပဲ..စောင့်ကြည့်ရမယ်..။မနေ့က အစတုန်းက ပြသနာ ဖြစ်ခဲ့သေးတယ်လေ..။အဲတာက..ရလာဒ်ကို ထိခိုက်လာမှာကို ငါတကယ် စိုးရိမ်မိတယ်..."

ဒါရိုက်တာ လီ ထိုင်နေရင်းကနေ..ညှင်သာစွာ ချောင်းဆိုးလိုက်တယ်။

"အခု ထိ အချက်အလက်တွေ ထွက်မလာသေးဘူးလား..."

လက်ထောက် ဒါရိုက်တာ ပြောလိုက်တယ်..။

"အခုတော့ တွက်ချက်နေတုန်းပါ..။မကြာခင်ထွက်လာတော့မယ် ထင်တယ်..."

သက်လတ်ပိုင်း အရွယ် အမျိုးသမီး တစ်ယောက်ဟာ မသာမယာ ပြောလိုက်တယ်..။

"ကျွန်မ အမြင်ကတော့ မာစတာလင်းက ဒိုင်တစ်ယောက် ဖြစ်မလာသင့်ဘူး.။အခုပဲကြည့်..အစပိုင်းကောင်းနေရမယ့် ရှိုးက အခုဆိုရင် မကောင်းတော့ဘူး..။ဒါက.ဘာမှ ကောင်းကျ်ိုး မရှိဘူး"

"အကြိီးအကဲ ဝူ.ဒီလိူ ပြောတာကတော့ မဟုတ်သေးဘူးလေ။မာစတာလင်းက အမှန်တရားကို ပြောတာပဲ.။ပြိုင်ပွဲဝင်က ပရိတ်သတ်တွေ နဲ့ ဒိုင်တွေကို လိမ်ညာဖို့ ကြိုးစားခဲ့တာလေ..။တကယ်လို့ နောက်မှ လူတွေသိသွားရင်..ဒါက ကျုပ်တို့ အမှား မဟုတ်ရင်တောင် အကျိုးသက်ရောက် ခံရမှာ အသေအချာပဲ..."

အကြီးအကဲ ဝူ မျက်မှောင်ကျုတ်လိုက်ပြီး..

"ဒီလို ဆိုရင်တောင် သူ ဒိုင်နှစ်ယောက်ကို လူကြားထဲမှာ အပြစ်မတင်သင့်ဘူးလေ.."

ဒါရိုက်တာ လီ ဝင်တားလိုက်တယ်..။

"ကောင်းပြီ ရန်ဖြစ်နေတာ တော်လိုက်တော့..။အချက်အလက် တွေ ထွက်လာရင် သိကြရမှာပဲ..."

အဲ့အချိန်မှာပဲ.ဝန်ထမ်းတစ်ယောက်ယာ အခန်းထဲကို အလျင်အမြန် ဝင်လာခဲ့ပြီး သူ့လက်ထဲမှာတော့.အချက်အလက် စာရွက်..ကိုင်ထားခဲ့တယ်..။

"အချက်အလက်တွေ ထွက်လာပြီ..."

"ဘယ်လောက်တောင်လဲ.."

လူတိုင်းဟာ သိချင်သွားခဲ့တယ်..။သူတို့ အတွက်ကတော့..ဒီရှိုးက..အဆင်ပြေလား မပြေဘူးလား ဆိုတာ ရလာဒ်ကနေပဲ သိရမှာပါ..။

ဝန်ထမ်းဟာ..စာရွက်ကို ကြည့်ပြီး..အသက်ကို ပြင်းပြင်း ရူလိုက်တယ်..။သူ အတော်ကို အံ့ဩသွားခဲ့တယ်..။

"ရုပ်မြင်သံကြား..ကြည့်ရူနှုန်း : 3.524"

"စျေးကွက် မျှဝေမူ : 14.44"

"ဘယ်လောက်..."

လက်ထောက်ဒါရိုက်တာဟာ ကြောင်အသွားပြီး ပြန်မေးလိုက်တယ်..။သူ မယုံကြည်နိုင် ဖြစ်နေတာ ရှင်းလင်းပါတယ်..။

လူတိုင်းက အတူတူ ပါပဲ..။သူတို့ ဒီအချက်အလက် တွေကြောင့် အံ့ဩသင့်သွားခဲ့ကြပါတယ်..။

ဝန်ထမ်းဟာ..နောက်တစ်ခေါက် ထပ်ဖတ်ပြဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ.လက်ထောက် ဒါရိုက်တာဟာ စာရွက်ကို လုယူလိုက်တယ်..။သူ နံပါတ် တွေကို သေချာဖတ်ကြည့်လိုက်က့တယ်..။ဒီပေါ်မှာတော့ ချန်နယ် တိုင်းရဲ့..ကြည့်ရူနှုန်းတွေ ရှိနေခဲ့တာပါ..။

ပထမ ဆုံးနေရာက အံ့ဩစရာ ကောင်းလောက်အောင် ပဲ..အသန်မာဆုံး ကောင်းကင်သံစဥ် အစီအစဥ်ပါ.။

"ဟားဟား..."

လက်ထောက် ဒါရိုက်တာ စတင်ပြီး ရယ်မောလိုက်တယ်..။

"ကြည့်ရူ နှုန်းက.. 3.524 ပဲ..။ဒါက ဒုတိယ နေရာထက်.0.5 ပိုမြင့်တယ်..။ဒုတိယက ဟူနန် TV ရဲ့ အကောင်းဆုံး ရှိုးပွဲပဲ..။ငါတို့ ရဲ့ ရှိုးက ဟူနန် TV ရဲ့ အကောင်းဆုံး ရှိုးပွဲထက်တောင် ပိုပြီး..ကောင်းနေသေးတယ်..."

လူတို၈်းဟာ ချက်ချင်းစုဝေးလာခဲ့ကြတယ်..။သူတို့ နံပါတ်တွေကို ကိုယ်တိုင်မြင်တဲ့ အချိန်မှာ ကြောင်အသွားခဲ့ကြပါတယ်..။

"ဒါက တကယ်ကို ပထမနေရာပဲ.။ဒါက အောင်မြင်ပြီ..."

"3.524 ...ငါတို့ အရင်က..ဒီလို ရလာဒ်မျိုး ရဖူးလား..."

"ငါကတော့ ဒီလို မထင်ဘူး.."

"ငါကတော့ အရင်က ဒီလိုမျိုး ရဖူးတယ် ထင်တာပဲ..။ငါက တော့ မှတ်မိနေတယ်..အဲတုန်းက မာစတာလင်းလဲ ပါတယ်လေ.."

"ဟုတ်တယ်..ငါလည်း မှတ်မိတယ်..။ဒါက မြောက်ပိုင်းနဲ့ တောင်ပိုင်း လောင်းကစား ရှိုးပွဲပဲ..။ဒါပေမဲ့ အဲတုန်းက..တစ်ပိုင်းတည်းနဲ့ ကြည့်ရူနှုန်း 3.85 အထိ ရရှိခဲ့တယ်..။ပြီးတဲ့နောက်မှာ..ရှိုးက ဆက်မရိုက်တော့ဘူးလေ..."

"ကြည့်ရတာ မာစတာလင်း ပါတဲ့ ရှိုးပွဲတိုင်း..က ကြည့်ရူနှုန်း မြင့်နေတာ ဖြစ်နိုင်မလား..။ဒါက ကြောက်ဖို့ ကောင်းတယ်နော်.."

ဘန်း...

အဲ့အချိန်မှာပဲ..ဒါရိုက်တာ လီ..စားပွဲကို ရိုက်လိုက်တယ်..။စိတ်လှုပ်ရှားနေတဲ့ မျက်နှာနဲ့..သူ ပြောလိုက်တယ်..။

"ကောင်းတယ်...ဒါက တကယ်ကို ကောင်းတယ်..။ပထမ အပိုင်းက..အတော်ကို အောင်မြင်နေပြီ..။ငါက မနေ့က ကိစ္စအတွက် စိတ်ပူနေတာ..ဒါပေမဲ့..ဘာမှ မဟုတ်တာကို စိတ်ပူနေတဲ့ပုံပဲ..။အားလုံးပဲ သေချာ နားထောင်ကြ...။မင်းတို့..အနာဂတ်မှာ မာစတာလင်း ရှိုးပွဲမှာ ဘာလုပ်လုပ်..တစ်စုံတစ်ယောက်ကို မရိုက်သ၍ သူ့ကို သွားပြီး မတားဆီးကြနဲ့..။ကောင်းပြီ ဒါက တကယ်ကို ရိုက်ချက် ပြင်းပြင်းပဲ..။ငါတို့ နောက်ဆုံးတော့ ဟူနန် TV ကို ကျော်လွန်သွားပြီ..."

လူအုပ်ကြီးဟာ ဒါကိုကြားတဲ့ အချိန်မှာ ခေါင်းညိမ့်လိုက်ကြတယ်..။

အရင်တုန်းက ဆိုရင် သူတို့က အဆင် ၇ ..၈ နေရာလောက်ပဲ..ရပ်တည်ခဲ့ကြတာပါ.။ဒီ

ဟူနန် TV ဆိုတာက သူတို့ ဘယ်တော့မှ မကျော်နိုင်တဲ့ တောင်ကြီး တစ်တောင်လိုပါပဲ..။အခု သူတို့ရဲ့ အသန်မာဆုံး ကောင်းကင်သံစဥ် အစီအစဥ် က..အကန့်အသတ် တွေကို ..ကျော်လွန် သွားခဲ့ပါပြီ..။

သူတို့ ဘယ်လိုလုပ်ပြီး..စိတ်မလှုပ်ရှားပဲ နေမှာလဲ...

All Chapters