← Chapters

အခန်း (၇၃၅)

Vol. 49 Ch. 735

အခန်း (၇၃၅)

Vol. 49 Ch. 735

#ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ကျိုးလီ ပြောမှာကိုတောင် စောင့်မနေတော့ပေ..။သူ..လက်ကို ဆန့်တန်းပြီး ပြောလိုက်တယ်..။

"ကောင်းပြီ ..မင်း ဆက်ပြီးဖျော်ဖြေလို့ရပြီ..။ကြောက်လည်းကြောက်မနေနဲ့..ပြီးတော့ ဒီကိစ္စကြောင့် အကျိုးသက်ရောက်မခံနဲ့..။အမှန်တရားက ဘယ်လ်ိုပဲ ဖြစ်နေပါစေ..အခုချိန်မှာတော့..မင်း အကောင်းဆုံး ကြိုးစားရမယ်..."

ဒီစကားလုံးတွေက ခံစားမူပေါင်းစုံရှ်ိနေတဲ့..ချန်းယူအန်း ကို တည်ငြိမ်သွားစေခဲ့တယ်..။ယင်းနောက် သူ နီရဲနေတဲ့ မျက်လုံးတွေနဲ့ လင်းဖန်ကို ပြောလိုက်ပါတယ်..။

"ကျေးဇူးပါ ဆရာလင်း..."

လီယင်ဒေါင်ကတော့ တစ်ချိန်လုံးညိမ်နေခဲ့တယ်..။အခုတော့ လင်းဖန်က စကားပြောတဲ့ နေရာမှာ ဆရာတစ်ဆူ ဆိုတာကို သူနားလည်သွားခဲ့ပါပြီ..။သူက စကားပြောတဲ့နေရာမှာ အဖြူကိုတောင် အမဲရောင်လို့ လူတွေ ယုံကြည်သွားကြအောင် ပြောနိုင်တဲ့ အရည်အချင်းရှိပါတယ်..။

ကျိုးလီကတော့ ကိုယ့်ဒုက္ခကိုယ်ရှာနေတာပဲ.။ထပ်ပြောရရင် သူမ ဘာစကားတစ်ခွန်းမှ မပြောနိုင်တော့ပေ..။သူမ ထပ်ပြောမယ် ဆိုရင်လည်း ဒါက သူမက စိတ်ပျက်စရာလူဖြစ်ကြောင်း သက်သေပြနေတာနဲ့ပဲ တူပါလိမ့်မယ်..။

စင်နောက်တွင်..။

ဒုတိယ ဥက္ကဌဟာ..ဒါတွေကို မြင်ပြီး သဘောတွေ ကျတေခဲ့တယ်..။

"ကောင်းတယ်...ဒီအပိုင်းက..ပိုပြီးတော့တောင်..ကြည့်ရူနှုန်း ပိုများနိုင်တယ်နော်..ဟားဟား..."

မနေ့တုန်းကဆိုရင် ပြသနာ ဖြစ်တော့ သူ သေလောက်အောင်ကို ကြောက်ရွံ့နေခဲ့တာပါ..။သို့ပေမယ့် မနေ့က အဖြစ််အပျက်က ရှိုးကို လုံဝကို မထိခိုကိစေမယ့်..လူစိတ်ဝင်စားမူတောင် မြင့်တက်လာခဲ့တာပါ..။အခုလည်း ပွဲစတာနဲ့..ပြသနာက တက်နေပြီဆိုတော့..ဒီအပိုင်းလည်း..ကြည့်ရူနှုန်းများမှာ အသေအချာပါပဲ..။

သိူ့ပေမယ့်..သူတစ်ခုခု ကို တွေးနေမိတယ်..။ပြိုင်ပွဲ နာမည်ကို ပြောင်းလိုက်ရင် ကောင်းမလား..။

ဒါက..အသန်မာဆုံး ကောင်းကင်သ့ာံစဥ်ကနေ..အသန်မာဆုံး တိုက်ပွဲများလို့..ပြောင်းခေါ်သင့်နေပါပြီ..။

အင်တာနက်..။

"ဟားဟား..ဒီကျိုးလီကတော့..မာစတာလင်း ဆူတာကို ထပ်ခံရပြန်ပြီ.."

"သူက အရင်က အမှားလုပ်ဖူးပေမယ့် ဒါက ၂ နှစ်တောင် ကြာသွားပြီလေ..။သူ့ကို အခွင့်အရေးဆိုတာက ပြန်ပေးသင့်တာပဲ.."

"ဟုတ်တယ် သူက အရမ်းငယ်သေးတယ်လေ.။တကယ်လို့..သူမက ..ရန်ငြိုးတွေထားနေဦးမယ် ဆိုရင် ဒါက စိတ်ပျက်စရာပဲ.."

"မင်းတို့ မာစတာလင်းပြောတာ သတိထားမိလိုက်လား..။အမှန်တရားက ဘာပဲဖြစ်ဖြစ်လို့ ပြောသွားတယ်..။ဒါက ဒီထက်ပိုပြီး ရှိနေသေးတာ မဟုတ်ဘူးလား..."

"မင်းက စုံဖောက်လား..။အကုန်လုံးကို အသေးစိတ်လိုက်ကြည့်နေရအောင်..."

"ဒါဖြစ်လောက်တယ်..။မင်းတို့ မာစတာလင်းက ဘယ်လိုလူလဲ မသိဘူးလား..။ဒီနောက်ကွယ်မှာ တစ်ခုခု ထပ်ရှိနိုင်သေးတယ်နော်..."

…

လူတိုင်း စိတ်လှုပ်ရှားနေခဲ့တယ်..။ဒီရှိုးက ကြည့်ရတာ တကယ် ထိုက်တန်တယ်လို့ သူတို့ ခံစားနေကြရပါတယ်..။ဒါက တစ်ခြား ရှိုးတွေနဲ့ လုံးဝ မတူပါဘူး..။

လင်းဖန် ချန်းယူအန်း စင်ပေါ်မှာ ခံစားချက် အပြည့်နဲ့ ရပ်နေတာကို ကြည့်ပြီး အလျင်မလိုခဲ့ပေ..။သူ တိတ်တဆိတ်သာ စောင့်ဆ်ိုငိးနေခဲ့ပါတယ်..။

အဲ့အချ်ိန်မှာပဲ.ချန်းယူအန်း မျကိလုံးတွေ ပွင့်လာပြီး..တည်ငြိမ်အောင်လုပ်လိုက်တယ်..။

"ကောင်းပြီး..ကျွန်တော် စဆိုပါတော့မယ်..။သီချင်းရဲ့နာမည်က. '.မိုးရွာပြီးနောက်.သန့်ရှင်းတဲ့ မိုးကောင်းကင်'..ဖြစ်ပါတယ်..."

သံစဥ်ဟာ စတင်လာခဲ့တယ်..။

ဒီသီချင်းက သိပ်ပြီး မအိုဟောင်းသေးပါဘူး..။ဒါက ပေါ်ပြူလာဖြစ်တယ်လိူ့ ပြောလို့ရပါတယ်..။သို့ပေမယ့် သံစဥ် ထွက်လာတဲ့ အချိန်မှာ..လူတိုင်း အံ့ဩသင့်သွားခဲ့တယ်..။ဒီသံစဥ်က.အဆင့်မြင့်ထားတဲ့ ပုံပါပဲ..။

ဖြစ်နိုင်တာက...

လူတိုင်း သေချာ နားထောင်နေခဲ့တယ်..။သူတို့ တစ်ခုခုကို အတည်ပြုချင်နေခဲ့တာပါ..။

ချန်းယူအန်း မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်ပြီး..စတင်ဆိုလိုက်ပါတယ်..။

"မိုးတွေ ရွာပြီးနောက်မှာ..ကောင်းကင်ကြီးဟာ..."

သူ သီဆိုတဲ့ စတိုင်က..မူရင်း ..နဲ့ အတော်ကို ကွာခြားပါတယ်..။လူအုပ်ကြီးဟာ..သူ့ရဲ့ ဖျော်ဖြေမူကြောင့် ငြိမ်သက်နေခဲ့တယ်..။

လင်းဖန် ခေါင်းညိမ့်ပြီး..လက်ချောင်းတွေ လှုပ်နေခဲ့တယ်..။သူ့ရဲ့ အသံက တကယ်ကိုကောင်းတာပါ..။သူ့ရဲ့ ခံစားချက်နဲ့ စီးမျှောမူက တကယ်ကို အကောင်းဆုံးပါပဲ..။

ကျိုးလီရဲ့ အမူအရာကတော့ အရုပ်ဆိုးနေခဲ့တယ်..။သိီချင်းသံက ဘယ်လောက်ပဲ ကောင်းနေနေ..သူမ လုံးဝ နားမထောင်ချင်သလို..မီးသီးကို လည်း အချက်ပြမှာ မဟုတ်ပါဘူး..။

အစောက အဖြစ်အပျက်နဲ့တင် သူမ အတော် ဒေါသထွက်နေပါပြီ..။

လူတိုင်းက သီချင်းမှာ နစ်မြောနေကြပြီး.ချန်းယူအန်းကလည်း အကောင်းဆုံးကြိုးစားနေခဲ့တယ်..။

စင်နောက်မှာ ရှိနေတဲ့ ချန်းယူအန်းရဲ့ မိဘတွေကတော့ သူတို့ရဲ့ သားလေးကို ကြည့်ပြီး မျက်ရည်တွေတောင် ကျလာခဲ့ပါတယ်..။နောက်ဆုံးတော့..သူတို့ရဲ့ သားလေး..အရိပ်မည်းကြီးထဲကနေ ရုန်းထွက်နိုင်တာကို မြင်တွေ့ခွင့်ရခဲ့ပါပြီ..။

ဒါက..သူတို့ အမြင်တွေ့ချင်ဆုံး ပုံစံပါပဲ..။

ဒီနေ့မှာတော့..အမှန်တကယ်ပဲ..ဖြစ်လာခဲ့ပါပြီ..။

သီချင်းပြီးသွားခဲ့တယ်..။

လင်းဖန် ခလုတ်ကို..နိပ်ပြီး မီးအချက်ပြလိုက်ပါတယ်..။

ဟောင်ဂျင်ရှင်းကလည်း အခွင့်အရေးကို လက်မလွတ်ခဲ့ပေ..။သူလည်း မီးသီး အချက်ပြခဲ့ပါတယ်..။ဒီအသံက..တကယ်ကို အကောင်းဆုံးပါပဲ..။ချန်းယူအန်း ရဲ့ ပင်ကိုယ်အသံက..အတော်ကို ပြိုင်ဘက်ကင်း ပါတယ်..။

လီယင်ဒေါင်လည်း သီချင်းအဆုံးမှာ မီးသီးကို အချက်ပြလိုက်တယ်..။လူတွေက သူ့ကို စိတ်ပျက်စရာ လူလို့ ခေါ်ကြမှာကို သူမလိုလား ပါဘူး..။

အဆုံးမှာတော့..ကျိုးလီ တစ်ယောက်ပဲ..မီးမလင်းခဲ့တာပါ..။

ပရိတ်သတ်တွေဟာ..လက်ခုပ်တီးကာ အားပေးလိုက်ကြပါတယ်..။

"အသံက တကယ်ကောင်းတယ်..အတော်ကိုကောင်းတာ.."

"ဒီပြိုင်ပွဲဝင်က ဒီလောက်အထိ သန်မာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..။သူက တစ်စုံတစ်ယောက်ရဲ့ သီချင်းကို ခိုးယူတဲ့လူလို့ ထင်တောင် မထင်ရဘူးနော်..."

ချန်းယူအန်း မျက်လုံးဖွင့်လိုက်တယ်..။သူ့မျက်နှာမှာ ခံစားချက်တွေ အပြည့်ပါပဲ..။ယင်းနောက် သူ လူအုပ်ကြီးကို ဂါရဝ ပြုလိုက်ပါတယ်..။သူ စင်ပေါ်မှာ သီချင်းဆိုခွင့်ရဦးမယ်လို့မထင်ထားခဲ့ပါဘူး..။ဒါက သူ့ကို ပျော်ရွင်ပြီး သိတ်လှုပ်ရှားစေပါတယ်..။

အစိီစဥ် တင်ဆက်သူဟာ..အပြုံးတွေနဲ့စင်ပေါ် ပြန်တက်လာခဲ့တယ်..။ဒီလူငယ်လေးက သူများသီချင်းကို ခိုးယူတဲ့လူတစ်ယောက်လို့ လုံးဝ မထင်ရပါဘူး..။

"ဂုဏ်ပြုပါတယ် ချန်းယူအန်း..။ဒိုင်သုံးယောက်တောင်မှ မင်းကို အချက်ပြရွေးချယ်ထားတယ်လေ..။ဒိုင်သုံးယောက် အတွက်ကတော့..ဒီပြိုင်ပွဲဝင်ကို..ခေါ်ယူဖို့ ဆွဲဆောင်နိုင်ကြပါတယ်..။

ချီဝေ ပြောလိုက်ိတာပါ..။

ဟောင်ဂျင်ရှင်း ပြောလိုက်တယ်.။

"ငါ မီးပြလိုက်တာက..သူဆိုတာ တကယ်ကောင်းပြီး..စည်ချက်မှန်တာကို အသိအမှတ်ပြုလို့ပဲ..။ဒါပေမဲ့ ဒီကလေးက ဆရာလင်းကို ရွေးချယ်မယ် ဆိုတာကို သိပါတယ်..။ဒါကြောင့် သူ့ကို မခေါ်တော့ပါဘူး..။အခုထိ တစ်ယောက်မှ မရသေးတဲ့ မာစတာလင်းကိုပဲ..ပေးလိုက်ပါ့မယိ..."

လီယင်ဒေါင်ပြောလိုက်တယ်..။

" ဆရာ ဟောင် နဲ့တူတူပဲ..။သူ့ကို လုယူဖို့ မလိုအပ်ပါဘူး.."

အစီစဥ် တင်ဆက်သူ ချီဝေဟာ ပြုံးလိုက်ပြီး..

"ဘယ်ဒိုင်ကို ရွေးချယ်မလဲ ပြောပြပေးပါ.."

ချန်းယူအန်း ခံစားချက် အပြည့်နဲ့ ပြောလိုက်တယ်..။

"ဆရာလင်းကို ရွေးပါ့မယ်..."

လင်းဖန် မတ်တတ်ရပ်လိုက်ပြီး.

"မင်းရဲ့ အသံက တကယ်ကောင်းတယ်..။ကြားဖူးသမျှ ပြိုင်ပွဲဝင် ယောက်ျားလေးတွေရဲ့အသံတွေထဲမှာတောင် မင်းက နောက်တစ်ဆင့်ရောက်နေပြီ..."

မာစတာလင်းဆီက ချီးကျုးမူကို ရခဲ့တာကြောင့် ချန်းယူအန်း ကျေးဇူးတင်စွာ ပြောလိုက်ပါတယ်..။

"ကျေးဇူးပါ ဆရာလင်း.."

အစီစဥ် တင်ဆက်သူဟာ ခေါင်းညိမ့်လိုက်တယ်..။

"ကောင်းပါပြိီ နောက် ပြိုင်ပွဲဝင်တစ်ယောက်ကို ခေါ်လိုက်ရအောင်..."

"ခနလေး.."

လင်းဖန် ပြောလိုက်တယ်..။

"ခနနေပါဦး..။ကျုပ် မေးစရာလေး တစ်ခုရှိလို့..."

ပရိတ်သတ်တွေ ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူတို့ အကုန်လုံး သိချင်သွားခဲ့ပါတယ်..။တစ်ခုခု ထပ်ဖြစ်တော့မှာ များလား..။

မာစတာလင်း ရဲ့ အကျင့်စရိုက်အရဆိုရင်..အခုချိန်မှာ ဘာမှ ဖြစ်မလာဘူးဆိုရင် ပရိတ်သတ်တွေ ..ချိီတောင် စားပြဖို့ အသင့်ပါပဲ..။

ချန်းယူအန်း လင်းဖန်ကို ပဟေဠိဖြစ်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး..

"ဘာဖြစ်လို့လဲ မာစတာလင်း..."

လင်းဖန် ချန်းယူအန်း ကို ကြည့်ကာ ကောင်းညိမ့်လိုက်ပြီး..

"မင်း ပုံစံက..အပြစ်ကင်းပြီး သန့်စင်တဲ့ ပုံစံလေးပါ..။မင်းကို မေးချင်တာက..မင်း ဦးနှောက်တော့ ကောင်းတယ်မလား.."

ဒါက်ု မေးလိုက်တဲ့ အချိန်မှာ အကုန်ဆွံအသွားဲ့တယ်..။

ချီးပဲ.ဒါက ဘာကိုဆ်ိုလိုတာလဲ...

အပြောင်းအလဲက အတော်မြန်လွန်းလို့ လူအုပ်ကြိီးဟာ တုန့်ပြန်ချိန်တောင် မရလိုက်ပါဘူး..။

ချန်းယူအန်းလည်း ကြောင်အသွားခဲ့တယ်..။

"မာစတာလင်း ကျွန်တော် ဘာပြသနာ မှ မရှိပါဘူး.."

သူ ပဟေဠိဖြစ်နေခဲ့တယ်..။ဆရာလင်းက ဘာလို့ ဒီလိုမေးတာလဲ..။

လင်းဖန် ပရိတ်သတ်ဘက်ကြည့်လိုက်ပြိး..

"အားလုံးပဲ..သူက ဦးနှောက််မကောင်းတဲ့ လူတစ်ယောက်နဲ့ တူရဲ့လား..."

ပရိတ်သတ်တွေက မာစတာလင်း ဘာကို ဆိုလိုချင်းမှန်း နားမလည်ခဲ့ပေ..။

"ကျုပ်ကတော့..သူ့မှာ ပြသနာ ရှိတယ် မထင်ဘူး.."

လင်းဖန် ခေါငိးညိမ့်လိုက်တယ်..။

"ဒါအမှန်ပဲ..။ကျုပ်လည်း အခုပဲဒါကို တွေးနေတာ..။ချန်းယူအန်းက ဦးနှောက်ချွတ်ယွင်းနေတဲ့လူ မဟုတ်ရင် ..ဘယ်လိုလုပ်ပြီး..ယန်ဂျင်ကိုယ်တိုင်ရေးထားတဲ့ သီချင်းကို ခိုးရဲမှာလဲ..။သူက ဒီလိုလုပ်ရလောက်တဲ့ အထိတုံးအပါ့မလား..."

သူ ဒါကို ပြောတဲ့ အချိန်မှာ အကုန် ကြောင်အသွားခဲ့တယထ..။ဒါအမှန်ပါပဲ..။အခုလို ဖြစ်နေတာက အဓိပ္ပါယ် မရှိပေ...။

တကယ်လို ဒီသီချင်းက ယန်ဂျင်ရဲ့ လက်က ထွက်လာတာ ဆိုရင် သူ့လို သာမန် ပြိုင်ပွဲဝင်လေးတစ်ယေယက်က..ဘဝမပျက်ချင်ဘူးဆိုရင် ခိုးရဲမှာ မဟုတ်ပါဘူး..။

လင်းဖန် ဆက်မေးလိုက်တယ်..။

"ချန်းယူအန်း.. တစ်ခုလောက်ထပ်မေးမယ်..။မင်းကို သီချင်းခိုးပါတယ် လို့ ပြောတဲ့ ပြိုင်ပွဲဝင်ကရော ဘယ်လို အဆုံးသတ်သွားလဲ.။အခု သူဘယ်မှာလဲ.."

ချန်းယူအန်း ပြောလိုက်တယ်..။

"သူက ပြိုင်ပွဲရဲ့ ချန်းပီယံဖြစ်လာပါတယ်..။အခုတော့ ဘယ်ရောက်နေလဲ မသိပါဘူး..။သူက ဂီတလောကက ထွက်သွားပါပြီ..."

"ဒါက မဟုတ်သေးဘူး..."

လငိးဖန် ခေါင်းခါယမ်းလိုက်တယ်..။

"ဘာပဲဖြစ်ဖြစ် ဖိုင်နယ်ကို တက်လာတဲ့ ပြိုင်ပွဲဝင်တစ်ယောက်က လုံးဝ အားမနည်းနိုင်ဘူးလေ..။အဲ့သီချင်းကလည်း အရမ်းကောင်းတဲ့ သီချင်းဖြစ်နိုင်ပေမယ့် အခုတော့ ပျောက်ကွယ်သွားခဲ့ပြီ..။ကျုပ် အမြင်တော့ ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတယ်..။ပြိုင်ပွဲမှာ အနိုင်ရသွားတဲ့လူက သာမန် အဆင့်လောက်ပဲ..။ပြီးတော့..အဲ့ပြိုင်ပွဲမှာ လာဘ်စားမူတွေ ရှိနေတာပဲ ဖြစ်ရမယ်..."

ပရိတါသတ်တွေဟာ..မာစတာလင်းရဲ့ သုံးသပ်ချက်တွေကြောင့် ကြောင်အသွားခဲ့တယ်..။

ဘယ်လိူလုပ်..ဒါမျိုးတွေဖြစ်လာရတာလဲ..။

ချန်းယူအန်း ပိုပိုပြီး စိတ်လှုပ်ရှားလာခဲ့တယ်..။ယင်းနောပ် သူ ပြောလိုက်ပါတယ်..။

"ဆရာလင်း ဒီသီချင်းက ကျွန်တော် ရေးထားတာပါ..။ဒါပေမဲ့ ဘယ်သူမှ မယုံကြည်ကြဘူး..။ဆရာမ ယန်......"

သူ ဆက်မပြောရဲပေ..။ယန်ဂျင်က ဂီတလောကမှာ အဆင့်အတန်းမြင့်မားတာကြောင့် သူ ဒေါသထွကိအောင် မလုပ်ရဲပါဘူး..။

"ငါ မင်းကို ယုံပါတယ်.."

လင်းဖန် ပြောလိုက်တယ်..။

"မင်းက အခြေခံ အတော်ကောင်းတယ်..။ဒါကြောင့် ဒီသီချင်းက မင်းရေးထားတာပဲ ဖြစ်ရမယ်..။ယန်းဂျင်က ဒိုင်ဖြစ်နေတော့ ရှင်းပြရတာ ပိုတောင်လွယ်သေးတယ်...။သူမကလုံးဝ လူကောင်းတစ်ယောက် မဟုတ်ဘူး..။သူမက ဒီလို နောက်ကွယ်မှာ အပေးအယူ တွေ လုပ်နေကြပဲ..။မင်းလို နာမည်မရှိတဲ့..ပြိုင်ပွဲဝင်တစ်ယောက်က ဂိိီတလောကရဲ့..ဘုရင်မကို ဆန့်ကျင်နေရတာလေ..။မင်းက ဒီသီချင်းကို မင်းရေးတာပါလို့ ပြောရင်တောင် ဘယ်သူကမှ ယုံကြည်မှာ မဟုတ်ဘူး..."

ဟင်...

လူတိုင်းကြောင်အသွားခဲ့တယ်..။

မာစတာလင်းက ဒီလိူတွေ ပြောလာမယ်လို့ မထင်ထားခဲ့ပါဘူး..။ဒါက.ယန်ဂျင်ကို ပေါ်တင် တိုက်ခိုက်လိုက်တာပါပဲ..။

ထပ်ပြောရရင် သူက တ်ိုက်ရိုက်ထုတ်လွင့်မူမှာ ပြောနေခဲ့တာပါ..။အခြေအနေက ပုံမှန်ထက်အများကြီး ပိုကြိီးပါတယ်..။ဇ

ဟောင်ဂျင်ရှင်း ရဲ့ မျက်လုံနဲ့ ပါးစပ်တွေဟာ ပြူးကျယ်နေခဲ့တယ်..။သူက ဘယ်လိုလုပ်ပြီး ဒါမျိုး ပြောရဲရတာလဲ..။

ကျိုးလိီ ဆွံ့အသွားခဲ့တယ်..။

"နင် ဘာအဓိပ္ပါယ် မရှ်ိတာတွေ ပြောနေတာလဲ..။ငါလည်း အဲ့တုန်းက ဒိုင်တစ်ယောက်ပဲ..။ဘယ်လိုလုပ် ဒါမျိုးဖြစ်နိုင်မှာလဲ.."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"ဘာလို့ ဒေါသထွက်နေတာလဲ ဆရာမကျိုး..။ကျုပ်က ယန်ဂျင် လာဘ်စားတယ်လို့ ပြောတာလေ..။ခင်ဗျား လာဘ်စားတယ်လို့ ပြောလိူ့လား..။ဘာတွေများ လိပ်ပြာမလုံ ဖြစ်နေတာလဲ.."

ကျိုးလီ လေးနက်စွာ ပြောလိုက်တယ်..။

"နင့်မှာ ဘာသက်သေ ရှိလို့လဲ.."

"ကျုပ်က ဒိီတိုင်း အမှန်တရားကို ပြောနေတယ်.."

ယင်းနောက် လင်းဖန် လေးနက်တဲ့ မျက်နှာ နဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ..သူ အမှန်တရားကို ပြောနေကြောင်း သိသာစေခဲ့ပါတယ်..။

အဲ့အချိန်မှာတော့ချန်းယူအန်း မထိန်းနိုင်တော့ပဲ..မျက်ရည်တွေ ကျလာခဲ့ပါတယ်..

နောက်ဆုံးတော့ သူ့ကို ယုံကြည်တဲ့လူတစိယောက်ရှိခဲ့ပါပြီ..။

ထပ်ပြောရရင် အဲ့လူက သာ အလေးစားရဆုံးလူပါပဲ..။

ယန်ဂျင်လည်း တိုက်ရိုက်ထုတ်လွင့်မူကို ကြည့်နေခဲ့တယ်..။ယင်းနောက် သူချက်ချင်းပဲ ဖုန်းကို ကြမ်းပြင်ပေါ် တစ်စစီဖြစ်အောင် ရိုက်ခွဲလိုက်ပါတယ်..။

"လင်းမျိုးရိုး..ငါ နင့်ရဲ့ ခွေးဘဝကို ယူပြမယ်.."

All Chapters