← Chapters

စိတ်လှုပ်ရှားနေသောရွှေမြွေလေး

Vol. 009 Ch. 849

စိတ်လှုပ်ရှားနေသောရွှေမြွေလေး

Vol. 009 Ch. 849

ဝမ်စီမြောင်သည် စိတ်ထဲတွင် သံသယဝင်မိသော်လည်း မျက်စိထောင့် မှ ပန်ကျားနန်သည် သူတို့ဆီလျှောက်လာသည်ကို မြင်လိုက်ရာ ဆေးပုလင်း များကိုယူပြီးနောက် ရှီမာယူယူကို ပြောလိုက်သည် “ကျေးဇူးတင်ပါတယ်”

ပန်ကျားနန် လျှောက်သွားကာ ပြောလေသည် “တကယ်ပြန်သွားတော့ မလို့လား”

“ဟုတ်တယ် ငါဆုံးဖြတ်ပြီးသွားပြီ အခုပဲသွားတော့မယ်” ဝမ်စီမြောင် ပြန်ဖြေလေသည်။

“ဂရုစိုက်သွားပါ”

“အင်း” ဝမ်စီမြောင်သည် မိစ္ဆာပျံကိုခေါ်ထုတ်ပြီး တက်ကာ ကန္တာရဆီသို့ ပျံသွားလေသည်။

သူပြန်သွားပြီးနောက်တွင် ရှောင်ချီသည် ရှီမာယူယူအား ပြောလေသည် “ယူယူ သွားရအောင်”

“သွားတော့မလို့လား” ပန်ကျားနန်သည် အံ့အားသင့်စွာမေးလေသည်။

“ကျွန်တော်တို့ တခြားနေရာကိုသွားကြည့်ချင်တယ် မဟုတ်လည်း တခြားသူတွေကို တွေ့ရတာ ပေါ့” ရှီမာယူယူ ပြောလေသည်။

“ဒါပေမယ့် အတူရှိတာက အကုန်လုံးအတွက်ပိုကောင်းတယ်လေ”

“ခင်ဗျားတို့မှာ ဆေးတွေရပြီးနေပြီပဲ၊ ဂိုဏ်းကလူတွေမရောက်ခင်ကို ဘာပြဿနာမှရှိမှာမဟုတ် ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ယူယူ သွားရအောင်” ရှောင်ချီ လောလေသည်။

ဝမ်စီမြောင်မရှိပဲနှင့် တခြားသူများကို စိတ်ထဲမထည့်လိုပေ။

ရှီမာယူယူသည် ခေါင်းညိမ့်ကာ အားလုံးကိုနှုတ်ဆက်ပြီးနောက် သူတို့ နေရာမှ ဝင်မကြည့်တော့ပဲ ထွက်သွားလိုက်သည်။

သူတို့ သူမကိုနေစေချင်သည်မှာ သူမကို စိတ်ရင်းနှင့် နေလိုခြင်းကြောင့် မဟုတ်ပဲ သူမ၏ဆေးများကို လိုချင်ခြင်းကြောင့်နှင့် ရှောင်ချီနှင့် တခြားသူများ ၏ တိုက်ပွဲကိုကြည့်လိုခြင်းကြောင့်ဖြစ်သည်။

ဟွာပေါင်မြောင်သည် မိုဘင်းထွက်သွားသည်ကို မြင်လိုက်သည်နှင့် သူမ၏မျက်လုံးမှ ဒေါသထွက်သွားသော်လည်း အကြည့်ချင်းဆုံသည်ကို ရှောင်လိုက်သည်။ သူမ နှုတ်ခမ်းကိုကိုက်ကာ ရယ်မောပြီး ဘေးနားမှလူများ နှင့် စကားပြောနေလိုက်သည်။

ဟာစွန်သည် အားလုံးကိုတင်ကာ အိုအေစစ်အဝေးသို့ ပျံသန်းသွား လေသည်။ ရှောင်ချီသည် မကျေမနပ်ဖြင့်ပြောလေသည် “ကောင်းတယ် ငါတို့ အဲဒီဒေါင်းမဟွာကို ထပ်မတွေ့ရတော့ဘူး”

“ရှောင်ချီ မင်းအကျင့်ကိုပြင်ဦး မင်း သူမကိုမကြိုက်တော့ သူမကို တစ် ချက်လောက်ထိုးပြီး နှုတ်ဆက်လိုက်မှာကိုစိုးနေတာ၊ ဒီတစ်ခါကို ဘယ်လိုများ စိတ်ထိန်းလိုက်တာလဲ” ရှီမာယူယူသည် ရယ်မောရင်း စ,လေသည်။

“အဘိုးကြီးယွမ်ကြောင့်လေ၊ သူမက ဂိုဏ်းရဲ့ကျောင်းသားဖြစ်နေတာ ကိုး သူတို့အမှားမလုပ်ဘဲနဲ့တော့ သူတို့ကို ရိုက်လို့မရဘူး” ရှောင်ချီဆက်ပြော လေသည် “အဲဒါကြောင့် ရှောင်ချီဒေါသထွက်ပေမယ့် မရိုက်ဘူး”

ရှောင်ချီ့ကိုကြည့်ပြီး အားလုံးသည် မတတ်သာပဲရယ်မောလိုက်ကြလေ သည်။

ပုံမှန်ဆိုလျှင် သူမသည် ဘယ်သူ့ကိုမဆိုရိုက်နှက်တတ်သည်။ သို့သော် အခု သူမဒေါသထွက်နေသည်ကို ကြည့်ရသည်မှာ အားလုံးအတွက် ရီစရာ ဖြစ်နေသည်။

“ရွှီး ရွှီး”

ဝိဉာဉ်စေတီအတွင်းမှ ရွှေမြွေလေးသည် စိတ်လှုပ်ရှားနေသည်ကို ရှီမာ ယူယူ ခံစားမိသဖြင့် ဆင့်ခေါ်လိုက်သည်။

“ရွှီး”

“ဘာလဲ ရွှေလေး” ရွှေမြွေလေး သူမခန္ဓာကိုယ်ပေါ်မှ အဆက်မပြတ် လျောဆင်းသွားသည်ကို ရှီမာယူယူမြင်သည်နှင့် သူ့ခေါင်းကိုပုတ်လိုက် သည်။

“ရွှီး”

ရွှေလေးသည် သူမလက်ချောင်းကိုရစ်ပတ်လိုက်ပြီး ဝမ်းသာသော မျက်လုံးများဖြင့် ကြည့်လေသည်။

“ရွှီး”

ရှီမာယူယူသည် နောက်လက်တစ်ဖက်ကိုသုံးကာ သူ့ခေါင်းလေးကို ပုတ်ရင်း ပြုံးပြီးပြောလိုက်သည် “မင်းဘာပြောလဲဆိုတာ ငါနားမလည်ဘူး”

“ဒီမြွေလေးက အရမ်းချစ်ဖို့ကောင်းတယ် စကားမပြောတတ်ဘူးလား” ထန်ယန်းသည် ရွှေမြွေလေးအားကြည့်ရင်းနှင့် သိချင်စိတ်ဖြင့် မေးလေသည်။

“မပြောတတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့နောက် ရွှေလေးလိုက်ကတည်းက တစ်ခါမှစကားမပြောဖူးဘူး သူ လူသားစကားပြော တတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်လည်းမသိဘူး”

“ဒီရွှေမြွေလေးက ထူးခြားတယ့်ပုံပဲ၊ ဘာဝိဉာဉ်မိစ္ဆာအမျိုးအစားလဲ” မိုဘင်းမေးလေသည်။

သာမာန်မြွေများသည် ထိုင်းမှိုင်းကာ အေးစက်ပြီး ခက်ထန်သော ခံစား မှုမျိုးပေးသည်။ သူတို့မျက်လုံးနှင့် စုံမိပါက ကျောရိုးထဲထိ အေးစိမ့်သွားနိုင် သည်။

သို့သော် ရွှေမြွေလေးသည် ကွဲပြားသည်။ သူ၏ သေးငယ်သော ပုံစံ လေးသည် ချစ်စရာကောင်းသော ပုံစံကိုထင်မြင်စေသည်။ သူ၏ အကြည့် သည် တခြားသောမျိုးစိတ်များနှင့်ကွဲပြားကာ အေးစက်သောအကြည့်မရှိပေ။

အမှန်မှာ ရွှေမြွေလေးတွင် အေးစက်သောအကြည့်ရှိလျှင်တောင် ရှီမာ ယူယူကို ကြည့်သောအကြည့်သည် အေးစက်မနေပေ။

“ရွှီး”

ရွှေမြွေလေးသည် ရှီမာယူယူကိုကြည့်ပြီး သူမအား အမြီးနှင့် ပုတ်ကာ နေရာတစ်ခုသို့ ညွှန်ပြလေသည်။

“အဲနေရာကို ငါတို့ကိုသွားစေချင်တာလား” ရှီမာယူယူ မေးလိုက်သည်။

ရွှေမြွေလေး ခေါင်းညိမ့်လေသည်။

ရှီမာယူယူသည် အားလုံးကိုကြည့်လိုက်ရာ အားလုံးသည် သဘောမတူ သည့်အနေအထားမရှိသဖြင့် ရွှေလေး၏ ခေါင်းကိုပုတ်ကာ ပြောလိုက်သည် “ကောင်းပြီ ငါတို့လည်း နေရာမသတ်မှတ်ရသေးတော့ မင်းပြောတဲ့အတိုင်း သွားမယ်၊ ဟာစွန် ရွှေလေးပြောတဲ့ဘက်ကိုသွားလိုက်”

ရွှေမြွေလေး ဘာလုပ်ချင်နေသည်ကို သူမ မသိသော်လည်း ထင် သလောက်မရိုးရှင်းဟု သူမ ခံစားရသည်။ ရွှေမြွေလေးသည် ရှေးဟောင်း သက်ရှိသတ္တဝါဖြစ်သည်။ သူ တစ်ခုခုကို စိတ်လှုပ်ရှားသည်ဆိုတာက ပုံမှန် မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား။

လမ်းတွင် ရှီမာယူယူတို့သည် ဂိုဏ်းမှကျောင်းသားတချို့ကိုတွေ့လေ သည်။ သူတို့သည် လူမှုရေးအဆင်ပြေသည်ကို တွေ့သည်နှင့် ဆေးများကို ဈေးသက်သာစွာရောင်းပေးပြီး တခြားသူများနှင့် အဖွဲ့ကျပါက ဘေးကင်းရန် အတွက်လည်း ပိုရောင်းပေးလိုက်သည်။

လူများများစုမိလေ ပိုလုံခြုံလေဖြစ်သည်။

ထိုကွဲနေသောကျောင်းသားများအပြင် ရာဂဏန်းလောက်ရှိသော အဖွဲ့ နှင့်လည်း တွေ့လေသည်။ လူများလျှင် ဆေးများပိုလိုမည်ဖြစ်သဖြင့် ကြားထဲ နားနေစဉ်အတွင်းတွင် မိုဘင်းနှင့် တခြားသူများ သတိမထားမိခင်တွင် သူမ သည် ဝိဉာဉ်စေတီအတွင်းသို့ ဆေးဖော်ရန်ဝင်လေသည်။

ဆယ်ရက်ကြာပျံသန်းပြီးနောက်တွင် အားလုံးသည် အိုအေစစ်ကြီးပေါ် သို့ရောက်လာကြသည်။ ရွှေမြွေလေးသည် သူတို့ဆင်းသက်သည်ကိုပင် မစောင့်ပဲ မျက်စိတစ်မှိတ်အတွင်း ကိုယ်ဘာသာဆင်းသွားရာ အားလုံး၏ မျက်စိရှေ့မှ ပျောက်သွားလေသည်။

“ရွှေလေး” ရွှေလေးပျောက်သွားသည်ကို ရှီမာယူယူ မြင်သည်နှင့် အော်လိုက်သော်လည်း ဖမ်းမမိလိုက်ပေ။

“ဒီနေရာက ရွှေလေးလာချင်တဲ့နေရာဖြစ်မယ်”

အားလုံးသည် ရွှေလေးပျောက်သွားသော အိုအေစစ်ဘေးသို့ဆင်းသက် လိုက်ကြသည်။

“ဒီမှာအရမ်းတိတ်နေတယ်” တစ်စုံတစ်ခုဖြစ်နေသည်ကို မိုဘင်း ချက်ချင်းသိလိုက်သည်။

အိုအေစစ်တစ်ခုလုံးသည် သက်ရှိသတ္တဝါများမရှိသလို တိတ်ဆိတ်နေ သည်။

“ရွှေလေးဘယ်သွားလိုက်တာလဲ”

“အဝါရောင်သဲတွေထဲ တူးဝင်သွားတဲ့ပုံပဲ ငါတို့ဆင်းကြမလား” ဟော်ဖန် ပြောလေသည်။

ရှီမာယူယူသည် စဉ်းစားပြီးနောက် ပြောလိုက်သည် “မသွားဘူး”

“မင်းစိတ်မပူဘူးလား”

“ကျွန်တော်တို့် ဒီနေရာကိုမရင်းနှီးသေးဘူး၊ အလောတကြီးသွားလိုက် ရင် ပိုပြီးအန္တရာယ်များတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒီမှာစောင့် တာ ကောင်းမယ်”

“အောက်မှာ ပြဿနာတက်ရင် ဘယ်လိုလုပ်မလဲ”

“ဒီမှာ ပြိုင်နိုင်လောက်တဲ့ ဝိဉာဉ်မိစ္ဆာမရှိလောက်ဘူးထင်တယ်” ရှီမာ ယူယူ ပြောလေသည်။

သူမသည် ရွှေမြွေလေး တိုက်ခိုက်သည်ကို မမြင်ဖူးသော်လည်း ရွှေမြွေ လေး၏ ပုံစံအရ သာမာန် ဝိဉာဉ်မိစ္ဆာများ ယှဉ်နိုင်သည့်ပုံမပေါ်ပေ။ ဧကရာဇ် အဆင့်သန်မာသော ပြိုင်ဘက်ဆိုလျှင်တောင် သူတို့ကို အမြီးနှင့်ရိုက်ပြီး အနိုင်ရနိုင်သည်။

“သူ့ကို ဆွဲဆောင်နိုင်လောက်အောင် အောက်မှာဘာရှိလို့ပါလိမ့်” ဘေဂုံထန်သည် သိချင်စိတ်ဖြင့် မေးလေသည်။

“သူထွက်လာတဲ့အထိစောင့်ရင် သိရမှာပဲ”

“ဝွီး…”

အဝါရောင်သဲများအောက်ခြေမှ အသံသည် တိတ်ဆိတ်သော ပတ်ဝန်း ကျင်တွင် သတိထားမိလောက်စရာပင်။

“အဲဒါကြောင့် ဒီမှာအဲလောက်တိတ်ဆိတ်နေတာကိုး အောက်မှာ အကောင်ကြီးတွေရှိတယ်” ထန်ယန်သည် အောက်မှလှုပ်ရှားမှုကို အခြေခံပြီး ခန့်မှန်းလေသည်။

“အားလုံး ဂရုစိုက်ကြ” မိုဘင်း ပြောလိုက်သည်။

ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် ကာကွယ်ရေးဆေးများထုတ်ကာ အားလုံးကို ပေးလိုက်ပြီး ပြောလေသည် “ဆေးအရင်စားထား၊ လိုရမယ်ရ ပါးစပ်ထဲထည့်ထား”

သူတို့လက်ထဲတွင် ဖြေဆေးများကိုင်ထားရုံသာမက အားလုံးသည် စာချုပ်မိစ္ဆာများခေါ်ထုတ်ကာ ဆေးတစ်လုံးစီပေးလိုက်လေသည်။

သူတို့တွင် စာချုပ်မိစ္ဆာများ အများအပြားရှိနေသည်ကို တွေ့သောအခါ ထန်ယန်းနှင့် တခြားသူများသည် အံ့သြကြလေသည်။

“သေစမ်း စာချုပ်မိစ္ဆာ အကောင်၃၀ကနေ ၄၀တဲ့လား၊ ဝိဉာဉ်မိစ္ဆာတပ် များဖွဲ့စည်းနေတာလား” ထန်ယန်းသည် အောင့်မထားနိုင်ပဲ ပြောလိုက်မိလေ သည်။

ထိုမြင်ကွင်းအရဆိုလျှင် အပြင်လူများမြင်ပါက လန့်သွားကြမည်။

ဒါကတော်သေးသည်။ ဝိဉာဉ်စေတီအတွင်းတွင် အကြီးအကဲများနှင့် တောင်ပံလေးခုဂဠုတို့ရှိသည်ကို သိပါက ပို၍အံ့သြသွားမည်။

“အားလုံးပဲ သတိထားကြ အရေအတွက်က ပုံမှန်မဟုတ်ဘူး” ရှီမာ ယူယူ ပြောလိုက်သည်။

“ဖက်တီး အကုန်လုံးကို မိုးကြိုးကျည်တွေပေးထားလိုက်၊ လိုအပ်ရင် သုံး လို့ရအောင်လို့” ရှီမာယူယူ ပြောလိုက်သည်။

ဖက်တီးသည် လန့်သွားသည်။ မိုးကြိုးကျည် သုံးရလောက်အောင် လို တယ်လား။ ဒီတစ်ခါ ရွှေကင်းမီးကောက်တွေ ဘယ်လောက်တောင် များလို့ပါ လိမ့်။

***

All Chapters