← Chapters

မင်းကပြသနာ ရှာချင်တာလား..

Vol. 49 Ch. 733

မင်းကပြသနာ ရှာချင်တာလား..

Vol. 49 Ch. 733

#ဘာသာပြန် = စနိုးဝှိုက်

အင်တာနက်..။

"ရလာဒ်တွေက အခုထိ ထွက်မလာသေးဘူးလား."

"ငါ ထင်တာတော့ ဒါကသိပ်ပြီး မမြင့်လောက်ဘူး..။ဒီ ရှိုးပွဲမျိုးက နာမည် မတူပေမဲ့ ..အရင်တုန်းကလည်း ကျင်းပဖူးတယ်လေ.။ဘာအဓိပ္ပါယ် မှမရှိဘူး.."

"သဘောတူ တယ်..အဲတာကြောင့် ငါဆိုရင် ကြည့်တောင် မကြည့်ဘူး.."

"ဒါပေမဲ့ လတ်တလောမှာ အဆိုပြိုင်ပွဲတွေက ပေါ်ပြူလာဖြစ်နေတ်နော်..။ဒီလောက် ပရိသတ်နဲ့ ဆိုရင် သူတို့ အဆင် ၁ မဟုတ်ရင် ၂ တော့ ရလောက်တယ်.."

အဲ့အချိန်မှာပဲ..သတင်း တွေ တက်လာခဲ့တယ်..။

"အသန်မာဆုံး ကောင်းကင် သံစဥ် ပြိုင်ပွဲဟာ..များပြားလှတဲ့..ပရိတ်သတ်ကြည့်ရူ နှုန်း ၃.၅၂၄ ဖြင့် ပထမနေရာ ချိတ်ခဲ့.။သူတို့ဟာ ဟူနန် TV၏အအောင်မြင်ဆုံး ရှိုးပွဲကို ကျော်ဖြတ်နိုင်ခဲ့ကြသည်.."

"ချီးပဲ..ဒါက မဖြစ်နိုင်ဘူး..။ဟူနန် TVရဲ့...မာမီ ဘယ်သွားလဲ...အစီစဥ်က..ဒီလောက် အောင်မြင်နေတာကိုလေ..။ဒါက အဓိပ္ပါယ် မရှိတာ..။မာမီဘယ်သွားလဲ ဆိုတဲ့ အစီစဥ်မှာ ပါဝင်နေတဲ့ ဆယ်လီ တွေကလည်း အများကြီးပဲလေ.."

"ဒါအမှန်ပဲလား.။သတင်း အတူများ ဖြစ်နေမလား..."

"ငါ့ဖင်ကြီးကို အတုပါလား..။မင်း ရှန်ဟိုင်းTV ရဲ့ တရားဝင် ဝိုက်ဘို ကို မကြည့်ဘူးလား.. ။သူတို့က အောင်ပွဲတောင် ခံပြီးနေကြပြီ..."

"အံ့ဩစရာပဲ..။ဒီ ရှိုးက အဲလောက်တောင် ကောင်းလို့လား..။သူတို့ ကြည့်ရူနှုန်းတွေကို ပိုက်ဆံနဲ့ ဖန်တီးထားတာတော့ မဟုတ်ပါဘူးနော်.ဟုတ်တယ်မလား.."

"ဒီနေ့ခေတ်က ဒီလောက်အထိ တင်းကြပ်နေတာ..ဘယ်သူက..ဒီလို လုပ်ရဲမှာလဲ.."

"ရိုးရိုးသားသား ပြောရရင် ဒီရှိုးမှာ သူ့ပရိတ်သတ်တွေ ရှိနေပေမယ့် ဒီရှိုး မာစတာလင်း အပေါ်မှီခိုနေတယ်လို့ ထင်မိတယ်.။ပထမ အပိူင်းကို ဆယ်မိနစ်လောက် ကြည့်ပြီးကတည်းက ငါ့ရဲ့ မျက်နှာက ခွာလို့မရတော့ဘူး.။မာစတာလင်းရဲ့..လှုပ်ရှားမူတိုင်း အပြုအမူတိုင်းက ပြသနာ ထဖြစ်တော့မလိုတောင် ခံစားနေရတယ်."

"အစ်ကိုကြီး ခင်ဗျားပြောသွားတာက ကျုပ်စိတ်ထဲမှာ ဖြစ်နေတာနဲ့ တစ်ထပ်တည်းပဲ..."

…

အင်တာနက်မှာ ဆွေးနွေးမူတွေ ရှိနေခဲ့တယ်.။အဲ့အချိန်မှာတော့ လင်းဖန်က တိမ်ဖြူလမ်းမှာ..ပုံမှန်အတိုင်း ပန်ကိတ်ရောင်းနေခဲ့ပါတယ်..။ဒါပေါ့..သူ ကြည့်ရူနှုန်းတွေကို ဂရုမစိုက်ပါဘူး..။

အဲ့အချိန်မှာပဲ..ဒါရိုက်တာလီ ကိုယ်တိုင် ဖုန်းခေါ်လာခဲ့တယိ..။

"မာစတာလင်း ကျေးဇူးတင်ပါတယ်..။ဒီမှာ ကြည့်ရူနှုန်းက တကယ်ကို အမြင့်ဆုံးပဲ.။ကျွန်တော်တို့..ပထမနေရာကို ဂုဏ်ယူစွာပဲ ရခဲ့ပြီ..."

"ဒါရိုက်တာ လီ..ဘာလို့ ကျုပ်ကို ကျေးဇူးတင်နေတာလဲ..။အခုလို ကြည့်ရူနှုန်းမြင့်ဖို့ဆိုတာက အကုန်လုံး ကြိုးစားခဲ့ကြလို့လေ..."

"အရမ်း မနိမ့်ချပါနဲ့..။ဒီရှိုးရဲ့ အဓိက ဆွဲဆောင်သူက မာစတာလင်းပါ.။မြို့သားတွေ အကုန်လုံးက မာစတာလင်းကြောင့် မဟုတ်ရင် ကြည့်ရူသူက ဒီလောက် များမှာ မဟုတ်ဘူးလို့တောင် ပြောနေကြတယ်လေ."

လင်းဖန် နိမ့်ချစွာ ရယ်မောလိုက်တယ်..။သူက.နိမ့်ချပြီး နေတတ်တဲ့ လူတစ်ယောက်ပါ..။ဒါက သူ့ကြောင့်ဖြစ်လာတယ်ဆိုရင်တောင် မြောက်ကြွ မြောက်ကြွ လုပ်နေမှာမဟုတ်ပါဘူး.။ဆိုရိုးစကားအရဆိုရင် မောက်မာတာက ကျရှုံးစေပြီး..နိမ့်ချတာက တစ်စုံတစ်ယောက်ကို တိုးတက်စေပါတယ်..။

သူတို့နှစ်ယောက် အချိန်အတော်ကြာအောင် စကားပြောခဲ့ကြတယ်..။

ဆိုင်ရှေ့တွင်..။

မြို့သားတွေဟာ စုဝေးလာကြပြီး..

"သူဌေးလေးက.အခုဆိုရင် ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်နေပြီ..။ကျုပ်တို့ကို ဓာတ်ပုံ အတူရိုက်ခွင့်ပေးမယ် မလား.."

"ဟုတ်တယ် ဟုတ်တယ် သူဌေးလေးက တကယ်ကို အံ့ဩစရာပဲ..။သူက ကျော်ကြားတဲ့လူဖြစ်နေတာတောင်ိ အခုချိန်အထိ ပန်ကိတ်ရောင်းနေသေးတယ်နော်..။တကယ်လို့ တစ်ခြားလူတွေသာဆိုရင်.ချက်ချင်း ဆိုင်ကိုပိတ်ပြီး ဇိမ်ကျကျ နေနေလောက်ပြီ.."

"ဒါကြောင့်ပဲ.ငါက သူဌေးလေးကို သဘောကျနေရတာလေ..။တကယ်လို အနာဂတ်မှာ သူဌေးလေးကို အနိုင်ကျင့်တဲ့လူ ရှိရင် ငါအရင်ရှေ့က ကာကွယ်သွားမယ်."

လင်းဖန် လက်ဝေ့ယမ်းပြီး နိမ့်ချစွာ ပြောလိုက်တယ်..။

"တကယ်တော့ကျုပ်လည်း ပန်ကိတ် မရောင်းဖို့ တွေးမိသေးတယ်. ။ဒါပေမဲ့ ကျုပ်မျက်စိမှတ်လိုက်တဲ့ အချိန်တိုင်း အားလုံးရဲ့ အားပေးတဲ့ အပြုံးတွေကို မြင်နေရတယ်လေ..။ဒါပေါ့ ကျုပ် ရပ်တန့်သွားမှာ မဟုတ်ဘူး..။အားလုံး လတ်ဆတ်တဲ့ ပန်ကိတ်တွေ.စားရဖို့ အတွက် ကျုပ်ဆက်ပြီး လုပ်သွားမှာ.."

* လက်ခုပ်တီးသံများ..*

"ပြောတာ ကောင်းတယ်..."

"သူဌေးလေး..ငါတို့..ဒီရှိုးကို ဆက်ပြီး အားပေးနေမယ်..။ငါတို့ တစ်ခြားဟာတွေ မေ့နေရင်တောင် နေ့တို၈်း ၈ နာရီမှာ TVကြည့်ဖို့ မမေ့စေရဘူး..."

"ဟားဟား..ငါတို့ တိမ်ဖြူလမ်းမှာ စူပါစတား တစ်ယောက် ရှ်ိလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..။ပြီးတော့ ငါတ်ို့က စူပါစတားရဲ့ ပန်ကိတ်ကိုတောင် စားနေရသေးတယ်..။ငါတို့ တကယ်ကံကောင်းတာပဲ..."

"နိမ့်ချကြပါ..နိမ့်ချ.နေကြပါ.."

လင်းဖန် တည်တည်ငြိမ်ငြိမ်ပြောလိုက်တာပါ..။သူ လက်ဝေ့ယမ်းလိုက်တယ်..။ထင်ထင်ပေါ်ပေါ် နေချင်တာက သူ့စတိုင် မဟုတ်ပါဘူး..."

ဆိုင်ထဲမှာတော့ လူလိမ်ထျန် လင်းဖန်ကို ကြည့်ပြီး..မြို့သားတွေကို ကြည့်ကာ အကူညီမဲ့စွာ ခေါင်းခါယမ်းလိုက်ပါတယ်..။

"ဘယ်လောက်တောင် ရိုးသားပြီး..အပြစ်ကင်းလိုက်ကြတဲ့ လူတွေပဲ..။သူတို့ ဒီကလေးရဲ့ အရူးလုပ်တာကို ခံနေကြရတယ်..."

ဝူယူလန် လင်းဖန်က်ို လေးစားစွာ ကြည့်လိုက်ပြီး..

"အစ်ကိုလင်းက တကယ်အံ့ဩဖို့ကောင်းတာပဲ..။သူ မလုပ်နိုင်တာ ဘာမှ မရှိဘူး..."

လူလိမ် ထျန် ပြောလိုက်တယ်..။

"ယူလန် ဒီလို အတွေးတွေက..ကြောက်ဖို့ကောင်းတယ် .."

"ညီမက ဒီတိုင်းလေးစားမိတာပါ.."

လူလိမ် ထျန် ဆွံ့အသွားခဲ့တယ်..။သူ သေသာ သေလိုက်ချင်ပါတော့တယ်..။ဒီလူတွေ အကုန်လုံး ဘာလို့...ဒီကလေးရဲ့. လှည့်စားမူတွေကို ခံနေကြရတာလဲ နားလည်တော့ပါဘူး..။

ညအချိန် ၈ နာရီ..။

' အသန်မာဆုံး ကောင်းကင်သံစဥ်ပြိုင်ပွဲ..'

ဒိုင်တွေဟာ အထဲကို ဝင်လာခဲ့ကြတယ်..။

လင်းဖန် က တစ်နေ့လုံး အလုပ်များနေပြီး..ဘဝက စိုပြေနေခဲ့တယ်..။ထပ်ပြောရရင် သူက ခွံ့အားတွေနဲ့ ပြည့်နေပြီး..ပင်ပန်းမူ လုံးဝ မရှိပါဘူး..။

သူ ကျိုးလီ နဲ့ လီယင်ဒေါင်ကို မြင်တဲ့ အချိန်မှာ..နည်းနည်း ထူးဆန်းသွားခဲ့တယ်..။ဘာလို့.ဒီနေ့မှ ဒီနှစ်ယောက်က ငြိမ်နေတာလဲ..။ထပ်ပြောရရင် ဒီလူတွေက..သူ့ကို မြင်တဲ့ အချိန်မှာ သူတို့ မျက်နှာမှာ အဆင်​မပြေမူ တစ်ချို့သာတွေ့ရပါတယ်..။

လက်ရှိအခြေအနေ အရဆိုရင် ဒီနှစ်ယောက်က သူ့ဆီကို လာပြီး သတိပေးသင့်တာပါ..။ကြည့်ရတာ ဒီနှစ်ယောက်က သူ့ရဲ့ လွမ်းမိုးမူ အောက်ကို ရောက်သွားတဲ့ ပုံပါပဲ..။

ပရိတ်သတ်တွေကတော့ အစောကြီးကတည်းက ရောက်နေကြပြီး မျှော်လင့်ချက်တွေ ပြည့်နေခဲ့တယ်..။

ကွန်ပြူတာ ရှေ့မှာ ကြည့်နေကြတဲ့ လူတွေဟာလည်း..အသန်မာဆုံး ကောင်ကင်သံစဥ် ပြိုင်ပွဲ စတင်ထုတ်လွင့်တော့မှာကို ကြည့်ပြီး စိတ်လှုပ်ရှားနေကြတယ်..။ဒီည ဘာတွေဖြစ်မလဲ ဆိုတာကို သူတို့ သိချင် နေခဲ့ကြပါတယ်..။

မနေ့က ဆိုရင် လူ ၁၅ ယောက် ဝင်ပြိုင်ခဲ့ပေမယ့် ၆ ယောက်ကသာ ဆရာတွေရဲ့ အသင့်ကို ဝင်နိုင်ခဲ့ပါတယ်..။

သုံးယောက်ကျ ကျိုးလီ...နှစ်ယောက်က လီယင်ဒေါင် ဖြစ်ပြီး တစ်ယောက်က ဟောင်ဂျင်ရှင်း ဆီကိုပါ..။

ပြိုင်ပွဲမှာ တစ်ယောက်မှ လင်းဖန် ဆီကို မလာတာက လင်းဖန်က တစ်ချိန်လုံး အချက်ပြမီးကို မနိပ်လို့ပါ..။ပြိုင်ပွဲဝင်တွေက မာစတာလင်း ဆီမှာ အရွေးခံချင်ဆုံးပါပဲ..။မာစတာလင်းက ဒီလို အခွင့်အရေး မပေးတာကရှက်စရာပါ..။

အစီစဥ် တင်ဆက်သူဟာ..စင်ပေါ်က တက်လာခဲ့တယ်..။မနေ့က အဖြစ်အပျက်​အပြီးမှာ..သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မူတွေ လုပ်ခဲ့တာကြောင့်..ဒီနေ့မှာ ဘာပဲဖြစ်လာဖြစ်လာ သူမအံ့ဩတော့ပါဘူး..။

"ကောင်းပြီ ပထမဆုံး ပြိုင်ပွဲဝင်ကို ဖိတ်လိုက်ရအောင်..."

အဲ့အချိန်မှာတော့ သက်လတ်ပိုင်း အရွယ်မိဘ နှစ်ပါးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ထားပြီး..

"အကောင်းဆုံး ကြိုးစား..သားလေး.."

"အမေ..သားကြိုးစားပါ့မယ်..."

ချန်းယူအန်း ခေါင်းညိမ့်လိုက်တယ်..။သူ အကုန်ပြင်ဆင်ထားပြီးပါပြီ.။သူ့ အတိတ်က အရိပ်မည်းက ချေဖျက်ပြီးတာနဲ့ သူ အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲ အတွက် ပြင်ဆင်နေခဲ့တာပါ..။

သူ့ရဲ့ အကြီးမားဆုံး မျှော်လင့်ချက်က..သူ့ကိုသူ နောက်တစ်ခါ သက်သေထပ်ပြပြီး မာစတာလင်းရဲ့ တပည့်ဖြစ်လာဖို့ပါပဲ..။

သူ မာစတာလင်းကို အရမ်းအရမ်းကို ကြိုက်ပါတယ်..။သူ မာစတာလင်းရဲ့ ပရိတ်သတ်များ အသင်ကိုတောင် ဝင်ထားပြီး ပရိတ်သတ်တစ်ယောက် အနေနဲ့ လှုပ်ရှားနေခဲ့တာပါ..။သူ မာစတာလင်းကို သိတာ မကြာသေးပေမယ့် ဒီကြားထဲမှာပဲ..အမာခံ ပရိတ်သတ်ဖြစ်သွားခဲ့တယ်..။မာစတာလင်း ဘယ်လို အခြေအနေနဲ့ပဲ..ရင်ဆိုင်နေရပါစေ..သူ ယုံကြည်ခဲ့ပါတယ်..။

စင်ပေါ်ကို နောက်တစ်ခါ ပြန်တက်ရတာကြောင့် ချန်းယူအန်း အနည်းငယ် ကြောက်ရွံ့နေခဲ့တယ်..။ဘာလို့လဲ..ဆိုတာတော့ လွန်ခဲ့တဲ့ ၂ နှစ်က အသိဥာဏ်တွေ ပြန်ရောက်လာလို့ပါ..။

သိူ့ပေမယ့်..သူ့ စိတ်ထဲက အိမ်မက် ကြောင့် တည့်ငြိမ်အောင် ထားနိုင်ခဲ့တယ်။သူ စင်အလယ်ထိ ရောက်အောင် ယုံကြည်မူ ရှိရှိ လျောက်သွားခဲ့ပါတယ်..။

"နှုတ်ဆက်ပါတယ် ဆရာတို့..။ကျွန်တော်က ဝူမန် စီရင်စု..ကျောင်းဟိုင်နယ် ချန်းယူအန်း ပါ..။ကျွန်တော် အသက် ၂၃ နှစ် ရှိပါပြီ.။ကျွန်တော် ဂီတကို.သဘောကျပြီး မာစတာလင်းကို လေးစားပါတယ်.။ကျွန်တော် ဆ်ိုမယ့် သီချင်းကတော့... 'မိုးရွာပြီးသွားတဲ့ သန့်ရှင်းတဲ့ ကောင်းကင် ' ပါ..."

မနေ့က အဖြစ်အပျက်အပြီးမှတော့ အစက သူတို့ရဲ့ သနားစရာ ဇာတ်လမ်းအကြောင်းပြောမယ့် ပြိုင်ပွဲဝင်တွေဟာ တိတ်တိတ်နေဖို့သာ ဆုံးဖြတါလိုက်ကြတယ်..။သူတ်ို့ အပေါ်မှာ ရှိတဲ့ လင်းဖန်ရဲ့ ဖိအားက ကြီးမားပါတယ်..။

လင်းဖန် ပြောတဲ့ အတိုင်း သီချင်းဆိုတာက သီချင်းဆိုတာပါပဲ..။ဘယ်သူက ပိုပြီး သနားဖို့ကောင်းလဲ ဆိုတာ ပြိုင်နေဖို့ မလိုအပ်ပါဘူး..။

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး။

"အင်း မဆိုးဘူး..။မင်း ကြည့်ရတာ ယုံကြည်မူ ရှိတဲ့ ပုံပဲ..။စပြီး ဖျော်ဖြေလို့ရပြီ..။ဒါပေမဲ့ ငါ့က်ို လေးစားတယ် ဆ်ိုရင်တောင် သီချင်းဆိုမကောင်းရင် ဒါက အသုံးမဝင်ဘူးနော်..."

သူ အိုင်ဒေါရဲ့..အသံကို ကြားပြီး..ချန်းယူအန် တည်ငြိမ်သွားခဲ့တယ်..။သူ့ရဲ့ ကြောက်ရွံ့နေတဲ့ စိတ်က ပျောက်သွားခဲ့ပြီး..။သူ့ရဲ့တစ်ခုတည်းသော အတွေးက..အကောင်းဆုံးသီဆိုပြီး မာစတာလင်းရဲ့ မီးသီးကို လင်းအောင် လုပ်ဖို့ပါပဲ..။

ကျိုးလီကတော့..လင်းဖန် လုပ်နေတာတွေကို ကြည့်မရခဲ့ပေ..။သူမ ဒီ ပြိုင်ပွဲဝင်က လင်းဖန်ကိုပဲ တစ်ချိန်လုံးစိုက်ကြည့်နေခဲ့တာပါ..။လင်းဖန်နဲ့ ရင်းနှီးတဲ့လူတိုင်းက သူမရဲ့ ရန်သူပါပဲ..။

သို့ပေမယ့် အဲ့အချိန်ပဲ ဒီပြိုင်ပွဲဝင်က ရင်းနီးနေတာကို ခံစားလိုက်ရတယ်..။ချန်း ယူ အန်း..။

သူမ စိတ်ထဲကနေ ရေရွတ်လိုက်ပါတယ်..။ရုတ်တရက် သူမ တစ်ခုခု ကို မှတ်မိသွားပြီး.သူမ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။

ချန်းယူအန်း ..သူ့ သီချင်းကို ​ဖျော်ဖြေဖို့ လုပ်တော့မယ် အချိန်မှာပဲ..ကျိုးလီ ဖြတ်ပြောလိုက်တယ်..။

"ခနလေး နေဦး..."

သီချင်းသံကို စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေ အကုန် ကြောင်အသွားခဲ့ကြပါတယ်..။တစ်ခုခု ထပ်ပြီး ဖြစ်တော့မှာလား..။

All Chapters