← Chapters

ဘာလို့ စိတ်ပျက်ဖို့ ကောင်းရတာလဲ..

Vol. 49 Ch. 734

ဘာလို့ စိတ်ပျက်ဖို့ ကောင်းရတာလဲ..

Vol. 49 Ch. 734

#ဘာသာပြန် = စနိုးဝှိုက်

အင်တာနက်..။

"ငါတော့ တစ်ခုခု မှားနေပြီလို့ထင်တယ်..."

"ငါ ထင်တာတော့ ကျိုးလီက လက်စားပြန်ချေတော့မယ်လို့ ထင်တယ်..။ဒီ ချန်းယူအန်းက တကယ်ကို တုံးအတာပဲ..။သူက..မာစတာလင်းကို လေးစားအားကျကြောင့် ပွင့်ပွင့်လင်းလင်း ပြောရဲတယ်..။ဒါက ကိူယ့်ဒုက္ခကိုယ် ရှာတာပဲ..။

"ဟုတ်တယ်..မာစတာလင်းက..ဘယ်တော့မှ မီးကို ဖွင့်တာ မဟုတ်ဘူး..။သူမီးမဖွင့်ရင် ဒီကောင်လေးမှာ..အားကိုးစရာဆိုလို့ ဟောင်ဂျင်ရှင်း ပဲ ရှိတော့တယ်..။ဘာပဲဖြစ်ဖြစ် ကျိုးလီ နဲ့ လိီယင်ဒေါင်က..လုံးဝ အချက်ပြတော့မှာ မဟုတ်ဘူး.."

"ဒီ မြေခွေးမက အခု ဘာလုပ်ချင်ပြန်ပြီတုန်း.."

"သူမက ပြသနာ ရှာချင်နေတာပဲ..။သူမက ကျိန်းသေ ပြသနာ ရှာချင်နေတာ..."

…

လင်းဖန် ကျိုးလီ ကို စိတ်ဝင်စားစွာ ကြည့်လိုက်ပြီး ဘာပြောမလဲ ဆိုတာကို စောင့်နေခဲ့တယ်..။သိုပေမယ့်..သူမ ရဲ့ အမူအရာအရဆိုရင်တော့..ဆိုးဝါးတဲ့ အကြံအစည်ရှိနေတာ ကျိန်းသေပါတယ်..။

ကျိုးလိ လည်ချောင်းကို ရှင်းလိုက်ပြီး..

"ချန်းယူအန်း..ငါ တစ်ခုလောက် မေးလို့ရမလား.."

ချန်းယူအန်း ခေါင်းညိမ့်လိုက်တယ်..။ပုံမှန်အားဖြင့်..ကျိုးလီက လွန်ခဲ့တဲ့ နှစ်နှစ်က ပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ဘူးတာကြောင့်..သူ မှတ်မိပါတယ်..။ဒါက သူ့အတွက် မသက်မသာ ဖြစ်စေတဲ့ အရာပါပဲ..။

"ရပါတယ်..ဆရာမ ကျိုး.."

ကျိုးလီ ပြောလိုက်တယ်..။

"ငါ ခံစားမိသလောက်တော့ မင်းကို သိနေသလိုပဲ..။မင်း လွန်ခဲ့တဲ့ နှစ်နှစ်က..ယောက်ျားလေး အဆိုပြိုင်ပွဲ တစ်ခုမှာ ပါဝင်ဖူးသလား..."

အမှန်တကယ်ပဲ..ကျိုးလီ ဒါကို ပြောလိုက်တဲ့ အချိန်မှာ ချန်းယူအန်း ရဲ့ နှလုံးသားထဲကို သက်ရောက်မူ ကြီးမားသွားခဲ့တယ်..။သူ့ရဲ့ စိတ်ပျက်စရာ မှတ်ဥာဏ်တွေက..ပြန်ပေါ်လာခဲ့ပါတယ်..။

ချန်းယူအန်း ရဲ့ မိဘတွေကတော့ စင်ပေါ်က သူ့တို့သားလေးကို စောင့်ကြည့်နေခဲ့တာပါ..။အဲ့အချိန်မှာတော့ သူတို့ဟာ လက်သီးကို ဆုပ်ထားပြီး..စိုးရိမ်မူတွေ ပေါ်ပေါက်နေခဲ့တယ်..။သူတို့ရဲ့ သားလေး လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး စိတ်ဓာတ်ကျခဲ့ရတဲ့ အကြောင်းအရင်းကို သူတို့သိထားပေမယ့် အခု တစ်စုံတစ်ယောက်က မှတ်မိနေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။သူ့တို့သားကို..စိတ်ပူသွားခဲ့ကြတယ်..။

ချန်းယူအန်း ခနလောက် တိတ်ဆိတ်နေပြီးမှ ခေါင်းညိမ့်လိုက်ပြီး...

"ဟုတ်ပါတယ်..။ဆရာမ ကျိုး မှတ်မိနေဦးမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး..."

ကျိုးလီ သူမ ခေါင်းကို လက်ညိုးနဲ့ထောက်ပြီး ပြုံးလိုက်တယ်..။

"ငါ့ မှတ်ဥာဏ်တွေက ကောင်းတယ်လေ.."

ယင်းနောက် သူမ နောက်ထပ် စကားမပြောခင်မှာ လင်းဖန်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်..။

"မင်းဖြစ်နေရင်တော့..ငါ စိတ်မကောင်းပါဘူး..။မင်းက ဒီစင်ပေါ်မှာ ရပ်နေဖို့ အတွက် အခွင့်အရေး မရှိဘူး..."

ဟင်....

ဒီစကားတွေ ထွက်လာတဲ့ အချိန်မှာ လူတိုင်း ကြောင်အသွားခဲ့ကြတယ်..။

ဒါက ဘယ်လိူ အခြေအနေမျိုးလဲ...

ဒါက ဘယ်ကို ဦးတည်သွားတာလဲ...

ပြိုင်ပွဲဝင်က..တစ်လုံးမှတောင် မဆိုရသေးပေမယ့်..သူမ..က စင်ပေါ်ကနေ..ဆင်းခိုင်းနေခဲ့ပါပြီ..။ထပ်ပြောရရင်..သူမရဲ့ အသံကလည်း အရမ်း လေးနက်နေခဲ့ပါတယ်..။

တိုက်ရိုက်ကြည့်နေတဲ့ လူတွေဟာလည်း..လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့တယ်..။

"သူမက..ထင်ထားသလိုပဲ..လှုပ်ရှားလာပြိီ..."

"ဒါက သူမ မနေ့က ကိစ္စအတွက် လက်စား ပြန်ချေလိုက်တာပဲ.."

"ဒါက မနေ့က..နဲ့ အတူတူပဲ..လို့ ဘာလို့..ခံစားနေရတာလဲ..။အကြောင်းပြချက်က ဘာလဲ.."

"ငါလည်း မသိဘူးလေ..။ပြန်​ရှင်းပြတာကို စောင့်လိုက်ကြရအောင်..."

စင်ပေါ်မှာ ရှိနေတဲ့ ချန်းယူအန်းရဲ့ မျက်နှာမှာတော့အဆင်မပြေမူတွေ ..ရှိနေခဲ့တယ်..။သူ့ နှလုံးထဲမှာ..တော့ ကြီးမားတဲ့ ရိုက်ခတ်မူ တစ်ခု ရှိနေပြီး မငိုမိအောင် အကောင်းဆုံး ထိန်းချုပ်နေရပါတယ်..။

သူ စင်ပေါ်ကို ရောက်လာဖို့အတွက် အရာရာတိုင်းကို ကျော်ဖြတ်လာခဲ့ရပေမယ့်..နောက်ဆုံးမှာ ဒီစကားတွေကို လက်ခံရလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။

သူ ဒါတွေကို မေ့ထားလိုက်ပြီဖြစ်ပြီး..ပြန်အစမဖော်ချင်တော့ပေ..။သူ ကိုယ့်ကိုကိုတောင် ပြန်မရှင်းပြချငိတော့ပါဘူး..။

အတိတ်က အတိတ်ဖြစ်ပြီး..သူ..အခုချိန်မှာ ဘဝ အသစ်ကိုပဲ ပြန်စတင်ချင်ခဲ့တာပါ.. ။

မိုက်တွေကို ကိုင်ထားတဲ့ ချန်းယူအန်းရဲ့ လက်တွေဟာ စတင်ပြီး တုန်ရိီလာခဲ့တယ်..။

"ဆရာမ ကျိုး..ကျေးဇူးပြုပြီး..ကျွန်တော့်ကို နောက်ထပ် အခွင့်အရေးလေး ပေးပါလား..."

ကျိူးလီ ချက်ချင်း ပြန်မပြောခဲ့ပေ..။သူမ ..လင်းဖန် ကို အရင်းဆုံး တစ်ချက်ကြည့်လိုက်တယ်..။ယင်းနောက် သူမ ပြောလိုက်ပါတယ်..။

"ဆောရီးပဲ..ငါ မင်းကို အခွင့်အရေး မပေးနိုင်တော့ဘူး..။အရင်တုန်းက မင်းလုပ်ခဲ့တဲ့ အရာက မင်းဘဝ မှာ အမဲစက် ထင်ကျန်နေခဲ့ပြီ..."

ချန်းယူအန်း ဆွံ့အသွားခဲ့တယ်..။သူ ဘာဆက်လုပ်ရမလဲ တကယ် မသိတော့ပါဘူး..။တကယ်လို့ သူ ကြိုးစားပြီး ရှင်းပြရင်တောင် ဘယ်သူမှ ယုံကြည်ကြမှာ မဟုတ်ပေ..။

ထပ်ပြောရရင် သူ ဒါတွေကို ပြန်မတွေးချင်တော့ပါဘူး..။

အဲ့အချိန်မှာပဲ..သူ ရုတ်တရက် ခေါင်းမော့ပြီး လင်းဖန်ကို ကြည့်လိုက်တယ်..။အခူချိန်မှာ..ဆရာလင်းက သူ့အတွက် စကားပြောပေးလာမယ်လိူ့ မထင်ထားခဲ့ပါဘူး.."

လင်းဖန် ပြုံးလိုက်ပြီး..

"ဆရာမကျိုး..ခင်ဗျား..ဘဝရဲ့ အမဲစက် အကြောင်းပြောနေရင်လည်း အနည်းဆုံးတော့ အကုန်နားလည်အောင်..အကြောင်းပြချက် ပေးသင့်တယ်လေ.."

ကျိုးလီကတော့..အတော်တည်ငြိမ်နေခဲ့တယ်..။သူမ လုံးဝ စိတ်မပူပါဘူး..။သူမ ဒါကို ကိုင်တွယ်ဖို့ ယုံကြည်မူ ရှိပါတယ်..။

"အရင်တုန်းက..ဒီပြိုင်ပွဲဝင် ဘာလုပ်ခဲ့လဲ ဆိုတာကို အကုန်လုံး သိချင်နေကြလိမ့်မယ်လိူ့ ထင်တယ်..။ဒီလိုဆိုမှတော့ ကျွန်မရှင်းပြပါရစေ..။ဒီပြိုင်ပွဲဝင် ချန်းယူအန်း က ..လွန်ခဲ့တဲ့ နှစ်နှစ်က ယောက်ျားလေး အဆ်ိုပြိုင်ပွဲ တစ်ခုမှာ ပါဝင်ခဲ့တယ်..။အဲ့တုန်းက ဖိုင်နယ်အရောက် မှာ..သူက ပြိုက်ဘက်ရဲ့ သီချင်းကို ခိုးယူခဲ့တာကို ဆရာမ ယန်ဂျင်က မိခဲ့တယ်လေ..။ဒါကြောင့် ပြိုင်ပွဲကနေ သူ့ကို ထုတ်ပယ်လိုက်တယ်..။အဲ့ပြိူင်ပွဲကို ကြည့်မိတဲ့ လူတိုင်းကတော့ သူအကြောင်းကို ပြန်မှတ်မိလိမ့်မယ်ထင်တယ်..။မဟုတ်ရင်လည်း အင်တာနက်မှာ ရိုက်ရှာလိုက်တာနဲ့ လွယ်လွယ်ကူကူ ရှာတွေ့မှာပါ..."

ဒါကို ပြောပြီးတဲ့..နောက်မှာ နေရာတစ်ခုလုံး အံ့ဩသွားခဲ့ကြတယ်..။

တစ်ချို့ ပရိတ်သတ်တွေဟာ..ချက်ချင်းဖုန်းတွေ ထုတ်ပြီး ရှာလိုက်ကြပါတယ်..။

ဒါက လွန်ခဲ့တဲ့ နှစ်နှစ်က ကိစ္စဖြစ်ပေမယ့်.အခုထိ အင်တာနက်ပေါ်မှာ ရှိနေတုန်းပါပဲ..။

အဲ့အချိန်မှာပဲ..ပရိတ်သတ်တွေ အများကြီးဟာ ချန်းယူအန်းကို ကြည့်နေကြပြီး တိီးတိုး ပြောနေခဲ့ကြပါတယ်..။ဒါက ချန်းယူအန်းကို မလွယ်ကူစေပါဘူး..။သူ ခေါင်းငုံပြီး မျက်လုံးကို ပိတ်ထားခဲ့တယ်..။တကယ်တော့ ပြိုင်ဘက်ကသာ သူ့သီချင်းကို ယူသွားတာပါ..။အဲ့အချိန်မှာတော့ သူဟာ ဖြေရှင်းလိူ့ မရတဲ့ အကုသိုလ်တွေကို ပုခုံးပေါ်တင်ထားရသလိူတောင် ခံစားနေရပါတယ်..။

ချန်းယူအန်း ရဲ့ မိဘတွေဟာ သူမသားလေးရဲ့ စင်ပေါ်က အဖြစ်အပျက်ကို ကြည့်ပြီး အံ့ဩနေခဲ့ကြတယ်..။သူတို့..သူတို့သားလေးကို ချက်ချင်း ပြန်ခေါ်သွားချင်ပေမယ့် ဒီလိူ မလုပ်ချင်ခဲ့ပါဘူး..။

ကျိူးလီ ​ပြောလိုက်တယ်..။

"ဒီလို ဆိုတော့...မင်းဒီမှာ ရပ်နေတာက မဖြစ်သင့်ဘူးလို့ ငါထင်တယ်..။ဖိုင်နယ် မှာ တစ်စုံတစ်ယောက်ရဲ့ သီချင်းကို ခိုးယူတာက ခွင့်လွတ်လို့ မရတဲ့ အကြောင်းအရာပ​ဲ..."

လင်းဖန ချန်းယူအန်းကို..ကြည့်ပြီး ကျိူးလီကို ပြောလိုက်တယ်..။

"အိုး..ဆရာမကျိုး..ယန်ဂျင်က ဒါကို ဘယ်လို သိခဲ့တာလဲ.."

ကျိူးလီ ပြုံးလိုက်ပြီး..

"ဘာလို့လဲ ဆိုတော့ ဆရာမယန် က ဒီသီချင်းရဲ့ တီးလုံးကို ဖန်းတီးခဲ့လို့ပဲ..။သူမက အဲ့သီချင်းကို ရေးသားသူတွေထဲက တစ်ယောက်ပဲလေ.."

"ကြည့်ရတာ အဲ့ ပြိုင်ပွဲဝင်က ယန်ဂျင်နဲ့..ထူးခြားတဲ့ ဆက်ဆံရေးလေးတွေ ရှိနေတဲ့ပုံပံ.."

လင်းဖန် ပြောလိုက်တာပါ..။

"အဲလို မဟုတ်ဘူး..။အစ်မယန်က ..ကြင်နာတတ်တော့ သီချင်းကောင်းတစ်ပုဒိကို တွေ့တာနဲ့ မနေနိုင်ပဲ..တစ်ချက်ကြည့်ပေးလိုက်တာ.."

ယင်းနောက် သူမ ချန်းယူအန်းကို ကြည့်လိုက်ပြီး..

"ကောင်းပြီ မင်း စင်ပေါ်က ဆင်းလို့ရပြီ.။နောက်တစ်ယောက်ကို တက်ခဲ့ဖို့ ပြောလိုက်ပါ.. "

ပရိတ်သတ်တွေဟာ အော်လိုက်ကြတယ်..။

"ထွက်သွား.."

"ထွက်သွား.."

"ထွက်သွား.."

ချန်းယူအန်း ခေါင်းငုံးထားခဲ့တယ်..။သူ့ခြေထောက်တွေဆိုရင် လှုပ်ရှားဖို့အတွက်တောင် အတော်လေးလံနေသလိုပါပဲ..။ပရိတ်သတ်တွေ ရဲ့..အသံတွေကို ကြားလိုက်တဲ့ အချိန်မှာ ပိုဆိုးသွားခဲ့ပါတယ်..။

"ကျွန်..ကျွန်တော်.."

သူ တစ်ခုခု ပြောချင်ပေမယ့်..ဘာပြောရမလဲ မသိတော့ပါဘူး..။

အဲ့အချိန်မှာပဲ..ချန်းယူအန်း ဆရာလင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်တယ်..။မာစတာလင်းက သူ့အတွက် ပြောပေးလာမယ်လို့မထင်ထားခဲ့ပါဘူး..။

"အားလုံးပဲ..ငြိမ်ငြိမ်နေကြပါဦး..."

လင်းဖန် မိုက်ကရို ဖုန်းကို ကိုင်ပြီး..တည်တည်ငြိမ်ငြိမ်ပြောလိုက်တာပါ..။

ပရိတ်သတ်တွေဟာ ညိမ်သက်သွားပြီး နားထောင်လိုက်ကြတယ်..။

ယင်းနောက် လင်းဖန် ကျိုးလီကို ကြည့်ပြီး အကူညီမဲ့စွာ ပြောလိုက်တယ်..။

"ဆရာမကျိုး..က ကျော်ကြားတဲ့ ဆယ်လီ တစ်ယောက်အနေနဲ့ရော..ဒိုင်တစ်ယောက် အနေနဲ့ရော အတော် စိတ်ပျက်ဖို့ ကောင်းတာပဲ.."

ဒါကို ပြောတဲ့ အချိန်မှာ အကုန်ဆွံ့အသွားခဲ့တယ်..။

ကျိုးလီ လင်းဖန်ကို မယုံကြည်နိုင်စွာ လက်ညိုးထိုးလိုက်ပြီး..

"နင် ဘာပြောတာလဲ.."

လင်းဖန် ထပ်ပြောလိုက်တယ်..။

"ကျုပ်ပြောတာက ခင်ဗျားလို မိန်းမမျိုးက အတော် စိတ်ပျက်ဖို့ကောင်းတယ်လို့ ပြောတာ..။ခင်ဗျားက..ဆယ်လိီတစိယောက် ဖြစ်သလို..ဒိုင်တစ်ယောက်လည်းဖြစ်တယ်လေ..။ဘာလို့ ဒီလောက်အထိ စိတ်ပျက်ဖို့ ကောင်းတာလဲ..."

"ဒီကိစ္စက အမှန်ဟုတ်လား မဟုတ်လားမပြောနဲ့ဦး..။လွန်ခဲ့တဲ့ ၂ နှစ်ဆိုတာက ပြီးပြီးသွားပြီ..ဘာလို့ ခင်ဗျား သူ့ကို နောက်ထပ် အခွင့်အရေး မပေးနိုင်ရတာလဲ.."

"ခင်ဗျားက သူ့အတိတ်ကို နင်းချပြီး သူ့ကို စင်ပေါ်က ထွက်သွားခိုင်းချင်တာလား..။ကျွန်တော့်အတွက်ကတော့ သူ စင်ပေါ်က ပြန်တက်လာရဲတာကတင် အတော်ကို အံ့ဩဖို့ ကောင်းနေပြီ..."

"အမှားမလုပ်ဖူးတဲ့လူ ဘယ်သူရှိလို့လဲ..။ခင်ဗျားက အမှားတစ်ခုကြောင့် သူ့တစ်ဘဝလုံးကို နစ်မြုပ်လိုက်မယ် ဆိုရင် ဒါက မမျှတဘူးလေ..။ဒါကြောင့်..ဆရာမကျိုး ကျဥ်းမြောင်းတဲ့ စိတ်ထားကို ပြင်ဆင်နိုင်လိမ့်မယ့်လိူ့ ထင်ပါတယ်..။ဒါမှသာ ဒိုင်တစ်ယောက် အနေနဲ့ ထိုက်တန်မှာလဲ.."

ယင်းနောက် သူ ပရိတ်သတွေကို ကြည့်လိုက်တယ်..။

"ခင်ဗျားတို့ရော ..သူ့ကို နောက်ထပ် အခွင့်အ​ေ ပေးသင့်တယ်လို့ မထင်ဘူးလား..။ပြီးတော့ ကျုပ်တို့ စိတ်ပျက်ဖို့ ကောင်းတဲ့လူတွေ မဖြစ်သင့်ဘူးလို့ မထင်မိဘူးလား..."

ပရိတ်သတ်တွေဟာ..တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်..။

"ငါတို့ အဲလိုလုပ်သင့်တယ်ထင်တယ်..."

"ဟုတ်တယ် လူတိုင်းကအမှား လုပ်မိနိုင်တာပဲလေ..။ဒါက ၂ နှစ်တောင် ကျော်သွားပြီ ဆိုပေမယ့် ကျိုးလီကတော့.စိတ်ထဲမှာ..မှတ်သားထားတုန်းပဲ..။ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလဲ.."

"မာစတာလင်း ပြောတာ မှန်တယ်..ငါတ်ို့ သူ့ကို အခွင့်အရေးပေးသင့်တယ်.."

…

ပရိတ်တွေ တွေရဲ့ ထင်မြင်ချက်တွေကို လင်းဖန်က ပြန်ပြီး လွှမ်းမိုးနိုင်ခဲ့ပါတယ်..။

အဲ့အချိန်မှာ..တော့ ကျိူးလီဟာ ပရိတ်သတ်တွေကပါ သူမကို စိတ်ပျက်ဖို့ကောင်းတယ်လို့ ပြောနေတာကိုကြားပြီး ဒေါသထွက်လွန်းလိူ့..မူးလဲ မလိုတောင် ဖြစ်နေခဲ့ပါတယ်..။

All Chapters