← Chapters

အခန်း (၇၃၇)

Vol. 49 Ch. 737

အခန်း (၇၃၇)

Vol. 49 Ch. 737

#ဘာသာပြန် = စနိုးဝှိုက်

အဆောက်အဦးများ၏ အောက်တွင်..။

*ကလင် ကလင်*

လင်းဖန် ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ပြီး ပဟေဠိဖြစ်သွားခဲ့တယ်..။ဒီဖုန်းနံပါတ်က နည်းနည်းတော့ ရင်းနှီးနေခဲ့ပါတယ်..။ကြည့်ရတာ အဲ့မိန်းမ ဆီက ဖြစ်တဲ့ပုံပါပဲ..။

ကြည့်ရတာ..သူ ဒီနေ့လုပ်တဲ့ အရာက ထိချက်ပြင်းလို့ သည်းမခံနိုင်တော့တာ များလား..။

တကယ်လို့..ဒါသာ အမှန် ဆိုရင်တော့ သတင်းကောင်းပါပဲ..။

သူဖုန်းဖြေလိုက်တယ်..။

လင်းဖန် .တက်ကြွတဲ့ လေသံနဲ့..

"ဟဲလို စီနီယာကြီး..။ဘာများ..အလိုရှိလို့လဲ.."

တစ်ခြားတစ်ဖက်မှာ ရှ်ိနေတဲ့ ယန်ဂျင်ဟာဒီအသံကို ကြားလိုက်တဲ့ အချိန်မှာ အသက်ကို ပြင်းပြင်းရူပြီး..ခံစားချက်တွေကို တည်ငြိမ်အောင် လုပ်လိုက်တယ်..။သူမ ဒီကလေးကြောင့်..နှလုံးရောဂါ ရတော့မှာပါ..။

သူမ အသက်ရှင်ဖို့အတွက် အကြောင်းပြချက် တစ်ချ်ို့သာ ရှိမနေခဲ့ဘူးဆိုရင် ချက်ချင်း ဓားတစ်ချောင်း ယူပြီး ဒီခွေးသားလေးကို ပြေးထိုးလိုက်ချင်ပါတယ်..။

ယန်ဂျင် ပြောလိုက်တယ်..။

"နင် စည်းကျော်နေပြီလို့ မထင်ဘူးလား.."

လင်းဖန် ပြုံးလိုက်ပြီး..

"စည်းကျော်တယ်လား..။ကျုပ်တော့ ဒိီလို မထင်ဘူး..။ကျုပ်က ဘာမှ ပြောတာ မဟုတ်ဘူးလေ.အမှန်ကိုပဲ ပြောတာ.."

သူမက လွန်ခဲ့တဲ့ ၂ နှစ်က..အဖြစ်အပျက်ကို မေ့တောင် မေ့နေခဲ့ပြီး..ချန်းယူအန်း စင်ပေါ်ကို တက်လာတဲ့ အချိန်မှာတောင် ရင်းနှီးယုံလောက်ပဲ ခံစားရတာပါ..။သူမ သေချာပြန်စဥ်းစားကြည့်မှ ဒီကလေးက လွန်ခဲ့တဲ့ ၂ နှစ်က သူမ ကန်ထုတ်ခဲ့တဲ့ ကလေးဆိုတာ မှတ်မိလိုက်ပါတယ်..။

သူမကို ပိုပြီး စိတ်ပျက်စေတာက လင်းဖန် ဆိုတဲ့ ငနဲက.သူမရဲ့ နာမည်ကို ရှိုးပွဲမှာ ဆွဲထည့်သွားတာပါပဲ..။

သူမ အင်တာနက်ရဲ့ အရှာဖွေခံရဆုံးလူဖြစ်နေပါပြီ..။သူမ ရဲ့ ဝိုက်ဘိုမှတ်ချက်တွေ မှာဆိုရင်လည်း..လုံဝကို ဗရမ်းဗတာ ပါပဲ..။

ဆိုးရွားတဲ့..စကားလုံးတွေက သူမ ဆီကို အချိန်တိုင်း ရောက်လာနေခဲ့ပါတယ်..။တကယ်လို့..သူမမှာသာ..သန်မာတဲ့ စိတ်ဓာတ်မရှိရင် အစောကတည်းက လက်မြောက်အရှုံးပေးနေရလောက်ပါပြီ..။

ယန်ဂျင် အေးစက်စွာ ပြောလိုက်တယ်..။

"ငါ ဒီလို နောက်ကွယ်က..အပေးအယူတွေ လူပ်တယ် ဆိုတာ နင့်မှာ ဘာသက်သေ ရှိလို့လဲ..။နင့်မှာ သက်သေမရှိဘူးဆိုရင်တော့..ငါ့ကို ပြန်တောင်းပန်ဖို့မျှော်လင့်တယ်..."

လင်းဖန် ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။

ယန်ဂျင် အေးစက်စွာ ရယ်မောလိုက်ပြီး..

"နင်ဘာလို့ မပြောတော့တာလဲ..။ငါ နင့်ကို နောက်ထပ် အခွင့်အရေးပေးမယ်..။မဟုတ်လို့ကတော့..နင် တာဝန်ယူဖို့သာ စဥ်းစားထားတော့.."

"မဟုတ်ဘူး.."

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ်မှာ သက်သေမရှိဘူး..ဒါပေမဲ့ ခင်ဗျားလို မြေခွေးမ ကို မြင်တာနဲ့ လူကောင်းမဟုတ်ဘူးဆိုတာ ပြောနိုင်တယ်..။တရားစွဲချင်လည်း စွဲလိုက်လေ..ပိုတောင်ကြိုက်သေးတယ်..။ပြောတာတော်လောက်ပြီ..ခင်ဗျားနဲ့ အချိန်အကြာကြီးစကားပြောတာက..ကိုယ့်အချိန်ကိုယ် ဖြုန်းနေတာပဲ.."

*တီ တီ*

တစ်ဖက်က ဖုန်းလိုင်းမအားတဲ့ အသံဟာထွက်ပေါ်လာခဲ့တယ်..။

ယန်းဂျင်ကတော့ သူမ အခုမှ ဝယ်ထားတဲ့ ဖုန်းအသစ်ကို ကိုင်နေရင်းက နေ အမူအရာ ရုပ်ဆိုးသွားခဲ့ပါတယ်..။

"ငါ နင့်ရဲ့ ခွေးဘဝကို ယူပြမယ်..."

တိမ်ဖြူလမ်း..။

အကြီးအကဲ နီကိုးလပ်.. " ဒါက ငါ့ဘဝနဲ့ ဘာဆိုင်လို့လဲ.."

…

ဒီမတော်တဆ မူက..လင်းဖန် အတွက်တော့..စိတ်ချမ်းသာ ခဲ့ရပါတယ်..။ပြီးတဲ့ နောက်မှာတော့ သူ အများကြီးတွေး မနေတော့ပဲ..အိပ်လိုက်တယ်..။

ဒီတစ်လောမှာသူ အတော်ကို အလုပ်ရှုပ်နေခဲ့ျာပါ..။

ယန်ဂျင်ရဲ့ စိတ်ကို ဘယ်သူက ဂရုစိုက်ရမှာလဲ..။ဒါက သူနဲ့ ဘာမှ မဆိုင်ပါဘူး..။

သိူ့ပေမယ့် ဒီမိန်းမရဲ့ စိတ်ဓာတ်နဲ့ ဆိုရင်တော့ သူမ လက်စားချေဖို့ ကြိုးစားမှာ အသေအချာပါပဲ..။လင်းဖန် သူမ ဘယ်လိူ ပုံစံနဲ့ လက်စားချေမလဲ ဆိုတာကို တကယ် စိတ်ဝင်စားမိပါတယ်..။

နောက်တစ်ရကိ..။

အင်တာနက်တွင်..။

"ဟားဟား..ငါ ရယ်ရလို့သေတော့မယ်..။မနေ့ညက အသန်မာဆုံးကောင်းကင်သံစဥ်ပြိုင်ပွဲ မှာ ပြသနာ ထပ်ဖြစ်ပြန်ပြီ..."

"ချီးပဲ..တကယ်ကြီးလား..။မနေ့ညက ငါ့ကောင်မလေးနဲ့ ဘားသွားနေတော့..ငါမကြည့်လိုက်ရဘူး.."

"တော်လိုက်တော့..မငိးက ဘားသွားပြီး ပျော်ပါးခဲ့တာ ဆိုရင်တော့ သိဖို့ မထိုက်တန်ဘူး.."

"ငါ ..အဲ့အစီအစဥ်ကို ပြန်သွားကြည့်လိုက်ဦးမယ်.."

"ငါထင်တာတော့ မာစတာလင်းနဲ့ယန်ဂျင်က ကမ္ဘာမကျေ ရန်သူတွေ ဖြစ်နေပြီထင်တယ်.."

"ငါက မာစတာလင်းရဲ့ ပရိတ်သတ်တစ်ယောက် အနေနဲ့..ယန်ဂျင် ဒီလို အပေးအယူလူပ်ခဲ့တယ်လို့ယုံကြည်တယ်..."

"ယန်ဂျင်ရဲ့ ဝိုက်ဘိုမှာ ဗရမ်းဗတာ ဖြစ်နေပြီ..။မင်းတို့လည်း မြန်မြန်သွား ဆဲ ခဲ့ကြဦး..။ဒီအခြေအနေကို သုံးပြီး သူမကို စိတ်ဒုက္ခပေးရမယ်..."

"သွားကြရအောင်..."

“+1”

…

ရှန်ဟိုင်းTV

လူတိုင်းဟာ စောင့်နေခဲ့ကြတယ်..။

တစ်ချို့လူတွေကတော့ ဖုန်းတွေကို ထုတ်ပြီး အင်တာနက်ကို ကြည့်နေခဲ့ကြပါတယ်..။

"မနေ့က.ဒုတိယ အပိုင်းက..ပထမ အပိုင်းထက်တောင် ဟိုက်လိုက်တွေ များနေပါလား.."

"အင်တာနက်မှာ ပွက်လောရိုက်နေပြီး.ယန်ဂျင်ကိုလည်း ကျိန်ဆဲနေကြတယ်.."

"အိုး..ဟုတိသားပဲ..ကြည့်ရူ နှုန်းက မထွက်သေးဘူးးလား..."

"မထွက်သေးဘူး..နံပါတ်တွေကို တွက်ချက်နေဆဲပဲ..."

အဲ့အချိန်မှာပဲ ဝန်ထမ်းတစ်ယောက်ဟာ အလျငိအမြန်ဝင်လာခဲ့တယ်..။

လူတိုင်း အသက်ပြင်းပြင်းရူ လိုက်ကြပါတယ်..။မနေ့က ကြည့်ရူနှုန်းက နည်းမှာ မဟုတ်ဘူးဆိုတာကို သူတို့ သိထားပြီးသားပါ..။သို့ပေမယ့် ဘယ်လောက်ဖြစ်မလဲ ဆိုတာကိုတော့ သူတို့ အတိအကျ မသိပါဘူး..။

တကယ်လို့ ကြည့်ရူနှုန်းက ပထမ အပိူင်းကို ကျော်လွန်ခဲ့ရင်တော့ သူတို့ရဲ့ အောင်မြင်မူကြီးပါပဲ..။

"ကြည့်ရူနှုန်း ဘယ်လောက်ရှိလဲ..။ကြန့်ကြာမနေနဲ့တော့ အမြန်ပြောလိူက်..."

ဒါရိုက်တာဟာ စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်..။အဲ့နေ့က ကြည့်ရူနှုန်းက အတော်များမယ် လို့ သူ ယုံကြည်ထားပါတယ်..။

ဝန်ထမ်းဟာ လက်ထဲက အချက်အလက်ကို ကြည့်လိုက်တယ်..။မနေ့က အချက်အလက်တွေက အံ့ဩဖို့ကောင်းတယ် ဆိုရင် ဒီနေ့ အချက်အလက်က အိပ်မက် တစ်ခုလိုပါပဲ..။

"ကြည့်ရူနှုန်း ၃.၉၈၅ ..နဲ့ စျေးကွက် ထိုးဖောက်မူ ၁၆.၅၄ "

လူအုပ်ကြီးဟာ ဒါကိုကြားတဲ့ အချိန်မှာ ကြောင်အသွားခဲ့တယ်..။သူတို့ ကြားနေရပေမယ့် မယုံကြည်နိုင်ခံပါဘူး..။

သူတိူ့အတွက် ပထမ အပိုင်းရဲ့ ကြည့်ရူနှုန်းကတင် ဇယားထိပ်မှာရောက်ဖို့ လုံလောက်နေပါပြီ..။ဒီနေ့က အရင်နေ့က ထက်တောင် များနေလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ကြပေ..။

ထပ်ပြောရရင် ကြည့်ရူနှုန်းက ၄ တောင် ရောက်လု နီးပါးပါပဲ..။

ဒါရိုက်တာဟာ သဘောကျစွာ ရယ်မောလိုက်ပြီး..

"ဒုတိယ အပိုင်းက ပိုပြီး.ကြည့်ရူနှုန်းမြင့်မယ် ဆိုတာ သိပေမယ့် ဒီအဆင့်အထိ ရောက်မယ်လို့ မထင်ထားခဲ့ဘူး.."

ယင်းနောက် သူ ဘေးဘက်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး..

"ကြည့်ရူနှုန်း ၄ ကို ကျော်ဖူးတဲ့ ရှိုးပွဲရှိလား.."

လူတိုင်း ကြောင်အသွားခဲ့တယ်..။သူတို့ အချိန်ယူစဥ်းစားလိုက်တာတောင် တစ်ခုမှ မတွေးမိကြပါဘူး..။

"ဘယ်လိုလုပ် ရှိုးပွဲတစ်ခုက ၄ ကို ကျော်နိုင်မှာလဲ.."

"ဒီခေတ်ကြီးမှာ ကြည့်ရူနှုန်း ၄ ကိုကျော်တာ..ဘယ်မှာမှ မရှိဘူး.."

အရင်တုန်းက ဆိုရင်တော့ ရှိုးပွဲတွေဟာ..၄ ကို ကျော်ကြပြီး..၁၀ ကျော်တာတောင် ရှိကြပါတယ်..။သို့ပေမယ့် ဒီဘက်ခေတ်မှာက ရှိုးပွဲတွေ အများကြီး အပြိုင်အဆိုင်ဖြစ်နေတာကြောင့် ၄ ကျော်ဖို့ မပြောနဲ့ ၃ ကျော်တာတောင် အတော်ရှားပါးပါတယ်..။

"တကယ်ပဲ..အသန်မာဆုံး ခွေးတိုက်ပွဲ ပဲ.."

"ဟုတ်တယ် အသန်မာဆုံးကောင်းကင်သံစဥ်က မသင့်တော်တော့ဘူး.။ဒီရှိုးကို အသန်မာဆုံး ခွေးတိုက်ပွဲလို့ ပြောင်းရမယ်..။ပြိုင်ပွဲဝင်တွေက သိပ်မရေးမကြီးကြတော့ဘူး..။အရေးကြီးတာက..မာစတာလင်းနဲ့ ကျန်တဲ့ ဒိုင်တွေတစ်ယောက်ကို တစ်ယောက် ကိုက် နေကြဖို့ပဲ..ဟားဟား"

"ဟားဟား.."

[ လင်းဖန် ကြားရင် သေဦးမယ်😅 ]

…

တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ ဒါရိုက်တာ လီဟာ..နီရဲနေတဲ့ မျက်နှာနဲ့ အတော်ကျေနပ်နေခဲ့တယ်..။

သူ ရှန်ဟိုင်း TV က ဒါရိုက်တာ တစ်ယောက်ဖြစ်လာကတည်းက..သူ့ရဲ့ ရည်ရွယ်ချက်က..

ဟူနန် TV ထပ်ပိုပြီး အောင်မြင်တဲ့ ရှိုးကို ဖန်တီးဖို့ပါ..။

ဒီလို ဆိုရင်တောင် အိပ်မက်တွေက လှပပေမယ့် လက်တွေ့က အတော်ရက်စက်ပါတယ်..။

သိူ့ပေမယ့် ဒိီနေ့မှာတော့ သူ့ရဲ့ အိပ်မက်တွေက တကယ်ဖြစ်လာခဲ့ပါပြီ..။

ဒါက လူတိုင်းအတွက် ဝမ်းသာစရာပါပဲ..။

…

*ကလင် ကလင်*

လင်းဖန် အိပ်မက်မက်လို့ ကောင်းနေတုန်းမှာပဲ..ဖုန်းဝင်လာခဲ့တယ်..။

သူ အချိန်ကို ကြည့်လိုက်တော့ ၆ နာရီပါ..။

"ချီးပဲ..ဒီလူ ရူးနေတာလား..။ငါ့ကို အစောကြီး ဖုန်းလာခေါ်နေတယ်.."

နှစ်ခါတောင် ပြန်မတွေးတော့ပဲ..လင်းဖန် ဖုန်းကို ချလိုက်တယ်..။ယင်းနောက်..သူ ပြန်အိပ်ပျော်သွားခဲ့ပါတယ်..။

ရှန်ဟိုင်း TV.

လက်ထောက် ဒါရိုက်တာ အကူညီမဲ့သွားခဲ့ပြီး..

"မာစတာလင်း ဖုန်းမကိုင်ဘူး.."

ဒါရိုက်တာ လီ လက်ဝေ့ယမ်းလိုက်ပြီး..

"ကောငိးပြီ မာစတာလင်း အိပ်နေတာပဲ ဖြစ်ရမယ်..။နောက်မှ သူ့ကို ဝမ်းသာစရာ အချက်အလက်တွေ ပို့ပေးလိုက်..။ငါတို့ ဒီထက်အောင်မြင်ဖို့ဆိုရင် ပရိုမိုးရှင်းက ပိုပြီးကောင်းနေမှရမယ်..။ငါတို့ ကြည့်ရူနှုန်း ၅ ဒါမှမဟုတ် ၆ လောက်အထိ ရောက်နိုင်ရင် ငါ အနားယူရမယ် ဆိုရင်တောင် ကျေနပ်ပြီ..."

လူတိုင်း ဒါရိူက် တာ ကိုကြည့်ပြီး နှလုံးခုန်မြန်လာခဲ့ကြတယ်..။

၅ ကို ကျော်သွားမှာလား...

၆ လား....

သူတို့ ဘယ်လိူလုပ် ဒီလောက်အထိ တွေးရဲမှာလဲ...။

သိူ့ပေမယ့် အိပ်မက်မက်နေတာကလည်း ဆိုးရွားတဲ့ အရာ မဟုတ်ပါဘူး..။ဒါက မတော်တဆ အမှန်တကယ် ဖြစ်လာနိုင်ပါသေးတယ်.။

တိမ်ဖြူလမ်း..။

လင်းဖန် ဆိုင်ကို ရောက်လာတဲ့ အချိန်မှာတော့ဝူယူလန်ဟာ..လာကြိုပြီး စိတ်လှုပ်ရှားစွာ မေးလိုက်တယ်..။

"အစ်ကိုလင်း..အင်တာနက်က သတင်းတွေကို ကြည့်ပြီးပြီလား..။တကယ်မိုက်တယ်..အစ်ကိုလင်းတော့ လုံးဝကို အောင်မြင်နေပြီ.."

"အဲတော့ ဘာဖြစ်လဲ..။ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား.."

လင်းဖန် မတူညီစွာ ပြောလိုက်တာပါ..။သူကဘယ်သူလဲ..။သူက အမှန်တရား ဖန် ပါ..။

သူ သေချာလေးလေးနက်နက်လုပ်လိုက်ရင် မအောင်မြင်တာ ရှိမှာ မဟုတ်ပါဘူး..။

သို့ပေမယ့် သူ ဘယ်လောက်ပေါ်ပြူလာဖြစ်နေလဲ ဆိုတာ ကြည့်ဖို့ ဖုန်းကို ထုတ်လိုက်တယ်..။

"မြည်းနက် ကြီး ဖြတ်ကျော်သွားပြီ..။အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲက ကြည့်ရူနှုန်း ၄ ကို ကျော်ဖြတ်နိုင်မလား..."

"အသန်မာဆုံးကောင်းကင်သံစဥ် ပြိုင်ပွဲဟာ ဂုရု ၏ တည်ရှိမူ​ကြောင့် အောင်မြင်နေခဲ့..."

ခေါင်းစဥ်ကို ကြည့်လိုက်တာနဲ့ ဒါက..UC ကြားဖြတ်သတင်းဌာန က ဆိုတာကို သူ ပြောနိုင်ပါတယ်..။

သို့ပေမယ့် သတင်းတွေ အများကြီးတည်းမှာမှ သူ ယန်ဂျင်ရဲ့ သတင်းကိုလည်း တွေ့လိုက်ရပါတယ်..။

ဒီမိန်းမ ယန်ဂျင်က မောက်မောက်မာမာ ပဲ ထွက်လာခဲ့တာပါ..။

ကြည့်ရတာ သူမက သူမရဲ့ နာမည်ကို ရှင်းလင်းဖို့ အလျင်လိုနေတဲ့ ပုံပါပဲ..။

All Chapters