← Chapters

မင်းက အိပ်မက်မက်နေတာပဲ..

Vol. 49 Ch. 738

မင်းက အိပ်မက်မက်နေတာပဲ..

Vol. 49 Ch. 738

#ဘာသာပြန် = စနိုးဝှိုက်

ဝိုက်ဘို..။

ယန်ဂျင်ကတော့ ဒီတိုင်း ထိုင်မနေနိုင်ခဲ့ပါဘူး..။အင်တာနက်ပေါ်မှာ ..တိုက်ခတ်နေတဲ့ လေထုက လမ်းကြောင်းမှားနေတာကြောင့်..သူ့ စိတ်မအေးရပေ..။

"ဒီလင်းဖန် ဆိုတာက ဘာ စွမ်းဆောင်နိုင်စွမ်းမှ မရှိတဲ့ အကောင်..။သူ ဘာမှ ထူးထူးခြားခြား လုပ်ပြနိုင်တာ မဟုတ်ပဲနဲ့တောင် ပရိတ်သတ်တွေ အများကြီး ရှိနေတယ်..။ဒါက တကယ် နားမလည်နိုင်စရာပဲ.."

သူမ ကိုယ့်ကိုကို တွေးလိုက်တာပါ..။

သူမ တစ်ခြားလူတွေ ဘာတွေ ပြောနေလဲ ဆိုတာကို ..သိရဖို့ မှတိချက် အချို့ကို လိုက်ဖတ်ကြည့်လိုက်ပါတယ်..။

"ယန်ဂျင်..နင်လာဘ်စားခဲ့တာကို အမြန် ဝန်ခံလိုက်..။မဟုတ်ရင်..နင့်ကို အပြင်မှာတွေ့တာနဲ့ ဝတ်ထားတာတွေ လာဆွဲချွတ်ပစ်မယ်..."

"ဟားဟား...ညီအစ်ကို မင်းက တကယ်ပဲ အဲလိုလုပ်မှာလား..."

"ချင်ကျိုး မြို့သာတွေလာပြီ..။မြန်မြန် ဝန်ခံလိုက်တော့.။မဟုတ်ရင် နင့်အကောင့်ကို တိုင်ကြားလိုက်မှာနော်..."

…

လွန်ခဲ့တဲ့ ၂ နှစ်က အဖြစ်အပျက် ဖြစ်တာကြောင့် သက်သေဆိုတာက အချိန်စီးကြောင်းထဲမှာ မျှောပါသွားခဲ့ပါပြီ..။သူတို့က..ဘာကိုကြည့်ပြီး ဒီလိုတွေ ပြောနေကြတာလဲ..။

သူမကို လူအများကြီးက ဝိုင်းပြီး ပြစ်တင်နေကြပေမယ့် အနည်းဆုံးတော့ သူမ ခေါင်းထဲထည့်ပြီးတွေးပူစရာ မလိုခဲ့ပါဘူး..။

အရင်တစ်ခေါက်ပြသနာတောင် မပြီးသေးပဲ..အခု သူမကို လာတိုက်ခိုက်နေကြတာကို တော့ သူမ အတော် ဒေါသထွက်မိပါတယ်..။

ဒီလို ဖြစ်နေပြီဆိုမှတော့..ဥပဒေကို အသုံးပြုပြီး သူမကို သူမ ကာကွယ်မှ ရတော့မှာပါ..။

သူမ ဝိုက်ဘိုပိုစ့်တစ်ခုကို တင်လိုက်တယ်..။သူမရဲ့ အဓိက ရည်ရွယ်ချက်က..သူမရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ အတွက်ပါပဲ..။

သူမ ပို့စ်တင်ပြီးတဲ့..အချိန်မှာ ကျေနပ်စွာ ခေါင်းညိမ့်လိုက်တယ်..။သူမ အရင်ဆုံးလင်းဖန်ကို..မျှားခေါ်ပြီးမှ တိုက်ခိုက်ရမှာပါ.။

သူက အံ့ဩဖို့ကောင်းတဲ့ လူတစ်ယောက်ဖြစ်တယ် ဆိုရင်တောင် ကိုယ်ပြောတဲ့စကားကို..ကိုယ်တာဝန်ယူရမှာတော့ အသေအချာပါပဲ..။

ရန်မစသင့်တဲ့ တစ်စုံတစ်ယောက်ကို ရန်စတာ က ဘယ်လောက်အထိ ပေးဆပ်ရလဲ ဆိုတာကို သူ သိသွားစေရမှာပါ..။

*ကလင် ကလင်*

ယန်ဂျင် ဖုန်းမျက်နှာပြင်ကို ကြည့်ပြီး မျက်မှောငိကျုတ်လိုက်တယ်..။ဒါက အမည်မသိနံပါတ်တစ်ခုဖြစ်တာကြောင့် ဘယ်သူ ခေါ်တာလဲ ဆိုတာ မသိပါဘူး..။

"ဘယ်သူလဲ.."

ယန်ဂျင် မေးလိုက်တာပါ..။

ဖုန်းတစ်ခြားတစ်ဖက်က လူရဲ့ အသံက ယောက်ျားလေးပါ..။

"ဟဲလို ဆရာမယန် ကျွန်တော်ကို မှတ်မိသေးလား..."

ယန်ဂျင် မျက်မှောင်ကျုတ်လိုက်တယ်..။

"မင်းဘယ်သူလဲ.."

သိပ်မဝေးတဲ့ မြို့တစ်မြို့မှာ.လျော့တိလျော့ရဲ အင်္ကျီနဲ့ ဖိနပ်အကြမ်းကိုဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက်ဟာ..သတင်းစာ ဖတ်နေခဲ့တယ်..။သူ့မျက်နှာပေါ်မှာတော့ မျှော်လင့်ချက်​တွေ ပြည့်နေခဲ့ပါတယ်..။

"ဆရာမ ယန်..လွန်ခဲ့တဲ့ နှစ်နှစ်က ယောက်ျားလေးများ အဆိုပြိုင်ပွဲမှာ ကျွန်တော် ဒေါ်လာ ၅ သန်း ပေးခဲ့တယ်လေ..မမှတ်မိတော့ဘူးလား.."

အဲ့အချိန်တုန်းက ဒီလူငယ်လေးက..ယန်ဂျင်ကို ဒေါ်လာ ၅ သန်း ပေးပြီး..ပထမနေရာအတွက် လာဘ်ထိုးခဲ့တာပါ..။

အဲ့အချိန်တုန်းကတော့ သူက သူဌေးသားတစ်ယောက်ဖြစ်ပြီး..ယောက်ျားလေး အဆိုပြိုင်ပွဲကို ဝင်ပြိုင်ခဲ့တယ် ဆိုတာကလည်း အပျော်သဘော သက်သက်ပါပဲ..။သူ သတင်းထောက် အများကြီး သူ့ဆီမှာဝိုင်းနေတဲ့ ခံစားချက်ကို သူလိုချင်ခဲ့တာပါ..။

တစ်လအတွင်းမှာပဲ..သူ ချန်ပီယံ ဖြစ်လာခဲ့ပြီး အမှန်တကယ်ပဲ မီဒီယာတွေရဲ့.အာရုံစိုက် ဝန်းရံမူကို ..ရရှိပါတယ်..။ဒါက ပြောစရာ မလိုအောင်ပဲ..အတော် ခံစားလို့ကောင်းတာပါ..။

သို့ပေမယ့် သူ့ရဲ့ ကိုယ်ပိုင် အရည်အချင်းတွေ မလုံလောက်မူကြောင့်..နောက်တစ်လလောက်ကြာတဲ့ အချိန်မှာပဲ..သတင်းထောက်တွေ အကုန်လုံးက သူကို မေ့သွားကြပါတော့တယ်..။

သိူ့ပေမယ့် ဒါက သူ့အတွက် ပြသနာ မရှိပါဘူး..။

သူ ဒီခံစားချက်ကို ခံစားခဲ့ရပြီး..အဲတာကပဲ..သူ့အတွက် လုံလောက်ပါတယ်..။

သူဌေးသား တစ်ယောက် အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတာ တကယ်ကောင်းမွန်တာပါ..။

သို့ပေမယ့်..မမြင်ရတဲ့ ကံကြမ္မာ​ အလှည့်အပြောင်းကြောင့် သူ့မိသားစုဟာ စီးပွားပျက်သွားခဲ့ပြီး ချက်ချင်းဆိုသလို အောက်ခြေကို ထိုးကျသွားခဲ့တယ်..။

သူ့မှာ ဘာကျွမ်းကျင်မူမှ မရှိတာကြောင့် သူ ဆင်းဆင်းရဲရဲသာ နေနေရပါတယ်..။သူ အစောကတည်းက ယန်ဂျင်ဆီက ပိုက်ဆံ ပြန်တောင်းဖို့ စဥ်းစားမိပေမယ့်..ဒါက ကောင်းကင်ပေါ်ကို ပျံရတာထက်တောင် ခက်ခဲမယ် ဆိုတာကို သိထားပြီးသားပါ..။

ယန်ဂျင် ရဲ့ မျက်နှာဟာ ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး လေးနက်စွာ ပြောလိုက်တယ်..။

"မင်း ဘာတွေပြောနေတာလဲ..။ငါ မင်းကို မသိဘူး.."

*တီ*

သူမ ချက်ချင်း ဖုန်းချလိုက်ပါတယ်..။

စကားပုံတွေထဲက အတိုင်းပဲ..မင်းအကြောက်ဆုံးအရာက မင်းဆီကို အမြဲတမ်း ရောက်လာစမြဲပါ..။သူမဆီကို ဒီငနဲရဲ့ ဖုန်းဝင်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

သို့ပေမယ့်..သေချာ တွေးကြည့်လိုက်တဲ့ အချိန်မှာတော့..ဒါက မဟုတ်သေးဘူးဆိုတာကို သိလိုက်တယ်..။တကယ်လို့ ဒီငနဲသာ မီဒီယာ တွေကို သွားပြောရင်..သူမ ဘယ်လိုလုပ်ရမလဲ...။

သူမ ဖုန်းချက်ချင်း ပြန်ခေါ်လိုက်တယ်..။

"ဆရာမ ယန်..ကြည့်ရတာ ကျွန်တော့်က်ို မှတ်မိသွားပြီထင်တယ်..။ကျွန်တော် အသန်မာဆုံး ကောင်းကင်သံစဥ်ဇာတ်လမ်းကို ကြည့်ဖြစ်တယ်..။ဒီ မာစတာလင်းက အဓိပ္ပါယ် မရှိတာတွေ ပြောနေတာပဲ..။သူ ဘာတွေ ပြောနေမှန်း ကျွန်တော် သိတောင် မသိဘုး.."

ရန်ဂျီ အပြုံးတွေနဲ့ ပြောလိုက်တာပါ..။သူ ပိုက်ဆံရှာမယ့် နည်းလမ်းကို နောက်ဆုံးတော့ ရှာတွေ့ထားပါပြီ..။ယန်ဂျင် ဘယ်လောက် ရိုးသားမလဲ ဆိုတာကိုပဲ ..သူ စောင့်ကြည့်စရာ လိုပါတယ်..။

ယန်ဂျင်ရဲ့ အသက်ရူသံတွေဟာ..မြန်လာခဲ့ပြီး ချက်ချင်းပဲ ပြန်ပြောလိုက်တယ်..။

"နင်ဘာလို ချင်တာလဲ...။ငါ့ကို ပြော..."

ရန်ဂျီ ဒါကိုကြားတဲ့ အချိန်မှာ ကျေနပ်သွားခဲ့တယ်..။နောက်ဆုံးတော့..သူမ စကားစလာခဲ့ပါပြီ..။

"ဆရာမ ယန်..ဘာတွေ ပြောနေတာလဲ..။ကျွန်တော်က အချက်ကျကျပဲ ပြောပြတာပါ..။ဒါပေမယ့် လက်ရှိမှာ ကျွန်တော့်ရဲ့ အခြေအနေက သိပ်ပြီး မကောင်းဘူလေ..။ဖြစ်နိုင်မယ် ဆိုရင်..ဆရာမယန် ကျွန်တော့်ကို..ဒေါ်လာ ၁၀ သန်း ...သန်း ၂၀ လောက် ထောက်ပံ့ ပေးလို့ရမလား...။ကျွန်တော် ဘာစကားတစ်ခွန်းမှ မဟပါဘူး..။ဒါပေါ့..ကျွန်တော် လူကြားထဲမှာ ထပ်ပြီး ပေါ်လာမှာ မဟုတ်တော့ဘူး.."

ယန်ဂျင် ဒါကိုကြားတဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့တယ်..။သူမ ရဲ့ အမူအရာဟာ..အေးစက်သွားခဲ့ပြီး..

"နင်က ငါ့ကို ခြိမ်းခြောက်နေတာလား.."

"မ..မဟုတ်ပါဘူး..။ကျွန်တော်က ဘယ်လိုဖြစ်ပြီး ခြိမ်းခြောက်ရဲမှာလဲ..။ဒါပေမဲ့ ကျွန်တော့်မှာလည်း ရွေးချယ်စရာ မရှိဘူးလေ..။ဆရာမယန် ဆုံးဖြတ်ပြီးပြီ ဆိုရင်သာ ကျွန်တော့်ကို ဖုန်းခေါ်လိုက်ပါ.."

ရန်ဂျီ ပြုံးပြီး ပြောလိုက်တာပါ..။ဘာပဲဖြစ်ဖြစ်.ယန်ဂျင် ရဲ့ ခေါင်းထဲကို..သူ ရှိနေသေးတယ် ဆိုတဲ့ အသိစိတ် ရိုက်ထည့်နိုင်ဖို့က အဓိက ပါပဲ..။

"မအိမ်လုံးလေး.."

ယန်ဂျင် ကျိန်ဆဲလိုက်တယ်..။တစ်စုံတစ်ယောက်က ဒီအချိန်မှာ သူမကို လာခြိမ်းခြောက်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး.။

ရန်ဂျီ ပြောလိုက်တယ်..။

"ဆရာမယန် သာ ကျွန်တော့်ကို ထောက်ပံ့ပေးမယ်ဆိုရင် ကြိုက်သလောက် ကျိန်ဆဲလို့ရပါတယ်..."

ယန်ဂျင် ဆွံ့အသွားခဲ့တယ်..။ဒီလို အခြေအနေမှာ သူမ ဘာပြောရမလဲ တောင် မသိတော့ပါဘူး..။အဆုံးမှာတော့ သူမ အံ့ကို ကြိတ်လိုက်ပြီး..

"နင်...လူလိမ်ကောင်..။ငါ နင့်ကို..ပိုက်ဆံ တစ်ဆင့်တောင် ပေးမှာ မဟုတ်ဘူးဆိုတာကို မှတ်ထားလိုက်..။လူတွေက နင်ပြောတိုင်း ယုံကြမယ်လို့ ထင်နေတာလား..."

သူမ ဖုန်းချလိုက်တယ်..။

ခပ်ဝေးဝေးမှာ ရှိနေတဲ့..ရန်ဂျီဟာ ခက်ထန်စွာ ပြောလိုက်ပါတယ်..။

"ချီးပဲ..ငါ့ကို လမ်းဆုံးရောက်အောင် တွန်းပို့ချင်နေတာလား.."

ယန်ဂျင် ဖိအားတွေ များနေခဲ့တယ်..။သူမရဲ့ခေါင်းက..လုံးဝကို ကိုက်ခဲ နေခဲ့ပါတယ်..။ဒီအချိန်မှာ သူ စိတ်မပူဘူးလို့ ပြောရင် လိမ်ညာရာ ကျမှာပါ..။သို့ပေမယ့်..သူမလက်ထဲကနေ..ပိုက်ဆံကို လာခြိမ်းခြောက်တဲ့လူကို တော့ ရင်ဆိုင်နိုင်ပါသေးတယ်..။

သိူ့ပေမယ့် သူမ ခန့်မှန်းရသလောက်ဆိုရင် ဒီငနဲက ကျိန်းသေ ဖုန်းပြန်ခေါ်မှာပါ..။

တကယ်လို့ ဒါက ဒေါ်လာ ၁သန်း ၂ သန်း ဆိုရင် သူမ ပေးလိုက်မိမှာပါ..။သို့ပေမယ့် ဒါက..ဗုံးတစ်လုံးလို ဖြစ်နေဦးမှာ ဖြစ်ပြီး..ဘယ်ချိန်ပေါက်ကွဲမလဲ ဆိုတာ ထပ်မသိနိုင်ပေ..။

တကယ်လို့ လင်းဖန် ဆိုတဲ့ ငမွှေကောင် သာ မရှိဘူးဆိုရင်..ဒီငနဲ မီဒီယာကို သွားပြောရင်တောင် ဒါက ပြသနာမဟုတ်ပါဘူး..။သို့ပေမယ့် ဒီကိစ္စကို သာ..လငးဖန် သိသွားမယ် ဆိုရင်..ဒီကောင်က သူမကို ကျိန်းသေ..နင်းချေပစ်တော့မှာပါ..။

…

*တစ်ဒေါက်ဒေါက် ခေါက်နေသည့်အသံ*

ရန်ဂျီ ..စဥ်းစားနေခဲ့တယ်..။သူ တကယ်ကို အ​ဆင်ပြေ မနေခဲ့ပါဘူး..။သူ့ အိပ်ကပ်ထဲကို စမ်းကြည့်တော့လဲ..တစ်ဆင့်တောင် ရှိမနေခဲ့ပေ..။

"ငါ..ရန်ဂျီ က..ဘဝကို ဒီတိုင်းပဲ..ရှေ့ဆက်နေရမယ် ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး.."

ရန်ဂျီ လေးနက်တဲ့ အမူအရာနဲ့ ရေရွတ်လိုက်တယ်..။ယင်းနောက် သူ နံပါတ်တစ်ခုကို နိပ်လိုက်ပါတယ်..။

ဖုန်းဝငိသွားခဲ့ပါတယ်..။

"နှုတ်ဆက်ပါတယ် မာစတာလင်း.."

အဝေးတစ်နေရာက..တိမ်ဖြူလမ်းမှာ ရှိနေတဲ့ လင်းဖန်ဟာ.ဖုန်းထဲကနေထွက်လာတဲ့..နတ်ဆိုးဆန်ပြီး အေးစက်တဲ့ အသံကြောင့်..အလျင်အမြန်ပဲ နား နဲ့ ပြန်ခွာလိုက်တယ်..။

ဘယ်သူလဲဟ...

အသံကတော့ အတော်ထူးခြားပါတယ်..။

အသံက ယောကျ်ားသံ ဆိုပေမယ့်..မိန်းမလို လုပ်ပြောနေသလိုပါပဲ..။ဒီကောင်..သဘာဝကို ဆန့်ကျင်ချင်နေတာလား..။

"မင်း ဘယ်သူလဲ.."

လင်းဖန် မေးလိုက်တယ်..။ဒီငနဲက တစ်ခုခု မူမမှန်တာကို သူ ခံစားနေရပါတယ်..။

"မာစတာလငိး..ကျွန်တော် ဘယ်သူလဲ ဆိုတာက အရေးမကြီးပါဘူး..။ချန်းယူအန်းက သီချင်းခိုးတဲ့လူ မဟုတ်ပါဘူး ဆ်ိုတဲ့ သက်သေ ကျွန်တော့်မှာ ရှိတယ်..။ဒါနဲ့ ဆိုရင်..ယန်ဂျင်ကို နင်းခြေဖို့ဆိုတာက..ကိတ်မုန့်တစ်လုံးစားရသလိုကို လွယ်ကူသွားမှာ..။ဒါပေါ့..ကျွန်တော် ဒီသက်သေကို ပေးမယ် ဆိုရင် မာစတာလင်းက..ကျွန်တော့်ကို..အဖိုးအခ လေးတော့ နည်းနည်းပါးပါး ပြန်ပေးရမှာပေါ့.."

ရန်ဂျီ ညှင်သာတဲ့ အသံလေးကို သုံးပြီးပြောလိုက်တယ်..။ဒါက သူ ရှက်ရွံ့နေလိူ့မဟုတ်ပဲ..သူ့မှာသက်သေ တကယ်ရှ်ိတယ် ဆိုတာကို..မာစတာလင်း ခံစားရစေဖို့ အတွက်ပါ..။

"အိုး.."

လင်းဖန် အံ့ဩသင့်သွားခဲ့တယ်..။

"မင်းက အဖိုးအခ ဘယ်လောက်လိုချင်တာလဲ.."

ဒီလိုဆ်ိုမှတော့..လင်းဖန် ယန်ဂျင် ရဲ့ သက်သေကို ရဖို့..ပိုက်ဆံနည်းနည်းပါးပါး သုံးရတာကို.တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး..။

"မာစတာလင်း အတွက်ဆ်ိုရင် အရမ်းနည်းမှာပါ..။ဒါက..အရမ်းကို နည်းတဲ့ အဖိုးအခလေးပါ.."

ယန်ဂျီ ပြောလိုက်တာပါ..။

လင်းဖန် သေချာအောင် မေးလိုက်တယ်..။

"အဲတော့ အဖိုအခ နည်းနည်းလေးရဲ့ အတိအကျက ဘယ်လောက်လဲလို့..."

တစ်ခြားတစ်ဖက်မှာတော့..ရန်ဂျီဟာ မပြောခင် ခြောက်ကပ်နေတဲ့ နှုတ်ခမ်းကို..သပ်လိုက်တယ်..။

"ကျွန်တော်က ဒေါ်လာ ၁၀ သန်းပဲလိုတာပါ..။ဒီလောက်ဆိုရင် မာစတာလင်း...."

သူမပြောခင်မှာပဲ..လင်းဖန် ကြားဖြတ်ပြောလိုက်တယ်..။

"မင်း အိပ်မက်မက်နေတာလား..."

* တီ *

ဒါကို ပြောပြီး သူ ဖုန်းတန်းချလိုက်ပါတယ်..။

လင်းဖန် မ​ပျော်မရွှင်နဲ့ ရေရွတ်လိုက်တယ်..။

"မအိမ်လုံးလေး..။ဒါက ဒေါ်လာ တစ်ထောင် ဆိုရင်တောင် ငါက စဥ်းစားပေးလို့ရသေးတယ်..။ဒေါ်လာ ၁၀ သန်းဟုတ်လား..။ယန်ဂျင်ရဲ့ ခန္တာကိုယ်က စိန်တွေ စီခြယ် ထားတယ်များ ထင်နေတာလား.."

All Chapters