ကံကြမ္မာကန္တာရအတွင်း ပြောင်းလဲမှုများ၊ ဗြောင်းဆန် မှုများ
Vol. 009 Ch. 850
သူတို့သဲပေါ်ကိုဖြန့်ကျက်လိုက်ကြသည်။
ထောင်ပေါင်းများစွာသော ရွှေကင်းမီးကောက်များသည် အဝါရောင်သဲ ပေါ်သို့တစ်ပြိုင်နက်ထွက်လာကြပြီး အိုအေစစ်တစ်ခုလုံးကို သိမ်းပိုက်လိုက် သည်။
“သေစမ်း များလိုက်တာ ဒီသခင်လေးရဲ့ မိုးကြိုးကျည်ကိုယူလိုက်” ဖက်တီးကျူသည် ကောင်းကင်တွင်အပြည့်ဖြစ်နေသော ရွှေကင်းမီးကောက် များကိုကြည့်ပြီး မိုးကြိုးကျည်ထုတ်ကာ ဝိဉာဉ်စွမ်းအင်ထည့်ပြီး ပစ်လိုက် သည်။
“ဘုန်း”
မိုးကြိုးကျည်ပေါက်ကွဲမှုသည် ရွှေကင်းမီးကောက်များကို တစ်စစီဖြစ် သွားစေသည်။
“ကောင်းလိုက်တဲ့အား” ထန်ယန်းသည် ပျက်စီးနေသော အကောင်သေ များကို ကြောင်စီစွာကြည့်ရင်း အော်လေသည် “ပျော်စရာကောင်းမယ့်ပုံပဲ ငါ လည်းတစ်ခုစမ်းကြည့်မယ်”
သူသည်လည်း မိုးကြိုးကျည်ထုတ်ကာ ဖက်တီးကျူကဲ့သို့ပင် ဝိဉာဉ် စွမ်းအင်ထည့်ပြီး ပစ်လိုက်သည်။
“ဘုန်း”
ရွှေကင်းမီးကောက်များ လေပေါ်တွင်ဝိုင်းလာသည်နှင့် နောက်မိုးကြိုး ကျည်တစ်လုံးနှင့် ပစ်မှန်လေသည်။ အလယ်တွင်ရှိနေသော အကောင်များ သည် အစိပ်စိပ်အမွှာမွှာဖြစ်ရာ အမြီးပင်မကျန်ခဲ့ပေ။
အလယ်ပိုင်းရှိအကောင်များ သေသွားသော်လည်း ဘေးဘက်ရှိ အကောင်များကျန်နေသေးသည်။ လုံးဝသေသွားသည်များလည်းရှိသည်။
“နှမြောဖို့ကောင်းလိုက်တာ” ဖက်တီးကျူသည် ရလဒ်ကို ဝမ်းနည်းစွာ ပြောလေသည်။ အမြီးလေးတော့ ကျန်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
“နှမြောဖို့အချိန်ရှိသေးတယ်လား မြန်မြန် အကိုက်ခံရမှ မငိုနဲ့” ဝူရန်ဖေ သည် ဖက်တီးကျူဘေးရပ်ကာ သူ့အားကြည့်လိုက်သည်။
“ငါသိပါတယ်” ဖက်တီးကျူ ပြန်ဖြေလေသည် “ဘယ်သူပိုသတ်နိုင်မလဲ ကြည့်ကြမလား ဘေဂုံ နင်ရော”
“အိုခေ အလိုတော်အတိုင်းပဲ နင်ရှုံးရင်တော့ မငိုနဲ့” ဘေဂုံထန်သည် ဖြေးညှင်းစွာ ရယ်လိုက်သည်။
“ဘယ်သူနိုင်မလဲ ရှုံးမလဲဆိုတာ မသိသေးဘူးလေ” ဖက်တီးကျူ ပျံသွား သည်။
“ဖက်တီး နင်ညစ်တယ်” ဘေဂုံထန်သည် ရယ်မောကာ ငေါက်လေ သည်။ သူမနှင့် ဝူရန်ဖေတို့ ပျံလိုက်ကြသည်။
ရှီမာယူယူသည် သူတို့ပျံသွားသည်ကို ကြည့်နေခဲ့သည်။ သူမသည် ဟော်ဖန်ကို ပြောလိုက်သည် “ကျွန်တော်နဲ့ ပြိုင်ချင်တယ်လို့ပြောတယ်မလား တိုက်ရိုက် တိုက်ခိုက်ဖို့မလိုဘူး ဒီအတိုင်းပဲ အမြီးပိုရတဲ့သူက အနိုင်ပဲ ဘယ်လိုလဲ”
“ကောင်းပြီ” ဟော်ဖန် ခေါင်းညိမ့်လေသည် “ငါမင်းထက်ပိုရမယ်ဆိုရင် မင်းငါနဲ့တိုက်ရမယ်”
“အိုခေ” ရှီမာယူယူ ပြောလိုက်သည်။ သူမ တိုက်ခိုက်ရန် ဝိဉာဉ် စွမ်းအားစုလိုက်သည်နှင့်အံ့ဖွယ်သူတော်စင် အဆင့်နိမ့်စွမ်းအားထွက်လာ သည်။
“အံ့ဖွယ်သူတော်စင်ပဲ” မိုဘင်းသည် ရှီမာယူယူ၏ အားကို အံ့သြသွား သည်။
အံ့ဖွယ်သူတော်စင်ကလည်း ငယ်လိုက်တာ။
“ငါလည်းလာပြီ” ဟော်ဖန်သည် အံ့သြနေရာမှ သတိပြန်ဝင်လာကာ နောက်မှလိုက်လေသည်။
“မင်းတို့တိုက်မှတော့ ငါလည်းလာပြီ” ထန်ယန်းသည်လည်း ပျံတက် သွားသည်။
မိုးကြိုးကျည်များသည် တစ်လုံးပြီးတစ်လုံးထွက်လာရာ ထိုရွှေကင်းမီး ကောက်များသည် သူတို့အရှေ့တွင် မတိုက်နိုင်ကြပေ။
များစွာသောရွှေကင်းမီးကောက်များသည် သဲထဲမှ အဆက်မပြတ် ပျံထွက်လာသော်လည်း တစ်ဝက်လောက်သည် မိုးကြိုးကျည်နှင့် တွေ့လေ သည်။ နာရီအနည်းငယ်ကြာပြီးနောက်တွင် အားလုံးနီးပါး ရှင်းပြီးဖြစ်လေ သည်။ အခြေအနေမဟန်သည်ကိုမြင်ပြီး ကျန်အကောင်များသည် သဲတွင် ပုန်းရန် ထွက်ပြေးကြလေသည်။
ဟော်ဖန်သည် ပျံသွားလေသည်။ “ငါ့မှာ အကောင် ၂၈၀၀ရှိတယ် မင်း ရော”
“ခင်ဗျားထက် ၂၀၀ပိုတယ် အားလုံးပေါင်း ၃ထောင်” ရှီမာယူယူ ပြုံး လိုက်သည်။
“ငါ့ထက် ၂၀၀ ပိုတယ်” ဟော်ဖန်သည် သူမနှင့် မတိုက်ခိုက်ရတော့ သည့်အတွက် စိတ်ပျက်သွားလေသည်။
“စာမေးပွဲအတွင်းတော့ တစ်ယောက်နဲ့တစ်ယောက် တွေ့ရင်တွေ့မှာ ပေါ့” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် သူတို့်အခြေအနေကို သွား စစ်ကြည့်လိုက်ဦးမယ်”
သူမသည် ဟော်ဖန်ကို လေထဲတွင် တစ်ယောက်တည်းထားကာ ပျံ သွားလေသည်။
“တိုက်ပွဲရူး မင်း သူ့ကိုရှုံးသွားပြီ ဒါပေမဲ့ သူ့ကိုရှုံးတာက ရှက်စရာမဟုတ် ပါဘူး” ထန်ယန်သည် ပျံသွားပြီး သူ့ပုခုံးကိုပုတ်လိုက်သည်။ “သူက အားကောင်းတဲ့ အံ့ဖွယ်သူတော်စင်ဖြစ်လိမ့်မယ်လို့ မထင်မိဘူး”
“ငါသိတယ် သူ့ထက် အခု၂၀၀ နည်းသွားတယ်” ဟော်ဖန် သက်ပြင်းချ လေသည်။ သူ၏ တိုက်ခိုက်နိုင်မှုစွမ်းရည်သည် လူသစ်လောက်မကောင်းပေ။
“အဲဒါတင်မဟုတ်ဘူး မင်းကမှ ဝိဉာဉ်စွမ်းရည်အားပြန်ပြည့်ဆေး စား လိုက်သေးတယ် သူက အစကနေအဆုံးထိ ဘာဆေးမှမစားဘူး” မိုဘင်း သည် ထန်ယန်းပြောချင်သည့်စကားကို ပြောလိုက်သည်။
“သူ…” ဟော်ဖန်သည် ပါးစပ်အဟောင်းသားဖြစ်ကာ တခြားသူများနှင့် စကားပြောနေသော ရှီမာယူယူကို ကြည့်ပြီး ပါးစပ်ပင်မပိတ်နိုင်ပေ။
ဖက်တီးနှင့်အဖွဲ့သည် ရလဒ်များကိုရေတွက်နေကြသည်။ သူသည် စိတ်ဓာတ်အမြင့်ဆုံးနှင့် စတင်ခဲ့သော်လည်း နောက်ဆုံးရလဒ်မှာ သူ နောက်ဆုံးရလေသည်။
သူ စိတ်ဓာတ်ကျနေစဉ်အတွင်းတွင် ရှီမာယူယူလာနေသည်ကို သတိ ထားမိသောအခါ လက်ရမ်းပြလေသည်။ “ယူယူ မင်း ရွှေကင်းမီးကောက် ဘယ်နကောက်သတ်လိုက်လဲ”
“သုံးထောင်” ရှီမာယူယူ ပြန်ဖြေလေသည် “မင်းတို့ သုံးယောက်ရော ဘယ်သူနိုင်သွားလဲ”
“ပြောစရာကိုမလိုဘူး ဝူရန်ဖေပေါ့၊ မင်းအပြင်ကို သူက တိုက်ခိုက်မှု စွမ်းရည်အသန်မာဆုံးပဲကို” ဖက်တီးကျူသည် စိတ်မပါစွာပြောလေသည် “ဒါပေမဲ့ ငါက သူ့ထက် ၂၀၀ ပဲနည်းတာပါ”
“ဘေဂုံကရော”
“ငါက ၂၃၀၀ရတယ် သူတို့နှစ်ယောက်ကြားထဲပဲ” ဘေဂုံထန် ပြုံးလိုက် သည် “နင်ကအတော်ဆုံးပါပဲ တစ်ယောက်တည်းကို ၃ထောင်သတ်လိုက်နိုင် တယ်”
“ဒီတစ်ခေါက်ကို ရွှေကင်းမီးကောက်တွေများတော့ အားလုံးတော်တော် ရလိုက်တာပဲ၊ မင်းတို့ဒါတွေယူသွားရင်တော့ အဆင့်၁ထောင်အတွင်းဝင်မှာပဲ” ရှီမာယူယူ မှတ်ချက်ပေးလေသည်။
“ရွှေကင်းမီးကောက်တွေ ဘာလို့ဒီလောက်များနေတာလဲ” ဘေဂုံထန် မေးလေသည်။
“ကံကြမ္မာကန္တာရမှာ အပြောင်းအလဲဖြစ်လို့လို့ ငါထင်တာပဲ” နေရာကို ရှင်းလင်းနေသော ရှီမာယူရန်ရောက်လာကာ ဘေဂုံထန်၏ မေးခွန်းကို ဖြေ လိုက်သည်။
“ဒီမှာလား”
“ဒီမှာက တခြားနေရာတွေထက် ရွှေကင်းမီးကောက်တွေ ပိုများနေ တယ် သူတို့အားကလည်းကြီးတယ် ခန္ဓာကိုယ်တွေကလည်း ပေါ့ပါးတယ်” ရှီမာယူရန် ပြန်ဖြေလေသည် “ပြီးတော့ ရွှေလေးသွားချင်တဲ့နေရာက သာမာန် နေရာတော့မဟုတ်နိုင်ဘူး၊ အဲဒါကြောင့် ဒီနေရာက ကံကြမ္မာကန္တာရမှာ အပြောင်းအလဲဖြစ်မယ့် နေရာဖြစ်နိုင်တယ်”
ဖက်တီးကျူ စိတ်ဝင်စားသွားသည်။ “ငါတို့ အောက်ဆင်းပြီး ကြည့်ကြ မလား”
“အောက်ဆင်းပြီး ဘာလုပ်မှာလဲ” ရှီမာယူလင်း ပြောလိုက်သည် “ငါတို့ အခြေအနေမှမသိနိုင်တာ ရွှေလေးလို အားကောင်းတယ်လို့ မင်းကိုယ်မင်း ထင်နေလား”
ဖက်တီးကျူသည် နှာခေါင်းကိုပွတ်ကာ မငြင်းနိုင်ပေ။
“ယူလင်း ပြောတာမှန်တယ်၊ အောက်ကအခြေအနေကို ငါတို့မသိနိုင် ဘူး၊ ရွှေလေးအပေါ်တက်လာတာကို အရင်စောင့်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဂိုဏ်းကဆရာတွေလာရင် ဒီကအခြေအနေကိုပြောပြပြီး သူတို့ထပ်ပြီး စစ်ဆေးချင်လားဆိုတာ ဆုံးဖြတ်ခိုင်းရမယ်”
“ဒီမှာရွှေကင်းမီးကောက်တွေ ဒီလောက်များတာ တခြားနေရာကို သွား ဖို့မလိုတော့ဘူး၊ အိုအေစစ်ကိုသွားပြီး ရွှေလေးကိုစောင့်ကြတာပေါ့”
“အင်း စောင့်ကြမယ်လေ၊ ရွှေလေး ၂ရက်နေလို့မှ တက်မလာရင် ငါ အောက်ဆင်းကြည့်မယ်” ရှီမာယူယူ ပြောလိုက်သည် “အိုအေစစ်ကို အရင် သွားကြတာပေါ့”
သူမ စကားဆုံးသည်နှင့် အဝါရောင်သဲများကြားမှ ရွှေရောင်အလင်း တန်းထွက်လာကာ သူတို့မလှုပ်နိုင်အောင် ဝိုင်းထားလိုက်သည်။
“ဘာတွေဖြစ်နေတာလဲ” ဖက်တီးကျူ အော်လိုက်သည်။
မည်သူမှ စကားပြောချိန်မရလိုက်ပေ။ အောက်မှအဝါရောင်သဲများ လှုပ်ရှားလာပြီး ကြီးမားသောဝဲဖြစ်ကာ သူတို့အားလုံးကို ဆွဲချသွားလေသည်။
တစ်ချိန်တည်းမှာပင် ကန္တာရ၏ တခြားအပိုင်းတွင် ရောင်ခြည်ကို လူတိုင်း မြင်လိုက်ရသည်။
ယူယူတို့အဖွဲ့နှင့် ဝမ်စီမြောင်တို့တွေ့သည့် အိုအေစစ်တွင် ဆရာနှစ် ယောက်ရောက်လာကာ အခြေအနေကို သဘောပေါက်သွားကြလေသည်။ ရွှေရောင် ရောင်ခြည်ကိုတွေ့ပြီးနောက် သူတို့သည် အချင်းချင်းကြည့်လိုက် ကြကာ “သွားကြည့်ရအောင်”
သူတို့သည် လေဟာပြင်ဝင်ပေါက်ဖွင့်ကာ အားလုံးကို ခေါ်သွားလေ သည်။
တခြားဆရာများလည်း ထိုနည်းတူစွာပင်။ သူတို့သည် သူတို့ ရှာတွေ့ သော ကျောင်းသားများကိုခေါ်ကာ လေဟာပြင်ဝင်ပေါက်ဖွင့်ပြီး အမြန်ပြေး သွားကြလေသည်။
ကံကြမ္မာကန္တာရအပြင်ဘက် ကီလိုမီတာသိန်းချီအတွင်းတွင် အင်အား ကြီးများသည် ကန္တာရမှ ရှေးဟောင်းရောင်ဝါကိုခံစားမိကြလေသည်။ အင်အားကြီးအများစုသည် အပြေးလာကြသည်။ ရွှေရောင် ရောင်ခြည်ကို တွေ့သောအခါ ရှင်းပြရန်အချိန်မရှိတော့ပဲ အတားအဆီးကိုဖျက်လိုက်လေ သည်။
***