← Chapters

မင်းအခု နောင်တရနေပြီလား

Vol. 50 Ch. 739

မင်းအခု နောင်တရနေပြီလား

Vol. 50 Ch. 739

#ဘာသာပြန် = စနိုးဝှိုက်

"ဘာဖြစ်လို့လဲ.."

ဝူယူလန် သိချင်တဲ့ လေသံနဲ့ မေးလိုက်တယ်..။

လင်းဖန် ပြန်ပြောလိုက်တယ်..။

"ဒီမှာ သက်သေတစ်ခုကို..ဒေါ်လာ ၁၀ သန်းနဲ့ ဝယ်ခိုင်းတဲ့..အရူးတစ်ယောက်က ဖုန်းခေါ်လာလို့လေ..။ငါ့ဦးနှောက်သာ..ကောင်းနေသေးရင်..ဒိီလိုဟာကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး.."

လူလိမ်ထျန် လျောက်လာခဲ့ပြီး.

"ဝိုး..အဲလိုလဲ.ရှိတာလား.."

လင်းဖန် အကူညီမဲ့သွားခဲ့ပြီး..

"ဒါက အဓိပ္ပါယ် မရှိတာ မဟုတ်ဘူးလား...။တကယ်လို့ သူက..ဒေါ်လာ ၁ ထောင်လောက်..ကမ်းလှမ်းမယ် ဆိုရင်တောင်..ကျုပ်စဥ်းစားပေးလိုရသေးတယ်..."

ဒါကို တွေးကြည့်မယ် ဆိုရင် ဒီငနဲက..ပြိုင်ပွဲ ရဲ့ ချန်ပီယံ ရန်ဂျီ ပဲ ဖြစ်ရမှာပါ..။သူကလွဲလို့ဘယ်သူ့ဆီမှာ သက်သေရှိနိုင်မှာလဲ..။

ဒါပေမဲ့..ဒီငနဲက ..သူ့ကို ဘာလိူ့ လာရှာတာလဲ..။

သူက..ယန်ဂျင်ကိုပဲ သွားရှာသင့်တာပါ..။ယန်ဂျင်က ချမ်းသာတဲ့ လူတစ်ယောက် ပါပဲ..။သက်သေအတွက်..သူ ပိုက်ဆံတွေ အများကြီး အသုံးပြုဖို့ လိုလား နိုင်ပါတယ်..။သိူ့ပေမယ့်..အခြေအနေ ကြည့်ရသလောကိတော့..ညှိနှိုင်းမူက အဆင်မပြေကြတဲ့ ပုံပါပဲ..။

လင်းဖန် အတွက်တော့..ဒီသက်သေက..ဘာမှတော့ သိပ်မထူးခြားပေ..။သူ့မှာ သက်သေ ရှိရှိ မရှိရှိ.ယန်ဂျင်ကို ဒေါသထွက်အောင် တော့ လုပ်နိုင်ပါသေးတယ်..။

ပြီးတဲ့ နောက်မှာ သူ အများကြီး မတွေးတော့ပဲ..ဝမ်မင်ယန်ကို ဖုန်းခေါ်လိုက်တယ်..။

"မင်ယန်..ကျုပ်ခင်ဗျား အတွက် ထူးချွန်တဲ့ လူငယ်လေးတစ်ယောက်ကို..ရွေးပေးထားတယ်..."

"ယောက်ျားလေးလား..မိန်းကလေးလား..."

"ယောက်ျားလေး..ချန်းယူအန်း..။သူက အတော်စွမ်းဆောင်နိုင်စွမ်း ရှိတယ်..အနာဂတ်မှာ ကျိန်းသေ ပေါ်ပြူလာ ဖြစ်လာမှာပဲ.."

"အာ...ယောက်ျားလေးလား.."

"ယောက်ျားလေးက ဘာဖြစ်လို့လဲ.."

"နိုး..ဘာမှ မဟုတ်ပါဘူး..။ငါ မင်းကို ယုံတယ်..။မင်း ဘယ်သူ့ကို ရွေးရွေးငါလက်ခံမှာပဲ..။အိုး..ဟုတ်သားပဲ..မင်းက အတော်လေး..အံ့ဩဖို့ကောင်းတယ်..။မင်းကြောင့်..အသန်မာဆုံး ကောင်းကင်သံစဥ်ပြိုင်ပွဲက..အတော်အောင်မြင်နေပြီ..."

လင်းဖန် ရယ်မောလိုက်ပြီး..

"ဒါက အဆင်ပြေပါတယ်..။အကုန်လုံး ကျုပ်ကြောင့်ပဲလည်း မဟုတ်ပါဘူး.."

သူ ဒီလိူ ပြောလိုက်ပေမယ့်..မျက်လုံးပါတဲ့..လူတိုင်းက..အသန်မာဆုံး ကောင်းကင်သံစဥ်ပြိုင်ပွဲ အောင်မြင်နေတာ မာစတာလင်းကြောင့် ဆိုတာ ပြောနိုင်ပါတယ်..။

ညအချိန်..။

"ဒါက စတော့မယ်.."

"ဟုတ်တယ်..ငါ စောင့်နေတာ ကြာပြီ..။အရင် အပိုင်း နှစ်ခုက တကယ်ကို ကောင်းတာပဲ..။မာစတာလင်း တစ်ခြားလူတွေနဲ့ တိုက်ခိုက်နေတာကို ကြည့်ရတာ ငါတကယ် နှစ်သက်တယ်..."

"ငါ ခံစားနေရတာတော့..ချန်းယူအန်းတစ်ယောက် အတော် ပေါ်ပြူလာ ဖြစ်တော့မယ် ဆိုတာပဲ..။ပြီးတော့.သူ့ကို မာစတာလင်းက တွန်းတင်ပေးဦးမှာ.."

ပြိုင်ပွဲတွင်..။

ဟောင်ဂျင်ရှင်း လင်းဖန် ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး..

"ဆရာလင်း..ဒီနေ့ည အကောင်းဆုံး ကြိုးစားပေးပါဦး..။မင်းက အခုမှ..တပည့်တစ်ယောက်ပဲ..လက်ခံထားရသေးတယ်လေ..။တစ်ခြားလူတွေဆိုရင် အတော်ရနေကြပြီ.."

လင်းဖန် ပြုံးလိုက်တယ်..။

"ပြသနာ မရှိဘူး..။ကျွန်တော်က..ပထမ ရဖို့လာတာ မဟုတ်ဘူးလေ..။အရည်အချင်းရှိတဲ့လူင

ယ်လေးတွေကို ရွေးချယ်ပေးဖို့ပဲ..."

အဲ့အချိန်မှာပဲ..ကျိုးလီ နဲ့ လိီယငိဒေါင်တို့ ရောက်လာခဲ့တယ်..။သူတို့..လင်းဖန်ကို မြင်တဲ့ အချိန်မှာ ဘာမှ မတတ်နိုင်ပေမယ့်လည်း စိူက်ကြည့်လိုက်ကြပါတယ်..။

အဖြစ်အပျက်တွေက..သူတို့ မျှော်လင့်ထားတာထက်ကို ကျော်လွန်သွားခဲ့တာပါ..။အစ်မယန်ဂျင်တောင် ဒီထဲကိုဆွဲခေါ်ပြီး အစော်ကားခံလိုက်ရပါသေးတယ်..။

ဒါက..ဝိုက်ဘိုက..မှတ်ချက်တွေကို ကြည့်တာနဲ့တင် သိနိုင်ပါတယ်..။

ယန်ဂျင်က..ဂီတ လောကရဲ့..ပုံရိပ်ကြီးတစ်ခုဖြစ်ပေမယ့်..သူမလည်း ဒီလို စွပ်စွဲချက် တွေကို လက်မခံနိုင်ပါဘူး..။

အရင်တုန်းက..အစ်မယန်..ဟာ အကြိမ်များစွာ တိုက်ခိုက်ခံရပေမယ့်..သူမ အမြဲတမ်းလွတ်မြောက်မယ့် နည်းလမ်းကို စဥ်းစားနိုင်ခဲ့ပါတယ်..။သို့ပေမယ့် အခုတော့ ကွဲပြားသွားခဲ့ပါပြီ..။ဒီငနဲ ရှိနေသ၍တော့ အခြေအနေတွေက အမြဲတမ်း ပြောင်းလဲနေဦးမှာပါပဲ..။

လင်းဖန် သူတို့ကို နှုတ်ဆက်လိုက်တယ်..။

"ဆရာမ ကျိုး..ကျွန်တော့်ကိုတွေ့တာတောငိ ဘာလို့ နှုတ်မဆက်တာလဲ..။ဘာပဲဖြစ်ဖြစ် ကျုပ်တို့က..လုပ်ဖော်ကိုင်ဖက် တွေပဲလေ.."

ကျိူးလီ သူ့ကို စိူက်ကြည့်လိုက်ပြီး..

"ဟမ့်..နင်နဲ့ တူတူ အလုပ်လုပ်ရတာကိုက..အရှက်ရစရာပဲ..."

လင်းဖန် အကူညီမဲ့စွာ ပုခုံးတွန့်လိုက်တယ်..။ဟောင်ဂျင်ရှင်းလည်း ခေါင်းခါယမ်းလိုက်ပါတယ်..။သူ ပြိုင်ပွဲတွေ အများကြီးမှာ ပါခဲ့ဖူးပေမယ့်..ဒိုင်တွေ ရန်ဖြစ်တာကိုတော့ မတွေ့ခဲ့ဖူးပါဘူး..။သို့ပေမယ့်..ဒီလိုဖြစ်ရင်း အောင်မြင်သွားတာကလည်း သူ့အတွက် ပထမဆုံးပါပဲ..။

၈ နာရီ..။

ပြိုင်ပွဲ စတင်ခဲ့တယ်..။

အစီအစဥ်တင်ဆက်သူဟာ..စင်ပေါ်တက်ပြီး..အဖွင့်စကား အရင်ပြောလိုက်တယ်..။

"ပြိုင်ပွဲဝင်ကို..စင်ပေါ် ဖိတ်​ေခါ်လိုက်ရအောင်.."

လင်းဖန် ဒီရှိုးကို..စလာကတည်းက..တာဝန်နဲ့ဟလာခဲ့ရတာပါ..။ဒါက ဝမ်မင်ယန် အတွက် အရည်အချင်းရှိတဲ့ လူငယ်လေးတွေ ရှာပေးဖို့ပါပဲ..။

သူ ပြိုင်ပွဲစကတည်းက..အောင်မြင်နိုင်တဲ့လူအဖြစ် ချန်းယူအန်းကိုပဲ တွေ့ခဲ့ရပါတယ်..။တစ်ခြား ပြိင်ပွဲဝင်တွေ အတွက်ကတော့ သူတို့က သိပ်မဆိုးပေမယ့်..အဲ့အဆင့်ကိုတော့ မရောက်နိုင်ကြသေးပါဘူး..။

ပထမဆုံး ပြိုင်ပွဲဝင်ကတော့ အတော်ချစ်ဖို့ကောင်းတဲ့ ချစ်စရာကောင်မလေးပါ..။

ဒီ ချစ်စရာ မိန်းကလေး..စင်ပေါ်တက်လာတဲ့အချိန်မှာ သူမရဲ့ အကြည့်က လင်းဖန် ဆီရောက်နေခဲ့တယ်..။

"666..ဒါက သူမ မာစတာလင်းကို..စိတ်ဝင်စားနေတာပဲ..။မာစတာလင်း သူမကို လက်ခံမှာလား သိချင်မိတယ်.."

"ဒါပေါ့.. လက်ခံရလိမ့်မယ်..။တကယ်လို့ သူ လက်မခံဘူးဆိုရင် မိုးကြိုးပစ်ခံရမှာပဲ.."

"ချီးပဲ..မာစတာလင်းက.တကယ် အံ့ဩဖိုကောင်းတယ်..."

သီချင်းပြီးသွားခဲ့တယ်..။

ဒီချစ်စရာ..မိန်းကလေးဟာ..မာစတာလင်း မီးသီး အချက်မပြတာကို မြင်ပြီး စိတ်ပျက်သွားခဲ့တယ်..။

အဲဲဒီအစား ဒိုင်သုံးယောက်က မီးအချက်ပြခဲ့ပါတယ်..။

အစီစဥ် တင်ဆက်သူဟာ..စင်ပေါ်တက်လာပြီး အပြုံးလေးနဲ့ ​မေးလိုက်တယ်..။

"နာမည်ဘယ်လိူခေါ်တာလဲ..။မင်း စင်ပေါ်ကို တက်လာတော့..မိတ်မဆက်ခဲ့ဘူးလေ..။မင်း အရမ်း​ကြောက်နေခဲ့လိူ့လား.."

ချစ်စရာ မိန်းကလေးဟာ..ပြုံးလိုက်တယ်..။အိမ်ကနေတဆင့် ကွန်ပြူတာတွေကနေ ကြည့်နေတဲ့လူတွေဟာ..ဒီအပြုံးကို မြင်ပြီး အရည်ပျော်သွားခဲ့ကြပါတယ်..။

"မဟုတ်ဘူး..ညီမက..သီချင်းဆိုပြီးမှ မိတ်ဆက်ချင်လို့ပါ..။ဟဲလို အားလုံးပဲ ညီမနာမည်က ကျန်းချီ ပါ..။ညိီမ ရှန်ကျန်းကလာပြီး ဒီနှစ် ဆ်ို အသက် ၁၈ နှစ်ပြည့်ပါပြီ..။ညီမက ကျောင်းသူပါ.."

အစီစဥ်တင်ဆက်သူ..ပြောလိုက်တယ်..။

"ကောင်းပြီ..အခုဒိုင်သုံးယောက်က မီးအချက်ပြထားတယ် ဆိုတော့..ဘယ်သူ့ကို ရွေးချယ်မှာလဲ.."

ကျန်းချီ ပြောလိုက်တယ်..။

"ညီမ ဆရာလင်းကို မေးခွန်းမေးလို့ရမလား.."

အစီအစဥ်တင်ဆက်သူဟာ လင်းဖန် ကို ကြည့်ပြီး ခေါင်းညိမ့်လိုက်တယ်..။

"ဆက်သွားပါ..."

ကျန်းချီ အနည်းငယ် စိတ်ပျက်နေခဲ့တယ်..။

"ဆရာလင်း.ကို ညီမ တကယ်လေးစားတာပဲ..။မာစတာလင်း ဝူရွှန်းယွဲ့ အတွက်ရေးပေးတဲ့ သီချင်းတွေကလည်း အရမ်းကောင်းလွန်းလို့ တကယ်ကြိုက်ပါတယ်..။ညီမ အခု ဖျော်ဖြေသွားတာက ဘာလိုအပ်ချက်တွေ ရှိနေလိူ့ မီးအချက်မပြတာလဲ သိလိူ့ရမလား..."

အကုန်လုံးဆွံ့အသွားခဲ့တယ်..။

ဒီချစ်စရာ မိန်းမငယ်လေးက..အရမ်းပွင့်ပွင့်လင်းလင်း ပြောနေပေမယ့်..ဆရာလင်းကတော့ ကွဲပြားနေတုန်းပါပဲ..။

လင်းဖန် ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ့ အဖြေကြောင့် အကုန်ပွဲကျ သွားခဲ့ပါတယ်..။

"ဒါက ဘာပြောတာလဲ..။ငါ မီးအချက်ပြတဲ့ ခလုတ်ကို နိပ်လိုက်တယ်နော်.."

ယင်းနောက် သူထိုင်ခုံကနေပါ ထကြည့်လိုက်ပါတယ်။ပြီးတော့ အံ့ဩစွာ အော်ဟစ်လိုက်တယ်..

"ချီးပဲ..ငါ..နိပ်လိုက်တာကို ဘာလိူ့ မီးမလင်းလာတာလဲ.."

ကျန်းချီ..မာစတာလင်းရဲ့ ​ပြန်ပြောသံကို ကြားတဲ့ အချိန်မှာ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

"ဆရာလင်းက..ညီမအတွက်..မီးသီးကို အချက်ပြခဲ့တာလား..."

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..။

"ဒါပေါ့..မင်းဆိုသွားတာ အရမ်းကောင်းပြီး အသံကလည်း တကယ်ကောင်းတယ်လေ..။ဒါပေမဲ့ မီးက ဘာဖြစ်သွားတာလဲ..။ဒီကို တစ်ချက်လာကြည့်ပေးကြပါဦး.."

အစီစဥ်တင်ဆက်သူ ကြောင်အသွားခဲ့တယ်..။

"ဒါမဖြစ်နိုင်တာ..။ဝန်ထမ်တွေ အမြန်စစ်ဆေးလိုက်ကြပါဦး..."

တိုက်ရိုက်ထုတ်လွင့်မူမှာဒါမျိုး ဖြစ်ရတာက မကောင်းပါဘူး..။ပြိုင်ပွဲမှာ တစ်ခုခု ဖြစ်လာခဲ့ရင် ပုံရိပ်ကို ထိခိုက်နိုင်ပါတယ်..။

"ဟားဟား..ငါ သိသားပဲ..။သူမ ဒီလောက်ဆိုတာကောင်းတာ မာစတာလင်းက မီးအချက်မပြစရာအ ကြောင်းမရှိဘူးလေ.."

"အခု မာစတာလင်းမှာ ပြိုင်ပွဲဝင် နှစ်ယောက် ရှိနေပြီပေါ့..ပြီးတော့ နှစ်ယောက်လုံးက ငါအကြိုက်ဆုံးပဲ.."

ဝန်ထမ်းဟာ ပြောလိုက်တယ်..။

"အချက်ပြမီးက ဘာမှ မဖြစ်ပါဘူး..။အခု ကောင်းသွားပါပြီ..."

လင်းဖန် ခလုတ်ကို နိပ်လိုက်တယ်..။

"ကောင်းပြီ အခုတော့ မီးလင်းသွားပြီပေါ့..."

အစီစဥ်တင်ဆက်သူဟာ ပြောလိုက်တယ်..။

"ချစ်လှစွာသော..ပြိုင်ပွဲဝင်ရေ.. ဆရာလင်းရဲ့..အသင်းကို ရွေးချယ်တော့်မှာလား..."

ကျန်းချီ ပြန််​ဖြေရသေးခင်မှာပဲ..ကျိုးလီ ဖြတ်ပြောလိုက်တယ်..။

"ကျန်းချီ..ဆရာမတော့ မင်းရဲ့ အသံကို တကယ်ကြိုက်တယ်..။မင်း ဆရာမရဲ့ အသင်းကို ပူးပေါင်းမယ်လို့ မျှော်လင့်ပါတယ်..။ငါ မင်းကို စာချုပ်ချုပ်ပြီး အဆိုတော် တစ်ယောက်ဖြစ်တဲ့ အထိပျိုးထောင်ပေးမယ်..။ဒါ ဘယ်လိုနေလဲ.."

"ချီးပဲ..ဒီမိန်းမက မထင်မှတ်တာတွေ ထပြောလာတာပဲ.."

"အံ့ဩစရာပဲ..သူမက မာစတာလင်းဆီက လုယူဖို့ ကြိုးစားနေတာပဲ.."

လင်းဖန်လည်း ကျိူးလီ ဒီလောက်အထိ ကမ်းလှမ်းလိမ့်မယ်လိူ့မ ထင်ထားခဲ့ပါဘူး..။ယင်းနောက် သူ ကျန်းချီကို ကြည့်လိုက်တယ်..။သူ..ပြိုင်ပွဲဝင်ကိုပဲ ဆုံးဖြတ်ခိုင်းမှာပဲ..။

သိူ့ပေမယ့်သူ စိတ်ထဲမှာတော့ ကျိုးလီကို ကျိန်ဆဲနေခဲ့တယ်..။ဒီမိန်းမရဲ့ အကျင့်စရိုက်နဲ့.ဆိုရင် ယန်ဂျင် နဲ့ ဆက်ဆံရေးကောင်းနေတာက အံ့ဩစရာ မရှိတော့ပါဘူး..။

သူ ပြိုင်ပွဲဝင်ကို ထပ်ပြောပြီး ကမ်းလှမ်းလို့ ရပေမယ့်..ပြိုင်ပွဲဝင်ရဲ့ စိတ်ဓာတ်က ဘယ်လောက် သန်မာလဲ ကြည့်ချင်ပါသေးတယ်..။

အစောက..သူမ စိတ်ထဲမှာ လင်းဖန်ရဲ့အသင်းကို ပူးပေါင်းဖို့ ဆုံးဖြတ်ထားပေမယ့်..အကျိုးအမြတ်ကြောင့် ပြောင်းလဲလိုက်မယ် ဆိုရင်တော့..သူမကို မရရင်လည်း အဆငိပြေပါတယ်..။

ကျန်းချီကတော့..သူက ကို ဆရာမ ကျိုးလီ ဒီလို ကမ်းလှမ်းလာမယ်လို့ မထင်ထားခဲ့ပေ..။သူမ မျက်နှာမှာ စိတ်လှုပ်ရှားမူတွေ ပေါ်လာခဲ့ပေမယ့်..အမြန်ပဲ ဖုံးကွယ်လိုက်နိုင်ပါတယ်..။

"ဆရာ ချီ..ညီမရွေးတာက...."

လူတိုင်းဟာ..အသက်ရူ ရပ်ပြီး အဖြေသံကို စောင့်နေခဲ့ကြတယ်..။

"ကျိုးလီ..ဆရာမ ကျိုးပါ.."

ဟင်....

ဒီ ချစ်စရာ မိန်းကလေးက အပြောင်းအလဲ ဒီလောက်မြန်လိမ့်မယ်လိူ့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး..။

တစ်ချို့လူတွေဆို မပျော်မရွှင်ဖြစ်သွားခဲ့ကြတယ်..။သူတို့ ဒီမိန်းမငယ်လေးက..အကျိုးအမြတ်ကို အရမ်းကြည့်လွန်းတယ်လို့ ခံစားလိုက်ရလို့ပါ..။

ကျိူးလီ ပြုံးပြီး လင်းဖန်ကို လှမ်းကြည့်လိုက်တယ်..။သူမရဲ့ မျက်လုံးတွေကတော့ လှောင်ပြောင်နေတာ ထင်ရှားပါတယ်..။

ကျန်းချီ လင်းဖနါကို ကြည့်လိုက်တယ်..။

"တောင်းပန်ပါတယ် ဆရာလင်း..."

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ပြသနာ မရှိဘူး..။သူမနဲ့ ကျုပ်က..ရေစက်မပါဘူးလို့ပဲ ပြောရမှာပဲ..။ပြီးတော့ အနောက်ဘက် ဟန် အုပ်စုနဲ့ရောပဲ..."

အစကတော့ ပြိင်ပွဲဝင်တွေဟာ စိတ်အဆင်မပြေဖြစ်နေကြပေမယ့်..ဒါကိုကြားတဲ့ အချိန်မှာ ပဟေဠိဖြစ်သွားခဲ့ကြတယ်..။မာစတာလင်းက ဘာကို ဆိုလိုတာလဲ..။

ကျန်းချီ နဲ့ လူတိုင်းရဲ့ ပဟေဠိဖြစ်နေတဲ့ မျက်လုံးတွေကို မြင်ပြီး လင်ဖန် ပြောလိုက်ပါတယ်..။ဇ

"ကျုပ် ဒီကို ဒိုင်အဖြစ်လာတာက.ဒီက ပြိုင်ပွဲဝင်တွေကို..မီးအချက်ပြဖို့တင်မဟုတ်ပဲ..အနောက်ဘက် ဟန် အုပ်စု အတွက်ပါ အလားအလာရှိတဲ့ အဆိုတော်လေးတွေကို ရွေးချယ်ပေးဖို့လေ..။ပြိီးတော့ သူတို့ကို လေ့ကျင့်ပေးပြီး ကျုပ်ရေးတဲ့ သီချင်းတွေနဲ့ စျေးကွက်ကို ထိုးဖောက်ခိုင်းမှာ..။အစက တော့..ချန်းယူအန်းပဲ ရှ်ိသေးတယ်လေ..ဒါပေမဲ့..မင်းကို ဆရာမ ကျိုး ဆီလက်လွှတ်လိုက်ရတာကတော့ အရှက်ရစရာပဲ..။ဒါက မတတ်နိုင်ဘူး..ရေစက်မပါလို့ပဲ ဖြစ်မှာပါ.."

လင်းဖန် အကူညီမဲ့တဲ့ အမူအရာ ဖြစ်အောင် ပြုလုပ်လိုက်တယ်..။သိူ့ပေမယ့် စိတ်ထဲမှာတော့ သူ ကျိတ်ရယ်နေခဲ့တာပါ..။

ဒါက ဆုံးရှုံးမူကြီးပဲလေ..ဟုတ်တယ်မလား..

ကလေးမလေး မင်းအခုတော့နောင်တ ရနေပြီမလား...

အမှန်တကယ်ပဲ..ကျန်းချီ ဒါကို ကြားတဲ့ အချိန်မှာ နောင်တရတဲ့ အမူအရာကို ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့တယ်..။

ကျိူးလီက..ပုံရိပ်ကြီးမားတယ် ဆိုပေမယ့်လည်း သူမ..က..အနောက်ဘက်ဟန် အုပ်စုက်ိုတော့ ယှဥ်လို့ ရမှာ မဟုတ်ပါဘူး..။ထပ်ပြောရရင် ..ကျန်းချီက..မာစတာလင်း ရေးတဲ့ သီချင်းတွေကိုတောင် ဆိုခွင့်ရနိုင်ခဲ့တာပါ.။ဒီ ဆုံးရှုံးမူကြီးက အရမ်း ရက်စက်ပါတယ်..။

မာစတာလင်း ရေးတဲ့..သီချင်းတိုင်းက အောင်မြင်တယ် ဆိုတာကို လူတိုင်းသိထားကြပြီးသားပါ..။

ဝူရွှန်းယွဲ့က ဒီအတွက် ဥပမာ ကောင်းတစ်ခုပါပဲ..။

All Chapters