← Chapters

အခန်း (၇၄၀)

Vol. 50 Ch. 740

အခန်း (၇၄၀)

Vol. 50 Ch. 740

#ဘာသာပြန် = စနိုးဝှိုက်

"ဒီပြိုင်ပွဲဝင်က စိတ်ပျက်နေတယ် လို့ ငါ ဘာလို့ ခံစားနေရတာလဲ.."

"ဒါက သိသာ မနေဘူးလား..။သူမက ငါတို့ ရဲ့..ချစ်စရာ မာစတာလင်းကို လှည့်စားခဲ့တာလေ..။ဒါက သူမ ငါတို့ကို စော်ကားတာပဲ မဟုတ်ဘူးလား.."

"ဟားဟား..မာစတာလင်းရဲ့ ဒီအကွက်က တကယ်ကောင်းလွန်းတယ်..။သူက..ကြိုက်သလို ဆုံးဖြတ်ခွင့်ပြုထားပေမယ့် အခုတော့ နောင်တရနေပြီမလား.."

"ဒီ မိန်းကလေးက..သိပ်အဆင်မပြေပါဘူး..။သူမက ချစ်ဖို့ကောင်းပေမယ့် စိတ်အပြောင်းအလဲ မြန်လွန်းတယ်..."

ပရိတ်သတ်တွေ သုံးသပ်နေကြသလိုပဲ..ကျန်းချီ နောင်တရ နေခဲ့ပါတယ်..။သ်ို့ပေမယ့် နောင်တအတွက်တော့ ဘာဆေးမှ မရှိပါဘူး..။သူမ အကူညီမဲ့စွာပဲ..စင်ပေါ်ကနေ ပြန်ဆင်းသွားခဲ့ရပါတယ်..။

တစ်ချို့ ပြိုင်ပွဲဝင် တွေဟာ..ကျန်းချီကို ကြည့်ပြီး စိတ်မကောင်းတဲ့ အပြုံးတွေနဲ့ ပြုံးနေခဲ့ကြတယ်..။

ကျန်းချီ ဒီအပြုံးတွေကို မြင်တဲ့ အချိန်မှာ အကူညီမဲ့စွာပဲ..မျက်မှောင်ကျုတ်ပြီး စိတ်ထဲကနေ ရေရွတ်လိုက်တယ်..။

"ဒါက ဘယ်လိူ ကစားပွဲလဲ.."

ကျန်းချီထွက်ခွာသွားပြီးနောကိ..။

စင်ပေါ်တက်ဖို့အတွက် စုဝေးနေကြတဲ့ ပြိုင်ပွဲဝင်တစ်ချို့ဟာ သူတ်ို့ အချင်းချင်းတီးတိုးပြောနေခဲ့ကြပါတယ်..။

"ငါတို့ အလိမ်ခံရမယ်လို့ တကယ် မထင်ထားခဲ့ဘူး..။ဒီ မိန်းမငယ်လေးက..ချစ်စရာကောင်းပေမယ့် အတော်လေးကို တွက်ချက်တတ်တာပဲ..."

"သူမ ရောက်လာတဲ့ အချိန်တုန်းကတော့..ငါတို့ကို လိုက်နှုတ်ဆက်ပြီး ဆရာလင်းရဲ့ အဖွဲ့မှာ ပါချင်တယ်လို့တောင် ပြောနေသေးတယ်..။ကျိုးလီက..ကမ်းလှမ်းလိုက်တာ နဲ့ ချက်ချင်းပါသွားမယ်လို့ မထင်ထားခဲ့ဘူး.."

"သူမ အခုနောင်တရနေလောက်ပြီ..။မာစတာလင်းက အနောက်ဘက် ဟန် အုပ်စုကို ကိုယ်စားပြုနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..။ထပ်ပြောရရင်..သူမက မာစတာလင်းရဲ့ သီချင်းတွေကိုတောင် ဆိုခွင့်ရနိုင်တယ်လေ..။မာစတာလင်းရဲ့ သီချင်းကို ဆိုချင်နေတဲ့လူတွေမှ အများကြီးပဲ..။ဘယ်သူပဲ..သူ့သီချင်းကို ဆိုဆို ချက်ချင်း အောင်မြင်မယ်လို့ တောင် ဆိုရိုးစကားရှိသေးတယ်.."

"ငါ့ကို မာစတာလင်း ​ေရွးချယ်ဖို့ မျှော်လင့်တယ်..။ဒါဆို အဲ့ ကုမ္ပဏီ နဲ့လည်း စာချုပ်ခွင့်ရမယ်လေ.."

"ငါရောပဲ.."

သန့်စင်ခန်းတွင်..။

ကျန်းချီ မျက်ရည်တွေကို မထိန်းထားနိုင်ခဲ့ပေ..။သူမ အမှားကြီး မှားသွားပြီလိူ့ ခံစားနေရပါတယ်..။တကယ်လို့ သူမသာအစောကတည်းက သိထားရင် သူမ ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်မှာ မဟုတ်ပါဘူး..။

သိူ့ပေမယ့် မာစတာလင်းက ဒီလို လျို့ဝှက်ချက်ကြီးကို ဖုံးကွယ်ထားလိမ့်မယ်လိူ့ သူမ တကယ် မထင်ထားခဲ့ပေ..။တကယ်လိူ့ သူမသာ..စာချုပ်ချုပ်ခွင့်ရနိုင်တယ် ဆိုတာကို သိချင် ကျိုးလီ ဘယ်လောက် အကျိုးအမြတ်တွေနဲ့ ကမ်းလှမ်း ကမ်းလှမ်း သွားမှာ မဟုတ်ပါဘူး..။

…

စင်ပေါ်မှာတော့ နောက်ထပ် ပြိုင်ပွဲဝင်တစ်ယောက်ဟာ ဖျော်ဖြေဖို့ လုပ်နေခဲ့တယ်..။

ကျိုးလီ လင်းဖန်ကို ကြည့်လိုက်ပြီး..

"တောင်းပန်ပါတယ် ဆရာလင်း..။ကျွန်မက ဒီပြိင်ပွဲဝင်ကို တကယ်သဘောကျတော့..ယူဖို့ဆုံးဖြတ်လိုက်တာလေ.."

လင်းဖန် မတူညီစွာပဲ..လက်ဝေ့ယမ်းလိုက်တယ်..။

"ဒါက ပြသနာ မရှိပါဘူး..ဆရာမ ကျ်ိုး သဘောကျတယ် ဆ်ိုရင် ယူလို့ရပါတယ်..။ပြိုင်ပွဲဝင်က တကယ်တော်တယ် ဆိုပေမယ့် မဖြစ်မနေ ရရမယ်လို့လည်း မဆိုလိူဘူးလေ..."

ကျိုးလီ ပြုံးနေခဲ့တယ်..။သူမ ဒီငနဲကို အရှက် မခွဲနိုင်ခဲ့ပေမယ့်..သူမ ဒီငနဲ လိုချင်တဲ့ အရာကို..လုယူနိုင်ခဲ့ပါတယ်..။သူမ စိတ်ထဲမှာ အတော် သဘောကျနေခဲ့တယ်..။

အခုချိန်မှာ အင်တာနက်ပေါ်မှာ ပေါ်ပြူလာဖြစ်နေတာက ယန်ဂျင်တင်မကပဲ..သူမလည်း ပါဝင်ပါတယ်..။

သူမ ဝိုက်ဘိုမှာတောငိ..လူတွေက..လွန်ခဲ့တဲ့ ၂ နှစ်က အပေးအယူမှာ..ပါခဲ့တယ် ဆိုပြီး ဝိုင်းအပြစ်တင်နေကြပါတယ်..။

သူမ ဒေါသထွက်မိပေမယ့်လည်း..အစ်မယန်ရဲ့ စကားကြေင့် လျစ်လျူရူ ထားခဲ့လိုက်ပါတယ်..။သူမ ပိုပြီး ဂရုစိုက်လေလေ..ဒီလူတွေက ပိုဆိုးလာလေလေ ပါပဲ..။

တစ်ခါတစ်လေမှာ ကျိုးလီ လင်းဖန် ကို တကယ် သတ်ချင်စိတ်ဖြစ်မိပါတယ်..။သို့ပေမယ့် သူမ ဒါကို တွေးယုံသာ တတ်နိုင်ပြီး တကယ် လုပ်ကြံဖို့တော့ အစိီစဥ် မရှိပါဘူး..။

အစ်မယန်တောင် ဘာမှမလုပ်နိုင်တာကို သူမက ဘာလုပ်နိုင်မှာ မို့လို့လဲ..။

…

ဟောင်ဂျင်ယန် ညှင်သာစွာ ပြောလိုက်တယ်..။

"ဆရာလင်း...မင်း ပြိုင်ပွဲဝင်ကို ရွေးသင့်တယ်နော်..။မင်းရဲ့ အသင်းမှာက တစ်ယောက်ပဲ ရှိသေးတယ်လေ..နောက်ပိုင်းမှာ တစ်ယောက်တည်း ဆက်လုပ်လို့မှ မရတာ..။ခုကစပြီးရင် ရွေးချယ်ဖို့က သိပ်မကျန်တော့ဘူး..။ဒါကြောင့် အခွင့်အရေးကို ဆုပ်ကိုင်မှ ဖြစ်မယ်..."

လင်းဖန် ခေါင်းညိမ့်လိုက်ပြီး..

"အင်း..ကျွန်တော် သိပါတယ်..။ကျွန်တော်က သင့်တော်တဲ့လူကို မတွေ့သေးလို့ပါ..."

ဟောင်ဂျင်ရှင်း အကူညီမဲ့သွားခဲ့တယ်..။သူ့အတွက်တော့ တစ်ချို့ ပြိုင်ပွဲဝင်တွေက..တကယ်ကောင်းမွန်ကြပေမယ့်..လင်းဖန်ကတော့ သဘောမကျခဲ့ပါဘူး..။ဒါက တကယ် အကူညီမဲ့ချင်စရာပါ..။

သို့ပေမယ့် သူမသိတာက..လင်းဖန်က တကယ်ပေါ်ပြူလာဖြစ်နိုင်တဲ့လူကိုပဲ..ကြည့်နေတယ် ဆိုတာပါ..။သူ ဝမ်မင်ယန်ကို မျိုးဆက် အသစ်တွေ ပေးဖို့ လိုအပ်ပါတယ်..။

ဘာပဲဖြစ်ဖြစ် သူက ဝမ်မင်ယန် ရဲ့ ညီအစ်ကိုပါ..။ကယ်လို့ ..သူက ဝမ်မင်ယန်ကို ပြန်မကြည့်ရင် ဘယ်သူက ပြန်ကြည့်မှာလဲ..။

အစိီစဥ် တင်ဆက်သူ ချီဝေဟာ ပြောလိုက်တယ်..။

"နောက်ပြိုင်ပွဲဝင်ကို ဖိတ်ခေါ်လိုက်ရအောင်..."

ဒီအချိန် အတွင်းမှာ ပြိုင်ပွဲဝင်တွေ အများကြီး​ဖျော်ဖြေသွားကြပေမယ့်..လင်းဖန် တစ်ယောက်မှသဟောမတွေ့ခဲ့ပေ..။သူတိူ့က လင်းဖန် ရဲ့ သတ်မှတ်ချက်နဲ့ မပြည့်မှီခဲ့တာပါ..။

အဲ့အချိန်မှာပဲ..ချစ်စရာ မိန်းကလေး တစ်ယောက်ဟာ..စင်ပေါ်တက်လာခဲ့တယ်..။သူ့မရဲ့ မျက်နှာ ဝိုင်ဝိုင်းလေးက..ဆွဲဆောင်မူ ရှိနေခဲ့ပါတယ်..။

"ဟဲလို ဆရာတို့..။ကျွန်မ နာမည်က ချန်းယွန် ပါ..ယန်ဟိုင်ကနေ လာပြိင်တာပါ..။ဒီနှစ်ဆ်ိုရင် အသက် ၂၀ ရှိပါပြီ..။ညီမက ဒီနေ့ ဖျားနေတာဆိုတော့..လည်ချောင်းက.."

ပြိုင်ပွဲဝင်ဟာ ဆက်ပြောနေခဲ့တယ်..။

"ကောင်းပြီ ဒါက အဆိုပြိုင်ပွဲပဲ..။ဘာမှ..အကြောင်းပြချက်တွေ ပေးနေဖို့ မလိုဘူး..."

ကျိူးလိီ လက်ဝေ့ယမ်းပြီး မပျော်မရွှငိပြောလိုက်တာပါ..။

ချန်းယွန် ကြောင်အသွားခဲ့တယ်..။သူမ အတော်ကို ကြောက်လန့်နေခဲ့ပါတယ်..။သူ အနည်းငယ်တောင် ရှက်ရွံ့သွားခဲ့တယ်..။

လင်းဖန် ဒါက်ို မြင်ပြီး..​ဝင်ပြောလိုက်တယ်..။

"ဆရာမ ကျိုး..ဒီလိုလည်း မဟုတ်သေးဘူးလေ..။သူမက ဖျားနေတာ မလား..။ဘာလို့ ဒေါသကြီးနေတာလဲ..။ကဲ..မိန်းမလှလေးရေ..မင်း ဒီ အဖွားအို ကို ဂရုစိုက်မနေနဲ့တော့..။အကောင်းဆုံးသာ ဖျော်ဖြေနိုင်အောင် ကြိုးစား..."

"နင် ဘာပြောတာလဲ.."

ကျိုးလီ ဒေါသတကြီး ထရပ်လိုက်ပြီး..လင်းဖန်ကို စိုက်ကြည့်လိုက်တယ်..။ဒီငနဲက တိုက်ရိုက်ထုတ်လွင့်နေတုန်း သူမကို အဖွားအိုကြီးလိူ့ ခေါ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

"အိူး...မဟုတ်ဘူး..ကျွန်တော်တောင်းပန်ပါတယ်..။ကိုယ့်ပါးစပ်ကို ပြန်ရိုက်သင့်တယ်..။ဒါက တိုက်ရိုက်လွင့်နေတယ် ဆိုတာကို မေ့သွားတာပဲ.."

လင်းဖန် တောင်းပန်စွာ ပြောလိုက်တာပါ..။သို့ပေမယ့် သူ့မျက်နှာပေါ်က အပြုံးကတော့ တစ်ဖက်လူက ထပြီး ရိုက်နှက်ချင်စရာပါပဲ..။

ပရိတ်သတ်တွေဟာ ရယ်မောလိုက်ကြတယ်..။

"ချီးပဲ..မာစတာလင်းကတော့ ပြသနာ မရှာရရင်ကို မနေနိုင်ဘူး.."

"ဒီမိန်းကလေးက သူမဖျားနေတယ်လို့ ပြောတာလေ..။အဲတာကို..ကျိုးလီက ဘာအတွက် အဲလောကိ ဒေါသထွက်နေရတာလဲ.."

"သူမ ရဲ့ ဒေါသတွေက မာစတာလင်းကြောင့်လေ..။ပြိုင်ပွဲစတဲ့ နေ့ကတည်းက တစ်ရက်မှ အေးအေးဆေးဆေး မရှိဘူး..။သူမက နေ့တိုင်း ဆူခံနေရတာ..။သူမ စိတ်ဓာတ်ကျ မသွားတာကတင် အတော်..အံ့ဩဖို့ကောင်းနေပြီ..."

"ဒါက အဓိပ္ပါယ် ရှိတယ်.."

ကျိူးလီ ဒေါသထွက်စွာ ပြန်ထိုင်လိုက်တယ်..။သူမ ရဲ့ အမူအရာကတော့ ရုပ်ဆိုးနေခဲ့ပါတယ်..။လီယင်ဒေါင်ကတော့ တိတ်တဆိတ်သာ ထိုင်နေခဲ့တယ်..။သူက ပါးနပ်သွားခဲ့ပြီး ဖြစ်ပြီး လင်းဖန်ကို ထပ်ပြီး မဆန့်ကျင်တော့ပါဘူး..။

ယန်ဂျင်နဲ့ ကျိုးလီ တောင် တိုင်ပတ်နေကြတာ..ငါက ဘာလုပ်နိုင်မှာ မို့လို့လဲ...

သူ ပြိုင်ပွဲပြီးတဲ့ အထိ အေးအေးဆေးဆေး နေပြီး ဒီ စောက်ကျိုးနဲ နေရာကနေ ထွက်သွားဖို့သာ..စီစဥ်ထားခဲ့ပါတယ်..။

ချန်းယွန်ဟာ ကြောက်ရွံ့နေပေမယ့် အကောင်းဆုံး ပြင်ဆင်ထားခဲ့တယ်..။သူမ အကုန်လုံးကို မေ့ထားလိုက်ပြီး ခံစားချက် အပြည့်နဲ့ သီဆိုလိုက်ပါတယ်.။

သူမက ဖျားနာနေပေမယ့်..သူမ အသံက သိပ် မညက်ညောပေမဲ့. သူမရဲ့ အခြေခံက ကောင်းမွန်တယ် ဆိုတာကို ပြောနိုင်ပါတယ်..။

လင်းဖန် သဘောကျရတဲ့ အချက်က..သူမ အနာဂတ်မှာ အောင်မြင်လာနိုင်လို့ပါပဲ..။

သူမ အောင်မြင်လာနိုင်တယ် ဆိုရင် အခုဖျော်ဖြေတာ သိပ်မကောင်းရင်တောင် ဒါကလုံလောက်ပါတယ်..။

ချန်းယွန် သီချင်းက်ို ဖြည်းဖြည်းချင်း အဆုံးသတ်ပြီး ဒိုင်တွေကို ကြည့်လိုက်တဲ့ အချိန်မှာ စိတ်ပျက်သွားခဲ့တယ်..။

ဘယ်ဒိုင်ကမှ သူမကို မရွေးချယ်လိမ့်မယ့် သူမ မထင်ထားခဲ့ပါဘူး..။

ကျိုးလီကတော့ ချန်းယွန်ကို လက်ပိုက်ပြီး ကြည့်နေခဲ့တယ်..။သူ့ကြည့်ရတာတော့..မီးအချက်ပြမယ့် အစီအစဥ် မရှိပါဘူး..။

အဲ့အချိန်မှာတော့ ဟောင်ဂျင်ရှင်းဟာ ကျန်းတဲ့ ပြိုင်ပွဲဝင်တွေထဲကသာ ရွေးချယ်ချင်နေခဲ့ပါတယ်..။ဒါပေါ့..ဒီ မိန်းမငယ်လေး အခြေခံကောင်းတာကိုတော့ သူ ပြောနိုင်ပါတယ်.။

သီချင်းပြီးသွားတဲ့ အချိန်မှာ ချန်းယွန်..အရိုအသေပေးပြီး စင်ပေါ်က ထွက်သွားဖို့ ပြင်ဆင်လိုက်ပါတယ်..။

ရုတ်တရက် လင်းဖန် သူ့ရဲ့ အချက်ပြမီး ခလူတ်ကို နိပ်လိုက်တယ်..။

"စိတ်မကောင်းပါဘူး..ငါ မီးအချက်ပြဖို့ မေ့သွားတာ..။ငါ မင်းကို တကယ် မျှော်လင့်ထားတယ်..."

တီ...

အဲ့အချိန်မှာပဲ..ကျိုးလီ ရဲ့ မီးသီးဟာလည်း ရုတ်တရက် လင်းလာခဲ့တယ်..။

"ငါ မင်းရဲ့ အသံကို တကယ် သဘောကျတယ်..။မင်း သာ ပူးပေါင်းချင်တယ် ဆိုရင် ဂီတလောကမှာ ကြယ်ပွင့်ဖြစ်လာအောင် ငါလုပ်ပေးနိုင်တယ်..."

ဒါပေါ့..ကျိုးလီ လျောက်ပြောနေခဲ့တာပါ..။သူမက ဒီတိုင်း လင်းဖန် ရွေးချယ်တဲ့လူကို လုယူချင်ယုံ သက်သက်ပါပဲ..။

ချန်းယွန် ပါးစပ် ကို လက်နဲ့အုပ်ထားပြီး စင်ပေါ်မှာ ရပ်နေခဲ့တယ်..။သူမ မျှော်လင့်ချက်မဲ့နေတဲ့ အချိန်မှာရုတ်တရက် ဒိုင်နှစ်ယောက်ရဲ့ မီးသီးက လင်းလာမယ်လို့ မထင်ထားခဲ့ပါဘူး..။

သူမ စင်ပေါ်က မဆင်းခင်မှာ စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်..။

"ညီမ မာစတာလင်းရဲ့ အဖွဲ့က်ို ပူးပေါင်းပါ့မယ်.."

လင်းဖန် ဒါက်ို ကြားတဲ့ အချိန်မှာ သဘောကျစွာ ရယ်မောလိုက်တယ်..။ယင်းနောက် သူ ကျိုးလီကို ကြည့်လိုက်ပြီး..

"ဆရာမ ကျိုး..တစ်ခါတစ်လေမှာ..တစ်စုံတစ်ယောက်က ကိုယ့်ကိုကို အရမ်း ယုံကြည်မူ မလွန်ကဲ သင့်ဘူးနော်...."

"နင်...."

ကျိုးလိီ အကြည့်ကို လွှဲလိုက်ပြီး..ဘာမှ ထပ်မပြောတော့ပေ..။

နင် ဒိီတစ်ကြိမ်နိုင်တယ်..ဒါပေမဲ့ ဒိီလိုပြိုင်ပွဲဝင် မျိုးကဘယ်တော့မှ ဖိုင်နယ်ကို ရောက်နိုင်မှာ မဟုတ်ဘူး...

All Chapters