အခန်း (၇၄၁)
Vol. 50 Ch. 741
#ဘာသာပြန် = စနိုးဝှိုက်
နောက်တစ်ရက်..။
ရှန်ဟိုင်း TV.
"ကောင်းတယ်...ဒါက တကယ်ကောင်းတယ်.."
"ငါတို့..ကြည့်ရူနှုန်း ၄ ကို ကျော်လွန်ပြီး ရလိမ့်မယ်လိူ့ မထင်ထားခဲ့ဘူး.."
"ဟားဟား...အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲက ကြည့်ရူနှုန်း ၄ ကို ကျော်သွားပြီ.."
"ဒါက တတိယ အပိုင်းပဲ ရှိသေးတယ်နော်..။အပိူင်းတစ်ခုချင်းစီတိုင်းမှာ ကြည့်ရူနှုန်းက ပိုပိုပြီး မြင့်တက်လာတာ..။မာစတာလင်းကို ဒိုင်တစ်ယောက် အဖြစ် ခန့်လိုက်တာက အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ..."
လက်ထောက် ဒါရိုက်တာဟာ..ဒါရိုက်တာကို မြှောက်ပင့်ပြောဆိုဖို့..မေ့မနေ ခဲ့ပါဘူး..။သို့ပေမယ့် သူကိုယ်တိုင်လည်း တကယ်ကို ပျော်ရွှင်နေခဲ့တာပါ..။ရှန်ဟိုင်း TV က ဒီလိုမျိုး အောင်မြင်မူ မရတာက အတော်ကြာပါပြီ..။အခု ဒီလိုမျိုး ရလာဒ်တွေ ပြန်ရလာတဲ့ အချိန်မှာ သူ စိတ်မလှုပ်ရှားဘူးလို့ ပြောရင် ဒါက လိမ်ညာတာပါပဲ..။
ဒါရိုက်တာ လီ ..ဟာ စိတ်ကြည်နေခဲ့တယ်..။
"မင်းတို့တော့ သိမှာ မဟုတ်ဘူး..ဒါပေမဲ့ ဒီနေ့ ငါ့ကို ဟူနန် TV က ဖုန်းခေါ်ခဲ့တယ်..။သူတို့က အများကြီး မပြောပေမယ့်..ခါးသကိနေကြတာတော့ အမှန်ပဲ.."
"အရင်တုန်းက ဆိုရင် ဟူနန် TV က အမြဲတမ်း နံပါတ် ၁ ပဲ..။အခုတော့ ငါတို့ ကျော်တက်နိုင်ခဲ့ပြီ..။ဒါပေမဲ့ မာစတာလင်းရဲ့ အောင်မြင်မူကလည်း မသေးဘူးနော်..။ဒါပြီးရင်..ပရိုဂရမ်တွေ ဘယ်လောက်တောင် သူ့ကို လာပြီး ကမ်းလှမ်းလိုက်ကြမလဲ..။ဘာပဲဖြစ်ဖြစ် သူ ရှိနေရင်ကို ကြည့်ရူနှုန်း မြင့်မယ်လို့ ယုံကြည်မူ ရှိနေတဲ့ ခံစားချက်မျိုးပဲ..."
ဒါရိုက်တာ လီ လည်ချောင်း ရှင်းလိုက်ပြီး..
"ကောင်းပြီလေ..။အရေးကြီးတာက..ငါတို့ အကောင်းဆုံး လုပ်ဆောင်ကြဖို့ပဲ..။ငါတို့ အစွမ်းကုန်ကြိုးစားပြီး. ဒီထက်ပို အောင်မြင်အောင် လုပ်ရမယ်..."
ဝန်ထမ်းတွေဟာလည်း ယုံကြည်မူတွေ ရှိနေကြပြီး အနာဂတ်အတွက် မျှော်လင့်ချက်တွေ ပြည့်နေခဲ့ပါတယ်..။
အင်တာနက်..။
'ရှန်ဟိုင်း TV ဟာ မှတ်တမ်းတစ်လျောက် ကြည့်ရူနှုန်း အမြင့်ဆုံးနေရာကို ရောက်ရှိခဲ့.."
"ပြိုင်ပွဲဝင်တစ်ယောက်ဟာ..စိတ်အပြောင်းအလဲ မြန်မူကြောင့် အခွင့်အရေးကြီးကို လက်လွှတ်ခဲ့ရ.."
"ကျိုးလီဟာ..ပြိုင်ပွဲဝင်တစ်ယောက်ကို..ဆူပူခဲ့ပေမယ့်..မာစတာလင်း၏ တားဆီးခြင်းကို ခံရ.."
…
သတင်းခေါင်းစဥ်တွေကတော့..မကြည့်ခဲ့ရတဲ့ လူတွေ အတွက် စိတ်ဝင်စားစရာ တွေပါပဲ..။
ကျိူးလီ ဒီသတင်းခေါင်းစဥ် တွေကို ကြည့်ပြီး ကိုယ့်ကိုကို သတ်သေချင်စိတ်တောင် ဖြစ်နေခဲ့တယ်..။အခြေအနေတွေက ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
အဲ့တုန်းက..သူမ စိတ်ခံစားချက်ကို မထိန်းနိုင်ခဲ့တာကြောင့်..ဖြစ်ပျက်ခဲ့ပေမယ့်..အခုတော့ သတင်းမှာ ပါလာခဲ့ပါပြီ..။
အဆုံးမှာတော့..သူမ အရာအားလုံးကို လင်းဖန် အပေါ်မှာသာ အပြစ်တင်လိုက်တယ်..။တကယ်လို့ လင်းဖန် ကြောင့်သာ မဟုတ်ရင် ဒီလိုတွေ ဖြစ်လာစရာ အကြောင်းမရှိပါဘူး..။
အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲကို စတင်ပြီးကတည်းက.မြို့သားတွေ ဟာ..သူတို့ ပျော်ရွှင်မူ စိတ်လှုပ်ရှားမူတွေ ပိုရလာသလို ခံစားနေကြရပါတယ်..။သူတို့..နေ့တိုင်း သတင်းတွေကိုလည်း ဂရုတစိုက် စောင့်ဖတ်ကြပါသေးတယ်..။
"ငါ အသန်မာဆုံး ကောင်းကင်သံစဥ်ပြိုင်ပွဲကို ထောက်ခံတယ်..။မင်းတို့ ကြည့်မိလို့ လုံးဝ နောင်တရမှာ မဟုတ်ဘူး..."
"ဒီရှိုးက တကယ် စိတ်ဝင်စားစရာ ပဲ..။မာစတာလင်းဆိုရင် အခွင့်အရေး ရတာနဲ့ တစ်ယောက်ယောက်ကို အမြဲအပြစ်တင်တယ်..."
"ယန်ဂျင်လည်း အဆူခံရတယ်..ကျိုးလီ လည်း အဆူခံရတယ်..။လီယင်ဒေါင်ဆိုရင် တစ်ခါ အဆူခံရပြီးကတည်းက ဘာစကားမှ ထပ်မပြောတော့ဘူး.."
"သူတိူ့ အကုန်လုံးက အကောင်ကြီးတွေ ကြီးပဲ..။မာစတာလင်း တစ်ယောက်ပဲ သူတို့ကို ဒီလို လုပ်ရဲလိမ့်မယ်.."
"ဒါက..သိသာနေတာပဲ..မဟုတ်ဘူးလား..။မာစတာလင်းက လွဲရင် ဘယ်သူက ဒါမျိုး လုပ်ရဲမှာလဲ.."
ရှန်ဟိုင်း TV ရဲ့ တွက်ချက်မူတွေ အရတော့..ဒီရှိုးမှာမာစတာလင်းရဲ့ အရေးပါမူက.၈၉ ရာခိုင်နှုန်း ရှိတယ်တဲ့..။ဒါနဲ့တင်..ဒါက မာစတာလင်းရဲ့ရှိုးဖြစ်တယ်ဆိုတာကို သက်သေပြလို့ရနေပြီ..။
ထပ်ပြောရရင် ဒီ ပြိုင်ပွဲက.အတော်ပေါက်သွားတဲ့ အတွက် ဟူနန် TV က ..ပရိုဂရမ်တွေတောင် ဘက် မဟုတ်ခဲ့ပါဘူး..။
တကယ်လို့ သူတို့ မျက်လုံးနဲ့ မြင်ရတာသာ မဟုတ်ရင် ယုံကြည်နိုင်ကကမှာတောင် မဟုတ်ပေ..။
တိမ်ဖြူလမ်း..။
ဝမ်မင်ယန် ဖုန်းခေါ်လိုက်တယ်..။
"ညီအစ်ကို လက်ရှိအခြေအနေက ဘယ်လိုလဲ."
"ခင်ဗျား..ရှိုးပွဲမကြည့်ဘူးလား..။ကျုပ် ခင်ဗျား အတွက် ၂ ယောက် ရှာပြီးသွားပြီ..။သူတို့က တကယ် စိတ်ချရတယ်..."
"မဟုတ်ဘူး..အဲတာကို ပြောတာ မဟုတ်ဘူး..။မင်း ငါ့အတွက်လူရှာပေးတာက ကောင်းပါတယ်..ဒါပေမဲ့ ပြိုင်ပွဲဝင် နှစ်ယောက်ပဲ ရွေးချယ်လို့ မဖြစ်ဘူးလေ..။ပြိုင်ပွဲမှာ နိုင်ဖို့ဆိုရင် မင်းက သူတို့ အပေါ်မှာပဲ..မှိီခိုရမှာ မဟုတ်ဘူးလား..။မင်း လူနည်းနေမယ် ဆိုရင်..ပထမဆုကို ခြိမ်းခြောက်ဖို့ ခက်ခဲသွားနိုင်တယ်လေ.."
"စိတ်မပူနဲ့..ကျုပ် ချန်ပီယံ ဖြစ်တာ မဖြစ်တာက ပြသနာ မရှိဘူး..။ကျုပိ ဒီရှိုးမှာ အပျော်ပဲ ဝင်ပါတာ..."
သူတို့နှစ်ယောက် အတော်ကြာအောင် ပြောပြီး ဖုန်းချလိုက်တယ်..။
အသန်မာဆုံးကောင်းကင်သံစဥ် ပြိုင်ပွဲက..ပါဝင်ရတာ အဓိပ္ပါယ် ရှိပေမယ့်.. အတော်လည်း ပင်ပန်း ရပါတယ်..။
မြို့တစ်ချ်ို့တွင်..။
ရန်ဂျီဟာ စိတ်အဆင်မပြေဖြစ်နေခဲ့တယ်..။သူ လျစ်လျူရူ ခံနေရတယ် ဆိုတာ..နားလည်လိုက်ပါပြီ..။
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ..ဖုန်း မအားသေးပါသဖြင့်......."
ဖုန်းကို ကြည့်နေတဲ့ ရန်ဂျီ ရဲ့ မျက်နှာဟာ.ပြောင်းလဲသွားခဲ့တယ်..။ယန်ဂျင်က သူ့ဖုန်းကိုတောင် မကိုင်ပဲ နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
ငါက..သတင်းထောက်တွေကို အမှန်အတိူင်း မဖွင့်ပြောရဲဘူးလို့..သူမက ထင်နေတာလား...
ဘာပိုင်ဆိုင်မူမှ မရှိ ..ဘယ်မှ သွားစရာ မရှိတဲ့ လူတစ်ယောက် အနေနဲ့ သူ မလုပ်ရဲ့တာ ဘာမှ မရှိပါဘူး..။
ယန်ဂျင်ရဲ့ နောက်ခံက တကယ်ကောင်းနေတယ် ဆိုရင်ရော ဘာဖြစ်လဲ...
သူက..ချောက်ကမ်းပါး ရဲ့ အစွန်းကို ရောက်နေခဲ့ပါပြီ.။အရမ်းကြီး တွေးနေလို့လည်း ဘာမှ ထူးခြားမူ ရှိမှာ မဟုတ်ပါဘူး..။
သူ အင်တာနက်ပေါ်ကနေ ဖုန်းနံပါတ် တစ်လုံးကို တွေ့လိုက်တယ်..။
"ဟဲလို ဒါက ရှန်ဟိုင်း ဖျော်ဖြေရေး သတင်းထောက် လား မသိ.."
" ဟုတ်ပါတယ် ခင်ဗျားက.."
"ယန်ဂျင် ..လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဒိုင်လုပ်နေတုန်း..လာဘ်စားခဲ့တယ် ဆိုတဲ့ သက်သေ ကျုပ်မှာ ရှိတယ်..."
"ဒါအမှန်ပဲလား..."
"ဟုတ်တယ်..ကျုပ်က အဲ့မှာ ဝင်ပြိုင် ခဲ့တဲ့ ပြိုင်ပွဲဝင်ပဲ..။ဒါပေမဲ့.ကျုပ်...ကျုပ် ဒေါ်လာ ၁ သန်း လိုချင်တယ်..."
ရန်ဂျီအနည်းငယ် တုန်ရီနေခဲ့တယ်..။သူ က ဆေးစွဲနေခံတာပါ..။သို့ပေမယ့် သူ့မှာက လက်ရှိ ပိုက်ဆံ တစ်ပြားမှ မရှိတော့ပါဘူး..။ဒီတော့ ရတဲ့နေရာကနေ ပိုက်ဆံ ရှာဖို့ လိုအပ်ပါတယ်...။
"ဒေါ်လာ ၁ သန်းက အရမ်းများတယ်..။ဒေါ်လာ ၁ သိန်း ဆိုရင်ရော..ဘယ်လိုလဲ..."
"မဟုတ်ဘူး..ကျုပ်ကို သူတောင်းစားလို့ ထင်နေတာလား.."
"ဒေါ်လာ ၃ သိန်း.အဲ့ထက် ထပ်မရတော့ဘူး..။မင်း မပေးချင်ဘူးဆိုရင်လည်း မေ့လိုက်တော့..။ဒါက လွန်ခဲ့တဲ့ ၂ နှစ်က သတင်းဆိုတာကိုတော့ မင်းသိထားဖို့ လိုတယ်နော်..။တကယ်လို့ အခုဖော်ထုတ်မယ် ဆ်ိုရင်တောင် အကျိုးသက်ရောက်မူကြီးမားမှာ မဟုတ်ဘူး..."
ရန်ဂျ်ီ ငြင်းချင်ပေမယ့် လည်း သူ့ အခြေအနေ ကို ပြန်တွေးမိသွားတာကြောင့်..ထပ်မငြင်းတော့ပါဘူး..။
"ကောင်းပြီ ကောင်းပြီ .ကျုပ်ယူမယ်..."
…
ရှန်ဟိုင်း ရဲ့ ဇိမ်ခံ အိမ်ယာတစ်ခုတွင်..။
"အစ်မယန် လွန်ခဲ့တဲ့ ၂ နှစ်က ကလေးက.အစ်မယန်ကို လာရှာနေတာလား.."
ကျိုးလီ ဆိုဖာပေါ်မှာ ထိုင်နေခဲ့တယ်..။သူမ ရဲ့ နှလုံးသားကတော့ လေးလံ နေခဲ့ပါတယ်..။သူမ ရှန်ဟိုင်းကို ရောက်လာကတည်းက .အခြေအနေတွေက ဘယ်လိုတွေပြောင်းလဲ နေလဲ လိုက်မမှိီတော့ပါဘူး..။
အစ်မယန်က အစက ရှန်ဟိုင်းက ထွက်သွားဖို့ လုပ်နေပေမယ့် ဒိီကိစ္စကြောင့် ဆက်နေနေခဲ့ပါတယ်..။
ယန်ဂျင် စီးကရက်ကို ရှိုက်လိုက်ပြီး..
"အင်း..သူ ဆက်သွယ်လာတယ်..။ဒီကောင်က တကယ် လူလိမ်ကောင်ပဲ..။ငါ့ဆီကနေ ဒေါ်လာ ၁၀ သန်း လာတောင်းတာ.."
ကျိူးလီ ဒေါသထွက်သွားခဲ့တယ်..။
"သူ တကယ် အဲလိုပြောခဲ့တာလား.."
ယင်းနောက် သူမ တစ်ခုခုကို တွေးမိပြီး..စိတ်ပူသွားခဲ့ပါတယ်..။
"အစ်မယန် သူ သတင်းထောက်တွေကို သွားပြောရင် ဘယ်လိူ လုပ်မလဲ.."
ယန်ဂျင်ကတော့ ယုံကြည်မူ ရှိနေခဲ့တယ်..။
"စိတ်မပူနဲ့..သူက ငတုံးတစ်ယောက် မဟုတ်ရင် ဘယ်သူ့ကိုမှ လျောက်ပြောမှာ မဟုတ်ဘူး..။အရင်တုန်းက သူ ဒေါ်လာ ၅ သန်းတောငိ ပေးနိုင်တယ် ဆိုတော့ ပိုက်ဆံရှားမှာ မဟုတ်ဘူး..။ဒါပေမဲ့ သူ ငါ့ကို ဖော်ထုတ်ရဲရင်တော့..ငါ သူ့ကို အကုန်ဆုံးရှုံးသွားအောင် လုပ်ပြမယ်..."
ကျိုးလီ သက်ပြင်းချလိုက်တယ်.။အစ်မယန် က စွမ်းဆောင်နိုင်စွမ်း ရှိတာကြောင့် ပြောတဲ့ အတိုင်း လူပ်နိုင်မယ်လို့ သူမ ယုံကြည်ပါတယ်..။
ဒီကောင်လေးက..ငတုံးတစ်ယောက်သာ မဟုတ်ဘူးဆိုရင် ဒါမျိုး လုပ်မှာ မဟုတ်ပါဘူး..။
ဒါပေါ့...ရန်ဂျီ မှာဘာမှ မကျန်တော့ဘူး ဆိုတာကိုတော့ သူတို့ မသိကြပေ..။သူက ဆေးပါစွဲ နေခဲ့တာပါ..။သူက ရူးသွပ်သွားပြီ ဆိုရင် ဘာမှ မတွေးတော့ပါဘူး.။
ရှန်ဟိုင်း ဖျော်ဖြေရေး သတင်းထောက်ကို ဆကိသွယ်ပြီးတဲ့ နောက်မှာ ရန်ဂျီဟာ နောက်ထပ် သတင်းအေဂျင်စီ တွေကိုပါ ထပ်ဆက်သွားခဲ့တယ်..။
သူ ဒီလို အရေးကြီးတဲ့ သတင်းကို သတင်းဌာန တစ်ခုတည်းကိုပဲ ရောင်းချစရာ အကြောင်းမရှိပေ..။သူသတင်းဌာန တွေ အများကြီးကို ရောင်းပြီး ပိုကိဆံရှာရဦးမှာပါ..။သူ တစ်နေရာတည်းကို ရောင်းရလောက်အောင် မတုံးသေးပါဘူး..။
ဒေါ်လာ ၃ သိန်း..။
ဒေါ်လာ ၂ သိန်း..။
ဒေါ်လာ ၁သိန်း ..။
အဆုံးမှာတော့ သူ ဒေါ်လာ၅ သောင်း နဲ့ပါ ရောင်းချခဲ့တယ်..။
တကယ်လို့ ယန်ဂျင် နဲ့ လင်းဖန်သာ ဒါကိုသိရင် ကျိန်းသေ သွေးအန်မိကြမှာပါ..။
လူတစ်ယောက်က..အရှက် မရှိဘူးဆိုရင်တောငိ..
အဆင့်အတန်း လေးတော့ ထိန်းထားသင့်ပါသေးတယ်..။
ရက်အနည်းငယ် ကြာပြီးနောက်..။
အသန်မာဆုံးကောင်းကင် သံစဥ် ပြိုင်ပွဲဟာ..ကြည့်ရူနှုန်း 4.85 % ဝန်းကျင်မှာ ရှိနေခဲ့တယ်..။ဒီကနေ ထပ်ပြီး ထပ်မလာတော့ပဲ...4.352 ကိုတောင် ပြန်ကျသွားခဲ့ပါတယ်..။
သို့ပေမယ့်..ရှန်ဟိုင်း TV..လူတွေကတော့ လုံးဝ စိတ်မရှိကြပါဘူး.။သူတို့ တကယ်ကို ကျေနပ်နေကြပါတယ်..။
ဒါက သူတို့ ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အောင်မြင်မူ မှတ်တိုင် တစ်ခုပါပဲ..။
ဒီရက်ပိုင်းတွေမှာ ကျိုးလီဟာ.လင်းဖန် ရဲ့ အပြစ်တင်မူတွေ ခံနေရပေမယ့် ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး..။ဒါက တိုက်ရိုက်ထုတ်လွင့်နေတာ ကြောင့်လည်း ပါပါတယ်..။ဒါကြောင့်..သူမ ရဲ့ တစ်ခုတည်းသော စိတ်ထွက်ပေါက်က..အိမ်ပြန်ရောက်ရင် ပစ္စည်းတွေကို ရိုက်ခွဲတာ ပါပဲ..။
မနက်ခင်းတွင်...။
တစ်ခုခု ကြီးမားတာ ဖြစ်လာခဲ့တယ်..။
လူတိုင်းဟာ.သတင်းကို ဖတ်ရင်း. ပါးစပ်တောင် ပြန်မပိတ်နိုင်တော့ပဲ..မယုံကြည်နိုင်ဖြစ်နေခဲ့ကြပါတယ်.။
အဲ့အချ်ိန်မှာပဲ..ယန်ဂျီဟာ သတငိးကို မြင်တဲ့ အချိန်မှာ ကြောက်လန့်ပြီး မျက်နှာဖြူဖျော့ သွားခဲ့ပါတယ်..။