အခန်း (၇၄၂)
Vol. 50 Ch. 742
#ဘာသာပြန် = စနိုးဝှိုက်
ရထားဘူတာ..။
မှတ်တိုင်တွင်..။
လူတွေဟာ သူတို့ရဲ့ ဖုန်းတွေကို ထုတ်ပြီး သတင်းဖတ်နေခဲ့ကြတယ်..။အဲ့အချိန်မှာပဲ..သတင်းတွေဟာ..သူတို့ရဲ့ မျက်စိရှေ့ကို ရောက်လာခဲ့ပါတယ်..။
"လွန်ခဲ့တဲ့ ၂ နှစ်က..ယောကျ်ားလေး အဆိုပြိုင်ပွဲ တစ်ခု၏ လာဘ်စားမူ..။ချန်ပီယံ ရန်ဂျီဟာ. မသမာတဲ့ အပေးအယူတစ်ခု..လုပ်ခဲ့ကြောင်း ကိုယ်တိုင်ဝန်ခံခဲ့..."
တစ်ချို့လူတွေဟာလည်း ချက်ချင်း ဖုန်းတွေ ထုတ်လိုက်ကြတယ်..။
"ဟေး..မင်းတို့ သတင်းကို မြင်လိုက်လား..။အင်တာနက်မှာ သတင်းကြီး ဖြစ်နေပြီ..။ယန်ဂျင် ရဲ့ မသမာတဲ့ လုပ်ရပ်က ဖော်ထုတ်ခံလိုက်ရပြီလေ..."
"ဒါက အမှန်ဟုတ်လား မဟုတ်ဘူးလား..."
"ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ..။အမြန် သတင်းကို ဖတ်ကြည့်လိုက်ဦး..."
"ကောငိးပြီလေ..ငါ အခုပဲ သွားဖတ်ကြည့်လိုက်မယ်..."
တကယ်လို့ ဒီမှာသာ..ခိုင်လုံတဲ့ အထောက်အထား ရှိခဲ့ရင် ယန်ဂျင် တော့ အဆုံးသတ်ပါပြီ..။ယန်ဂျင်က အင်တာနက် ပေါ်မှာ အမြဲတစေ ဝေဖန်ခံနေရပေမယ့် ဒါက အသေးအဖွဲလေးတွေပါပဲ..။
သိူ့ပေမယ့် သူမ မသမာတဲ့ အပေးအယူ လုပ်ခဲ့တဲ့ သက်သေသာ ထွက်လာခဲ့ရင် လုံးဝကို ..မတူညီတဲ့ အရာတစ်ခုဖြစ်သွားတော့မှာပါ..။
ဒါက..တစ်စုံတစ်ယောက်ကို ပျက်ဆီးစေနိုင်တဲ့ အနေအထား တစ်ရပ်ပါပဲ..။
ယန်ဂျင်က..ဒီနောက်ပိုင်းတွေမှာ သီချင်းတွေ ထပ်ပြီး မထုတ်တော့ပါဘူး..။သူမက..နောက်ပိုင်းနှစ်တွေမှာ..ဒိုင်အဖြစ် လုပ်ကိုင်ပြီးသာ..အောင်မြင်မူ ရရှိနေခဲပတာပါ..။တကယ်လိူ့...သူမက..ပြိုင်ပွဲဝင်တွေအပေါ် မသမာ ဆက်ဆံခဲ့မယ် ဆိုရင်တော့..ဒါက ခွင့်မလွတ်နိုင်စရာအခြေအနေပါ..။
ဖျော်ဖြေရေး သတင်းထောက်..ဟာ ပိုစ့်တင်လာခဲ့တယ်..။
"ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်က..လွန်ခဲ့တဲ့ နှစ်နှစ် ယောက်ျားလေး အဆိုပြိုင်ပွဲရဲ့ ချန်ပီယံ..ရန်ဂျီကို အင်တာဗျူး ခဲ့တယ်..။သူက ပြိုင်ပွဲမှာ မသမာ တဲ့ အပေးအယူ လူပ်ပြီး နိုင်လာခဲ့တာလိူ့ ဝန်ခံခဲ့တယ်လေ..။တစ်ချိန်တည်းမှာ သူ ဆိုခဲ့တဲ့..သီချင်းက..သူရေးတာမဟုတ်သလို ယန်ဂျင် ရေးထားတာလည်း မဟုတ်ဘူးလိူ့ ထွက်ဆိုခဲ့တယ်..။သူ့ရဲ့ ပြောပြချက် အရတော့ ဒီသီချင်းက ချန်းယူအန်း ရဲ့ ကြိုးစား အားထုတ်မူ..လက်ရာ တစ်ပုဒ်ပဲတဲ့..."
"ယန်ဂျင်က ဘာလို့ ဒီလိူမျိုးလုပ်တာလဲ ဆိုတော့..သူ ယန်ဂျင်ကို ဒေါ်လာ ၅ သန်း ပေးခဲ့တယ်လို့ ပြောတယ်..။သူက ဘာလို့ အခုချိန်မှ ဝန်ခံတာလဲ ဆိုတော့ အင်တာနက်မှာ ချန်းယူအန်း ရဲ့ သတင်းတွေကို တွေ့လိုက်ရလို့ပဲ.။သူက ဒီလိူ လုပ်မိခဲ့တဲ့ အပေါ် စိတ်မကောင်းဖြစ်မိတာကြောင့်..ချန်းယူအန်းကို ကူညီပြီး ရှင်းလင်းပေးတာပါ..။အားလုံးရဲ့ ရှေ့မှာပဲ..ကျွန်တော်တို့ဟာ..ချန်းယူအန်းကို ရန်ဂျီ ရဲ့ ကိုယ်စား တောင်းပန်ပါရစေ..။ချန်းယူအန်းလည်း ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်.."
"ချီးပဲ..ဒီလို..ညစ်ပတ်တဲ့..အပေးအယူတွေ ရှိနေတာပဲ..။သက်သေတွေ ထွက်လာပြီ...."
"ယန်ဂျင် မြေခွေးမ..နင်က ဘယ်လိုလုပ်ပြီး ဒီလိူ လုပ်ရပ်ကို လုပ်ရဲရတာလဲ..။နင်က တစ်ဖက်လူရဲ့ သီချင်းကိုတောင်..ခိုးယူရဲသေးတယ်..."
"ရက်စက်တယ်...ဒါက အတော်ကို ရက်စက်တယ်..။သူမ က လူရော ဟုတ်ရဲ့လား.."
"အခု အဖြေထွက်လာပြီ..။မာစတာလင်းက အမှန်ကို ပြောနေတာပဲ..။မာစတာလင်း ပြောတာ မှန်တယ် ဆိုတာ..ငါ သိပြီးသားပဲ..။သူ ပြောတာ မှာ ဘာပြသနာ မှ မရှိဘူး..။ယန်ဂျင်ကို ထောက်ခံနေတဲ့ စောက်ရူးတွေ အခု ဘယ်ကို ရောက်သွားပြီလဲ..."
"ထပ်ပြီး မပြောပဲ နေကြရအောင်..။ယန်ဂျင်ရဲ့ ဝိုက်ဘို ကို သွားဆဲကြမယ်..။အခု နောက်ပိုင်း သီချင်းကောင်းတွေ သိပ်ထွက်မလာတာက..ဒီ မြေခွေးမနဲ့တောင် သက်ဆိုင်နေလောက်တယ်..."
…
လင်းဖန် အိပ်နေတုန်းဖြစ်ပေမယ့်လည်း ဖုန်းကော တစ်ခုကြောင့်..လန့်နိုးလာခဲ့တယ်..။
သူ အစက ဖုန်းမကိုင်ချင်ပေမယ့်လည်း ဝူယူလန် ခေါ်တာကို တွေ့လိုက်ရပါတယ်..။သူ ချက်ချင်း ဖုန်းကို ကိုင်လိုက်တယ်..။
သူ ဖုန်းကို ကိုင်လိုက်တဲ့ အချိန်မှာပဲ..ဝူယူလန် ရဲ့ စိတ်လှုပ်ရှားနေတဲ့ အသံကို ကြားလိုက်ရတယ်..။
"အစ်ကို လင်း..အမြန်သတင်းတွေကို ကြည့်လိုက်ဦး..။ယန်ဂျင်က ကံကုန်သွားပြီ..။အမှန်တရားက ထွက်ပေါ်လာပြီလေ..."
"ဘာ..."
"လွန်ခဲ့တဲ့ ၂ နှစ်က ယန်ဂျင် လာဘ်စားခဲ့တာကို..သတင်းထောက်က အခု..ဖော်ထုတ်ခဲ့တယ်..။ထပ်ပြောရရင်..ချန်ပီယံဖြစ်တဲ့ သူက သူကိုယ်တိုင် ဝန်ခံခဲ့တာ..။
လင်းဖန် ချက်ချင်း အိပ်ယာကနေ ထလိုက်တယ်..။ဒီသတင်းထွက်လာလိမ်ပမယ်လို့ သူ မထင်ထားခဲ့ပါဘူး..။ကြည့်ရတာ ဟိုငနဲက ဖော်ထုတ်လိူက်ပြီ ထင်ပါတယ်..။
ဒီခွေးသားက..သူ့ဆီ အရင်လာပြီး ဒေါ်လာ ၁၀ သန်း တောင်းခဲ့တာပါ..။ဘယ်အရူးက သူ့ကို ဒေါ်လာ ၁၀ သန်းပေးလိုက်တာလဲ..။သူတို့က..သတင်းတွေကို ဝယ်ခဲ့တာလား..။
ဒါပေမဲ့ ဒီလိုလည်း မဖြစ်နိုင်ဘူးလေ..။သူတို့ ဒီလောက်အထိ ရူးမိုက်နိုင်ပါ့မလား...
ဒါဆို ဘယ်လိုဖြစ်နိုင်မလဲ..။
သူ အများကြီး တွေးမနေတော့ပဲ..သတင်းကို ဖတ်လိုက်တယ်..။သူ ဖတ်ပြီးတာနဲ့..သဘောကျစွာ ရယ်မောလိုက်ပါတယ်..။
"ယန်ဂျင်...ယန်ဂျင်..ခင်ဗျားရဲ့ ကံဆိုးမူတွေက ရောက်လာပြီ ထင်တယ်.."
လင်းဖန် ရယ်မောလိုက်တယ်..။ယင်းနောက် သူ ဖုန်းကို ထုတ်ပြီး ယန်ဂျင် ဆီ လှမ်းခေါ်လိုက်ပါတယ်.။
သူတို့ နှစ်ယောက်က. ရန်သူတွေ ဖြစ်ပေမယ့်လည်း..တစ်ဖက်လူ ဒီသတင်းကို သိပြီးပြီလား ဆိုတာ ပြောပြချင်ပါသေးတယ်..။
ဖုန်းဝင်သွားခဲ့တယ်..။
ယန်ဂျင် ဘာမှ မပြောပေမယ့်လည်း လင်းဖန် ထပ်ပြီး စောင့်မနေတော့ပေ..။
"ဆရာမ ယန် ဂုဏ်ပြုပါတယ်..။သတင်း ခေါင်းကြီးပိုင်းတွေမှာနေရာယူထား နိုင်တာပဲ..။အခု ဘာတွေ ဆက်လုပ်ဖို့ စီစဥ်ထားလဲ.."
"ခွေး%**--$"
ယန်ဂျင် ဒေါသထွက်စွာ ကျိန်ဆဲလိုက်ပါတယ်..။
* တီ တီ *
သူမ ဒါကို ပြောပြီး နောက်မှာ ဖုန်းကို ချက်ချင်း ချသွားခဲ့တယ်..။
သိူ့ပေမယ့် လင်းဖန် ..သူမကို လုံးဝ ဒေါသမထွက်ပါဘူး..။သူ ယန်ဂျင်ကို..သူ့အပူ နဲ့ သူပဲ လွှတ်ပေးထယးလိုက်ပါတယ်..။သိူ့ပေမယ့်လင်းဖန် ဝိုက်ဘိူ ကို ဖွင့်ပြီး..ပို့စ်တစ်ခု တင်လိုက်တယ်..။
လင်းဖန် : ငါက ယန်ဂျင်ကို လူကောင်း တစ်ယောက် ဖြစ်လိမ့်မယ်လိူ့ ထင်ထားခဲ့တာ ဟီးဟီး @ ယန်ဂျင်..။
ဒီပို့စ်တက်လာတဲ့ ..မြို့သားတွေ ရဲ့အာရုံစိုက်မူကို ရသွားခဲ့ပါတယ်..။
လူတွေ ပိုပိုပြီး ယန်ဂျင် သတင်းကို သိလာခဲ့ကြတယ်..။
"မာစတာလင်းက..ပြိုင်စံရှားပဲ..။သူ ပြောခဲ့တာက တကယ်မှန်တယ်..။အရူးတစ်ယောက်က..ပဲ သူမရဲ့ သီချင်းကို ခိုးရဲမှာပေါ့..။ချန်းယူအန်းက အရူးမှ မဟုတ်တာ.."
"ငါတို့ ယန်ဂျင်ကို ဂီတလောကက နေ ကန်ထုတ်ဖို့ လိုနေပြီ..."
"အမှန်ပဲ..ယန်ဂျင် ဆိုတဲ့ မိန်းမက အခုနောက်ပိုင်းမှာ..အဆိုပြိူင်ပွဲတိုင်း ဒိုင်လုပ်နေရတာလေ..။ငါ ကြည့်ချင်ရင်တောင် သူမ ပါတဲ့ ရှိုးပွဲတွေက မကြည့်နိုင်ဘူး.."
ဟော်တယ်တွင်..။
ချန်းယူအန်း သူ့ သူငယ်ချင်းဆီက ဖုန်းဝင်လာတာကြောင့် နိုးသွားခဲ့တယ်..။သူ ဘာတွေဖြစ်နေလဲဘသိသွားခဲ့တဲ့ အချိန်မှာ ချက်ချင်း သတင်းကို ဖတ်လိုက်ပါတယ်..။သူ သတင်းကို မြင်တဲ့ အချိန်မှာတော့..မျက်ရည်တွေ ဝဲပြီး..စတင် စီးကျလာခဲ့တယ်..။
သူ့ ပုခုံးပေါ်မှာ..ထမ်းထားရတဲ့ လေးလံမူကြီးက နောက်ဆုံးမှာ ကွယ်ပျောက်သွားခဲ့သလိုပါပဲ..။
အဖေ ချန်း..နဲ့ အမေချန်း တို့လည်း စိတ်သက်သာရာ ရသွားခဲ့တယ်..။သူ့တို့ရဲ့ သားလေး.အမှောင်ထုထဲကနေထွက်လာတာက သူတို့ အလိုချင်ဆုံး ဆန္ဒပါပဲ..။
…
ယန်ဂျင်..သတင်းကို ဖတ်လိုက်ပြီး အောက်က ဆွေးနွေး မူတွေ ကို ထပ်ပြီး ဖတ်ကြည့်လိုက်တယ်..။သူမ ရဲ့ အမူအရာကတော့ လုံးဝကို မကောင်းပါဘူး..။
သို့ပေမယ့် ဒီတစ်ကြိမ်မှာ..သူမ ..ဘယ် ပစ္စည်းကိုမှ မရိုက်ခွဲခဲ့ပေ..။သူမ လုပ်တာဆိုလို့..ဆိုဖာပေါ်မှာ ကြောက်လန့်တကြား ..ထိုင်နေပြီး..စကားတစ်ခွန်းမှ မပြောတာပါပဲ..။
သူမ ရဲ့ မန်နေဂျာဟာလည်း ဘေးနားမှာ ဘာစကားမှ မပြောရဲပေ..ရပ်နေခဲ့ပလတယ်..။အစ်မယန် က အခုချိန်မှာ အတော် ဒေါသထွက်နေပြီး ဒါက ပုံမှန် ဒေါသထွက်သလိုမျိုး မဟုတ်ဘူးဆိုတာကို သူမ သိထားပြီးသားပါ..။
အခူချိန်မှာ သူမ ကို သွားထိတဲ့ လူက ကံဆိုးတဲ့လူပါပဲ..။
"ဘာလို့ ဒီလိုတွေ ဖြစ်လာတာလဲ.."
ယန်ဂျင် အေးစက်စွာ..မေးလိုက်တာပါ..။
သူမ ရဲ့ မန်နေဂျဟာ လည်ချောင်းရှင်းလိုက်တယ်..။သူမ ဘာပြောရမှန်း မသိတော့ပါဘူး..။သူမ ကိုယ်တိုင်လည်း ဘာလို့ ဒီလိုဖြစ်လာမှန်း မသိခဲ့ပေ..။
ထပ်ပြောရရင် ယန်ဂျင် ကိုယ်တိုင်က တစ်ဖက်လူ ထုတ်မပြောရဲဘူးဆိုပြီး ယုံကြည်မူ ရှိနေတာ မဟုတ်ဘူးလား...
သိူ့ပေမယ့် ရက်အနည်းငယ်ပဲ ..ကြာပြီး အခု သတင်းက ထွက်လာခဲ့ပါပြီ..။
*ကလင် ကလင်*
မန်နေဂျာဟာ ဖုန်းကိုင်လိုက်ပြီး အမူအရာက ပိုပိုထူးဆန်းလာခဲ့တယ်..။နောက်ဆုံးမှာ သူမ ဖုန်းကိုချလိုက်ပါတယ်..။
"အစ်မယန်..ညီမတို့ စစ်ဆေးပြီးပြီ...။ဖျော်ဖြေရေး သတင်းထောက်က..သူ့ဆီကနေ ဝယ်ခဲ့တာတဲ့.."
သူမ ရဲ့ မန်နေဂျာက ပြောလိုက်တာပါ..။
ယန်ဂျင် သူမ ရဲ့ မန်နေဂျာကို ကြည့်လိုက်ပြီး..
"ဒေါ်လာ ၁၀ သန်းလား...သန်း ၂၀ လား..။ငါ နဲ့ ပတ်သက်တဲ့ သတင်းက..တန်ကြေးမရှိတော့ဘူးလား.။လူတိုင်းက..ငါ့မကောင်းကြောင်းတွေကိုပဲ..တင်ချင်နေကြတာလား..."
သူမ ရဲ့ မန်နေဂျာဟာ ခေါင်းကို ငုံ့ပြီး ညင်သာစွာ ပြောလိုက်တယ်..။
"မဟုတ်ဘူး..သူတို့ပြောတာက..ဒေါ်လာ ၃ သိန်းပဲ သုံးခဲ့တာတဲ့..။အနည်းဆုံးတစ်ယောက် ဆိုရင် ဒေါ်လာ ၅ ထောင်နဲ့ ဒီသတင်းကို ရခဲ့တာ..."
"မသာမ...နင့်ကို အလုပ်ခန့်ထားတာ ဘာလုပ်ဖို့လဲ.."
ယန်ဂျင်ဟာ ရူးသွပ်သွားခဲ့တယ်..။သူမ မတ်တတ်ထရပ်ပြီး..မန်နေဂျာကို ..ပါးပိတ်ရိုက်လိုက်ပါတယ်..။
"နင်ပြောတာ ဒေါ်လာ ၃ သိန်းလို့ ပြောတာလား..။ငါ့ဘဝက ဒေါ်လာ ၃ သိန်းပဲ တန်တာလား..။ပြောစမ်းပါ..ပြောစမ်းပါ.."
ယန်ဂျင် ရူးသွပ်စွာ အော်လိုက်တယ်..။
သူမရဲ့ မန်နေဂျာဟာ မြေကြီးပေါ်ကျသွားခဲ့ပြီး ဘာမှ မပြောရဲခဲ့ပါဘူး..။
"အစ်မ...အစ်မယန်..ညီမတို့..အစီစဥ် တစ်ခုကို အမြန်စဥ်းစားသင့်တယ်..။ဟုတ်သားပဲ..။ညီမတို့ အဲ့ကောင်ကို ပြန်ရှာပြီး..ပိုက်ဆံနဲ့ သူ့စကား.ကို ပြန်ရုတ်သိမ်းခိုင်းလို့ ရတယ်လေ..။ညီမတို့..ချောက်ချ ခံရသလိုမျိုးပေါ့.."
ယန်ဂျင် သူမ မန်နေဂျာကို ပိတ်ကန်လိုက်တယ်..။
"လူတိုင်းကို နင့်ကို စောက်ပိန်းလို့ ထင်နေတာလား.."
အဲ့အချိန်မှာပဲ...ယန်ဂျင် ဆီကို ဖုန်းဝင်လာခဲ့တယ်..။
ကျိူးလီ သတင်းကို မြင်ပြီးကတည်းက..မျက်နှာ ဖြူဖျော့သွားပြီး..မတည်မငြိမ်ဖြစ်နေခဲ့တယ်..။သူမ နှစ်ခါတောင် မစဥ်းစားတော့ပဲ ယန်ဂျင်ကို ဖုန်းခေါ်လိုက်ပါတယ်..။
"အစ်မယန် တစ်ခုခု ဖြစ်သွားပြီ.။ညီမတို့ ဘာလုပ်ကြမလဲ..။ညီမတို့ ဖော်ထုတ်ခံရတော့မယ်..။အစ်မပဲ..ညီမကို..အတင်းလုပ်ခိုင်းတာလေ..။ဒါက..ညီမနဲ့ ဘာမှ မဆိုင်ဘူးနော်.."
ကျိုးလီ အတော်ကို ကြောက်လန့်နေခဲ့တယ်..။
အခုချိန်မှာ..သူမ တွေးမိတာကတော့..ဒီပြသနာ ကနေ ရှောင်ထွက်ဖို့ပါပဲ..။
ယန်ဂျင် ပြန်ပြောလိုက်တယ်..။
"ငါက နင့်ကို တွန်းအားပေးတယ်တဲ့လား..။ငါ နင့်ကို ပိုက်ဆံပေးတုန်းကရော..ဘာလို့..အတင်းပေးနေတယ်လို့ မပြောတာလဲ.."
ကျိုးလီ.." ညီ..ညီမ.."
"အရမ်းကြောက်မနေနဲ့..သေချာနားထောင်..။ဘယ်သတင်းထောက်ပဲ လာမေးမေး ဘာမှ ပြန်မဖြေနဲ့..။ငါကိုင်တွယ်လိုက်မယ်..."
ယန်ဂျင် ပြောလိုက်တယ်..။သူမမှာလည်း ဘာအစီအစဥ်မှ မရှိသေးပါဘူး..။သို့ပေမယ့် ကျိုးလီကတော့ လုံးဝ သုံးစားမရပေ..။သူမက အတော်ကြောက်ရွံ့နေပြီး..တကယ်လိူ့သာ သတိပေးမထားဘူးဆိုရင် ဘာတွေ လျောက်ပြောမလဲ ဘယ်သူမှ မသိနိုင်ပါဘူး..။
ယန်ဂျင် ဒီပြသနာ ကြောင့် အတော် ခေါင်းကိုက်နေခဲ့ပါပြီ..။သူမ နောကိဆုံးတော့ ဖုန်းကနေ တဆင့် ရန်ဂျီကို လှမ်းခေါ်လိုက်တယ်..။
"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ...ဆက်သွယ်မူ ဧရိယာ ပြင်ပသို့ရောက်နေပါသဖြင့်...."
*ဘန်း*
သူမ ရှေ့က ပန်းအိုးဟာ..အစိပ်စိပ် အမွှာမွှာ ဖြစ်သွားခဲ့တယ်..။