← Chapters

ငါက ငယ်ရွယ်ပြီး မိုက်မဲခဲ့တာပါ..

Vol. 50 Ch. 743

ငါက ငယ်ရွယ်ပြီး မိုက်မဲခဲ့တာပါ..

Vol. 50 Ch. 743

#ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း..။

လင်းဖန် ဆိုင်ကို ရောက်တဲ့ အချိန်မှာ သတင်းထောက်တွေ..ရောက်နေကြတာကို တွေ့လိုက်ရတယ်..။

"မာစတာလင်း.. ယန်ဂျင် ရဲ့.မသမာတဲ့ အပေးအယူတွေ အပေါ် ဘယ်လိုမြင်မိပါသလဲ.."

"ချန်းယူအန်း မှားယွင်း စွပ်စွဲ ခံရတာကို ဘယ်လိုထင်ပါသလဲ ဗျ..။တစ်ခုခုကို..နားလည်မိတာ ရှိလား..."

"သက်သေက..အခု ထွက်လာပြီဆိုတော့..မာစတာလင်း..ဘယ်လို..ဒီအပေါ်မှာ ဘာ ပြောချင်ပါသလဲ..."

သတင်းထောက်တွေဟာ တစ်ယောက် တစ်ပေါက် မေးနေခဲ့တယ်..။သူတို့ အတော်ကို စိတ်လှုပ်ရှားနေခဲ့ကြပါတယ်..။သူတို့ အချိန်အတော်ကြာအောင် စောင့်နေပြီးမှ အခုလို သတင်းကြီးတစ်ပုဒ်ကို ရလာခဲ့ကြတာပါ..။

ဘေးနားက ဆိုင်ပိုင်ရှင်တွေဟာ..လည်း ရပ်ကြည့်နေခဲ့ကြတယ်..။

"ဟီးဟီး..သူဌေးလေးက တကယ်ကျော်ကြားနေပြီပဲ..။သူက သတင်းထောက်တွေကို..ဆွဲဆောင်ထားနိုင်ပြန်ပြီ..."

"ငါတို့ရဲ့..သူဌေးလေး ပြောတာ မှန်နေပြန်ပြီ..။တစ်ချက်ကြည့်ရုံနဲ့ ယန်ဂျင်က လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာကို သူပြောနိုင်တယ်လေ.."

"ဘယ်သူ့ဆိုင်မှာလည်း မသိဘူး ယန်ဂျင်ရဲ့..ပုံနဲ့ ကြော်ငြာ ပုံတစ်ခု တွေ့လိုက်တယ်နော်.."

"အဲတာ ငါဆိုင်ပဲ..ဒါပေမဲ့ အခု ပြန်ဖြုတ်ပြီး မီးရှ်ို့လိုက်ပြီ..။သူဌေးလေးကို..လာရှုပ်တဲ့..လူကို..ဘယ်လိူလုပ်ပြီး ဆိုင်မှာ ချိတ်ဆွဲထားလို့ ဖြစ်မှာလဲ..။ဒါက မဖြစ်နိုင်ဘူး.."

"ဒီလိုမှပေါ့..ဒါက လုပ်သင့်တဲ့အရာပဲ.."

"ဟီးဟီး..သူဌေးလေးက ငါတို့ တိမ်ဖြူလမ်းရဲ့ ရတနာလေးလေ..။ဒီတော့ ငါတို့ သူ့ကို ကာကွယ်ပေးရမှာပေါ့.."

…

လင်းဖန် လက်ဝေ့ယမ်းလိုက်တယ်..။

"ချစ်လှစွာသော သတင်းထောက်တို့..ခနလောက် ငြိမ်ပေးကြပါဦး..။ကျေးဇူးပြုပြီး တစ်ခါမေးရင်..မေးခွန်းတစ်ခုကို ပဲမေးကြပါ..။ခင်ဗျားတို့က..ပါးစပ်ပေါက်တွေ အများကြီးနဲ့ အတင်းလိုက်မေးနေတော့ ကျုပ်လည်း ဘာဖြေရမှန်း မသိတော့ဘူးလေ.."

"ပထမဆုံး အနေနဲ့ ချန်းယူအန်း မှားယွင်းစွပ်စွဲ ခံရတာကို ကျုပ်ဘယ်လို သိနေလဲ ဆိုတာက အရင်ပြောပြပါရစေ..။ဒီမှာ ရှိတာက မျက်လုံးတွေဆိုတာ စိတ်ဝိဥာဥ် ရဲ့ ပြတင်းပေါက်တွေပဲလေ..။ကျုပ် သူ့ရဲ့ မျက်လုံးထဲမှာ..ရည်မှန်းချက်တွေနဲ့..ဂီတအပေါ် ရူးသွပ်မူတွေကို မြင်နေရတယ်..။ဒီလို လူက..ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက် ရဲ့ သီချင်းကို ခိုးယူရဲမှာလဲ..။လွန်ခဲ့တဲ့ နှစ်နှစ်က..ပြိုင်ပွဲကို ပြန်သွားကြည့်လိုက်..ချန်းယူအန်းရဲ့ အရည်အချင်းနဲ့ဆိုရင် သီချင်း အဟောင်းတစ်ပုဒ်ကို ဆိုရင်တောင် သူ က ချန်ပီယံဖြစ်လာမှာ ကျိန်းသေပဲ..။သူက ဘာလို့ သီချင်းခိုးဖို့လိုအပ်မှာလဲ..။ခင်ဗျားတ်ို့ရော အဲ လို မထင်ဘူးလား..."

သတင်းထောက်တွေဟာ ခေါင်းညိမ့်လိုက်ကြတယ်..။သူပြောတာက အဓိပ္ပါယ် အပြည့်အဝ ရှိပါတယ်..။ဒါက လင်းဖန် ပြောတဲ့ အတိုင်းပါပဲ..။ဘယ်သူတွေ ဘာပဲပြောပြော ချန်းယူအန်း ရဲ့ အသံက အတော်ကောင်းတာကိုတော့ လက်ခံကြရမှာပါ..။ထပ်ပြော ရရင် သူ့ရဲ့ နည်းစနစ် တွေကလည်း အံ့ဩစရာပါပဲ..။အဲ့အချိန်တုန်းက သူ့အသံနဲ့ တင် ချန်ပီယံ ဆုကိုယူဖို့ လုံလောက်နေပါပြီ..။သူ တစ်ခြားလူရဲ့ သီချင်းကို ခိုးဖို့ မလိုအပ်ပါဘူး..။

လင်းဖန် သူ့ရံ့ ပုံစံကို..ကြည့်တာနဲ့တင် ပြောနိုင်ပါတယ်..။သိူ့ပေမယ့်..သူက အခုဆို လူသိများတဲ့ လူတစ်ယောက် ဖြစ်နေပြီ ဖြစ်တာကြောင့် သက်သေမရှိပဲ..ထုတ်မပြောချင်ရုံ သက်သက်ပါ..။

လင်းဖန် ခနလောက် တွေးပြီး​ပြောလိုက်တယ်..။

"ကျုပ် နောက်ထပ် မေးခွန်းတစ်ခုကို ဖြေပါ့မယ်..။ယန်ဂျင် အပေါ်မှာတော့..ကျုပ် အတော်ဆိုးတဲ့ ခံစားချက်ရှိတယ်..။ဒီ မောက်မာတဲ့ မိန်းမကို ကျုပ်တော့ ကြည့်မရဘူး.."

သတင်းထောက်တွေဟာ ကြောင်အသွားခဲ့တယ်..။မာစတာလင်းက..ကင်မရာ တွေ အပြည့်ရိုက်နေတဲ့ နေ့ဘက်ကြီးမှာ..ယန်ဂျင်ကို မောက်မာတဲ့ မိန်းမလို့ ခေါ်ရဲလိမ့်မယ်လိူ့ မထင်ထားခဲ့ပါဘူး..။

ဒါက တကယ်ကောင်းတယ်..။

"'ခင်ဗျားတို့ သူမရဲ့ အသွင်အပြင်ကို ကြည့်ကြည့်လိုက်..။သူမက လှတယ်လို့ ခင်ဗျားတို့ ပြောချင် ပြောကြမှာပဲ..။ဒါပေမဲ့ သူမက မောက်မာပြီး ဘယ်သူ့ကိုမှ မျက်လုံးထဲ ထည့်တာ မဟုတ်ဘူးနော်..။သူမသာ..မသမာတဲ့ အရာတွေ မလူပ်ဘူးဆိုရင် ယန်ဂျင် ဆိုတဲ့ နာမည်လည်း ရလာမှာ မဟုတ်ဘူး..။သူမရဲ့ ရုပ်ရည်နဲ့ အမူအကျင့်တွေကတော့ လုံးဝ တစ်ခြားစီပဲ.. ဟုတ်တယ်မလား.."

သတင်းထောက်တွေဟာ..လင်းဖန်က်ို စိုက်ကြည့်နေခဲ့ကြတယ်..။သူတို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး..။ကြည့်ရတာ မာစတာလင်းရဲ့ အမုန်းတရားတွေက ယန်ဂျင် အပေါ်မှာ အတော်ကြီးမားတဲ့ ပုံပါပဲ..။

လင်းဖန် ဝူယူလန် ဆီက လဖက်ရည်ခွက်ကို ယူပြီး သောက်လိုက်တယ်။ယင်းနောက် သူ့ မျက်နှာဟာ ပိုမိုလေးနက်သွားခဲ့ပြီး..

"ဂီတလောကက တကယ်ကို ထူးဆန်းတာပဲ..ဘယ်လိုလုပ်ပြီး ဒီလို မသမာ မူတွေက နေရာတိုင်းတွေ့နေရတာလဲ..။ဒီလို အရာတွေက အရမ်း အန္တရာယ်များတယ်နော်..။ဒါက လူငယ်တွေရဲ့ တက်လမ်းကို..ပိတ်စေတယ်..။ကျုပ် အမြင်တော့.. ယန်ဂျင်..ချန်းယူအန်းကို ဆွဲချ ခဲ့တာက..ပိုက်ဆံ ကြောင့်ပဲ မဟုတ်ဘူး..။သူမက..ချန်းယူအန်း ရဲ့ ပါရမီကို မနာလိုတာကြောင့်လဲ ဖြစ်နိုင်တယ်..."

သတင်းထောက်များ.."..."

လင်းဖန်ကတော့ ပြောချင်တာကို..ဆက်ပြောနေခဲ့ပါတယ်..။

"ပြီးတော့.ကျ်ိုးလီ လည်း ဒီကိစ္စမှာ ပါဝင် နေနိုင်တာပဲ..။ဒါက ငါ့ကို အတော် အထင်သေးစေတယ်..။သူတို့က နှစ်ပေါင်းများစွာကြာအောင်..မသမာမူတွေ လုပ်လာပြှး..လူငယ်တွေရဲ့ တက်လမ်းကို ပိတ်ထားတာက တကယ့် အရှက်ရစရာ ကိစ္စကြီးပဲ.။ငါသာ ဆိုရင်..ဂီတလောကကနေ နှုတ်ထွက်ပြီး..ဘယ်တော့မှ ပြန်ဝင်မလာဖို့ ဆုံးဖြတ်နေလောက်ပြီ.."

သတင်းထောက်တွေဟာ..ကြောင်အနေခဲ့တယ်..။သူတို့ လင်းဖန် ပြောသမျှကို မှတ်တမ်းတင်နေခဲ့တာပါ..။သို့ပေမယ့် တစ်ခုခု လွဲမှားနေတာကို သူတို့ ခံစားမိပါတယ်..။

မာစတာလင်း ပြောတာတွေက အတော်ဆိုးတော့..လူထုကို တင်ပြလိုက်ရင် အာရုံစိုက်ခံရမှာ အသေအချာပါပဲ..။

ဝူယူလန် လင်းဖန် ကို လှမ်းပုတ်လိုက်တယ်..။သူမက အစ်ကိုလင်း ဘေးနားမှာ တစ်ချိန်လုံး ရပ်နေခဲ့တာပါ..။အစ်ကိုလင်း ဖြစ်နေရင်တောင် စကားပြောတဲ့ နေရာမှာ ..အရမ်းစည်းကျော်လို့ မဖြစ်ပါဘူး...။

ဒါက အခန့်မသင့်ရင် လူထူရဲ့ အမုန်းကို ရသွားနိုင်ပါတယ်..။

လင်းဖန် ဝူယူလန် ရဲ့ အမူအရာကို မြင်ပြီး စိတ်ထဲက ကျိတ်ရယ်လိုက်တယ်..။

ဘယလောက် အကူညီဖြစ်လိုက်လဲ..

"ကြည့်..ကျုပ် မိတ်ဆွေကတောင် ကျုပ်ပြောနေတာက..အရမ်းပွင့်လင်းတယ်လို့ ထင်နေတယ်..။ဒါပေမဲ့ ဘယ်သူမှ မကြိုက်ဘူးဆိုရင်တောင် ပြောစရာ ရှိတာကို ပွင့်ပွင့်လင်းလင်း ပြောရမှာပဲ.."

လင်းဖန် ပြောလိုက်တာပါ..။

သတင်းထောက်တစ်ယောက်ဟာ..တီးတိုးပြောလိုက်တယ်..။

"မာစတာလင်း..က တရားမျှတမူကို ကြိုက်တဲ့..လူဆိုတာကျွန်တော် တို့သိထားပြီးသားပါ..။တကယ်လို့..ဒီစကားတွေက..မသင့်တော်ဘူးထင်ရင် ကျွန်တော်တို့ တည်းဖြတ်ပေးလို့ရပါတယ်.."

လင်းဖန် လက်ဝေ့ယမ်းလိုက်ပြီး..

"မလိုဘူး..ဒီအတိူင်းသာ သတင်းရေးကြ.။ကျုပိပြောတဲ့ အထဲမှာ နောင်တရစရာ ဘာမှ မရှိဘူး..။ဒီကမ္ဘာကြီးမှာ တစ်စုံတစ်ယောက်က..အမှားတွေ လုပ်နေရင်တောင် ထောက်ပြလို့မရတော့ဘူးလား.."

သတင်းထောက်တွေဟာ ကျေနပ်သွားခဲ့ကြတယ်..။သူတို့ နောက်ထပ်ရေးစရာ သတင်းတစ်ပုဒ် ထပ်ရသွားခဲ့ကြပါပြီ..။

သတင်းထောက်တွေဟာ ကျေနပ်ပြီး ထွက်သွားခဲ့ကြပါတယ်..။

လူလိမ် ထျန် သက်ပြင်းချလိုက်တယ်..။ဒီငနဲက စိတ်ထဲရှိတာကို အကုန် ထုတ်ပြောနေခဲ့တာပါ..။သူ့ကြည့်ရတာတော့ တစ်ခုခု ထူးခြားတာဖြစ်လာဖို့ကို မျော်လင့်နေတဲ့ ပုံပါပဲ..။

ယော်တယ် ဝင်ပေါက်တွင်..။

ကျိူးလီ သူမကိုယ်သူမ..ရုပ်ဖျပ်ထားပေမယ့် သတင်းထောက်တွေဟာ..ချက်ချင်း မှတ်မိပြီး ဝိုက်းလာခဲ့ပါတယ်..။

"ကျိုးလီ..လွန်ခဲ့တဲ့ ၂ နှစ်က မသမာ မူအပေါ် တစ်ခုခု ပြောစရာ များရှိလား..."

"ယန်ဂျင်က ဒေါ်လာ ၅ သန်းရခဲ့တယ်.။မင်းကရော ဘယ်လောက်ရခဲ့လဲ.."

"တစ်ခြား ဒိုင်နှစ်ယောက်ရော ပိုက်ဆံ ရခဲ့သေးလား.."

"ဂီတလောက ရဲ့ စီနီယာ တစ်ယောက် အနေနဲ့..ဒီလို မသမာ မူ အပေါ်မှာ ဘာပြောချင်လဲ.."

ဒီလို သတင်းထောက်တွေရဲ့..မရပ်မနား မေးခွန်းတွေကြောင့် ကျိုးလီ ခေါင်းငုံ့ နေခဲ့ရတယ်..။သူမ ဘာတစမခုမှ ပြန်မဖြေခဲ့ပါဘူး..။သူမ နောက်ဆုံးမှာတော့..ဘော်ဒီဂတ် တွေရဲ့ အကူအညီနဲ့ လွတ်လာခဲ့ပါတယ်..။

အခုချိန်မှာတော့..သူမ ..သေတောင် သေချင်နေခဲ့ပါပြီ..။

အကုန်လုံးက အဲ့ခွေးသားကြောင့်ပါပဲ..။သူ့ကြောင့်သာ မဟုတ်ရင် အခြေအနေက ဒီလောက်အထိ ဆိုးလာစရာ အကြောင်းမရှိပေ..။

သူမ ဒီတစ်ကြိမ်သာ ကောင်းကောင်းမကျော်နိုင်ရင် တကယ် အဆုံးသတ်တော့မှာပါ..။

…

ယန်ဂျင်ကတော့ ထွက်ပြောတာက..အကျိုးမရှိဘူးဆိုတာ..သိထားပါတယ်..။ဒါကြောင့် သူမ သတင်းထောက်တွေကို ဖိတ်ခေါ်ပြီး သတင်စာရှင်းလင်းပွဲ လုပ်ဖို့ စီစဥ်လိုက်တယ်..။

ဟော်တယ် ရှိ ခန်းမတစ်ခုထဲတွင်..။

အလျင်အမြန်ပဲ သတင်းထောက်တွေနဲ့ ပြည့်သွားခဲ့ပါတယ်..။

ယန်ဂျင်ကတော့..ထပ်ဆုံးမှာ စကားတစ်ခွန်းမှ မပြောပဲ ထိုင်နေပြီး..သူမကို ဘော်ဒီဂတ်တွေက ကာကွယ်ထားခဲ့တယ်..။

သတင်းထောက်တွေဟာ.မသမာ မူအပေါ်မှာ..မေးခွန်းထုတ်ဖို့ ပြင်ဆင်နေကြတယ်..။

ဒီကိစ္စက ယန်ဂျင် အပေါ်သက်ရောက်မူကြီးမားတယ် ဆိုတာ သူတို့ သိထားပါတယ်..။

သူမက..ဂီတလောကရဲ့ စီနီယာတစ်ယောက်ဖြစ်ပေမယ့်..သူမရဲ့ ဆိုးရွားတဲ့..ပုံရိပ်ကြောင့် ဘယ်သူမှ ဒိုင်အဖြစ် ထပ်ပြီး ဖိတ်ခေါ်ရဲတော့မှာ မဟုတ်ပါဘူး..။

ယန်ဂျင် သတင်းထောက်တွေ ကိုကြည့်လိုက်တယ်..။သူမ နာမည်ကို ရှင်းလင်းတာက အောင်မြင်နိုင်မလား ဆိုတာကို သူမလည်း မသိပါဘူး..။သိူ့ပေမယ့် သူမ ကြိုးစားကြည့်ရမှာပါ..။

အဲ့အချိန်မှာပဲ..ယန်ဂျင် စပြောလာခဲ့တယ်..။သိူ့ပေမယ့် အဲ့အချိန်မှာပဲ..သူမ စတင်ငိုကြွေးပါတော့တယ်..။

"အခုလိုဖြစ်နေတဲ့ အချိန်မှာ ပြောချင်တာက..ကျွန်မကို ချစ်ခင်ကြတဲ့လူတွေ အပေါ်မှာ တောင်းပန်ပါတယ်..။ကျွန်မ အကုန်လုံးကို စိတ်ပျက်စေမိပါပြီ.."

"လွန်ခဲ့တဲ့..၂ နှစ်က မသမာတဲ့ လုပ်ရပ်တစ်ခုကို လုပ်ခဲ့မိတယ် ဆိုတာလည်း အမှန်ပါပဲ..။အခုချိန်မှာလည်ူ အရမ်းနောင်တရနေခဲ့ပါပြီ..."

"ကျွန်မ အဲ့အချိန်တုန်းက အရမ်းငယ်ရွယ်ပြီး မိုက်မဲ ခဲ့တာကိုပဲ..အပြစ်တင်ရမှာပါ..။အဲ့တုန်းက ငယ်သေးတော့ လုပ်သင့် မလုပ်သင့်ကို မစဥ်းစားနိုင်ခဲ့ဘူးလေ.."

ယန်ဂျင် နောင်တရစွာ ငိုကြွေးပြနေခဲ့တယ်..။သူမ ရဲ့ မျက်လုံးမှာတော့ မျက်ရည်တွေ အပြည့်ပါပဲ..။သူမ ကြည့်ရတာ အတော် သနားဖို့ ကောင်းနေခဲ့ပါတယ်..။

ချီးပဲ..

သတင်းထောက်တွေဟာ..သူမ ပြောနေတာတွေကို ကြားပြီး..စိတ်မသက်မသာ ဖြစ်သွားခဲ့ကြတယ်..။

အဲ့တုန်းက အရမ်းငယ်သေးလို့တဲ့လား...

မိုက်မဲ ခဲ့မိတယ်ပေါ့..

ခင်ဗျား နည်းနည်းလောက်တော့..အရှက်ရှိလို့ မရဘူးလား...

ခင်ဗျား အသက်က အသက် ၅၀..နားတောင် ရောက်နေပြီလေ...အဲတာကို ဘာလို့ ငယ်ရွယ်တဲ့ အချိန်မို့လို့ မိုက်မဲခဲ့မိတာလို့ ပြောနေရတာလဲ...။

All Chapters