အခန်း (၇၄၄)
Vol. 50 Ch. 744
#ဘာသာပြန် = စနိုးဝှိုက်
သတင်းစာ ရှင်းလင်းပွဲက ပြီးသွားခဲ့တယ်..။
စင်နောက်တွင်..။
မန်နေဂျာဟာ..လက်တစ်ဖက်မှာ တစ်ရူးကို ကိုင်ပြီး..လေးစားစွာ ရပ်နေခဲ့တယ်..။အခုချိန်မှာ..သူမ ယန်းဂျင်ကို ဘာမှ မပြောရဲပါဘူး..။
ယန်ဂျင် မျက်ရည်တွေကို သုတ်လိုက်တယ်..။သူမရဲ့ မျက်နှာမှာတော့..အေးစက်တဲ့ အမူအရာ ရှိနေပြီး..မြင်ရသူတိုင်းကိုတောင် ကြောက်ရွံ့စေနိုင်ပါတယ်..။
"အစ်မယန်..အကုန် ဖြေရှင်းပြီးသွားပြီလား.."
မန်နေဂျာဟာ အလျင်အမြန်မေးလိုက်တာပါ..။သူမ မြင်တဲ့ အတိုင်းဆိုရင်တော့..ဒါက တကယ်ကို အောင်မြင်သင့်ပါတယ်..။အစ်မယန် ရဲ့ ပုံစံက..အတော်ငိုထားပြီး အတော်ကို နောင်တရနေတဲ့ ပုံစံပေါက်နေခဲ့တယ်..။တစ်ချ်ို့ သတင်းထောက်တွေ ဆိုရင် သူမ ငိုနေတာကို ဆက်တောင် မကြည့်နိုင်ခဲ့ကြပါဘူး..။
"နင်က စောက်ရူးလား..။နင့်ရဲ့ ဦးနှောက် အဆင့်အတန်း နဲ့ ဆိုရင် ငါ နင့်ကို မန်နေဂျာ ခန့်ထားတာတောင် ..တစ်သက်လုံး ကျေးဇူးတင်နေရဦးမယ်..။ဘေးကို ဖယ်စမ်း..."
မန်နေဂျာဟာ ဘေးနားကို ရှက်ရွံ့စွာ ဖယ်ပေးလိုက်တယ်..။သူမ ငိုတောင် ငိုချင်နေခဲ့ပါပြီ..။ယန်ဂျင် ရဲ့..မန်နေဂျာ ဖြစ်ရတာက..ကျား နားမှာ နေရတဲ့ ယုန်သူငယ် လိုပါပဲ..။
သူမက ခွေးတစ်ကောင်လို ဆက်ဆံခံခဲ့ရတာပါ..။
သူမ ကို ယန်ဂျင်က မန်နေဂျာ အဖြစ် ခန့်ထားတယ် ဆိုတာက..ညွှန်ကြားချက်တွေ အတိုင်း လိူက်လုပ်ပြီး ဥာဏ်လည်း သိပ်မကောင်းလို့ ဆိုတာကို သူမသိထားပါတယ်..။
တစ်ခြား ဆယ်လီ တွေပို ကြည့်လိုက်ရင်..သူတို့ရဲ့ မန်နေဂျာကို အဆင့်မြင့်မြင့်ပဲ..ဆက်ဆံကြတာပါ..။တစ်ခြား မန်နေဂျာတွေ ဆက်ဆံသလို..သူမ ဆက်ဆံ မခံခဲ့ရပါဘူး..။
သူတို့ လူအုပ်ထဲကို ရောက်သွားတဲ့ အချိန်ဆိုရင် သူမ တစ်ခြား မန်နေဂျာတွေကို ကြည့်ပြီး မနာလိုတောင် ဖြစ်မိပါတယ်..။
တစ်ခြားလူတွေ ရဲ့ အမြင်မှာတော့..သူမက ယန်ဂျင် ရဲ့ မန်နေဂျာ ဖြစ်တာကြောင့် မြင့်မားတဲ့ အဆင့်တစ်ခုမှာ ရှိနေတဲ့ လူတစ်ယောက်ပါ..။သို့ပေမယ့် အမှန်တကယ် တော့..သူမက ခွေးတစ်ကောင် သာသာ အဆင့်ပါပဲ..။
ဘေးနားမှာ..ရှိနေတဲ့ ဘော်ဒီဂတ် တွေဟာ သူမကို သနားစဖွယ် ကြည့်လိုက်ကြပေမယ့်..ဘာမှတော့ ဝင်မပြောရဲကြပေ..။
*ကလင် ကလင်*
အဲ့အချိန်မှာပဲ..ယန်ဂျင် ရဲ့ ဖုန်းဟာ မြည်လာခဲ့တယ်..။
"အကုန် အပြင်ထွက်ကြ.."
ယန်ဂျင် ပြောလိုက်တာပါ..။သူမ အကုန်လုံး ထွက်သွားတဲ့ အချိန်ကြမှ..သူမ ဖုန်းကို ကိုင်လိုက်တယ်..။
"ပြသနာက..ဖြေရှင်းပြီးသွားပြီလား.."
"သတင်းထောက်တွေတော့ ပြန်သွားကြပြီ..အခြေအနေက ဘယ်လို ဆက်ဖြစ်မလဲ ဆိုတာတော့ မသိသေးဘူး..။ကျွန်မ သည်းမခံနိုင်တော့ဘူး..။သူ့ကို..တန်ရာ တန်ကြေး ပြန်ပေးစေချင်တယ်.."
"ငါရှန်ဟိုင်းကို လူလွတ်ပြီးသွားပြီ..။ငါ တို့ ဒီငနဲကို..မှတ်သားလောက်တဲ့ အထိ ပညာပေးမှာပါ..။ဒီလို မောက်မာတဲ့..လူငယ်လေးတွေ ရှိနေမယ်လို့ ..မထင်ထားခဲ့ဘူး..။အရည်အချင်းလေး နည်းနည်းရှိတာနဲ့..အစစ်အမှန် စွမ်းဆောင်နိုင်တာက ဘာလဲ ဆိုတာကို မေ့ေလျာ့သွားကြပြီ..."
ယန်ဂျင် သဘောတူစွာ ခေါင်းညိမ့်လိုက်တယ်..။သို့ပေမယ့် သူမ စိတ်ထဲမှာတော့ ဒေါသထွက်နေတုန်းပါပဲ..။လင်းဖန် ကြောင့်သာ မဟုတ်ရင် သူမ ဒီအခြေအနေ အထိ ရောက်လာစရာ အကြောင်း မရှိပေ..။
ဟို လူလိမ် ရန်ဂျီ အတွက်ကတော့...ဒီငနဲ ဘယ်မှာနေလဲ..သူမ မသိစေဖို့ပဲ..ဆုတောင်းနေရတော့မှာပါ..။
နောက်တစ်ရက်..။
တိမ်ဖြူလမ်း..။
ချီးပဲ..
လင်းဖန် သတင်းကို ဖတ်နေရင်းကနေ သည်းမခံနိုင်တော့ပေ..။
"ကြည့်လိုက်ဦး..ဒီမိန်းမက တကယ်ကို အရှက်မရှိတာပဲ.."
လင်းဖန် ..တစ်စုံတစ်ယောက်က ဒီလောက်အထိ အရှက်ကင်းမဲ့ နိုင်လိမ့်မယ်လိူ့ မထင်ထားခဲ့ပေ..။သူ ဗီဒီယိုကို တောင် ဆက်မကြည့်နိုင်တော့ပါဘူး..။
"ကျွန်မ အရမ်းငယ်ရွယ်ပြီး မိုက်မဲခဲ့တဲ့ အတွက်ပဲ အပြစ်တင်ရမှာဆိုပဲ..။ငါ တကယ် သည်းမခံနိုင်တော့ဘူး..."
သူ ဖုန်းထဲက ထွက်လာနေတဲ့ ယန်ဂျင် ရဲ့ အသံကြောင့် ကိုင်ထားတဲ့ လက်တောင် တုန်ရီနေခဲ့ပါတယ်..။
လူလိမ် ထျန်ဘေးနားကိုရောက်လာခဲ့ပြီး..
"အာယို...ဒီအသံက အတော် နူးညံ့တာပဲ..။သူမသာ..ငါ့ မိန်းမ ဆိုရင် တစ်နေ့ကို သုံးကြိမ်လောက် အရိုက်ခံနေရလောက်ပြီ..."
ကျောက်ကျန်းယန် လည်းဝင်ပြောလိုက်တယ်..။
"ဒီယန်ဂျင်က တကယ်ကို သရုပ်ဆောင်ကောင်းတာပဲ..။အစ်ကိုလင်း...ပရိတ်သတ်တွေက သူမကို ခွင့်လွှတ်ပေးလိမ့်မယ်လိူ့ ထင်လား..."
လင်းဖန် ရယ်မောလိုက်တယ်..။
"မြို့သားတွေကို မင်းက အရူးလို့ ထင်နေတာလား...။ဒါက လူတွေရဲ့ ခံစားချက်တွေကို ထိခိုက်သွားရင် ဘယ်လောက် သနားစရာ ကောင်းနေပါစေ..ခွင့်လွှတ်ကြမှာ မဟုတ်ဘူး..."
"ထပ်ပြောရရင် ယန်ဂျင်ကိုပဲ..ကြည့်လိုက်..။ဖျော်ဖြေရေး လောကမှာ သူမလိုချင်တာကို ရထားခဲ့တာ..။သူမက မောက်မာတယ်လေ..။ဒီတော့..လူတွေ အများကြီးက..သူမ ကျဆုံးမှာကို စောင့်နေကြမှာ အသေအချာပဲ..."
သူ ဒီလောက ထဲမှာ..မကျင်လည်ဖူးပေမယ့် .တစ်စုံတစ်ယောက်က..ဘယ်လောက်ပဲ အံ့ဩ ဖို့ ကောင်းနေပါစေ..မောက်မာပြီး ..တစ်ခြားလူတွေကို အနိုင်ကျင့်နေရင်တော့.သူ့ကို ကျဆုံးစေချင်တဲ့လူတွေ ရှိနေမှာ အသေအချာပါပဲ..။
ဝိုက်ဘို..။
"ချီးပဲ..သူမ ငိုနေတာက ကျတ်သရေ တုန်းလိုက်တာ..."
"သူမက သေတောင်သေတော့မယ်လေ..။ဒါက ဘာလို့ ငယ်ရွယ်တယ်လို့ ထင်နေရတာလဲ..။သူမက တကယ်ကို အရှက်မရှိတာပဲ.."
"သူမကို ဂီတလောက ကရော..ရသစုံ ရှိုးတွေကရော ကန်ထုတ်လိုက်ကြ..။သူမ မျက်နှာ ဘယ်နေရာမှာပဲ..ပေါ်လာ ပေါ်လာ ငါတော့ အားပေးမှာ မဟုတ်ဘူး.."
"ပြောတာကောင်းတယ်...ငါလည်း သူမပါတဲ့ ဘာပစ္စည်း တံဆိပ်ကိုမှ သုံးမှာ မဟုတ်ဘူး.."
"သနားစရာကောင်းအောင် သရုပ်ဆောင်မနေနဲ့.."
"ဂီတလောကကနေ ထွက်သွားတော့.."
…
အင်တာနက်ပေါ်က မြို့သားတွေဟာ..ယန်ဂျင်ကို ပစ်ပယ်ထားဖို့ စီစဥ်နေခဲ့ကြပါတယ်..။
အခြေအနေကို ကြည့် သလောက်တော့..ဖျော်ဖြေရေး လောကက လူတွေဟာလည်း ယန်ဂျင်ကို လက်လျော့သင့်ပြီ လို့ သုံးသပ်နေခဲ့ကြတယ်..။သူမ ရဲ့ နာမည်ကို ပြန် ရှင်းလင်းနိုင်တော့မှ မဟုတ်ပါဘူး..။တကယ်လို့ သူမသာ အသက် ၂၀ ဝန်ကျင်လောက် ဆိုရင် ပရိတ်သတ်တွေက ခွင့်လွှတ်ပေးနိုင်ကြဦးမှာပါ..။
သိူ့ပေမယ်ပ အခုချိန်မှာတော့ ဒါက မဖြစ်နိုင်တော့ပါဘူး..။
ဂီတလောကက အဆိုတော်ဟောင်း တစ်ချို့ဟာလည်း အချင်းချင်းဆွေးနွေး နေကြပါတယ်..။
"ဒီကိစ္စကို ကြည့်ရတာ ယန်ဂျင်တော့ အဆုံးသတ်ပြီ.."
"ဒါ မဖြစ်နိုင်ဘူး..။သူမ ရဲ့ အဆင့်အတန်းနဲ့ ဆိုရင် ဒါက မဖြစ်နိုင်ဘူးနော်..."
"ဘာလို့ မဖြစ်နိုင်ရမှာလဲ..။သူမ ရဲ့ မသမာ မူတွေက ပေါ်လာခဲ့ပြီလေ..။သူမ အဆင့်အတန်းက ဘယ်လောက်မြင့်မြင့် ဒါက..အသုံးမဝင်ဘူး.."
"ပြီးတော့.မာစတာလင်းက..ယန်ဂျင် ရဲ့ အမြီးကို တက်နင်းထားတာ ဆိုတော့..ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့လည်း ဖြေရှင်းလို့ မရပြန်ဘူးလေ.."
"ငါတော့ မာစတာလင်းကို တကယ်လေးစားတယ်..။ငါ သူ့ကို..ကိုယ်တိုင် အပြင်မှာ မတွေ့ဖူးပေမယ့်..အတော် အံ့ဩဖို့ကောင်းတာတော့ အမှန်ပဲ.."
”
"သူ့ကို..ဝူရွှန်းယွဲ့ ပွဲဦးမထွက်ခင် သီချင်းပြိင်ပွဲဝင်ပြိုင်ကတည်းက..ဒီလောကက လူတွေစသိလာတာလေ.."
"ဝူရွှန်းယွဲ့တော့ မာစတာလင်းလို လူမျိုးနဲ့တွေ့ရတာ တကယ် ကံကောင်းတာပဲ..။သူက သီချင်းကောင်းတွေ ရေးနိင်ပေမယ့် ပိုက်ဆံလိူချင်တဲ့ ပုံလည်း မရှိဘူး..။သူတို့ နှစ်ယောက် တစ်ခုခုတော့ ဖြစ်ထားမှာပဲ.."
"အဓိပ္ပါယ် မရှိတာတွေ မပြောနဲ့..။သူတို့က စည်းမကျော်ထားကြတာလည်း ဖြစ်နိုင်တာပဲ.."
"ဘာမှ မဖြစ်ဘူးလို့ ဘယ်သူက ယုံကြည်မှာလဲ..။ဝူရွှန်းယွဲ့ ဆိုတာက..အောင်မြင်နေတဲ့ လူတစ်ယောက်ပဲ..။သူမက လှပပြီး ဆွဲဆောင်မူ ရှိတယ်လေ..။အထူးသဖြင့် သူမရဲ့ ကောင်ကြောင်းတွေပဲ..။ငါတို့လို မိန်းကလေးတွေတောင် သူမကို အားကျရတယ်..."
"တကယ် ကောင်းတဲ့ မျက်လုံးတွေပဲ.."
ဟော်တယ်တွင်..။
ယန်ဂျင် ဝိုက်ဘိုက ဆွေးနွေးမူတွေကို ကြည့်ပြီး မျက်နှာ ဖြူဖျော့ နေခဲ့တယ်..။သူမ မန်နေဂျာဆီကို.ဒေါသတကြီး လမ်းလျောက်သွားလိုက်ပါတယ်..။
တစ်စုံတစ်ယောက် ကို စောင့်နေတဲ့ မန်နေဂျာဟာ..ယန်ဂျင် သူမဆီကို လျောက်လာတာ မြင်ပြီး..ကြောက်လန့်သွားခဲ့တယ်..။
"အစ်မ ...အစ်မယန်...."
*ဖြန်း *
သူမ မန်နေဂျာကို တွေဝေခြင်းမရှိ ပါးရိုက်လိုက်ပါတယ်..။
"ဘယ်လို စက်ဆုပ်ဖို့ ကောင်းတဲ့ကောင်တွေလဲ..။အတော် ယုတ်ညံ့ကြတယ်..။ငါ့ကို ဘယ်လိုများ ပြောရဲရတာလဲ.."
ယန်ဂျင် အတော်ကို ဒေါသထွက်နေခဲ့တယ်..။သူမ အောင်မြင်လာပြီး ကတည်းက ဒီလို အခြေအနေကို တွေ့ဖူးတာ ပထမဆုံးပါပဲ..။အရင်တုန်းက..သူမကို ပရိတ်သတ်တွေ ဘယ်လောက်ပဲ ကျိန်ဆဲကြပါစေ မသိချင်ယောင်ပဲ ဆောင်ထားခဲ့ပါတယ်..။
သို့ပေမယ့် ဒီတစ်ခါတော့ သည်းမခံနိုင်တော့ပါဘူး..။
ဒီတစ်ကြိမ်မှာ က သက်သေတွေပါ ပါလာတော့ သူမကို ယံူကြည်မူ လျော့နည်းစေပါတယ်..။
အဲ့အချိန်မှာပဲ ဖုန်းဝင်လာခဲ့တယ်..။
မန်နေဂျာဟာ..ဖုန်းကို ကြည့်လိုက်ပြီး..အားနည်းစွာ ပြောလိုက်တယ်..။
"အစ်မယန် ..ဂျုလီမိုင် ဆီကနေ ဖုန်းလာတယ်..."
ဂျုလီမိုင် ဆိုတာက သူမ သံတမန် အဖြစ် လုပ်ကိုင်နေတဲ့ ကုမ္ပဏီက တာဝန်ရှိသူ တစ်ယောက်ပါ..။ထောက်ခံချက် အတွက် ပမာဏက သုံးနှစ်မှာ ၈ သန်း ရရှိပါတယ်..။
"ဖုန်းကိုင်လိုက်.."
ယန်ဂျင် သူမကို စိုက်ကြည်လိုက်တယ်..။သူမ စိတ်တွေက မတည်ငြိမ်သေးပါဘူး..။
မန်နေဂျာ ဖုန်းကိုင်လိုက်တယ်..။
"ဟဲလို..."
ရုတ်တရက် မန်နေဂျာ ရဲ့ အမူအရာဟာ ဖြူဖျော့ပြီး ကြောက်လန့်သွားခဲ့ပါတယ်..။
ယန်ဂျင် မေးလိုက်တယ်..။
"ဘာဖြစ်တာလဲ.."
မန်နေဂျာ ဘာမှ မပြောရဲ ခဲ့ပါဘူး..။သူမ ယန်ဂျင် နောက်တစ်ခါ ထပ်ရိုက်မှာကြောင့် တစ်ဖက်ကို လှည့်ပြီး ကျောပေးထားကာ ဂရုတစိုက် ပြောခဲ့ပါတယ်..။
"အစ်မယန်..ဂျုလီမိုင်ပြောတာက..အစ်မယန်..က သူတို့ရဲ့ စာချုပ်ပါ အချက်ကို ဖောက်ဖျက်ထားတယ်တဲ့..။အခုချိန်မှာ အင်တာနက်ပေါ်မှာ အစ်မယန်နဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ တောင်းဆိုနေကြတယ်..။တစ်ချိန်တည်းမှာပဲ..စာချုပ်ပါ..အခြေခံ ငွေကြေးအပြင် အပိုဒဏ်ကြေး ၁၀ သန်းပါ လိုချင်နေကြတယ်..။တကယ်လို့ သူတို့ကို မပေးဘူးဆိုရင် တရားရုံးကနေ တဆငိ့ စကားပြောကြမယ်တဲ့.."
"ခွေးမသားတွေ..."
ယန်ဂျင် ထပ်ပြီး သည်းမခံတော့ပေ..။သူမ ဘေးနားက ဆေးလိပ် ပြာခွက်ကို ဒေါသတကြီး ကောက်ကိုင်ပြီး..မန်နေဂျာ ရဲ့ ခေါင်းကို ရိုက်ခွဲလိုက်ပါတယ်..။
ငယ်သံပါတဲ့..အော်သံတစ်ခု ထွက်ပေါ်လာခဲ့တယ်..။
လတ်ဆတ်တဲ့ သွေးတွေကတော့ ကြမ်းပြင်ပေါ်ကို ကျနေခဲ့ပါတယ်..။