ဒါက ရန်စသလိုပဲ..
Vol. 50 Ch. 745
#ဘာသာပြန် = စနိုးဝှိုက်
အသန်မာဆုံး ကောင်းကင်သံစဥ် ခန်းမတွင်..။
လင်းဖန် ရောက်လာတဲ့ အချိန်မှာ ပရိတ်သတ်တွေဟာ..တခဲနက် လက်ခုပ်တီးပြီး အားပေးလိုက်ကြတယ်..။
လင်းဖန် အံ့ဩသင့်ပြီး သံသယဖြစ်သွားခဲ့ပါတယ်..။ယင်းနောက် သူ ပြုံးလိုက်ပြီး..
"ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ..။ဒါက..ကျုပ် ..ကမ္ဘာကြီးကို..ကယ်တင်လို့လို့..အရမ်းချစ်သွားကြ သလိုတောင် ဖြစ်နေတယ်နော်..."
လူအုပ်ကြီးဟာ ရယ်မောလိုက်ကြတယ်..။တစ်စုံတစ်ယောက်ဟာ..အော်ဟစ်လိုက်ပါတယ်..။
"မာစတာလင်း..လုပ်သွားတာ တကယ်ကို လှပတယ်နော်..."
ယင်းနောက် နောက်ထပ်တစ်ယောက်ဟာ အော်ဟစ်လိုက်ပါတယ်..။
"မာစတာလင်း..မသမာတဲ့ လူပ်ရပ်တွေကို ဖော်ထုတ်ပေးရမယ်နော်.."
"အိုး..ခင်ဗျားတို့က အဲ့ကိစ္စကြောင့် ဒီလိုဖြစ်နေကြတာလား.."
လင်းဖန် ရယ်မောကာ လက်ဝေ့ယမ်းလိုက်တယ်..။
"ဒီလို မသမာမူမျိုးက ကျုပ်သည်းမခံနိုင်ဆုံး အရာပဲ..။ခင်ဗျားတို့ရော ဘယ်လိုထင်လဲ..။တစ်စုံတစ်ယောက်က သွေးတွေ ချွေးတွေ နဲ့.ရင်းပြီး ကြိုးစားခဲ့ရတယ်..အောင်လည်း အောင်မြင်ဖို့ လက်တစ်ကမ်းအလိုရောက်မှ ဒီလို မသမာတဲ့ နည်းလမ်းတွေကြောင့်..လက်လွတ်လိုက်ရတာလေ..။ဒါက..သူ့ စိတ်ထဲမှာ အရိပ်မဲ ကြီး ဖြစ်သွားမှာ ကျိန်းသေပဲ..။ဒါကြောင့် ခင်ဗျားတို့..လည်း ဒီလို ကိစ္စတွေနဲ့ ကြုံတွေလာလို့ရှိရင် ချက်ချင်းဖော်ထုတ်ပြီး မသမာတဲ့ နည်းလမ်းတွေက မရှိသင့်ဘူးဆိုတာကို ပြသရမယ်..."
"ပြောတာ ကောင်းတယ်..."
"ငါ ဘယ်သူ့ကိုမှ..မလေးစားခဲ့ဘူး ဒါပေမဲ့ မာစတာလင်းကိုတော့ လေးစားနေမိပြီ..."
"ပုံမှန် ကြည့်ရင်တော့..ယန်းဂျင်က..ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်လိုပဲ..။သူမက ဒီလို မသမာတဲ့ နည်းလမ်းတွေ အသုံးပြုနေမယ် လိူ့ ဘယ်သူက ထင်ထားမှာလဲ..."
"ငါတို့ ..သူမကို ပစ်ပယ်ထားရမယ်.."
( boycott - အဆက်အဆံမလုပ်ပဲထားသည်..။ကြဥ်ထားသည်..။)
…
အသံတွေကို နားထောင်ရင်းနဲ့ လင်းဖန် သူ့ကိုယ်သူ တရားမျှတတဲ့ ဘက်မှာရပ်နေတဲ့ လူတစ်ယောက်လို ခံစားလိုက်ရပါတယ်..။ပြီးတဲ့နောက်မှာ..သူ ဒိုင်လူကြီး ထိုင်ခုံမှာ ထိုင်နေတဲ့ လီယင်ဒေါင်ကို လှမ်းကြည့်လိုက်တယ်..။
သူ က ယန်ဂျင်ကိစ္စ ဖြစ်ပြီးကတည်းက အဲ့မှာပဲ ထိုင်နေခဲ့တာပါ..။သူ လင်းဖန်နဲ့ အကြည့်ချင်းဆုံးတဲ့ ..အချိန်မှာ ရှောင်လွှဲပြီး ပုန်းကွယ်ဖို့ ကြိုးစားလိုက်တယ်..။
"ဟေး..."
လင်းဖန် ပျော်ရွှင်သွားခဲ့ပါတယ်..။ဒီငနဲက..သူ့ရဲ့..အံ့ဩစရာကောင်းတာတွေကို သိပြီးသားဖြစ်မှာပါ..။
လီယင်ဒေါင်ရဲ့ အမူအရာကို ကြည့်ရတာတော့..သူလည်း..မသမာတဲ့..နည်းလမ်းတွေကို အသုံးပြုဖူးတဲ့ ပုံပါပဲ..။
သူ့ရဲ့ အကြောင်းအရာတွေလည်း ဖော်ထုတ်ခံရမှာကို ကြောက်ရွံ့နေတဲ့ ပုံပါ..။
လီယင်ဒေါင် ကြောက်လန့်နေခဲ့တယ်..။အခြေအနေက ဒီအဆင့်တွေ အထိတောင် ရောက်သွားလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။ဒီငနဲက..အစ်မယန် ရဲ့..ဂုဏ်သတင်းကိုတောင် ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်..။အခုချိန်မှာတော့..သူ နဲ့ ဘာမှ မဆိုင်ဘူးဆိုပေမယ့်..တကယ်လို့ အနေအထိုင်သာ မတတ်ရင် သူ့အလှည့်လည်း မကြာလောက်တော့ပါဘူး..။
ဒါက ကိစ္စ သေးသေးလေးဖြစ်ပြီး..ဒီလို အခြေအနေထိ ရောက်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပေ..။
သူ့ကြားတာကတော့..အစ်မယန် ကိုယ်စားပြုကြော်ငြာပေးနေတဲ့ ကုမ္ပဏိီ တစ်ခုက သူကို စာချုပ်ဖျက်သိမ်းပြီး ဒဏ်ကြေးရိုက်ဖို့ ပြင်ဆင်နေတယ် ဆိုတာပါပဲ..။ဒါကမှ တကယ်ကို ကိစ္စကြီးပါ..။
ဘာပဲဖြစ်ဖြစ်...စာချုပ်မှာက..တစ်ချို့ အချက်တွေကို ထည့်သွင်းထားပြီးသားပါ..။
ဒီထဲက အချက်တစ်ချက်က..ကုမ္ပဏိရဲ့ ပုံရိပ်ကို ထိခိုက်စေပြီး ဆိုးရွားတဲ့..အကျိုးသက်ရောက်မူတွေ ဖြစ်အောင် လုပ်လိူ့မရပါဘူး..။
သူ အင်တာနက်က..သတင်းတွေကို မြင်ပြီသွားပါပြီ..။မြို့သားတွေက..ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံးဝကို အာရုံစိုက်နေကြပါတယ်..။တစ်ချို့ ကုမ္ပဏီ တွေဆိုရင် သူမကို လက်တွဲဖြုတ်ပြီး လျော်ကြေးတောင်းဖို့တောင် ပြင်ဆင်ထားကြပါပြီ..။
လီယင်ဒေါင် သူ ဝင်မရှုပ်သင့်ဘူးလို့ ခံစားနေခဲ့ရတယ်..။သူ တကယ် ဒီထဲ ဝင်ပါလို့ မရပါဘူး..။
သူ ဒိုင်တွေ ရဲ့ ထိုင်ခုံကို ကြည့်လိုက်တော့..ကျိုးလီ ဟာရောက်မလာသေးပေ..။သူမ ဘာဖြစ်နေလဲ ဆိုတာတော့ သူလည်း မသိပါဘူး..။
ကျိုးလီ လဲ ဒီမသမာ မူမှာ ပါတယ်လိူ့ ပြောလို့ရပါတယ်..။သို့ပေမယ့် သတင်းထောက်တွေက..ယန်ဂျင် ရဲ့ ဂုဏ်သတင်းကြောင့် သူမကိုပဲ ဖမ်းချင်နေခဲ့တာပါ..။ထပ်ပြောရရင် ကျိုးလီက သတင်းထောက်တွေ ဆီမှာ ဘာမှ မဖော်ထုတ်ခံခဲ့ရပါဘူး..။ဒီတော့ သူမ သတင်းက သိပ်ပြီး မရှိပေ..။
သိသ့ပေမယ့်..ဒီ မသမာမူမှာ..ယန်ဂျင် တစ်ယောက်တည်းပါဝင်တာ မဟုတ်ပဲ..ကျိုးလီ ပါ ပါနေတယ် ဆိုတာကိုတော့ သိထားခဲ့ကြပါတယ်..။
ဟောင်ဂျင် ရှင်း လင်းဖန် ရဲ့ ပုခုံးကို ပုတ်လိုက်တယ်..။ဒါက တကယ်ကို မယုံနိုင်စရာပါပဲ..။
"မာစတာလင်းက တကယ် အံ့ဩဖို့ကောင်းတာပဲ..။ဒီတစ်ကြိမ်တော့ သူမ ပြန်ရုန်ထွက်ပြီး..ပရိတ်သတ်နဲ့ ဆက်ဆံရေးကောင်းတည်ဆောက်ဖို့ မလွယ်တော့ဘူး.."
လင်းဖန် ရယ်မောလိုက်တယ်.။
"ဘာဆက်ဆံရေး ကောင်းလဲ..။သက်သေက.ဖော်ထုတ်ပြီးနေပြီလေ..။သူမ နာမည်ကို ပြန်ဖြေရှင်းဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး.."
ဟောင်ဂျင်ရှင်း ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ပြောလိုက်တယ်..။
"မာစတာလင်း..ငါ့အမြင်အရဆိုရင်တော့..မာစတာလင်း လုပ်ထားတာက လုံလောက်နေပြီနော်..။ဘာပဲဖြစ်ဖြစ် ဒီလောကထဲမှာ အကြာကြီးနေဖို့ဆိုရင်..လူအများကြီးကိုတော့ အပြစ်ပြူမိလို့ မဖြစ်ဘူး.."
လင်းဖန်တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်..။
"ကျွန်တော် ဒါကိုတော့ သိပ်ပြီး နားမလည်ဘုး..။ကျွန်တော်က ဘာမှ လုပ်တာမဟုတ်ဘူးလေ..။ဒါက မြို့သားတွေ ကိူယ်တိုင်သူမကို..ခွင့်မလွတ်နိုင်ကြတာပဲ.. ။ဒါက ကျွန်တော်လည်း ဘာမှ တတ်နိင်တာမဟုတ်ဘူး..။ဒီလောက ထဲမှာ အကြာကြီး နေဖို့ အတွက်ကတော့..ကျွန်တော့်မှာ အစီအစဥ် မရှိပါဘူး.."
ဟောင်ဂျင်ရှင်း ဘာမှ ထပ်မပြောခဲ့ပေ..။သူ ဒီစကားတွေကို ပြောတယ် ဆိုတာကလည်း ယန်ဂျင်ဘက်မှာ ရပ်တည်လို့ မဟုတ်ပေ..။သူက အတွေ့အကြုံ ရှိတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ဖြစ်လာနိုင်ချေတွေကို ပြောပြတာပါ..။
လင်းဖန် ဆရာဟောင် ပြောတာကို နားလည်ပါတယ်..။သို့ပေမယ့် ဒါက ပြသနာ မရှိပါဘူး..။သူက ပန်ကိတ်ရောင်းတာနဲ့တင် ကျေနပ်နိုင်တဲ့ လူစားမျိုးပါ..။
ဒိုင်အလုပ်အတွက်ကတော့...အမြဲတစေ လုပ်နေဖို့ အစီစဥ် မရှိပါဘူး..။
တိုက်ရိုက် ထုတ်လွင့်သည့် အခန်းတွင်..။
"ဟေး..ဒါက ထူးဆန်းတယ်နော်..။ဘာလို့ ကျိုးလီ က ရောက်မလာသေးတာလဲ.."
"သူမ တစ်ခုခုဖြစ်နေတာလား..။သူမ လာဖို့..မျက်နှာ ရှိသေးတာ ဖြစ်နိုင်လောက်မလား..."
"သူမလာရဲ့ရင်...မာစတာလင်း ကြောင့်..အတော်ကို စိတ်မသက်မသာ ဖြစ်ရမှာပဲ..."
"ငါတော့ မာစတာလင်းကို ထောက်ခံတယ်..။သူမကလည်း လူကောင်းတစ်ယောက် မဟုတ်ဘူး.."
စင်နောက်တွင်..။
လက်ထောက် ဒါရိုက်တာဟာ ကြောက်လန့်နေခဲ့တယ်..။
"ကျိုးလီ မလာသေးဘူးလား.."
အလုပ်သမားတစ်ယောက်ဟာ ပြောလိုက်တယ်..။
"ကျွန်တော် ဆက်သွယ်ထားတာတော့ လမ်းမှာ ရောက်နေပြီတဲ့..။ဒါပေမဲ့ လက်ထောက် ဒါရိုက်တာ ..သူမ ဒီကိုလာတာ ပြသနာတော့ မတက်နိုင်ပါဘူးနော်..."
လက်ထောက် ဒါရိုက်တာ ရဲ့ မျက်နှာဟာ အကူညီမဲ့သွားခဲ့တယ်..။
"ဘာများထပ်ဖြစ်နိုင်မှာ မို့လို့လဲ..။ငါတ်ို့ ဒီရှိုးကို..ဆက်မထုတ်လွင့်ဘူးဆိုရင်ပေါ့.."
သိပ်မကြာခင်မှာပဲ..။
ကျိုးလီ အသန်မာဆုံး ကောင်းကင်သံစဥ် ကျင်းပတဲ့ ခန်းမကို ရောက်လာခဲ့တယ်..။
ပရိတ်သတ်တွေဟာ..ကျိုးလီကို မြင်ပြီး လှောင်ပြောင်လိုက်ကြပါတယ်..။ဇ
ကျိုးလီ ..သာမန် အမူအရာအတိုင်းရှိနေပေမယ့်..ရှက်ရွံ့တဲ့ ခံစားချက်တွေတော့ ဖြစ်ပေါ်နေခဲ့ပါတယ်..။သူမ ဘာပြောရမလဲ ဆိုတာတောင် မသိတော့ပါဘူး..။
သူမ ပရိုက်သတ်တွေရဲ့ စကားသံတွေကို ကြားနေခဲ့ရတယ်..။
*ချီး*
"သူမက ဒီကို မျက်နှာ လာပြရဲသေးတာပဲ.."
"မသမာ တဲ့ အလုပ်တွေကို လုပ်ထားပြီး ဒီကို လာရဲသေးတယ်နော်..။သူမ အရေပြားက အတော်ထူတဲ့ပုံပဲ.."
"သူနကို ထွက်သွားခိုင်းလိုက်..။မသမာ တဲ့ ဒိုင်ကို ငါတို့ မကြည့်ချင်ဘူး.."
ဒီစကားတွေကို ကြားတဲ့ အချိန်မှာ ကျိူးလီ..စိတ်ပျက်လာခဲ့တယ်..။သို့ပေမယ့် သူမ တစ်ခုခုကို တွေးမိသွားခဲ့ပါတယ်..။
နင်တို့က ငါ့ကို ..မမြင်ချင်ကြဘူးမလား..။ဒါပေမဲ့ ငါကတော့ ဒီရှိုးကို လာပြီး လုပ်စရာ ရှိတာ ဆက်လုပ်နေဦးမှာပဲ..။နင်တို့ ထွက်သွားစေချင်ရင်တောင် ငါက ထွက်သွားမယ့်လူမဟုတ်ဘူးဆိုတာ သိစေရမယ်..။ဒါဆို နင်တို့ စိတ်ပျက်သွားကြမှာပဲ..။
သူမ ဒါကို တွေးမိတဲ့ အချိန်မှာ..ပြုံးပြီး လက်ဝေ့ယမ်းလိုက်တယ်..။သူမ ကြည့်ရတာ ဘာမှ မဖြစ်တဲ့ လူတစ်ယောက်လိုပါပဲ..။
"တောင်းပန်ပါတယ်..။လမ်းတွေက..ပိတ်နေတော့..နည်းနည်းနောက်ကျသွားတယ်လေ.."
ပရိတ်သတ်တွေဟာ ဒါကို ကြားပြီး ဆွံ့အသွားခဲ့ကြပါတယ်..။
ကျိုးလီရဲ့ ပုံစံက လုံးဝကို သက်ရောက်မး မရှိသလိုပါပဲ..။
စက်ဆုပ်ဖို့ကောင်းတယ်..။တကယ် စက်ဆုပ်ဖို့ကောင်းတယိ..။
လင်းဖန် ကျိုးလီကို ကြည့်ပြီး ပြုံးလိုက်တယ်..။သူက..ဒီလို..မသမာ တဲ့ နည်းလမ်းတွေကို..ဖြေရှင်းတာမှာ အသားကျနေပါပြီ..။သူ့ရဲ့ အဓိက တားဂတ်က ယန်ဂျင် ဆိုပေမယ်..ဒီ ကျိုးလီ ကတော့..လိုက်ပွဲပါပဲ..။
ကျိူးလီဟာ..လင်းဖန် သူမကို ကြည့်ပြီး ပြုံးနေတာ မြင်တော့ သွေးတွေ ဆူပွက်လာခဲ့တယ်..။သိူ့ပေမယ့် သူမ ဘယ်လောက်ပဲ ဒေါသထွက်ထွက် ဖော်ပြလို့ မရပါဘူး..။
ဒီနေ့ အထိ ဖြစ်ပျက်လာခဲ့တာတွေက ဒီခွေးသားလေး ကြောင့်ပါပဲ..။
သူ့ကြောင့်သာ မဟုတ်ရင်..ဒီလိုတွေ ဖြစ်လာစရာ အကြောင်း မရှိပေ..။အခုဆို အပြင်သွားတိုင်း သတင်းထောက်တွေနဲ့ တွေ့မှာကို သူမ ကြောက်ရွံ့နေခဲ့ရပါတယ်..။
သူမရဲ့ ဂုဏ်သတင်း ဆုံးရှုံးရမှာကို တကယ်ကြောက်မိပါတယ်..။အစ်မယန် က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပေမယ့်လည်း ဒါက ပိုပြီးဆိုးလာတာပဲ ရှိပါတယ်..။ဒီထက် ပိုဆိုးလာရင် သူမပါ ထိခိုက်လာတော့ မှာပါ..။
"ဆရာမ ကျိုး...ဘာလို့..အမူအရာက ကြည့်ရဆိုးနေတာလဲ..။ဖြစ်နိုင်တာက..မသမာတဲ့ အပေးအယူ ကိစ္စကြောင့် စိတ်ဆင်းရဲနေရတာလား..."
လင်းဖန် မိုက်ကရိုဖုန်းက နေတဆင့် တည့်တည့်ပဲ မေးလိုက်တာပါ..။
ကျိုးလီကတော့ ဒီခွေးသာက အခုလို တည့်တည့်ကြီးမေးလာမယ်လို့ မထင်ထားခဲ့ပါဘူး..။ပြီးတော့ သူက မိုက်ကရိုဖုန်းတောင် ဖွင့်ထားပါသေးတယ်..။
ဘယ်သူမှ မကြားမှာကို သူက ကြောက်နေတာလား..။
သိူ့ပေမယ့် အဲ့ အချိန်မှာတော့ သူမ ရယ်မောလိုက်ပြီး..
"စိုးရိမ်ပေးလို့ ကျေးဇူးပါ မာစတာလင်း..ဒါပေမဲ့ ကျွန်မ အဆင်ပြေနေပါတယ်..."
"အိုး.."
လင်းဖန် မတူညိီစွာ ရေရွတ်လိုက်တယ်..။
"ညစ်ပတ်ပေမယ့် ကျန်းမာတယ် ဆိုသလိုပေါ့..."
တိုက်ရိုက်ထုတ်လွင့်မူထဲတွင်..။
"ဟားဟား..ငါ ရယ်ရလွန်းလို့ ချီးပါ ထွက်တော့မယ်..။မာ၀တာလင်းက သူမကို လုံးဝ မျက်နှာသာ မပေးဘူး.."
"ဟုတ်တယ်...ကျိုးလီက လူကောင်တစ်ယောက်မဟုတ်ဘူး.."
"နေမကောင်းဘူးလားလိူ့ မေးပါရစေ..ဟားဟား.."
"ညစ်ပတ်ပေမယ့်..ကျန်းမာတယ်..ဆိုတာ..တစ်ခုခု အဓိပ္ပါယ် ရှိနေတယ်နော်..."
"ငါလည်း ခံစားမိတယ်..ဘရို..."
…