← Chapters

အခန်း (၇၄၆)

Vol. 50 Ch. 746

အခန်း (၇၄၆)

Vol. 50 Ch. 746

#ဘာသာပြန် = စနိုးဝှိုက်..

ပြိုင်ပွဲဟာ တရားဝင်စတင်ခဲ့ပြီးနောက်မှာ..လင်းဖန် ဘာမှ ထွေထွေထူးထုး ထပ်ပြီး မပြောတော့ပါဘူး..။

ဒါက..လက်ထောက် ဒါရိုက်တာကို စိတ်သက်သာရာ ရစေခဲ့ပါတယ်..။

ပြိုင်ပွဲမစတင်ခင် တစ်ခုခု ဖြစ်လာခဲ့မယ်ဆိုရင်..ဒါက တကယ်ကို ကပ်ဆိုးပါပဲ..။သိူ့ပေမယ့်..အခုက ပြိုင်ပွဲစလာခဲ့ပြီး ဆိုတော့..တစ်ခုခု ဖြစ်လာခဲ့ရင်လည်း ကြည့်ရူသူတောင် ပိုများလာဦးမှာပါ..။

သိူ့ပေမယ့်..ဘာလိုလဲ မသိပေမယ့်..ကျိုးလီ မီးအချက်ပြတဲ့ အချိန်တိုင်း ပရိတ်သတ်က လှောင်ပြောင်နေခဲ့ပါတယ်..။

ဒီလှောင်ပြောင်မူတွေက..ကျိုးလီကို မပျော်မရွှင်ဖြစ်စေပေမယ့်..သူမ လုပ်နိုင်တာ ဘာမှ မရှိပါဘူး..။သူမ ပရိတ်သတ်တွေကို ဒေါသထွက်လိူ့ မရပေ..။

သိူ့ပေမယ့် ရှက်ဖို့ အကောင်းဆုံး ကိစ္စက ဖြစ်ပျက်လာခဲ့တယ်..။ကျိူးလီက..ပြိုင်ပွဲဝင်တစ်ယောက်ကို ရွေးချယ်ခဲ့ပေမယ့်..ပြိုင်ပွဲဝင်ဟာ ကျိူးလီကို..ငြင်းပယ်သွားခဲ့ပါတယ်..။

သူမ ဘာမှ မပြောဘူးဆိုပေမယ့်လည်း..ဒီပြိုင်ပွဲဝင်က..ကျိုးလီကို မလေးစားသလို..ကျိုးလီ ပညာပေးမှာကိုလဲ..ကြောက်ရွံ့မယ့်ပုံ မရှိပါဘူး..။

ဘာပဲဖြစ်ဖြစ်..သူမရဲ့..ဂုဏ်သတင်းက..မကောင်းတော့..ဘယ်သူမှ သူမရဲ့..လက်အောက်ကို မဝင်ချင်ကြပေ..။

ဒီမတိုင်ခင်က သူမကို ရွေးချယ်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေတောင်မှ စိတ်ပျက်နေခဲ့ကြပါတယ်..။သူတို့ ..အစတုန်းကတော့..ကျိုးလီရဲ့ ခြေထောက်ကို ဆွဲပြီး လေပေါ်ကို ပျံချင်ပေမယ့်..အခုတော့ တစ်ဝက်တစ်ပျက်မှာတင်ပဲ..လွှတ်ချနေချင်ကြပါပြီ..။

အဲ့အထဲမှာတော့ ကျန်းချီက..အဆိုးဆုံးပါပဲ..။သူမ အချိန်ကို နောက်ပြန်ဆုတ်လို့ ရရင် ပြန်ဆုတ်လိုက်ချင်မိပါတယ်..။

တကယ်လို့ သူမမှာသာ..နောက်ထပ် အခွင့်အရေး ရှိမယ် ဆိုရင် ကျိုးလီကို မရွေးချယ်ပဲ..ကျိန်းသေပေါက် မာစတာလင်းကိုပဲ..ရွေးချယ်မှာပါ..။

ပြိုင်ပွဲဝင်ရဲ့ ငြင်းပယ် ခံရအပြီးမှာ ကျိူးလီ ရဲ့ အမူအရာဟာ..စိတ်ပျက်သွားခဲ့တယ်..။သူမ မပျော်ရွှင်ဘူး ဆိုတာကို လူတိုင်းပြောနိုင်ပါတယ်..။

သူမ အတော်ကို မပျော်မရွှင် ဖြစ်နေခဲ့တာပါ..။

.

ပြိုင်ပွဲပြီးသွားခဲ့တယ်..။

လင်းဖန် ပြန်တော့မယ့် အချိန်မှာပဲ..လက်ထောက်ဒါရိုက်တာဟာ..အလျင်အမြန်..ရောက်လာခဲ့တယ်..။သူ ဘာမှ မပြောခင်မှာပဲ..လင်းဖန်ရဲ့ လက်ကို ကိုင်ပြီး ကျေးဇူးတင်ကြောင်း ပြသလိုက်လိုက်ပါတယ်..။

"မာစတာလင်း...ကျိုးလိီကို..ဆက်ပြီး မတိုက်ခိုက်လို့ တကယ် ကျေးဇူးတင်ပါတယ်..။မဟုတ်လို့..သူမကို ပြိုင်ပွဲက ရပ်နားရမယ်ဆိုရင်..အခြေအနေက..ထိန်းချုပ်ရ ခက်ကုန်မှာလေ..."

ဘယ်လိုလုပ် သူ ကျေးဇူးမတင်ပဲ နေနိုင်မှာလဲ..။မာစတာလင်းရဲ့..အကျင့်စရိုက်က အကြောက်အလန့်ကင်းတယ် ဆိုတာကို သူသိထားပါတယ်..။တကယ်လို့ သူ တစ်ခုခု လုပ်ချင်တယ် ဆိုရင် ဘယ်သူမှ တားဆီးလို့ ရမှာ မဟုတ်ပါဘူး..။

ဒါကြောင့် ပြိုင်ပွဲပြီးသွားတဲ့ အချိန်မှာ သူ မျက်နှာချင်းဆိုင်ပြီး ကျေးဇူးတင်စကား ပြောဖို့ စောင့်နေခဲ့တာပါ..။

လင်းဖန် ရယ်မောလိုက်ပြီး..

"ရပါတယ်ဗျာ..။ကျုပ်က အစတုန်းကတော့..သူမကို..တစ်ခုခူ လုပ်ဦးမလို့ပဲ..ဒါပေမဲ့ တစ်ခုခု ကို တွေးမိသွားလို့ ဘာမှ မလုပ်ဖို့ ဆုံးဖြတ်လိုက်တာလေ..။ခင်ဗျားတို့ ရုပ်သံလိုင်းက..အခုမှ အောင်မြင်လာတာ ဆိုတော့..ခင်ဗျားတို့ကို ခက်ခဲအောင်လုပ်လို့ ဘယ်ဖြစ်မလဲ.."

လက်ထောက် ဒါရိုက်တာဟာ ကျေးဇူးတင်စွာ ပြောလိုက်တယ်..။

"ကျေးဇူးတင်ပါတယ် မာစတာလင်း..။ကျေးဇူးတင်ပါတယ်.."

သိပ်မဝေးသည့် နေရာတစ်ခုတွင်..။

ကျိူးလီ ..ဟာ..လင်းဖန် နဲ့ လက်ထောက် မန်နေဂျာ စကားပြောတာကို စောင့်ကြည့်နေခဲ့တယ်..။သူမ လက်သီးကို ကျစ်နေအောင် ဆုပ်ထားခဲ့ပါတယ်..။

လိီယင်ဒေါင် သူမ ဘေးနားကို ရောက်လာပြီး ပြောလိုက်တယ်..။

"ငါ ထင်တာတော့..နင် သူနဲ့ စကားသွားပြောသင့်တယ်..။မဟုတ်ရင် ပြသနာ ကြီးလာနိုင်တယ်နော်..."

ကျိုးလီ နှာခေါင်းရှုတ်လိုက်ပြီး..

"သူ နဲ့ စကားပြောရမှာလား..။ငါက ဘာသွားပြောရမှာလဲ..."

"ဒီလို ပြောလို့ မရဘူးလေ..။တကယ်လို့ သူက စင်ပေါ်မှာ နင့်မကောင်းကြောင်း ပြောရင်..ထိန်းချုပ်ရခက်ကုန်လိမ့်မယ်..။ထပ်ပြောရရင် သတင်းတွေ ဖော်ပြမှ ဆိုရင် နောက်ကျသွားပြီလေ.."

ကျိူးလီ စိတ်ဓာတ်ကျသွားခဲ့တယ်..။လီယင်ဒေါင် ပြောတာက အဓိပ္ပါယ်ရှိတယ် ဆိုတာကို သူမ သိပါတယ်..။သိူ့ပေမယ့်..သူမ ဒိီငနဲကို အောက်ကျို့ ဖို့ ဆိုတာက မဖြစ်နိုင်တဲ့ အရာပါပဲ..။

သို့ပေမယ့် အဲ့အချိန်မှာပဲ...

…

"မာစတာလင်း..ကျွန်တော် သွားတော့မယ်.."

လက်ထောက် မန်နေဂျာဟာ ပြောလိုက်တယ်..။သူအခု မာ၀တာလင်းရဲ့ အဖြေကို သိပြီးသွားခဲ့ပါပြီ..။

လင်းဖန် ..ပြုံးပြီး နှုတ်ဆက်လိုက်တယ်..။

"အိမ်ကို ကောင်းကောင်း ပြန်ပါ.."

လက်ထောက် ဒါရိုက်တာ ပြန်သွားတာကို ကြည့်ပြီး လင်းဖန်လည်း..ထွက်သွားဖို့ ပြင်ဆင်လိုက်ပါတယ်..။

"ခနလေး.."

ကျိူးလီ နောက်ကနေ လှမ်းအော်လိုက်တယ်..။

လင်းဖန် ပြုံးလိုက်ပြီး..

"ဆရာမ ကျိုး..ဘာဖြစ်လို့လဲ..."

ကျိုးလီ ခနလောက် တိတ်ဆိတ်နေခဲ့ပြီး..

"နင် ဘာဖြစ်ချင်နေတာလဲ..."

"ခင်ဗျား ဘာကို ဆိုလိုတာလဲ..။ကျုပ်နားမလည်ဘူး.."

လင်းဖန် သိချင်စွာ မေးလိုက်တာပါ..။သူ့မျက်နှာမှာ ရှုပ်ထွေးတဲပ အမူအရာ တစ်ခုတောင် ဖော်ပြထားခဲ့တယ်..။

ကျိုးလီ လင်းဖန်က်ို ကြည့်လိုက်တယ်..။သရုပ်ဆောင် နေလိုက်..။ဆက်ပြီး သရုပ်ဆောင်နေလိုက်..။အခုချိန်မှာ သူမက..အောက်ဘက် ရောက်နေတဲ့လူဖြစ်တာကြောင့်..လေသံကို လျော့ထားဖို့ လိုအပ်ပါတယ်..။

"ငါ အရှုံးကိုဝန်ခံတယ်..။ဒါပေမဲ့ အခုချိန်မှာက..ငါတို့ နှစ်ယောက်စလုံးက ဒိုင်တွေပဲလေ..။ဒီနေ့.မတိုင်ခင်အထိ ငါတို့ မျက်လုံးချင်း ဆုံးအောင်တောင် မကြည့်ခဲ့ဖူးဘူး..ဒါပေမဲ့..အရာအားလုံးကို..ငါအပေါ်ကိုပဲ..ပုံချဖို့ လိုလို့လား.."

သူမ အခုလက်ရှိအခြေအနေကို ရဖို့ဆိုတာက မလွယ်ကူခဲ့ပါဘူး..။ဒါကြောင့် လူတွေက ..သူမကို အတင်းခေါင်းမာ ခိုင်းမယ် ဆိုရင်တောင်..ဒိီလို မလုပ်နိုင်ပေ..။

အစကတော့..ယန်ဂျင် နဲ့ ဆက်ဆံရေးကောင်းရှိတာက..သူမရဲ့ လမ်းကြောင်းမှာ..ပိုပြီး အကျိုးရှိနိုင်တယ်လိူ့ထင်ထား ခဲ့တာပါ..။သို့ပေမယ့် ယန်ဂျင်က..သူမ ရှေ့မှာတင် ဒီခွေးသားလေးရဲ့..တိုက်ခိုက်မူကို ခံလိုက်ရပါတယ်..။

အခုချိန်မှာ..အင်တာနက်ပေါ်က သတင်းတိုင်းက..

မသမာတဲ့ လာဘ်ပေးလာဘ်ယူ အကြောင်းတွေချည်းပါပဲ..။တကယ်လို့ ဒါတွေကို ငြိမ်သက်သွားစေချက်တယ် ဆိုရင် သူမ ငြိမ်ငြိမ်လေးစောင့်နေမှ ရမှာပါ..။

ဒါပေမဲ့ ဒီကြားထဲမှာ ဘာမှ မဖြစ်ဘူးလို့ ဘယ်သူ သိနိုင်မှာလဲ..။

လင်းဖန် အပြစ်ကင်းစွာ ပြောလိုက်တယ်..။

"ဆရာမ ကျိုး..ကျေးဇူးပြုပြီး ကျုပ်ကို အထင်မလွှဲပါနဲ့..။ကျုပ်လင်းဖန်က..ဘယ်သူ့ကိုမှ ..တားဂတ် မထားတတ်ဘူး..။ခင်ဗျား မှားနေပြီ..။ဒါပေမဲ့..ဆရာမကျိုး လို ဒိုင်တစ်ယောက်က..ဒီလို မကောင်းတဲ့ အလုပ်မျိုးကို လုပ်လိမ့်မယ်လို့ မထင်ထားဘူး..။ဒါက ဘယ်လိုလွှမ်းမိုးနိုင်စွမ်းတွေ ရှိလိမ့်မယ်လို့ ထင်လို့လဲ..."

"ခင်ဗျားဆီမှာ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ထင်မနေနဲ့..။သိမကြာခင်မှာပဲ..တစ်ခုခု ကြီးမားတာ ဖြစ်လာလိမ့်မယ်.."

ကျိူးလီ လင်းဖန်ကို စိုက်ကြည့်လိုက်ပြီး..

"နင်ဘာကို ဆိုလိုတာလဲ.."

လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။

"ထားလိုက်တော့..ငါပဲ နင့်ကို ရှင်းပြတော့မယ်..။အခုချိန်မှာ..ယန်ဂျင်က ပရိတ်သတ်တွေနဲ့ ဆက်ဆံရေးကောင်းပြန်ရအောင် အစွမ်းကုန်ကြိုးစားနေပေမယ့်..တစ်ဖက်မှာတော့ ခင်ဗျားက ဒီတိုင်းကြီး နေနေတယ်လေ..။ယန်ဂျင်က..အကုန်လုံး လုပ်လိူ့..ပြီးသွားရင်..မြားဦးက ခင်ဗျား ဆီ လှည့်လာမှာ..အဲ့ချိန်ဆို ခင်ဗျား ပြေးချင်ရင်တောင် မလွတ်တော့ဘူး..။ဒါကြောင့် ခင်ဗျား ကိုယ်လွတ်မယ့်လမ်းကို ကိုယ်ရှာထားသင့်တယ်..။ကျုပ်အထင်အရဆိုရင်..ဒါကို ဦးဆောင်ပြီး လုပ်ခဲ့တာက ယန်ဂျင်ပဲ..။ဒါကြောင့် ခင်ဗျား ကိုယ့်ကိုကို အထိခိုက်နည်းအောင် လုပ်ဖို့ဆိုရင်..ဒီမြားဦးက..ယန်ဂျင် ရဲ့ ဘက်မှာပဲ..ရှိနေအောင် လုပ်ဖို့ လိုတယ်လေ..။အခြေအနေကောင်းရင်..ပရိတ်သတ်တွေရဲ့...သနားဂရုဏာ သက်မူတွေကိုတောင် ရနိုင်ဦးမယ်..."

"နင် ဘာစကားပြောတာလဲ.."

ကျိူးလီ ရဲ့..အမူအရာက မဲမှောင်သွားခဲ့တယ်..။ဒီခွေးသားလေးက..သူမကို ..ယန်ဂျင်ရဲ့ နောက်ကျော ကို ဓားနဲ့ ထိုးဖို့ ပြောနေခဲ့တာပါ..။ဘယ်လောက်များတဲ့ အမုန်းတရားတွေကို သူမ ယန်ဂျင် ဆီက ပြန်ရလိုက်မလဲ..။

"ဆရာမ ကျိုး..ခင်ဗျားက အတော်မိုက်မဲတာပဲ..။ကျုပ်သာ ခင်ဗျားနဲ့ ရှုပ်ချင်ရင်..ခင်ဗျား စင်ပေါ်က ဆင်းလာခွင့်ရမယ် ထင်နေတာလား.."

လင်းဖန် လှပတဲ့ စကားလုံးတွေနဲ့ မေးလိုက်တယ်..။

"တော်လောကိပြီ..ကျုပ်ထပ်မပြောတော့ဘူး..။ခင်ဗျား အေးအေးဆေးဆေး စဥ်းစားပေါ့..။ခင်ဗျားရဲ့ လက်ရှ်ိ အဆင့်အတန်း နဲ့ ဆိုရင် ယန်ဂျင်ကို သွားယှဥ်ပြိုင်လို့ မဖြစ်ဘူးလေ..။တကယ်လို့ သူမက ခင်ဗျားကို ခြိမ်းခြောက်လာရင် ခင်ဗျားလုပ်နိုင်တာ ဘာမှ မရှိဘူး.."

ဒါကို ပြောပြီးနောက်မှာ လင်းဖန် ချက်ချင်းထွက်လာခဲ့တယ်..။

သူကတော့...ကျိူးလီ နဲ့..ယန်ဂျင်..တို့ရဲ့ ဆက်ဆံရေး အုတ်တံတိုင်းကြီးကို..အက်ကြောင်းရာတွေ ပေါ်လာအောင် လုပ်ပေးလိုက်နိုင်ပါပြီ..။

တကယ်လို့ ကျိူးလီ သာ..ယန်ဂျင် နဲ့ နောက်ကျောကို ဓားနဲ့ ထိုးဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင်..ဒါက ကျေနပ်စရာ.ရလာဒ်တစ်ခု ဖြစ်လာတော့မှာပါ..။

သို့ပေမယ့် ဒါက အောင်မြင်ပါ့မလားတော့မသိပေ..။ဒါက ကျ်ိုးလီ ပြသနာအပေါ် ဘယ်လိုချည်းကပ်ပြီး တွေးခေါ်မလဲ ဆိုတာ မူတည်ပါတယ်..။

ဒီလို ကိုယ်ရေးကိုယ်တာ ထိခိုက်လာတော့မယ့် အချိန်မှာ သူငယ်ချင်း ဆက်ဆံရေးက ဘာဖြစ်သွားမှာလဲ..။တစ်စုံတစ်ယောက်က..ကိုယ့်ကိုကို ကာကွယ်ဖို့ကိုပဲ..ဦးစားပေးသွားမှာပါ..။

ကျိူးလီ..မြေကြီးပေါ်မှာ မတ်တတ်ရပ်နေရင်းကနေ..လင်းဖန်ရဲ့ နောက်ကျောကို ကြည့်နေခဲ့တယ်..။သူမ လင်းဖန် ရဲ့ စည်းရုံးမူကို ခံရပေမယ့်..အရူးတစ်ယောက်တော့ မဟုတ်ပါဘူး..။

တကယ်လို့.သူမ ဒီလိုလုပ်လိုက်မယ် ဆိုရင် သွားစရာနေရာတောင် ရှိမှာ မဟုတ်ပါဘူး..။

သိူ့ပေမယ့် ဒီငနဲ ပြောတာကလည်း အဓိပ္ပါယ် ရှိပါတယ်..။ယန်ဂျင်က တကယ်ကိုပဲ..ပရိတ်သတ်နဲ့ ဆက်ဆံရေး တည်ဆောက်နေခဲ့တာပါ...။ရလာဒ်က သိပ်မကောင်းပေမယ့်..သူမသာ အောင်မြင်သွားမယ် ဆိုရင်..ကျန်ခဲ့မယ့်လူက..သူမတစ်ယောက်တည်းပါပဲ..။

ဒါပေမဲ့ အဲ့အချိန်ကျရင် သူမကို..ဘယ်သူ..ကူညီပေးမှာလဲ..။

လီယင်ဒေါင် အမှောင်ထဲကနေ လျောက်လာခဲ့တယိ..။

"သူ ဘာပြောသွားတာလဲ..."

ကျိုးလီ ခေါင်းခါယမ်းလိုက်ပြီး..

"ဘာမှ မဟုတ်ပါဘူး..."

သူမ..ဒီပြသနာကို..အခုချိန်မှာ မပြောသင့်ပါဘူး..။သူမ ပြန်ရောက်တဲ့ အချိန်ကျမှ ခေါင်းအေးအေးနဲ့ တွေးရမှာပါ..။

အရင်တုန်းကလည်း ဒီလောကမှာ နောက်ကျောကို ဓားနဲ့ထိုးခဲ့တဲ့..လူတွေ..မရှိတာ မဟုတ်ပါဘူး..။

သို့ပေမယ့်..ဒီတစ်ကြိမ်သူမ နောက်ကျောကို ဓားနဲ့ ထိုးမယ့် လူက..အတော်ကို..အင်အားကြီးပါတယ်..။သူမက..ဂီတလောကရဲ့ စီနီယာကြီးတစ်ယောက် ဖြစ်ပြီး..ဂီတလောက ရဲ့ ဘုရင်မလို့တောင် ပြောနိုင်တဲ့ ယန်ဂျင်ပါ..။

တကယ်လို့..သူမ သာ သေချာ ပိုင်ပိုင်နိုင်နိုင် မကိုင်တွယ် နိုင်ရင်..အဆုံးသတ်မှာ ခံစားရမယ့် လူက..သူမ ဖြစ်နေမှာကို တကယ်ကြောက်ရွံ့မိပါတယ်..။ဒါကြောင့် သူမ သေချာ ဂရုတစိုက်.စဥ်းစားဖို့လိုပြီး..လုံးဝကို အမှတ်တမဲ့ လုပ်လို့ မရပါဘူး..။

အဲ့အချိန်မှာတော့...ကျိုးလီ ခေါင်းကိုက်လာခဲ့တယ်..။သူမ စိတ်ထဲမှာ ရှိတာကတော့..အိမ်ကို စောစောပြန်ပြီး သေချာ စဥ်းစားဖို့ပါပဲ..။

…

လင်းဖန် ကားပေါ်ကနေ သီချင်း ညဥ်းရင်း ဆင်းလာခဲ့တယ်..။သူ တကယ်ကို စိတ်အခြေအနေ ကောင်းမွန်နေခဲ့တာပါ..။

သို့ပေမယ့် အဲ့အချိန်မှာပဲ..တစ်ခုခု ဆိုးရွားတာ ဖြစ်လာခဲ့တယ်..။

လူဆယ်ယောက်လောက် အဖွဲ့ဟာ လင်းဖန် ရှေ့မှာ စောင့်ပြီး ပိတ်ရပ်နေခဲ့ကြပါတယ်..။သူတို့အကုန်လုံးက..လင်းဖန်ကို စိုက်ကြည့်နေခဲ့ကြတာပါ..။

ဘာပဲဖြစ်ဖြစ်...နောက်ဖြစ်လာမယ့် အခြေအနေကတော့..ကောင်းမယ့်ပုံ မပေါ်တော့ပါဘူး..။

All Chapters