ကြိုစီစဥ်ထားတယ်..
Vol. 50 Ch. 747
#ဘာသာပြန် = စနိုးဝှိုက်
ဘယ်သူတွေ ဖြစ်နေမလဲ လို့ လင်းဖန် တွေးနေတဲ့ အချိန်မှာပဲ..တစ်ဖက်က ..လူဆယ်ယောက်ဟာ..သူ့ဆီကို စတင်ပြီး လမ်းလျောက်လာတာ တွေ့လိုက်ရပါတယ်..။
သူတို့ထဲက..တစ်ယောက်ဆိုရင်..မျက်လုံးထဲမှာ မောက်မာမူတွေ အပြည့်ပါပဲ..။သူ့..ပုံစံက အန္တရာယ်ရှိတဲ့ လူတစ်ယောက် အသွင်ဖြစ်ပြီး..ဒီလူတွေရဲ့ ခေါင်းဆောင်လည်း ဖြစ်ပုံရပါတယ်...။
"မင်းက လင်းဖန် လား..."
လူကြီးက မေးလိုက်တာပါ..။
လင်းဖန် ပြန်ဖြေလိုက်တယ်..။
"ဟုတ်တယ်..ကျုပ်ပဲ..။ခင်ဗျားတို့က ဘယ်သူတွေလဲ..."
လူကြီးက ပြောလိုက်တယ်..။
"ငါတို့ ဘယ်သူလဲ ဆိုတာက အရေးမကြီးဘူး..။မင်း သိထားရမယ့် အရာက မင်းနဲ့ မသက်ဆိုင်တာကို..ဝင်မရှုပ်မိစေဖို့ပဲ..။နားလည်လား..."
လင်းဖန် ခေါင်းခါယမ်းလိုက်တယ်..။
"ကျုပိတော့ နားမလည်ဘူး..။
လူကြီးဟာ..လင်းဖန်ကို အေးစက်စွာ ကြည့်လိုက်တယ်..။
"မင်းက..မင်းအတွက်ဘာက ကောင်းသလဲ ဆိုတာကို မသိဘူးထင်တယ်..ဟုတ်တယ်မလား..."
လင်းဖန်လည်း..တစ်ဖက်လူတွေနဲ့..ရှုပ်ချင်နေခဲ့ပါတယ်..။ဒါကြောင့် သူ စိတ်မရှည်စွာပဲ ပြောလိုက်တယ်..။
"ညီအစ်ကို..မင်း ပိုပြီး အဓိပ္ပါယ် ရှိရှိ ပြောလို့မရဘူးလား..။ငါက လူအများကြီး ကို ရန်စခဲ့တဲ့လူပဲ..။ငါ ဘယ်သူနဲ့ ရှုပ်ခဲ့တယ် ဆိုတာကို ဘယ်လိုလုပ် မှတ်မိတော့မှာလဲ..။မင်းပြောနေတာတွေက..ငါ့အတွက်ကတော့ ဘာမှ အဓိပ္ပါယ် မရှိဘူးလေ..."
အဲ့အချိန်မှာတော့..ဒီလူတွေဟာ..လင်းဖန်ကို ရိုက်နှက် ချင်နေကြပါပြီ..။
သို့ပေမယ့်..သူတို့ကို..လင်းဖန်ကို မထိဖို့ အမိန့်ပေးလိုက်ပါတယ်..။သူတို့ဒီကိုလာတာက..လင်းဖန်ကို ..အဓိပ္ပါယ် မရှိတာတွေ ထပ်မပြောစေဖို့ ခြိမ်းခြောက်ယုံ သက်သက်ပါပဲ..။
အခြေအနေက ရိုးရှင်းပြီး..သူတို့ ဒါမျိုးကို အကြိမ်ပေါင်းများစွာ လုပ်ဖူးကြပါတယ်..။
အရင်တုန်းကဆိုရင်..လူတွေက..သူတို့ကို တွေ့တာနဲ့ ကြောက်လန့်ပြီး မျက်နှာတွေ ဖြူဖျော့သွားကြတာပါ..။တစ်ချို့ဆိုရင် ချက်ချင်းတောင် ဒူးထောက်ပြီးတောင်းပန်ကြတာတွေ ရှ်ိပါတယ်.။
အဲ့အချိန်မှာပဲ..လူကြီးဟာ..စိုက်ကြည့်ပြီး ထပ်ပြောလိုက်တယ်..။
"ငါ ထပ်ပြောမယ်..။မင်း လေးလေးနက်နက် ပြောရင် ပိုကောင်းမယ်နော်..မဟုတ်ရင် မင်းလက်ကို ရိုက်ချိုုး ပစ်လိုက်မယ်..."
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ကျုပ် တကယ်ပြောနေတာ..။အခု ဒီမှာ ဖြစ်နေတဲ့..သောက်ပြသနာက..ခင်ဗျားတို့ ကျုပ်ကို နာမည်တစ်ခု ပေးဖို့ပဲ..။မဟုတ်ရင် ကျုပ်က..ဘယ်သူတွေနဲ့ ပြောနေတာလဲ ဘယ်လိုသိမှာလဲ.."
လူကြီးရဲ့ နောက်မှာ ရှိတဲ့ လူမိုက်လေးတွေဟာ..အံ့ဩနေခဲ့ကြတယ်..။
လူတစ်ယောက်က..အတော်မောက်မာပြီး..လူတွေ အများကြီးရဲ့ ရှေ့မှာတောင် တည်ငြိမ်နေနိုင်လိမ့်မယ်လို့..သူတို့ မထင်ထားခဲ့ကြပါဘူး..။ဒီမှာ တစ်ခုခုတော့ မူမမှန်တော့ပေ..။
လူကြီးဟာ..လင်းဖန် ရဲ့ ကော်လံစကို ဆွဲပြီး..ရက်စက်တော့မယ့် အမူအရာနဲ့ ထပ်ပြောလိုက်တယ်..
"မအိမ်လုံး..မင်းက သေချင်နေတာလား..။ငါ ပြောလိုက်မယ်..အနာဂတ်မှာ စကားတစ်ခွန်း မပြောခင် မင်းရဲ့ သောက် ဦးနှောက် နဲ့ သေချာ စဥ်းစား..။မင်း လာ ရှုပ်လိူ့ မရတဲ့ လူတွေ အများကြီးရှိတယ်..။မင်း နောက်ထပ် သောက်ရေး မပါတာတွေ လုပ်နေဦးမယ် ဆိုရင် မင်းဆိုးဆိုးရွားရွား သေဆုံးရလိမ့်မယ် ဆိုတာ ငါ အာမခံတယ်..။ပြီးတော့ မင်းဘယ်လို သေမလဲ ဆိုတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး..."
"ခင်ဗျားဘာလို့ ဒီလောက်တောင် ရိုင်းစိုင်းနေတာလဲ..။ကျုပ် မှန်းကြည့်မယ်..ခင်ဗျားတို့ကို ယန်ဂျင် လွှတ်လိုက်တာလား.."
လင်းဖန် မေးလိုက်တာပါ..။
လူကြီးရဲ့ အမူအရာက ပြောင်းလဲ သွားခဲ့တယ်..။သူက အဖြေပြန်မပေးသလို..ငြင်းလည်း မငြင်းပယ်ခဲ့ပါဘူး..။
သူတို့က..မြောက်ဘက်ပိုင်းကနေ..လင်းဖန်ကို သတိပေးဖို့ လာခဲ့ကြတာပါ.။
တစ်ချိန်တည်းမှာပဲ..သူတို့ကို..လင်းဖန်ကို မထိဖို့ပါ မှာကြားလိုက်ပါတယ်..။
ဘာပဲဖြစ်ဖြစ်..လင်းဖန်က အခုချိန်မှာ လူသိများနေတဲ့ လူတစ်ယောက်ပါ...။တကယ်လို့ သူ့ကို သာ ဒီမှာ သင်ခန်းစာပေးလိုက်ရင်..ရဲတွေက..ခြေရာခံလိုက်နိုင်မှာ အသေအချာပါပဲ..။
သို့ပေမယ့်..ခြိမ်းခြောက်တယ် ဆိုတာကတော့ မတူပါဘူး..။ဒီခေတ်ကြီးမှာ..ပြသနာ တက်မှာကို မကြောက်တဲ့လူ ဘယ်သူရှိမှာလဲ..။အထူးသဖြင့် လူသိများတဲ့..ဆယ်လီ တွေက.ပြသနာတွေ ဖြစ်မှာကို ကြောက်ရွံ့ကြပါတယ်..။
ဒါကြောင့် ပုံမှန် အချိန်တွေ ဆိုရင် နည်းနည်းလောက် ချိန်းခြောက်လိုက်တာနဲ့.ရလာဒိကောင်းတွေ ရရှိစမြဲပါပဲ..။
"အရမ်းမမေးနဲ့..။ငါ မင်းကို သတိပေးလိုက်မယ်..။အနာဂတ်မှာ..စကားပြောတဲ့ အချိန်မှာ..သတိထားနေ.."
လူကြီးဟာ..ဒေါသထွက်စွာ ထပ်ပြောလိုက်တာပါ..။သူ့ရဲ့ ထိပ်လန့်ဖို့ကောင်းတဲ့ အမူအရာက..လူတွေ အများကြီးကို ကြောက်လန့်စေမှာ အသေအချာပါပဲ..။
အဲ့အချိန်မှာပဲ .လင်းဖန် ဖုန်းကို ထုတ်လိုက်တယ်..။
"မင်းဘာလုပ်နေတာလဲ.."
လူကြီးက မေးလိုက်တာပါ..။
လင်းဖန် ပြန်ပြောလိုက်တယ်..။
"ခင်ဗျားတို့က ကျုပ်ကို ချိန်းခြောက်နေတာလေ..။ဒါပေါ့.ကျုပ်..ရဲကို တိုင်ရမှာပေါ့..."
"မအိမ်လုံးဟမင်းက သေချာနေတာလား.."
လူကြီးဟာ ထပ်ပြီး သည်းမခံနိုင်တော့ပေ..။သူ လက်သီးကို မြောက်လိုက်ပြီး..လင်းဖန် ရဲ့ မျက်နှာကို ထိုးဖို့ ပြင်လိုက်ပါတယ်..။
လင်းဖန် ရယ်မောလိုက်တယ်..။သူ ဒီလူတွေကို လုံးဝ မျက်လုံးထဲ မထည့်ပါဘူး..။
"ကျုပ်ကတော့..သေချင်နေတဲ့လူက..ခင်ဗျားလို့ ထင်တာပဲ.."
အဲ့အချိန်မှာပဲ..လင်းဖန် ရှေ့ကို ..ခြေတစ်လှမ်းတိုးပြီး.လူကြီးရဲ့.ပုခုံးကို ဆွဲကာ..လျင်မြန်တဲ့ အရှိန်နဲ့ မြေကြီးပေါ် ကိုင်ပေါက်လိုက်တယ်.။
နောက်ကလူတွေဟာ.ဒါကိုမြင်ပြီး ကြောင်အသွားခဲ့ကြပါတယ်.။ယင်းနောက် လင်းဖန် ဆီကို ဒေါသတကြီး ပြေးဝင်သွားခဲ့ကြတယ်.။
သေချာ ကြည့်လိုက်တဲ့အချိန်မှာ ဒီလူတွေဆီမှာ..လက်နက်တွေပါလာမှန်း လင်းဖန် နားလည်လိုက်တယ်..။
သို့ပေမယ့် ဒါက ပြသနာ မရှိပါဘူး..။လင်းဖန် အတွက်ကတော့.ဒီလူတွေက..သူ့အတွက် ဘက် မဟုတ်ပေ..။
ဒီလူတွေ နဲ့ တိုက်ခိုက်တဲ့ အချိန်မှာ..သူ..ဝူရှကိုယ်ခံပညာကို တောင် သုံးစရာ မလိုပါဘူး..။စွမ်းအား ရှစ်မျိုး လက်သီးသိုင်းနဲ့တင်..သူတို့ကို အမှောက်သိပ်ဖို့ လုံးလောက်ပါတယ်..။
ခနအကြာမှာပဲ..အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့တယ်..။
ဒီ လူဆယ်ယောက်လုံး..မြေကြီးပေါ်မှာ အမှောက်သိပ် ခံလိုက်ရပါတယ်..။
ခေါင်းဆောင်ဖြစ်သူကတော့ အံ့ဩအသင်ဆုံးပါပဲ..။ဒီငနဲက ဒီလောက်တောင် သန်မာနေလိမ့်မယ်လို့ သူမထင်ခဲ့ပေ..။သူ့ဘက်မှာ လူအများကြီး ရှိနေပေမယ့်လည်း.ဒီငနဲကို ဘာမှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဘူး.။
ဘယ်လိုဖြစ်နိုင်မှာလဲ..။
"မင်းတို့..ရူးနေကြတာလား...။မင်းတ်ို့ ငါနဲ့ ပြသနာလာရှာချင်တယ် ဆိုရင်လည်း..အနည်းဆုံးတော့.ငါအကြောင်း.စုံစမ်းထားသင့်တယ်လေ..။ရှန်ဟိုင်း ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ဒုတိယ ဥက္ကဌ ဆီက်ို မင်းတို့ မို့လို့လာရဲတယ်..။ဘယ်လောက်တောင် တုံးအ လိုက်တဲ့ ကောင်တွေလဲ.."
လင်းဖန်ခေါင်းခါယမ်းပြီး သက်ပြင်းချလိုက်တယ်..။သူ..အချိန်ထပ်မဖြုန်းတော့ပဲ..ချက်ချင်းပဲဖုန်းခေါ်လိုက်ပါတယ်..။
"ဟဲလို..စစ်ဆေးရေးမှုး လီ..။ကျုပ်.အိမ်မှာ..တိုက်ခိုက်ခံရလို့..။တစ်ဖက်လူက ဆယ်ယောက်လောက် ရှိပြီး လက်နက်တွေလည်း ကိုင်ဆောင် လာကြတယ်..။တစ်ချက်ကြည့်လိုက်တာနဲ့.ဒီလူတွေက လူဆိုးတွေ ဆိုတာကို ပြောနိုင်တယ်.။အမြန်လာကြပါဦး.."
ကြမ်းပြင်မှာ လဲနေကြတဲ့လူတွေကတော့..ဒီငနဲ တကယ်ပဲ ရဲတိုင်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။သူတို့ထဲက တစ်ချို့ဟာ ပြေးဖို့လုပ်လိုက်ကြတယ်..။သို့ပေမယ့်..သိသာစွာပဲ..လင်းဖန် သူတို့ကို အလွတ်ပေးမှာ မဟုတ်ပါဘူး..။ထွက်ပြေးဖို့ လုပ်တဲ့ လူတိုင်းရဲ့ မျက်နှာကို နောက်တစ်ချက်ဆီ ဖြတ်ကန်လိုက်ပါတယ်.။
ရဲဌာနကို ပဲ.အကြောင်းကြားတာက မလုံလောက်တာကြောင့်.သူ နောက်တစ်နေရာကို..ထပ်ဆက်လိုက်တယ်..။
"ရှန်ဟိုင်း ဖျော်ဖြေရေး သတင်းဌာနကလား..။ကျုပ် မာစတာလင်းပါ.။ကျုပ် အိမ်မှာ လူမိုက်တွေရဲ့ တိုက်ခိုက်မူကို ခံရလို့..။အမြန်လူလွတ်ပြီး လာကြည့်ခိုင်းပါဦး.."
"ကြယ်ပွင့် နေစဥ် သတင်းဌာနကလား ကျွန်တော်က..."
"လူထု သတင်းဌာနကလား.."
"ဖျော်ဖြေရေး..အပတ်စဥ် သတင်းဌာနကလား...."
လင်းဖန် သတင်းဌာန ဆယ်ခု လောက်ကို ဖုန်းဆက် အကြောင်းကြားလိုက်ပါတယ်..။ဒီငနဲ တွေကို ယန်ဂျင်လွှတ်လိုက်တယ် ဆိုတာ သူသိထားပြီးသားပါ..။တကယ်လို့ သူမကိုသာ..ပြန်မပေးဆပ်ခိုင်းရင်..ယန်ဂျင်က သူ့ကို အရူးလို့..ထင်သွားပါတော့မယ်..။
ထင်ထားသလိုပဲ.။
ပထမဆုံးရောက်လာကြတဲ့လူတွေက သတင်းထောက်တွေပါ..။
သူတို့ မြင်ကွင်းကို မြင်တဲ့ အချိန်မှာ ကြောင်အသွာဲ့တယ်..။ယင်းနောက်..သူတို့ ချက်ချင်း ကင်မရာတွေကို ထုတ်လိုက်ကြပါတယ်..။ဇာ
"မာစတာလင်း..ဘာတွေဖြစ်တာလဲ.."
"မာစတာလင်း ဒီလူတွေက..ဘယ်ကလဲ..။ဘာလို့..မာစတာလင်းကို လာတိုက်ခိုက်တာလဲ.."
သတင်းထောက်တွေဟာ စိတ်လှုပ်ရှားနေခဲ့ကြတယ်..။ဒါက..နောက်ကွယ်က..ဆက်စပ်မူတွေ ရှိတဲ့ သတင်းတစ်ပုဒ်လို့တောင် သူတို့ ခံစားနေကြ ရပါတယ်..။
လင်းဖန် အပြစ်ကင်းတဲ့ အမူအရာနဲ့ ပြောလိုက်တယ်..။
"ကျုပ်လည်း သိပ်မသေချာဘူး..။ကျုပ်က ပြိုင်ပွဲကနေ ပြန်လာတော့ ဒီလူတွေက ဝိုင်းထားကြတော့တာပဲ..။သူတို့က..ကျုပ်ကို အဓိပ္ပါယ် မရှိတာတွေ ထပ်မပြောနဲ့လို့ပဲ..ဆက်တိုက်ပြောနေခဲ့တာ."
သတင်းထောက်ဟာ..မေးလိုက်တယ်..။
"မာစတာလင်း..လတ်တလော..ဘယ်သူ့ကို အပြစ်ပြုမိခဲ့သေးလဲ.."
ဒီသတင်းထောက်ရဲ့ မေးခွန်းက တကယ်ကောင်းမွန်ပါတယ်..။သူက ..ယန်ဂျင် ရဲ့နာမည်ကို လုံးဝ မဖော်ထုတ်ခဲ့ပဲ..လင်းဖန် ကိုယ်တိုက်ပြောတာကိုပဲ..လ်ိုချင်ခဲ့တာပါ..။ဒါကြောင့်..သူ လင်းဖန်ကို ပြောဖို့ အခွင့်အရေး ပေးလိုက်တယ်..။
ပြောတာ ကောင်းတယ်..။
လင်းဖန် မကြည်မလင် ပြောလိုက်တယ်..။
"ကျုပ်လင်းဖန်က..ဘဝမှာ ဘယ်သူနဲ့မှ ရန်သူ မဖြစ်ခဲ့ဖူးဘူး..။အမြဲတမ်း အကြောင်းအကျိုး..ဆီလျော်အောင်လုပ်ကိုင်တတ်တယ်လေ..။ဒါကြောင့် ဘယ်သူ့ကိုမှ..အပြစ်မပြုမိဖူးဘူး..။ဒါပေမဲ့..လတ်တလော..ကျုပ် တပည့်လေးရဲ့..နောက်ကွယ်က မသမာ တဲ့ အပေးအယူကို..ဖော်ထုတ်ပေးထားခဲ့တယ်လေ..။ကြည့်ရတာကျုပ် တစ်ယောက်ယောက်ကို အပြစ်ပြုမိမှာ စိုးရိမ်မိတယ်..."
"ကျုပ် အတိအကျ ခန့်မှန်းရရင်တော့ယန်ဂျင်ကို..အပြစ်ပြုမိခဲ့တယ် ထင်တာပဲ.."
ထင်ထားသလိုပဲ..သတင်းထောက်တွေ ဒါကိုကြားတဲ့ အချိန်မှာ..စိတ်လှုပ်ရှားသွားခဲ့တယ်..။ယင်းနောက် သူတို့ ကင်မရာကို လဲကျ နေတဲ့ လူကြီးဆီ ချိန်လိုက်ပြီး..
"ခင်ဗျားတို့ကို..ယန်ဂျင်က ပို့လိုက်တာလား.."
လူကြီးက ပြောလိုက်တယ်..။
"မ..မဟုတ်ဘူး...မဟုတ်ဘူး.."
သူတို့ရဲ့..လေသံကတော့..မြောက်ပိုင်းဒေသရဲ့ လေသံမျိုးပါ..။
သတင်းထောက်တွေဟာ..အံ့ဩသွားခဲ့ကြတယ်..။
"အကုန်ကြားလိုက်ကြလား..။သူတို့ရဲ့..အသံအနေအထားက..မြောက်ပိုင်းကလာတဲ့ပုံပဲ..။ယန်ဂျင်ကလည်း အဲ့ဘက်ကပဲလေ.."
"ဒါမှန်တယ်..။ကြည့်ရတာ..ဒါက မှန်နေပြီထင်တယ်..."
"ဒါ အဓိပ္ပါယ် ရှိတယ်..."
လင်းဖန် ပြုံးပြီး ကြည့်နေခဲ့တယ်.။အရာရာတိုင်းက စီစဥ်ထားတဲ့ အတိုင်းပါပဲ..။
နောက်နေ့ သတင်းကဘာဆက်ဖြစ်လာမလဲ သူမသိပါဘူး..။
တစ်ချ်ိန်တည်းမှာပဲ..သူ တိတ်တဆိတ်တွေးနေခဲ့တယ်..။
ယန်ဂျင်..ဒီ မာစတာလင်းက..နင့်ကို အဆုံးသတ်ချင်တယ် ဆိုရင် နင်က ဘာမှ မဟုတ်တော့ဘူး..။
လင်းဖန် ကို လာခြိမ်းခြောက်တဲ့လူတွေဟာ ကြောင်အနေခဲ့ကြတယ်.။
ဒီငနဲက အတော်ကို တွက်ချက်တတ်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး..။သူက..ရဲကို ခေါ်ရုံတင်မကပဲ..သတင်းထောက်တွေကိုပါ..ခေါ်ပြီး အင်တာဗျူးလုပ်ကာ သတင်းပေးခဲ့တာပါ..။
ဒါက သိသာစွာပဲ..မဖြစ်လာခင်ကတည်းက ကြိုတင်စီစဥ် ထားခဲ့တဲ့..အရာတစ်ခုပါ..။