ဒီလို မထင်ဘူးလား..
Vol. 50 Ch. 748
#ဘာသာပြန် = စနိုးဝှိုက်
သိပ်မကြာခင်မှာပဲ..လီရှောင်ရှမ်း ရောက်လာခဲ့တယ်..။
"မာစတာလင်း..အဆင်ပြေရဲ့လား.."
လီရှောင်ရှမ်း အမြန် လျောက်လာခဲ့တယ်..။သူ..ဒီမှာ လူတွေ အများကြီး..ရောက်နေတာ မြင်လိုက်တဲ့ အချိန်မှာ..စိတ်ပူသွားခဲ့ပေမယ့်..သတင်းထောက်တွေ ဖြစနေခဲ့တာကြောင့်..စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။
မာစတာလင်း တစ်ခုခူ ဖြစ်နိုင်ချေက သေးငယ်တယ် ဆိုပေမယ့်လည်း ဒါက ကြောက်ဖို့ကောင်းပါတယ်..။
တစ်ခြား..လူတွေက မာစတာလင်းရဲ့ စွမ်းဆောင်ရည်ကို မသိဘူးဆိုရင်တောင်..သူက မသိပဲ နေမလား..။
လင်းဖန် ပြုံးလိုက်ပြီး..
"စစ်ဆေးရေးမှုး လီ..ကျွန်တော်က ဘာဖြစ်နိုင်မှာ မို့လို့လဲ..။ဒါပေမဲ့ သူတို့ကို တစ်ချက် ကြည့်ပေးပါဦး..မှတ်မိရဲ့လား ဆိုတာ.. "
လဲကျနေတဲ့ လူမိုက်တွေဟာ..ရဲတွေ ရောက်လာတာကို မြင်ပြီး ကြောက်ရွံ့မူကြောင့် တုန်ရီနေခဲ့တယ်..။သူတို့..ဒီကို လာရတဲ့ ရည်ရွယ်ချက်က ဒီခွေးသားလေးကို..သတိပေးပြီး နည်းနည်း ခြောက်လှန့်ချင်ယုံ သက်သက်ပါ..။
သိူ့ပေမယ့်..တစ်ဖက်လူက..ဒီလောက်အထိတောင် သန်မာနေလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး..။
ဒီကို ပါလာကြတဲ့ လူတိုင်းက သာမန် မဟုတ်ကြပေ..။သာမန် နှစ်ယောက် သုံးယောက် လောက်ဆိုတာက..သူတို့ တစ်ယောက်ကို ယှဥ်မတိုက် နိုင်ကြပါဘူး..။သို့ပေမယ့် လင်းဖန် ရဲ့ မျက်လုံးထဲမှာတော့ သူတို့က..ဘာမှ မဟုတ်ကြပေ..။ဒီငနဲက..အဲလောက်အထိကို သန်မာတာပါ..။
လီရှောင်ရှမ်း ကြမ်းပြင်မှာလဲကျနေတဲ့လူတွေကို ကြည့်လိုက်တယ်..။နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ လူတစ်ယောက် ဖြစ်တာကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့ ..ဒီလူတွေက လူကောင်းမဟုတ်ဘူးဆိုတာကို ပြောနိုင်ပါတယ်..။ဒီလူတွေမှာက..လူမိုက်တွေရဲ့..အငွေ့အသက်တွေ ရှိနေပြီး..ရဲတွေ ကင်းလှည့်တဲ့ အချိန်ဆိုရင် ဒီလို လူတွေကိုပဲ..အများအားဖြင့် စစ်ဆေးလေ့ ရှိပါတယ်..။
"သူတို့ အကုန်လုံးကို လက်ထိပ်ခတ်ပြီး..စစ်ဆေးဖို့ခေါ်လာခဲ့ကြ."
လီရှောင်ရှမ်း လကိဝေ့ယမ်းပြီး ပြောလိုက်တာပါ..။
ရဲဌာန အတွက်ကတော့ မာစတာလင်းက ရတနာ တစ်ခုလိုပါပဲ..။သူက..ဝန်ထမ်းတစ်ယောက် မဟုတ်ပေမဲ့..ရဲဌာနတွေထဲမှာ မာစတာလင်းကို မသိတဲ့လူ မရှိပေ..။
သူက..ကြင်နာတတ်ပြီး..ဘယ်သူ့ကိုမှ အနိုင်ကျင့်တဲ့လူ မဟုတ်ပါဘူး..။
ဒီလူတွေ ကန်းနေကြတာလား..။သူတို့က အမှန်တကယ်ပဲ ရှန်ဟိုင်းကို လာရဲကြတာပါ..။
သတင်းထောက်တွေကတော့..ဆက်တိုက် ဓာတ်ပုံတွေ ရိုက်နေခဲ့ကြတယ်..။
"မာစတာလင်း.ဘာတွေ ဖြစ်နေတာလဲ..သေသေချာချာ ထပ်ပြောပေးပါလား.."
သတင်းထောက်တစ်ယောက်က မေးလိုက်တာပါ..။
ရဲတွေဟာလည်း..အစီရင်လံစာ ရေးသားရမှာကြောင့်ဘေးနားက မှတ်စု စာအုပ်နဲ့ လိုက်မှတ်နေခဲ့တယ်..။
လင်းဖန် သူ့ အတွေးတွေကို စုစည်းလိုက်ပြီး.
"အခြေအနေက ဒီလိုပါ..။ကျွန်တော်တစ်နေ့လုံး..ပငိပင်ပန်းပန်း အလုပ်လုပ်ထားခဲ့တာကြောင့်..အနားယူဖို့ အတွက် အိမ်ကို ပြန်လာခဲ့တယ်လေ..။ဒါ့ပေမဲ့ ကျွန်တော် ကားပေါ်က ဆင်းတဲ့ အချိန်မှာပဲ..ဒီလူတွေရဲ့ ဝန်းရံမူကို ခံလိုက်ရတယ်..။သူတို့ပြောတာကတော့..အနာဂတ်မှာ ကျုပ် အဓိပ္ပါယ် မရှိတာတွေ ဆက်ပြောနေရင် ဆိုးဆိုးရွားရွား သေရမယ်.ပြီးတော့ ဘယ်လို သေသွားလဲ ဆိုတာတောင် လူတွေ သိလိုက်မှာ မဟုတ်ဘူးတဲ့..။ဒါကို ကြားတဲ့ အချိန်မှာ ဒီလူတွေက လူဆိုးတွေ ဆိုတာကို ကျုပိသိလိုက်တယ်လေ..။ထင်ထားသလိုပဲ..သူတိူ့က တိုက်ခိုက်လာတော့..ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ဒုတိယ ဥက္ကဌ တစ်ယောက် အနေနဲ့..ကျုပ် ကိုယ့်ကိုကို ကာကွယ်လိုက်တာပါ.."
"အစကတော့..ကျုပ် သူတို့ကို ဘာမှ မလုပ်ပဲ ထားမလို့ပါ.။ဒါပေမဲ့ သူတို့က လျို့ဝှက်လက်နက် တွေကို ယူဆောင်လာခဲ့ကြတယ်လေ..။နိုင်ငံသားကောင်းတစ်ယောက် အနေနဲ့..ဒီလို အန္တရာယ် ရှိတဲ့လူတွေကို လွှတ်ပေးလိုက်ဖို့ ဘယ်ဖြစ်နိုင်မလဲ..။ဒါကြောင့် ကျုပ်သူတို့ကို တိုက်ခိုက်ပြီး..ရဲဌာနကို ဖုန်းဆက်လိုက်တာပါ."
…
လင်းဖန် ပြောတာကိုနားထောင် နေရင်း.သတင်းထောက်တွေဟာ..ဆက်တိုက် ခေါင်းညိမ့်နေခဲ့ကြတယ်..။
ဒါက သတင်းကြီးပဲ..။ဒါက တကယ်ကို သတင်းကြီးပဲ..။
ဒီသတင်းကိုသာ.တင်လိုက်ရင် လူတိုင်းရဲ့ အာရုံစိုက်မူကို ရမှာပါ..။
လီရှောင်ရှမ်း ပြောလိုက်တယ်.။
"သူတို့ကို ခေါ်သွားတော့..."
သတင်းထောက်တွေရှိနေတာကြောင့်..လီရှောင်ရှမ်း လင်းဖန် နဲ့ အရမ်း နီးနီးကပ်ကပ် မနေခဲ့ပါဘူး..။သတင်းထောက်တွေ က အဓိပ္ပါယ် မရှိတာတွေ လျောက်ရေးရင် တကယ် ပြသနာတက်မှာပါ..။
သို့ပေမယ့် သူ မပြန်ခင်မှာ လင်းဖန်ကို ခေါင်းညိမ့်ပြလိုက်တယ်..။အချက်ပြမူကတော့.သိသာပါတယ်..။ဒီလူတွေ.လုံးဝ လွတ်စရာ အကြောင်းမရှိတော့ပါဘူး..။
လီရှောင်ရှမ်း ထွက်သွားခဲ့တယ်..။
သတင်းထောက်တွေလည်း..အလျင်အမြန်ပြန်သွားခဲ့ပါတယ်..။သူတို့ဒီသတင်းကို သေချာ ပြန်ရေးဖို့ မစောင့်နိုင်ကြတော့ပါဘူး..။
အဲ့အချိန်မှာတော့.လင်းဖန် စိတ်ထဲပေါ့သွား သလို ခံစားလိုက်ရပါတယ်..။အရာရာတိုင်းက..သက်သောင့် သက်သာ ပြန်ဖြစ်သွားခဲ့ပါပြီ..။
မြောက်ပိုင်း၏ ထိပ်တန်းကလပ် တစ်ခုတွင်..။
"ဘီယာနက် ရဲ့ အခြေအနေ ဘယ်လို ရှ်ိလဲ.."
သက်လတ်ပိုင်းအရွယ် လူကြီးဟာ...သူ့ရှေ့မှာ ရပ်နေတဲ့..လူငယ်ကို ကြည့်ပြီး မေးလိုက်တာပါ..။
"ကျွန်တော်တို့လည်း သိပ်မသေချာဘူး..။ဒါပေမဲ့ သူ ဘာမှ မဖြစ်လောက်ပါဘူး..။ဘီယာနက်က.ကျွန်တော်တို့ ဆီမှာ..အသန်မာဆုံးနဲ့ အကြမ်းတမ်းဆုံး ဖိုက်တာပဲ..။ဆယ်လီ..သေးသေးလေး တစ်ယောက်ကို..သွား သတိပေးတာက..သူအတွက် လွယ်ကူလွန်းပါတယ်.."
သက်လတ်ပိုင်း အရွယ်လူကြီးဟာ ပြောလိုက်တယ်.။
"ယန်ဂျင် ရဲ့ ပြသနာက ဖြေရှင်းဖို့ လွယ်တာ မဟုတ်ဘူး..။ဒီတော့ ငါတို့ ပြသနာကို အမြစ်ကနေ ဖြေရှင်းမှရမယ်..။ငါတို့ သူ့ကို နိမ့်ချတတ်အောင် သင်ပေးမှဖြစ်မယ်..."
"တကယ်လို့..ဒီငနဲသာ မြောက်ပိုင်းက ဆိုရင် ဒီလောက်အထိ ဇယားတွေ ရှုပ်စရာ အကြောင်း မရှိဘူး..."
သူပြောနေတာက အမှန်ပါပဲ.။တကယ်လို့..ဒါသာ မြောက်ပိုက်းမှာ ဖြစ်နေတာ..ဆိုရင်..ဘယ်သူပဲ..ဖြစ်နေပါသေ..သူ့ရှေ့မှာ လာပြီး ဒူးထောက်ရမှာပါ..။
သို့ပေမယ့် အခုတော့ ဒီငနဲက ရှန်ဟိုင်းမှာ ရောက်နေခဲ့ပါတယ်..။ဒီတော့ သူတို့ အများကြီးသွားလုပ်လို့ မရပါဘူး..။
ဒါကြောင့်.သူတို့ ခြိမ်းခြောက်ဖို့သာ လူလွှတ်လိုက်တာပါ..။သူတို့..လင်းဖန်ကိုထိတောင် မထိခိုင်းခဲ့ပေ..။
ရုတ်တရက်ပဲ..ညီငယ် တစ်ယောက်ဟာ..ဝင်လာခဲ့တယ်..။
"ဂေါ့ဖားသား..လီ တစ်ခုခုဖြစ်နေပြီ..။ဘီယာနက် နဲ့ သူ့လူတွေ ရဲဖမ်းခံလိုက်ရတယ်..."
ဂေါ့ဖားသား လီ ဘာမှ မပြောခဲ့ပေ..။သူ့ဘေးနားက လူတစ်ယောက်ဟာ..အမူအရာ ပြောင်းလဲ သွားခဲ့ပြီး.
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ.."
"ဒါအမှန်ပဲ..။ကျွန်တော် သူတို့ကို..အခု ဖုန်းခေါ်ခဲ့ပေမယ့် ရဲတွေက ဖုန်းလာကိုင်ခဲ့တယ်..။ကျွန်တော်က..အကြွေးတောင်းစရာ ရှိလို့ ဖုန်းဆက်တာ ပြောတော့..ရဲတွေက..သူတို့ကို ပြစ်မူကျူးလွန်လို့ ဖမ်းခံထားရတယ်လို့ ပြောတယ်.."
လူငယ်လေးက..ဂရုတစိုက်ပြောလိုက်တာပါ..။
"သူတို့ ရဲ့..အတွေ့အကြုံနဲ့ ဆိုရင် ဘယ်လိုလုပ် ရဲဖမ်းခံရနိုင်မှာလဲ.."
လူကြီးက ပြောလိုက်တာပါ..။
"အစ်ကို ထျန်..ကျွန်တော် ကြားတာကတော့..မာစတာလင်းက အတော် သန်မာတယ်တဲ့..။သူက..ရှန်ဟိုင်း ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ဒုဥက္ကဌ လိူ့လည်း သိရတယ်..။ဖြစ်နိုင်တာက..ဘီယာနက်တို့က..သူ့ရဲ့ ဘက်မဟုတ်တာ..များလား..."
"မဖြစ်နိုက်တာ...ဘီယာနက်နဲ့ ကျန်တဲ့လူတွေက..တကယ်ကြမ်းတဲ့ ဖိုက်တာတွေပဲ..။သူတို့ ရဲ့ ပြိုက်ဘက်က ..တိုက်ခိုက်နိုင်တယ် ဆိုရင် တောင် ဆယ်ယောက်လုံးကိုတော့ ယှဥ်နိုင်မှာ မဟုတ်ဘူးလေ..။
ဂေါ့ဖားသားရဲ့..အမူအရာဟာ..ထူးဆန်းနေခဲ့တယ်..။
"တော်လောက်ပြီ..ထပ်မပြောနဲ့တော့..။ကြည့်ရတာ ငါတို့ ဒီမာစတာလင်းကို လျော့တွက်မိပြီ ထင်တယ်..။
အစ်ကို ထျန်..ကြောက်လန့်နေခဲ့တယ်..။ဒီလူတွေကို သူထောက်ခံပေးထားတာပါ..။ဒီမတိုင်ခင်တုန်းက ဆိုရင် ဘီယာနက်နဲ့ သူ့လူတွေက..လမ်းဘေးမှာ ဆိုးမိုက်နေတဲ့ လူမိုက် အဆင့်လောက်ပဲ..ရှိတာပါ..။သို့ပေမယ့် သူတို့တွေက..ကြမ်းတမ်းတော့..သူဌေးတွေ အတွက် ခေါင်းကိုက်စရာပါပဲ..။အဆုံးမှာတော့..သူ ဘီယာနက်တို့ကို စည်းရုံးပြီး အလုပ်ခန့်နိုင်ခဲ့ပါတယ်..။အခု တစ်ခုခု ဖြစ်လာပြီ ဆိုတော့..ဂေါ့ဖားသားလီက ..သူ့အပေါ်ကို အပြစ်တင်လာမှာ တကယ် စိုးရိမ်မိပါတယ်..။
"ဂေါ့ဖားသား လီ စိတ်အေးအေးထားပါ..။သူတို့က..ကျွန်တော်တို့ နာမည်ကို ကျိန်းသေ ထုတ်ပြောမှာ မဟုတ်ဘူး..။ကျွန်တော် အာမခံရဲတယ်..။ပြီးတော့ သူတို့ မာစတာလင်းကို မရိုက်နှက်ခဲ့ဖူး ဆိုတာလည်း အာမခံ ရဲတယ်..။ဒါက သူတို့ မသွားခင်ကတည်းက အတန်တန် မှာခဲ့တဲ့ စကားပဲ..။သူ့ကို မထိပဲ..ခြိမ်းခြောက်ရုံပဲ လုပ်ခိုင်းလိုက်တာ...."
ဂေါ့ဖားသား လိီ ခေါင်းညိမ့်လိုကိတယ်..။
"ငါ မင်းရဲ့ ရွေးချယ်မူကို ယုံကြည်ပါတယ်..။ငါ့ကို ဖုန်းပေးစမ်း..."
သူ ဖုန်းကို ယူလိုက်တယ်..။
ဂေါ့ဖားသား လီ ဖုန်းကို ခေါ်လိုက်ပါတယ်. .။
ရှန်ဟိုင်း..။
လင်းဖန် အိမ်ကို ရောက်တဲ့..အချိန်မှာ ဆိုဖာပေါ်မှာ လဲလျောင်းပြီး အနားယူနေခဲ့ပါတယ်..။
ယန်ဂျင်က သူ့ကို ဒီလိုလာခြိမ်းခြောက်လိမ့်မယ် လိူ့...မထင်ထားခဲ့ပါဘူး..။သူမကြည့်ရတာတော့..တစ်ခြား အစီအစဥ် မရှိတော့တဲ့ ပုံပါပဲ..။
*ကလင် ကလင်*
အဲ့အချိန်မှာပဲ..ဖုန်းမြည်လာခဲ့တယ်..။
"ဟဲလို..ဘယ်သူပါလဲ.."
ဒါက..အမြည်မသိ ဖုန်းတစ်ခုပါ..။သူ အများကြီးတွေး မနေတော့ပဲ..ဖုန်းကိုင်လိုက်တယ်..။
"နေကောင်းရဲ့လား..မာစတာလင်း..။ကြည့်ရတာ..ငါတို့ နားလည်မူ လွဲနေတဲ့..ပုံပဲ..။ငါတို့..မိတ်ဆွေတွေ ဖြစ်နိုင်ပါတယ်..."
"ခင်ဗျားကြည့်ရတာ ဘာလို့ ထူးဆန်းနေတာလဲ..။ခင်ဗျားက ဘယ်သူလဲ.."
လင်းဖန် သေချာအောင်မေးလိုကိတယ်..။ယန်ဂျင် ရဲ့ ဘက်မှာ ရှိနေတဲ့ နောက်တစ်ယောက်က ဘယ်သူဖြစ်နိုင်လောက်လဲ..။
"တစ်ချို့လူတွေကတော့..ကျုပ်ကို.ဂေါ့ဖားသား လိီလို့ခေါ်ကြတာပဲ..။မာစတာလင်း ကျေးဇူးပြုပြီး..ယန်ဂျင် နဲ့ ကိစ္စမှာ နောက်တစ်လှမ်းလောက် ဆုတ်ပေးလို့ ရမလား..။ဒါကို..ကျုပ် ဂေါ့ဖားသား လီက အကြွေးတစ်ခုလို့ သတ်မှတ်ထားပါ့မယ်..။အနာဂတ်မှာ မြောက်ပိုင်းကိုလာရင် ကျုပ်ကိုယ်တိုင် ဧည့်ခံပေးမှာပါ..။ပြီးတော့..တစ်ခုခု တောင်းဆိုစရာ ရှိလည်း ကျုပ် မငြင်းပါဘူး..။ဘယ်လိုထင်လဲ..."
လင်းဖန် ရယ်မောလိုက်ပြီး..
"ခင်ဗျားက...ယန်ဂျင် ရဲ့ နောက်မှာ ထောက်ပံ့ပေးနေတဲ့ လူလား..."
"မဟုတ်ပါဘူး..မိတ်ဆွေတွေပါ.."
"ချီးပဲ..ခင်ဗျား ဘယ်သူ့ကို လာလိမ်နေတာလဲ..။ရည်းစားတွေ မလား..."
လင်းဖန် မေးလိုက်တာပါ.။
"မာစတာလင်း..မေးခွန်းတွေ အရမ်းများနေတယ် မဟုတ်ဘူးလား..ဟင်.."
ဂေါ့ဖားသား..လိီ မပျော်မရွှင် ပြောလိုက်တယ်..။သို့ပေမယ့် လက်ရှိအခြေအနေ အရတော့ သူလုပ်နိုင်တာ ဘာမှ မရှိပါဘူး..။
"ကျုပ်က ဒီတိုင်းမေးကြည့်တာပါ..။ခင်ဗျားတို့က ရည်းစားတွေလားဆိုတာ..။ခင်ဗျား မဖြေချင်ဘူးဆိုရင်လည်း ဖုန်းချလိုက်တော့မယ်..။ကျုပ်တို့ ထပ်ပြောစရာ မလိုတော့ဘူး.."
တစ်ဖက်ကလူဟာ..အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့တယ်..။
"ဟုတ်တယ်...မင်းအခု ပျော်ပြီလား.."
ဂေါ့ဖားသား လီ ပြန်ဖြေလိုက်တာပါ..။
လင်းဖန် ပြောဘိုက်တယ်..။
"စောစောက ဖြေလိုက်ရင် ပြီးနေတာပဲ..မဟုတ်ဘူးလား..။ဒါပေမဲ့ ကျုပ်တော့ ခင်ဗျားကို တကယိလေးစားမိတယ်..။ခင်ဗျား..က ယန်ဂျင်ကိုတောင်..ရအောင်..ဆွဲဆောင်နိုင်တယ် ဆိုတော့လေ..။ပြောရင်းနဲ့.တောင် စိတ်ဝင်စားလာပြီး ဟီးဟီး..။ပြောပါဦး..သူမက ဘယ်လိုနေလဲ...."
တစ်ဖက်မှာ တော့..ဂေါ့ဖားသား လီ ဟာ..ဒါကိုနားထောင်ရင်း ဒေါသထွက်လာခဲ့ပါတယ်..။သူ ဒီခွေးသားလေးကို..သတ်ဖို့ စောင့်တောင် မစောင့်နိုင်တော့ပါလူး..။