သတ္တိရှိရင် ငါ့ဆီလာခဲ့လေ..
Vol. 50 Ch. 749
#ဘာသာပြန် = စနိုးဝှိုက်
ဂေါ့ဖားသား လီ..အသက်ကို ပြင်းပြင်းရူလိုက်ပြီး..ကိုယ့်ကိုကို တည်ငြိမ်အောင် လုပ်လိုက်တယ်..။ယင်းနောက် သူ ဆက်ပြောလိုက်ပါတယ်..။
"မာစတာလင်း..မိတ်ဆွေတွေ ဖြစ်ရတာက..ရန်သူတွေ ဖြစ်ရတာထက် ပိုပြီးကောင်းလိမ့်မယ်နော်..။ယန်ဂျင်က..ငါ ပိုင်တာပဲ..။မင်း ငါ့မျက်နှာကိုထောက်ပြီး နောက်ဆုတ်လိုက်တာ ပိုကောင်းလိမ့်မယ်..။ငါ မင်းအတွက် လက်ဆောင် ကောင်းကောင်းလေးတွေ ပို့ပေးမှာပေါ့..။ဘယ်လိုထင်လဲ..."
သူ မာစတာလင်းကို..မကြောက်ရွံ့ပေမယ့်..ဒီကိစ္စကို ဒီထက် ပိုပြီး ဆက်မကြီးမားစေချင်တော့ပါဘူး..။
တကယ်လို့..ဒီငနဲသာ.မြောက်ပိုင်းမှာဆိုရင် တစ်နာရီ အတွင်းမှာပဲ..သူ့ရှေ့မှာ ဒူးထောက်နေရလောက်ပြီ ဆိုတာကို သူကျိန်းသေ ပြောနိုင်ပါတယ်..။
"ကျုပ်ကတော့..ဒါက ကောင်းတယ်လို့ မထင်ဘူး.."
လင်းဖန် ခေါင်းခါယမ်းလိုကိတယ်..။ဒါက လုံးဝ စိတ်ဝင်စားဖို့ မကောင်းပါဘူး..။
ဂေါ့ဖားသား လီ..မျက်မှောင်ကျုတ်ပြီး မေးလိုက်တယ်..။
"မင်းဘာကို ဆိုလိုချင်တာလဲ..."
လင်းဖန် ရယ်မောလိုက်ပြီး...။
"ကျုပ်ဘာကိုမှ မဆိုလိုပါဘူး..။ကျုပ် မိတ်ဆွေဖြစ်ရတာက ထင်သလောက် မလွယ်ကူဘူးလေ..။ကျုပ်သာ လူတိုင်းကို မိတ်ဆွေ လိုက်လုပ်နေမယ် ဆိုရင် ဒါက စျေးကြီးသွားမယ်လို့ မထင်ဘူးလား..."
ဖုန်းထဲမှာ တိတ်ဆိတ်သွားခဲ့တယ်..။
"ဟဲလို... ဟဲလို..။ဘာလို့ မပြောတော့တာလဲ..။ကျုပ် ပြောလိုက်လို့..နာကျင်သွားတာလား.."
လင်းဖန် မေးလိုက်တယ်..
"စိတ်ထဲလည်း အရမ်း မှတ်မထားပါနဲ့..။ကျုပ်က အဲလိုပဲ..စိတ်ထဲရှိတာကို တည့်တည့်ပဲ ပြောတတ်တာလေ..။ကျုပ်က..အပေါက်ဆိုးပေမယ့်..စိတ်ထားတော့ နူးညံ့ပါတယ်..။အရမ်း အလေးအနက် မထားနဲ့ ဟုတ်ပြီလား..။ဒါပေမယ့် အလေးအနက်ထားမယ် ဆိုရင်လည်း ပြသနာ တော့ မရှိပါဘူး..။ဒါက ကျုပ်နဲ့မှ မဆိုင်တာ..."
အဲ့အချိန်မှာတော့..ဂေါ့ဖားသား လိီဟာ..ကစားခံ နေရသလို ခံစားနေခဲ့ရတယ်..။သူ့ လေသံက ပိုပိုပြီး..တည့်တိုးဆန်လာခဲ့ပါတယ်..။
"မာစတာလင်း..ဆုံးဖြတ်မယ် ဆိုရင်ရော..ဘယ်လိုလဲ..။မာစတာလငိး..ဒီကိစ္စကနေ ..ဖယ်နေဖို့..ဘယ်အရာကို လိုချငိလဲ..။ဒီအတွက်..အဖြေလေးပေးပါဦး.."
လင်းဖန် သံသယဖြစ်သွာ မေးလိုက်တယ်..။
"ခင်ဗျားက တကယ်ပဲ..မြောက်ပိုင်းက ဂေါ့ဖားသား လီ လား..။အဲဒီမှာ တကယ်ပဲ အင်အားကြီးတာလား.."
ဂေါ့ဖားသား လီ ပြန်ပြောလိုက်တယ်..။
"ဟုတ်တယ်..။မာစတာလင်း သာ သဘောတူမယ် ဆိုရင် မြောက်ပိုင်းမှာ စိတ်ကြိုက်နေထိုင်လို့ရတယ်..။ပြီးတော့..မင်းရဲ့ ပြသနာ တိုင်းကို ဖြေရှင်းပေးလို့ရတယ်.."
"နိုး နိုး...ကျုပ်က အဲတာကို ပြောနေတာ မဟုတ်ဘူးလေ..။ကျုပ် နည်းနည်း သံသယဖြစ်မိလို့ပါ..။ခင်ဗျားပြောတော့ ခင်ဗျားက အင်အားကြီးတဲ့လူဆိုပြီးတော့..ဘာလို့ ကျုပ်လို သာမန်လူတစ်ယောက်ကို ဒီလောက် ကြောက်နေရတာလဲ..။ဒီတော့ ကျုပ်က ခင်ဗျား က ဂေါ့ဖားသား လီ ဆိုတာကို ဘယ်လို ယုံကြည်ရတော့မှာလဲ..."
လင်းဖန် ရယ်ပြီးမေးလိုက်တာပါ..။
"မင်းက ..ငါ့ကို လာနောက်နေတာလား.."
ဂေါ့ဖားသား လီ ထပ်ပြီး သည်းမခံနိုင်တော့ပေ..။
"မင်း ဘာတွေ ခေါင်းမာနေတာလဲ..။ငါ ဒီလောက်ပြောနေမှတော့..နှစ်ယောက် စလုံးနောက်ကို တစ်လှမ်းဆီ ဆုတ်ပြီး..ငြိမ်းချမ်းရေးယူသင့်တယ်လေ..။မင်းကို ..ငါ တကယ် ဘာမှ မလုပ်ရဲဘူးလို့ ထင်နေတာလား..."
အဲ့အချိန်မှာပဲ..လင်းဖန် ရယ်မောလိုက်ပြီး..။
"ခင်ဗျား ခန့်မှန်းတာတော်တယ်..။ခင်ဗျား ပြောတော့..ခင်ဗျားက..ဂေါ့ဖားသား တစ်ယောက် ဆိုပြီးတော့ ဘယ်လို..ရန်မလိုတဲ့ လူတစ်ယောက်ဖြစ်နိုင်မှာလဲ..."
"ဒါပေမဲ့ ကျုပ် သတိပေးလိုက်မယ်..။ကျုပ် ခင်ဗျားကို ကြောက်နေမှာ မဟုတ်ဘူး..။သတ္တိရှိရင် ခင်ဗျား ကျုပ်ဆီကို လာခဲ့လိုက်.."
"အရမ်း ရန်လို မနေနဲ့..။မြောက်ပိုင်းကို...မင်းနယ်မြေလို့ ထင်နေတာလား..။မြောက်ပိုင်းမှာ ငါ့ ပရိတ်သတ်တွေ အများကြီးရှိတယ်..။ငါ တစ်ချက် ပြောလိုက်တာနဲ့..မင်းကို ဝိုင်းပြီး တိုက်ခိုက်ကြမှာပဲ.."
ဂေါ့ဖားသား လီ..ပြန်ပြောလိုက်တယ်..။
"မအိမ်လုံး..."
လင်းဖန် ထပ်ပြောလိုက်ယ်..။
"မအိမ်လုံး..."
ဂေါ့ဖားသားလီ.. ခြိမ်းခြောက်လိုက်ပါတယ်..။
"မင်းက သေချင်နေတာလား..."
လင်းဖန် ပြန်ဖြေလိုက်တယ်..။
"ဟုတ်တယ် ငါ သေချင်နေတယ်..။သတ္တိရှိရင် လာခဲ့လေ..."
"မင်း...မင်း..."
လင်းဖန် ဖြတ်ပြောလိုက်တယ်..။
"မင်း...မင်း...လုပ်မနေနဲ့..။သတ္တိရှိရင် ကျုပ်ဆီကို လာခဲ့ မဟုတ်ရင်လည်း ပါးစပ်ပိတ်ထားလိုက်တော့..။တိမ်ဖြူလမ်းက မာစတာလင်းက ခင်ဗျားကို စောင့်နေတယ်..။ကျုပ် ဖုန်းချလိုက်တောမယ်..စကားပြောလို့ တကယ်ကောင်းခဲ့ပါတယ်..။ကျုပ်..အကုန်လုံးကို အသံဖမ်းထားတယ်လေ..တာ့တာ..."
ဂေါ့ဖားသား လီ ဒေါသထွက်သွားခဲ့ပြီး..
"မအိမ်လုံး မင်း လုပ်ရဲတာလား...."
*တီ တီ*
ဖုန်းကျသွားခဲ့ပါတယ်..။
သီးသန့်ခန်းထဲမှာတော့..ဂေါ့ဖားသား လီ ဟာ သူ့ရှေ့မှာ ရှိနေတဲ့ ဝိုင်ပုလင်းကို ရိုက်ခွဲလိုက်တယ်..။သူ့ ရဲ့ အန္တရာယ် ရှိတဲ့ မျက်လုံးတွေကတော့ သွေးဆူနေခဲ့ပါပြီ..။သူ ဒီလို..ကောင်မျိုးနဲ့ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပါဘူး..။
"ဂေါ့ဖားသား မာ...အစ်မယန် ရဲ့.အခြေအနေ ဘယ်လို ရှိလဲ..."
သူတို့ ဘေးနားကနေ တစ်ချိန်လုံး နားထောင်နေခဲ့တာပါ..။တစ်ဖက်လူက ဒီလောက်အထိ အရည်ထူလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး..။ထပ်ပြောရရင် ဒိီငနဲက အသံတောင်သွင်းထားခဲ့ပါသေးတယ်..။သူ လက်စားပြန်ချေ ခံရမှာကို မကြောက်တာလား...။
ဒါမှ မဟုတ်..ဒီကောင်က..ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူးဆိုပြီး ဘဝင်မြင့်နေတာလား..။
ဂေါ့ထားသား လီ ရဲ့ အမူအရာဟာ ကြည့်ရဆိုးနေခဲ့တယ်..။ဂေါ့ဖားသား လီက..ဒီပြသနာကို ဖြေရှင်းဖို့ အစီအစဥ် ရှိပြီးပြီလား ဆိုတာတော့ သူတို့လည်း သိပ်မသေချာပါဘူး..။
…
ရှန်ဟိုင်း..။
လင်းဖန် ကျေနပ်နေခဲ့တယ်...။ဒါက တကယ်ကိုပျော်စရာ ကောင်းတာပါ..။
သူက ဂေါ့ဖားသား လီ ဆိုတော့ ရော ဘယ်သူက သောက်ဂရုစိုက်မှာလဲ..။သူ ဒီတိုင်း..အသံသွင်းထားတာကို ဝိုက်ဘိုပေါ်တင်လိုက်လို့ရပါတယ်..။သို့ပေမယ့် သူ မလုပ်ခဲ့ပေ..။သူ..နောက်နေ့ သတင်းတွေ ထွက်လာတဲ့ အထိ စောင့်ရဦးမှာပါ..။
ညအချိန်ကို ကျော်လွန်သွားခဲ့တယ်..။
ဂေါ့ဖားသား လီဟာ..ဝိုက်ဘိုကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့ပြီး..သူတို့ရဲ့ အသံဖိုင်တက်မလာတာ မြင်မှ..စိတ်သက်သာရာ ရသွားခဲ့ပါတယ်..။ကြည့်ရတာ ဒီခွေးသားလေးက..ဘယ်ဟာက လုပ်သင့်တယ် ဘယ်ဟာက မလုပ်သင့်ဘူးဆိုတာတော့ သိသေးတဲ့ ပုံပါပဲ..။
သို့ပေမယ့်..သူ ယန်ဂျင်ကို ပြောပြလိုက်တဲ့ အချိန်မှာ ယန်ဂျင်ဟာ အံ့ဩသင့်ပြီး တစ်ချိန်တည်းမှာပဲ..ကြောက်လန့်သွားခဲ့ပါတယ်..။သူမက.ဆက်တိုက်ကို အော်ဟစ်နေခဲ့တယ်..။
ယင်းနောက် ယန်ဂျင်က သတင်းဌာနတွေရဲ့ သတင်းတွေကို လိုက်ဝယ်ဖို့လုပ်လိုက်ပါတယ်..။သို့ပေမယ့် ဘယ်လိုလုပ် ဖြစ်နိင်မှာလဲ..။
သူမ ဘယ်လောက်ပဲ..ကြိုးစားကြိုးစား ဒါက အသုံးမဝင်ပါဘူး..။ထပ်ပြောရရင်..တစ်ချို့ သတင်းဌာနကုမ္ပဏီ ကြီးတွေက သူမကို ဂရုမစိုက်ကြပေ..။ဒီလို သတင်းကြီးမျ်ိုးကိင တင်ဖို့ သူတို့က စိတ်လှုပ်ရှားနေခဲ့ကြပါတယ်..။
နောက်တစ်ရက်.။
အင်တာနက်ပေါ်မှာ..သတင်းတွေဟာ တက်လာခဲ့တယိ..။
"ယန်ဂျင်ဟာ ဆိုးယုတ်တဲ့ အကြံအစည်တွေနဲ့..မာစတာလင်းအား လုပ်ကြံရန် လူတွေ စေလွှတ်ခဲ့..."
"အံ့ဩစရာ..လူ ဆယ်ယောက်က..မာစတာလင်းအား.တိုက်ခိုက်ခဲ့ပေမယ့်..မာစတာလင်းဟာ လွတ်မြောက်နိုင်ခဲ့သည်.."
"ယန်ဂျင် ၏..လျို့ဝှက်ချက်နဲ့ အမှောင်ဘက်ခြမ်း.."
"အဲ့ဩစရာကေင်းတဲ့ မာစတာလင်းအား..လာရောက်ခြိမ်းခြောက်သူများ အဖမ်းခံရ..."
သတင်းခေါင်းစဥ်တွေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်..။
မြို့သားတွေဟာ..ဝိုက်ဘိုကို ဖွင့်ကြည့်ပြီး သတင်းတွေ မြင်တဲ့ အချိန်မှာ အံ့ဩသင့်သွားခဲ့ကြတယ်..။
"ချီးပဲ..ဒီမိန်းမက အတော်ဆိုးရွားပါလား..။မာစတာလင်းကို ခြမ်းခြောက်ဖို့တောင် လူလွတ်ရဲတယ်..."
"သူမ က အရူးမဟုတ်ဘူးလေ..ဟုတ်တယ်မလား..။မာစတာလင်း ဘယ်သူလဲ သူမသိနေတာပဲကို...။သူ့ခွန်အားက သာမန်မဟုတ်ဘူး.."
"ငါ ရယ်ရလွန်းလို့ သေတော့မယ်..။မာစတာလင်းကို လာခြိမ်းခြောက်တဲ့လူတွေက အခု..ရဲစခန်းရောက်နေပြီ ဆိုပဲ..."
"ယန်ဂျင်က တကယ်ကို အရှက်မရှိဘူး..။ဆယ်လီ တစ်ယောကိအနေနဲ့တောင် သူမ ဒီလိုလုပ်ရဲတယ်.."
"သူမ နာမည်ကတော့ ပြန်အဖတ်ဆယ်လို့ မရတော့ဘူး...။တကယ်ကို မရတော့ဘူး.."
ဒီသတင်းတွေ တက်လာတာကြောင့်..မြို့သားတွေဟာ ပိုပြီးတောင် စိတ်လှုပ်ရှားလာခဲ့ကြပါတယ်..။
ဝှိုက်ဘို..။
တီဘာ..
ဖိုရမ်...
သတင်း ချန်နယ် အသေးလေးကနေ..သတင်းဌာန အကြီးကြီးအထိ..ဒီကိစ္စကို..ဖော်ပြနေခဲ့ကြတာပါ..။
သူမရဲ့..မသမာတဲ့..လာဘ်ယူမူကတောင် မပြီးသေးပေမယ့်..အခုတော့..တစ်ခုခုကြီးမားတာ ထပ်ဖြစ်နေခဲ့ပြန်ပါပြီ...။
ကျိုးလီဟာ လင်းဖန် နဲပ ပြောပြီးကတည်းက..ဒီအခြေအနေကနေ ဘယ်လို ရုန်းထွက်ရမလဲ ဆိုတာပဲ..စဥ်းစားနေခဲ့တာပါ..။ဒီနေ့ သတင်းတွေကို ဖတ်ပြီးနောက်မှာ..သူမ ကြောက်ရွံ့သွားခဲ့တယ်..။
တကယ်လို့..သူမ ကိစ္စတစ်ခုလုံးကို ယန်ဂျင် အပေါ်ပုံချလိုက်ရင် ဒါက အဆင်ပြေသွားမှာ မဟုတ်ဘူးလား..။
ယန်ဂျင်ရဲ့ နောက်မှာက..မာဖီးယား ဘော့စ်တစ်ယောက် ရှိနေခဲ့တာပါ..။သိူ့ပေမယ့် သူမက သာမန်ဆယ်လီတစ်ယောကိပါပဲ..။သူမ တကယ်ကို ယှဥ်ပြိုင်ရဲမှာ မဟုတ်ပေ..။မြို့သားတွေက..သူမကို ခွင့်လွတ်ပေးကြမှာပါ..။
အဲ့အချိန်မှာတော့ ကျိူးလီ စတင်ပြီး တွေဝေနေခဲ့တယ်..။
တကယ်လို့ သူမသာ ဒါကို လုပ်လိုက်မယ် ဆိုရင် ယန်ဂျင် နဲ့ ဆက်ဆံရေးတွေ အကုန်လုံးက လုံးဝကို အဆုံးသတ်ပါပြီ..။
…
ဟော်တယ်တွင်..။
ယန်ဂျင်ကတော့ လုံးဝကို ထူပူနေခဲ့တယ်..။
"ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ..။ဒီ မီဒီယာတွေ အကုန်လုံးက အတော်ရက်စက်ပါလား..။ဘာလို့သတင်းတွေကို ဒီလိုမျိုးတင်လိုက်တာလဲ..။သူတို့မှာ ဘာသက်သေရှိလို့ ဒီလို တင်နေရတာလဲ.."
"နင် ဘယ်ကို သွားနေတာလဲ..။အခု ချက်ချင်း ပြန်လာခဲ့စမ်း.."
ယန်ဂျင် သူမ ဖုန်းကနေ တဆင့် မန်နေဂျာကို လှမ်းခေါ်လိုကိတယ်..။သိူ့ပေမယ့်..သူမကို ပိုပြီး ဒေါသထွကိစေတာက..သူမ ရဲ့ မန်နေဂျာက..ထွက်သွားခဲ့ပါပြီ..။
"ခွေးမ..ဘယ်လိုများ ငါ့ကို သစ္စာဖောက်ရဲရတာလဲ.."
ယန်ဂျင် ရူးသွပ်သွားခဲ့တယ်..။ခနကြာပြီးတဲ့ နောက်မှာမှ..သူမ ပြန်ပြီး စိတ်တည်ငြိမ်လာခဲ့ပါတယ်..။
ဝိုက်ဘို..။
ယန်ဂျင် .. " ဒါတွေ အကုန်လုံးက အဓိပ္ပါယ် မရှိတဲ့ စကားတွေပဲ..။ကျွန်မ ယန်ဂျင်က ဥပဒေကို လေးစားတဲ့ လူတစ်ယောက်ပါ..။ကျွန်မကို နာမည်ဖျက်ချင်တဲ့လူတစ်ယောက် ကျိန်းသေရှ်ိနေပါတယ်..။အခုလည်း အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ ကျွန်မ ရှေ့နေနဲ့ တိုင်ပင်နေပါပြီ..."
သူမ ဝိုက်ဘို ပို့စ်ကို တင်လိုက်တဲ့ အချိန်မှာပဲ.ချက်ချင်း လင်းဖန်ရဲ့ ရိုက်ချမူကို ခံလိုက်ရပါတော့တယ်..။
လင်းဖန်က..ယန်ဂျင် သူမရဲ့ နာမည်ကို..ပြန်ဖြေရှင်းဖို့..ပို့စ်တင်လာမှာကို စောင့်နေခဲ့တာပါ..။ဒီအချိန်က ပိုပြီး ထိရောက်တယ်လို့ ပြောလို့ရမှာပါ..။
ဝိုက်ဘို..။
လင်းဖန် : မနေ့ညက..ဂေါ့ဖားသား လီ ဆိုတဲ့လူတစ်ယောက်ကျုပ်ကို ဖုန်းဆက်လာခဲ့တယ်..။ဒီငနဲက ယန်ဂျင်ရဲ့ နောက်ကွယ်က လူပဲ..။အားလုံးပဲ..နားထောင်ကြည့်ကြပါဦး..."
ဒီပို့စ်ကို မြင်လိုက်တဲ့..အချိန်မှာ..ယန်ဂျင်ဟာ..ကြမ်းပြင် ပေါ်လဲကျသွားခဲ့တယ်..။ယင်းနောက် သူမ အရူးတစ်ယောက်လို.ဆက်တိုက် ရီမော နေပါတော့တယ်..။