← Chapters

သူမက..ကိုယ့်ကိုကို ကယ်တင်ဖို့ဘာမဆို လုပ်မှာ..

Vol. 50 Ch. 750

သူမက..ကိုယ့်ကိုကို ကယ်တင်ဖို့ဘာမဆို လုပ်မှာ..

Vol. 50 Ch. 750

#ဘာသာပြန် = စနိုးဝှိုက်

"ချီးပဲ..မာစတာလင်းက..တကယ် အံ့ဩဖို့ကောင်းတာပဲ..။ဒါက ကျိန်းသေပေါက်..ဂေါ့ဖားသား ကို သွားရှုပ်မိတာပဲနော်..."

"ဟားဟား..ငါ ရယ်ရလ်ို့ သေတော့မယ်..။ယန်ဂျင်က သူမ အလှည့်ပြန်ရောက်လာတော့ ကြောက်နေပြီလေ.."

"ဂေါ့ဖားသား လီ ဆိုတာက ဘယ်သူလဲဟ..။သူက..ယန်ဂျင်ကိုတောင်..ဆွဲဆောင်နိုင်ခဲ့တာပဲ..။ယောက်ျားထုကြီးကတော့..သူ့ကို အားကျနေကြတော့မယ်..."

"ဒီကိစ္စမှာလည်း ယန်ဂျင်က နောက်ကွယ်ကနေ ပါနေလောက်ဆယ်နော်.."

"ဂေါ့ဖားသား လီက တကယ်ကို မောက်မာတာပဲ..။သူက မြောက်ပိုင်းမှာဆို..လုပ်ချင်တာ လုပ်လို့ ရတယ်လို့တောင် ပြောထားတယ်..။ဘယ်အစိုးရက..ဒါမျိုးကို ခွင့်ပြုထားမှာလဲ..။

"သူ မာစတာလင်း လှည့်စားတာကို ခံလိုက်ရပြီ..။မာစတာလင်း ကို ဘယ်တော့မှ မခြိမ်းခြောက်ကြနဲ့..မဟုတ်ရင် ရလာဒ်က ပြောင်းပြန် ဖြစ်သွားလိမ့်မယ်..."

…

ဒီ အသံဖိုင်ထွက်လာတဲ့ အတွက်ကြောင့် အကုန်လုံးဟာ လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့ကြပါတယ်..။

မြောက်ပိုင်းက မြို့သားတွေကတော့..ဒီသတင်းကို ဖတ်မိပြီး အတော်ကို စိတ်လှုပ်ရှားနေခဲ့ကြတယ်..။သူတို့ ချက်ချင်းပဲ..လင်းဖန်ရဲ့ ဝိုက်ဘိုမှာ..မက်ဆေ့ တွေ ချန်ထားခဲ့ကြပါတယ်..။

"မာစတာလင်း..ကျွန်တော်တို့ကို လာကယ်ပါဦး..။မာစတာလင်း အတွက် ကျွန်တော် တို့ ဒီမှာ စီစဥ်စရာတွေ ရှိတာကို စီစဥ်ပေးထားပြီးပြီ..."

"အမှန်တရား ဖန်...ကျွန်တော်တို့ကို လာပြီး ကယ်ပါဦး..။ကျွန်တော်တို့လည်း..အရင်တုန်းက ချင်ကျိုးလို ဘဝ မျိုးရောက်နေပြီ..."

"ငါ ဒီ ဂေါ့ဖားသား လီ ကို သိတယ်..။သူက တကယ်အင်အားကြီးတဲ့လူပဲ..။ဒီမှာဆိုရင် သူ့ကို ဘယ်သူမှ ရန်မစရဲဘူး..."

"မာစတာလင်းက သေချင်နေတာလား..။သူက..ဒီလိူ အင်အားကြီးတဲ့..ဂေါ့ဖားသား လီကို တောင် ရန်စရဲတယ်.."

…

ယန်ဂျင် ဘာလုပ်ရမလဲ မသိဖြစ်နေခဲ့တယ်..။အခြေအနေက ဒီလို ဖြစ်လာလိမ့်မယ်လို့..သူမ မထင်ထားခဲ့ပါဘူး..။ဒီခွေးသားလေးက..ဒီ အသံဖိုင်..ကို တကယ် တင်လိုက်တာပါ..။သူက..လုံးဝကို ထွက်ပေါက်မပေးခဲ့ပါဘူး..။

သူမ ပွဲဦးထွက်ကတည်းက..ဘယ်သတင်းဌာနကမှ ..သူမ ရဲ့ နောက်ခံ အကြောင်းကို မတင်ရဲခဲ့သလို..တင်လည်း မတင်ခဲ့ကြပါဘူး..။သို့ပေမယ့် အခုတော့..သူမ အရာအားလုံးဖော်ထုတ်ခံလိုက်ရပါပြီ..။

အရင်တုန်းက..ဘယ်သူမှ မသိတဲ့ အရာတွေကို..အခုတော့ လူတိုင်သိသွားခဲ့ပြတာပါ..။သက်သေက ခိုင်လုံနေတာကြောင့် သူမ ငြင်းဆန်နေလို့လည်း အားကုန်တာပဲ..ရှိတော့မှာပဲ..။ပြီးတော့..မြို့သားတစ်ယောက် ချင်းစီတိုင်းကို လိုက်ပြီး နှုတ်ပိတ်လို့လည်း မရပေ..။

အဲ့အချိန်မှာတော့..ယန်ဂျင်ဟာ..လက်မလျော့ချင်သေးပါဘူး..။သူမ ဂေါ့ဖားသား လီကို ဖုန်းခေါ်လိုက်တယ်..။

"ညီမကို ကယ်ပါဦး..။ညီမကို ကယ်မှ ရမယ်..မဟုတ်ရင် အဆုံးသတ်သွားတော့မှာ.."

ယန်ဂျင်. သူမရဲ့ ပုံရိပ်ကိုတောင် ဂရုမစိုက်တော့ပဲ..စတင်ပြီး ငိုကြွေးပါတော့တယ်..။သူမ ဒီလိုမျိုးတော့ အဆုံးမသတ်ချင်ပါဘူး..။

တစ်ချိန်တည်းမှာပဲ..သူမ ဒီ ဂီတလောကနဲ့ လုံးဝ အဆက်အသွယ် မဖြတ်တောက်ချင်သေးပေ..။သူ လိုချင်တာ အကုန်ရနေတဲ့ ဘဝကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်မှာလဲ..။

ဂေါ့ဖားသား လီ ဘာမှ မပြောခဲ့ပေ..။ဘာလို့လဲ ဆိုတော့ သူကိုယ်တိုင်လည်း သတိပေးခံထားရလို့ပါ..။ဒီခွေးသားလေးက အသံဖိုင်ကို အမှန်တကယ်ပဲ..တင်ရဲလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး.။

မြောက်ပိုင်းမှာ ဆိုရင် ..သူက တစ်ယောက်တည်းသော ခေါင်းဆောင် မဟုတ်ပေ..။အခု ပြသနာက ဖြစ်လာတော့..လူတွေ အများကြီးရဲ့..စောင့်ကြည့်မူကို ခံလာခဲ့ရပါတယ်..။သူ့မှာ ဘယ်လိုလုပ် ယန်ဂျင်ကို ဂရုစိုက်ဖို့ စိတ်အခြေအနေ ရှိနိုင်ဦးမှာလဲ..။

နောက်ဆုံးမှာတော့..ယန်ဂျင် ဖုန်းကို ချလိုက်တယ်.။သူမ အဖြေကို ရလိုက်ပါပြီ.. ။​ေဂါ့ဖားသားလီ လည်း ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး..။

အဲ့အချိန်မှာတော့..သူမရဲ့..အကြီးမားဆုံး အထောက်အပံ့ကြီးက..ပြိုကျသွားခဲ့ပါတယ်..။သူသာ သူမကို မကူညီရင်..သူမ ဘယ်သူ့ဆီက အကူအညီသွားတောင်းရမှာလဲ..။

အဲ့အချိန်မှာပဲ..ယန်ဓျင် လင်းဖန်ကို ဖုန်းခေါ်လိုကိတယ်..။ဒါက သူမရဲ့ နောက်ဆုံး မျှော်လင့်ချက်ပါပဲ..။

ဖုန်းဝင်သွားခဲ့တယ်..။

ယန်ဂျင် ပြောလိုက်ပါတယ်..။

"မာစတာလင်း ငါတောင်းပန်ပါတယ်..။ငါ့ အမှားတွေကို ဝန်ခံတာတောင် မလုံလောက်နိုင်သေးဘူးလား..။ကျေးဇူးပြုပြီး..အသံဖိုင်ကို..ဖျက်ပေးလို့ရမလား..ငါ့ရဲ့ လက်ရှိအခြေအနေကို တကယ် မဆုံးရှုံးချင်ဘူး.."

လင်းဖန် ပြောလိုက်တယ်..။

"ဆရာမ ယန်..ခင်ဗျား ဘာတွေ ပြောနေတာလဲ..ကျုပိတကယ် နားမလည်ဘူး.."

"ငါ တောင်းပန်ပါတယ်..။နင် ခိုင်းတဲ့ အတိုင်း ငါ အကုန်လုပ်ပါ့မယ်..။ကျေးဇူးပြုပြီး အသံဖိုင်ကို ပြန်ဖျက်ပေးပါ..။ဒီကိစ္စမှာ ငါ မှားသွားပါတယ်..။ဒါက လုံလောက်တယ်မလား.."

ယန်ဂျင် ဆက်တိုက်တောင်းပန်နေခဲ့တယ်..။အခုချိန်မှာ ဘယ်သူမှ ကူညီမယ့်သူ မရှိတော့တာကြောင့်..သူမ လုပ်နိုင်တာဆိုလို့ တောင်းပန်ဖို့ပါပဲ..။

လင်းဖန် ပြောလိုက်တယ်..။

"ကျုပ် ဒါကို ပြန်မဖျက်ပေးနိုင်ဘူး..။ကျုပ်ကို လူမိုက်တွေက အသက် အန္တရာယ် လာခြိမ်းခြောက်ထားတာလေ..။ကျုပ် သူတို့ကို ဖော်ထုတ်ရလိမ့်မယ်..။စိတ်မကောင်းစရာပဲ..။သူတို့နောက်မှာ ဆရာမ ယန် ရှိနေမယ်လို့ မထင်ထားခဲ့ဘူး.."

ယန်ဂျင် ထပ်ပြီး သည်းမခံနိုင်တော့ပေ..။သူမ ဒေါသတကြီးအော်ဟစ်လိုက်တယ်.။

"လင်းဖန်...နင်က ငါ့ကို..တကယ် အဆုံးသတ်စေချင်နေတာပဲ..။ငါပြောလိုက်မယ်...ငါ့မှာ ဘာမှ မကျန်တော့ဘူး..ဆိုရင်တောင်..နင့်ဘဝကို..အတတ်နိုင်ဆုံး ခက်ခဲအောင်တော့ လုပ်နေဦးမှာပဲ.."

လင်းဖန် တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်..။

"ကောင်းပြီလေ...ကျုပ် တိမ်ဖြူလမ်းမှာပဲ..ရှိနေပါ့မယ်..."

ယင်းနောက် သူဖုန်ူကို ချလိုက်တယ်..။

"ခွေးမသားလေး.."

ယန်ဂျင် ရူးသွပ်စွာ ကျိန်ဆဲလိုက်ပါတယ်..။

တိမ်ဖြူလမ်း..။

လင်းဖန် ကျေနပ်စွာ ရယ်မောနေခဲ့တယ်..။ဒီလို လူတွေနဲ့ ကြုံလာလို့ ရှိရင် လုံးဝ စိတ်ပျော့နေလို့ မဖြစ်ပါဘူး..။ဒီလိုလူတွေက..ခွေးမြီးကောက် ကျည်ထောက်စွပ် သလို..ခနတာပဲ..အသိတရားရကြတာပါ..။

လူလိမ် ထျန် ဝိုက်ဘိုက သတင်းတွေကို ဖတ်နေရင်းကနေ ပြောလိုက်တယ်..။

"ဒီကိစ္စက တဖြည်းဖြည်း ကြီးကြီးလာပြီ နော် ..မင်း လာပြီး အရိုက်ခံရမှာကို မကြောက်ဖူးလား.."

လင်းဖန် ရယ်မောလိုက်ပြီး...

"ကျုပ်ရဲ့ စွမ်းဆောင် နိုင်စွမ်းတွေ နဲ့ဆိုရင်..ကျုပ်ကို ရိုက်နိုင်တဲ့ လူကိုအတော် လေးစားမိမှာပဲ.."

"အံ့ဩစရာပဲ.."

လူလိမ် ထျန်လက်မထောင်ပြလိုက်တယ်..။

ဝူယူလန် စိုးရိမ်စွာ ပြောလိုက်တယ်..။

"အစ်ကိုလငိး..ဒါက အဆင်တော့ ပြေလောက်ပါတယ်နော်..။ဒီ ဂေါ့ဖားသား လီက..ညီမ အဖေဆီကို ဗေဒင်မေးဖို့ တစ်ခေါက်လာဖူးတယ်လေ..။သူက တကယ်ကို အင်အာကြီးတာ.."

လင်းဖန် ပြန်ပြောလိုက်တယ်..။

"စိတိအေးအေးထားပါ..။ဘာမှ မဖြစ်နိုင်ပါဘူး..။

​ကျောက်ကျန်းယန် ဖုန်းနဲ့ တိုက်ရိုက် ထုတ်လွင့်နေရင်းကနေ ပြောလိုက်တယ်..။

"ညီအစ်ကိုတို့ ကြားလိုက်တယ်နော်..။ငါတို့ရဲ့ မာစတာလင်း အရမ်းသန်မာတာ..။တစ်ဖက်လူက ဘယ်လောက်ပဲ..အင်အားကြီးကြီး သူက လုံးဝ မကြောက်ရွံ့ဘူး.."

"အံ့ဩစရာ မာစတာလင်း..."

"မာစတာလငိးက..ငါ့ရဲ့ အိုင်ဒေါပဲ..။သူ့ကို စကားလေးနည်းနည်းလောက် ပြောခိုင်းပါဦး.."

ကျောက်ကျန်းယန် ဖုန်းကို လင်းဖန် ဖက်လှည့်လိုက်တယ်..။

"အစ်ကိုလင်း..တစ်ခုခု ပြောလိုက်ပါဦး.."

ကျောက်ကျန်းယန် တိမ်ဖြူလမ်းမှာ လာပြီး တိုက်ရိုက်ထုတ်လွင့်နေကတည်းက အတော်ကို အောင်မြင်လာခဲ့ပါတယ်..။ဒါတွေအကုန်လုံးက မာစတာလင်းရဲ့ တည်ရှိမူကြောင့်ပါ..။တစ်ခါတစ်လေမှာ အကြီးအကဲ ခွေး ရဲ့ အပြုအမူတွေကို ထုတ်လွင့်တာကလည်း လူတွေ စိတ်ဝင်စားကြပါတယ်..။

လင်းဖန် ..ဖုန်းကိုယူလိုက်ပြီး ကင်မရာကို ကြည့်ကာ ပြောလိုက်တယ်.။

"ဟဲလို ညီအစ်ကိုတို့..ကျုပ်က မာစတာလင်းပါ..။ကိုပ်ကို သတိရနေကြတာလား.."

"ငါတို့ သတိရနေတာ..။အရမ်း သတိရနေတာ...x

"ငါ အိပ်လိုက်တိုက်းမှာ မာစတာလင်း အကြောင်းပဲ တွေးနေမိတယ်..။သူက ငါ့ရဲ့ အိုင်ဒေါပဲ..."

"မာစတာလင်းတစ်ခုခု ဖြစ်လိုက်တိုင်း ငါ့မှာအမြဲတမ်း..စိတ်ပူရတယ်...."

…

လင်းဖန် ရယ်မောလိုက်ကပီး..

"အခုတော့ အင်တာနက်ပေါ်က အခြေအနေက သိပ်ပြီး မတည်ငြိမ်ဘူး..။ဒါပေမဲ့ ဒါက ပြသနာတော့ မရှိနိုင်ပါဘူးလေ..။ကျုပ်ကို လူတွေ အများကြီးနဲ့..လာပြီး ခြိမ်းခြောက်တာတောင် ဘာမှ မဖြစ်ခဲ့ဘူးမလား..။ဟုတ်တယ်မလား...ဒီတော့..မကောင်းတဲ့ လူတိုင်းကို တွေ့တဲ့အခါမှာ အတူတကွ တိုက်ထုတ်ကြရအောင်..."

"အံ့ဩစရာပဲ.."

"တရားမျှတမူ အတွက် ငါကတော့ မာစတာလင်းဟဘက်မှာပဲ..ရပ်တည်တော့မယ်..!

"ညီအစ်ကိုတို့ ဒီလို ဆိုးရွားတဲ့လူတွေကို အတူတိုက်ထုတ်လိုက် အောင်.."

တိုက်ရိုက် ထုတ်လွင့်မူမှာ ပြောပြီးနောက်မှာ..လင်းဖန် အင်တာနက်က သတင်းတစ်ချို့ကို ဝင်ဖတ်လိုက်တယ်..။

သို့ပေမယ့် အဲ့အချိန်မှာပဲ..မထင်မှတ်တာ ဖြစ်လာခဲ့ပါတယ်..။

ကျိူးလီက ယန်ဂျင်ကို အမှန်တကယ်ပဲ နောက်ကျောကနေ ဓားနဲ့ထိုးခဲ့တာပါ..။ကြည့်ရတာ သူမက အခြေအနေတွေ ပြောင်းလဲသွားမှာကို ကြောက်နေတာကြောင့်. ​ ရှောင်ထွက်နိုင်မယ့် နည်းလမ်းကို အလျင်အမြန် လုပ်ဆောင်နေတဲ့ ပုံပါပဲ..။

ဒါက..ယန်ဂျင်ကို ကိုယ့်က်ိုကို သတ်သေချင်စိတ်တောင် ပေါက်သွားစေနိုင်ပါတယ်..။

ဝိုက်ဘို.။

ကျိုးလီ.. : ကျွန်မ အားလုံးကို အသိပေးစရာလေး ရှိပါတယ် .။ဒါက..လွန်ခဲ့တဲ့..နှစ်နှစ်က..မတော်တဆမူမှာ..ကျွန်မပါ ပါဝင်ခဲ့တယ် ဆိုတာကို ဝန်ခံချင်လို့ပါ..။ဒါပေမဲ့ အဲ့အချိန်မှာ ကျွန်မ အဲတာမျိူး တကယ် မလုပ်ချင်ခဲ့ပါဘူး..။ဒါပေမဲ့ ယန်ဂျင်က ပိုက်ဆံလက်ခံခဲ့ပြီး ကျွန်မသာ ပိုက်ဆံက်ို လက်မခံရင်..ကျွန်မ မကိုင်တွယ်နိုငိလောက်တဲ့ နောက်ဆက်တွဲတွေကို ခံစားရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်..။အခု ချိန်မှာ ကျွန်အတော်ကို နောင်တရနေပါပြီ..။ကျွန်မ အဲ့တုန်းက ရခဲ့တဲ့..ပိုက်ဆံကို..မျှော်လင့်ချက် ပရောဂျတ် ပရဟိတ အဖွဲ့ကို လှူဒါန်းခဲ့ပါတယ်..။ဒါ့အပြင် အသန်မာဆုံးကောင်းကင်သံစဥ် ပြိုင်ပွဲက ..ရတဲ့ စာချုပ် ရေးထိုးခ ကိုလည်း လှူဒါန်းခဲ့ပါတယ်..။ဒါက ကျွန်မ အမှားတွေ အတွက်ပြန်ပေးဆပ်နေတာပါ..။ကျွန်မကို အားလုံးက ခွင့်လွှတ်ကြပြီး နောက်ထပ် အခွင့်အရေး ပေးမယ်လို့ မျှော်လင့်ပါတယ်..။ကျေးဇူးတင်ပါတယ်...."

ဒီပို့စ်တက်လာတဲ့ အချိန်မှာ လူတိုင်းရဲ့ အာရုံစိုက်မူကိုချက်ချင်းရရှိခဲ့ပါတယ်..။

လင်းဖန် လည်း ဒီပိုစ့်ကို မြင်ပြီး ကြောင်အသွားခဲ့တယ်..။

"သူမက..ကိုယ့်ကိုကို..ကယ်တင်ဖို့.ယန်ဂျင် နဲ့ ဆက်ဆံရေး တွေ အကုန်လုံးကို ဖြတ်တောက်ပြီး နောက်ကျောကို ဓားနဲ့ ထိုးလိုက်တာပဲ..."

All Chapters