← Chapters

တစ်ယောက်ပြီး တစ်ယောက်..

Vol. 50 Ch. 751

တစ်ယောက်ပြီး တစ်ယောက်..

Vol. 50 Ch. 751

#ဘာသာပြန် = စနိုးဝှိုက်

ကျိုးလီ ဒီပို့စ်ကို ဝိုက်ဘိုပေါ်မှာ တင်လိုက်တဲ့ အချိန်မှာ..လူတိုင်း..ဟာ..ဖတ်လိုက်ကြပါတယ်..။

ဖျော်ဖြေရေးလောကမှာ ရှိနေကြတဲ့ လူတွေဟာလည်း သတိထားမိသွားခဲ့ကြတယ်..။

မတူညီတဲ့..နေရာတွေ မှာ ရှိနေကြတဲ့ ဆယ်လီတွေတောင်..စတင်ပြီး စိတ်ဝင်စားလာခဲ့ကြပါတယ်..။

"တစ်ခုခု လေးနက်တာတော့ ဖြစ်နေပြီ..."

"အမှန်တကယ်ပဲ..ယန်ဂျင်က..တော်တော်ပြသနာ တက်နေပြီ..။သူ နဲ့..ရင်းနှီးတဲ့ ဘယ်သူကမှ ကြားဝင်ပြီး မဖြေရှင်းရဲဘူး.."

"ဒါက လက်ရှိမပြောသင့် သေးဘူးဆိုပေမယ့်..တစ်ကယ် အဆုံးသတ်ပြီ လို့ ပြောလို့ရတယ်နော်..။အချိန်ကိုက်ပဲ..ကျိုးလီက ယန်ဂျင်အပေါ်ကို အကုန်ပုံချခဲ့တာလေ..."

"ကြောက်စရာပဲ..မာစတာလင်းက တကယ်ကြောက်စရာပဲ..။သူက ဒီလောက ထဲက လူမဟုတ်တာတောင် ယန်ဂျင်ကို ဒီအခြေအနေ အထိ ရောက်အောင် လုပ်ပစ်လိုက်နိုင်တယ်လေ..."

"ငါက သရုပ်ဆောင်ဖြစ်နေတယ် လို့ တော်သေးတယ်..။ဂီတ လောကထဲမှာသာ ဆိုရင် တော်တော် သတိထားနေရမှာ..."

"အရင်တုန်းက ယန်ဂျင်ကို ထောက်ခံနေတဲ့ လူတွေ အခု ဘယ်ရောက်သွားလဲ..။သူတိူ့တွေ ဘယ်သူမှ ထွက်မလာရဲတော့ဘူး.."

…

ဒီအကြောင်းအရာ ကို ဖျော်ဖြေရေး လောကမှာ ရှိနေကြတဲ့ လူတိုင်း နီးပါးက ပြောနေခဲ့ကြတာပါ..။

သူတို့ လောကက စီနီယာတွေ ဒီလို အခြေအနေထိ ရောက်နေတာကို သူတို့ အမြင်ဖူးခဲ့ကြပါဘူး..။

ယန်ဂျင် ကျိုးလီရဲ့ ဝိုက်ဘိုကို မြင်တဲ့ အချိန်မှာ ချက်ချင်း မျက်နှာမဲနက်သွားခဲ့တယ်..။သူမ ရဲ့ စိတ်ဝိဥာဥ် တောင် အပြင်ကို ထွက်သွားခဲ့သလိုပါပဲ..။သူမဘက်က လူကပါ...နောက်ကျောကို ဓားနဲ့ ထိုးလိမ့်မယ်လို့ မထင်ထားခဲ့ပေ..။

သူမ ဖုန်းခေါ်လိုက်တယ်..။

ဖုန်းကျသွားခဲ့ပါတယ်..။

သူမ ထပ်ပြီး ကြိုးစားလိုက်တယ်..။

ဖုန်းမကိုင်ခဲ့ပါဘူး.။

ကျိုးလီ ရဲ့ စိတ်ထဲမှာတော့ ဗလာ ဖြစ်နေခဲ့တယ်.။သူမ ယန်ဂျင်ရဲ့ ဖုန်းကို မကိုင်ရဲပါဘူး..။သို့ပေမယ့် ဒီအရာက လုပ်မှကို ရမှာပါ..။တကယ်လို့..သူမ ဒီကိစ္စကို ယန်ဂျင် ဆီကို လွှဲချပြီး..လူထုရဲ့ ခွင့်လွှတ်မူကို မတောင်းခံဘူးဆိုရင်..ယန်ဂျင်ပြီးသွားတဲ့..အချိန်မှာ..သူမ အလှည့်ရောက်လာမှာ အသေအချာပါပဲ..။

သို့ပေမယ့်..ယန်ဂျင်ဟာ ဆက်တိုက် ဖုန်းခေါ်နေခဲ့တယ်..။ကျိူးလီ အချိန်အတော်ကြာအောင် တွေဝေနေပြီး နောက်မှာတော့ ဖုန်းကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

သူမ ဖုန်းကိုင်လိုက်တာနဲ့..ယန်ဂျင်ရဲ့ အော်ဟစ်သံကို ဆက်တိုက်ကြားနေခဲ့ရတယ်..။

"ကျိူးလီ..နင်..ခွေးမ..ဘယ်လိုဖြစ်ပြီး..ငါ့ကို..သစ္စာဖောက်ရဲတာလဲ.."

"မြေခွေးမ..နင် ဒီလို စက်ဆုပ်စရာ အလုပ်မျိုးကို လုပ်ရဲတယ်ပေါ့.."

…

ယန်ဂျင် ရဲ့ ပါးစပ်ကနေ..ရုပ်ရင်းကြမ်းကြုပ်တဲ့ စကားလုံးတွေ ဆက်တိုက် ထွက်လာနေခဲ့တယ်..။

ကျိုးလီ လည်း တဖြည်းဖြည်းနဲ့ ဒေါသထွက်လာခဲ့ပါတယ်..။အဲ့အချိန်မှာပဲ..သူမ ဒေါသတကြီး အော်ဟစ်လိုက်တယ်..။

"ယန်ဂျင်..ကျေးဇူးပြုပြီး နင့်စကားတွေကို ဆင်ခြင်ပြောပါ..။ငါက နင့်ကို ဘယ်တုန်းက သစ္စာဖောက်ခဲ့လို့လဲ...။ဒါက အမှန်တကယ်ဖြစ်ပျက် ခဲ့တဲ့ အရာပဲ..။နင့်ကြောင့် သာ မဟုတ်ရင် ငါ ဒီပိုက်ဆံကို လုံးဝ လက်ခံခဲ့မှာမဟုတ်ဘူး..."

"ငါ ကျိုးလီက..နင့်အပေါ်မှာ ဘာအကြွေးမှ မတင်ထားဘူး..။ဒီကိစ္စက..ဖြစ်ပြီးသွားတဲ့ ကိစ္စဖြစ်တာကြောင့်.ငါက အချက်ကျကျ ရှင်းပြခဲ့တာ..။ငါ ဖုန်းချလိုက်တော့မယ်..။အနာဂတ်မှာ ငါ့ဆိီကို ဘယ်တော့မှ မဆက်သွယ်ပါနဲ့.."

* တီ *

ဖုန်းချပြီး နောက်မှ..သူမ ရဲ့ နှလုံးခုန်သံက အရမ်း မြန်နေတာကို သတိထားမိလိုက်တယ်..။သူမ ယန်ဂျင်ကို ဘယ်က သတ္တိတွေနဲ့ ဒီလို စကားတွေ ပြောမိလိုက်တာလဲ မသိတော့ပါဘူး..။ထပ်ပြောရရင်..သူမ ဒီစကားတွေ ..ပြောလိုက်ပြီးတဲ့..နောက်မှာ..ရင်ဘတ်ပေါ် တင်ထားရတဲ့ ကျောက်တုံးကြီး ဖယ်လိုက်ရသလိုကို ပေါ့ပါးသွားခဲ့ပါတယ်..။

"မသာမ...မြေခွေးမ..သစ္စာဖောက်မ..."

ယန်ဂျင် ရူးသွပ်သွားပြီး ဘေးနားက ပစ္စည်းတွေကို ရိုက်ခွဲနေခဲ့တယ်..။လူတွေ အများကြီး ရှိတဲ့ အထဲမှာမှ ကျိုးလီက သူမကို သစ္စာဖောက်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။

သူမ စိတ်တိုင်းကျ ပေါက်ကွဲပြီးတဲ့ နောက်မှာ..တော့..ဆိုဖာပေါ်မှာ အသက်မဲ့စွာ ထိုင်ချလိုကိတယ်..။သူမ ဘာဆက်လုပ်မလဲ တောင် မသိတော့ပါဘူး..။

လူတိုင်းက ဒီကိစ္စကို အနီးကပ်စောင့်ကြည့် နေခဲ့ျာပါ..။သူတို့အတွက်ကတော့ ဒါက..ဇာတ်ကားတစ်ကား ထက်တောင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်..။

သို့ပေမယ့်..သိပ်မကြာခင်မှာပဲ..။

တစ်ခုခု ဖြစ်သွားခဲ့တယ်..။

ဒါက..ယန်ဂျင် ကို ဆက်ပြီး တိုက်ခိုက်ချင်စိတ်တွေ..အကုန်လုံး ပျောက်ကွယ်သွားစေခဲ့ပါတယ်..။

ဝိုက်ဘိုတွင်..။

"ကျွန်မက ယန်ဂျင် ရဲ့ မန်နေဂျာပါ..။ဒါပေမဲ့ ဒါက အရင်တုန်းက လို့ ပြောလို့ရပါတယ်..။ဘာလို့လဲ ဆိုတော့..ကျွန်မ ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး..။ယန်ဂျင်က..အတော်ကို ရက်စက်ကြမ်းတမ်း တဲ့လူတစ်ယောက်ပါ..။သူမက ကျွန်မကို စိတ်တိုင်းကျ ရိုက်နှက်လေ့ ရှိပါတယ်..။သူမ ပါဝင်ခဲ့တဲ့ ပြိုင်ပွဲတွေ တိူင်းမှာ ဆိုရင် လည်း မသမာ မူက မပါမဖြစ်ပါပဲ..။သူမ မကြိုက်တဲ့ ပြိုင်ပွဲဝင် တိုင်းကို..ကန်ထုတ်နိုင်အောင်လို့ နည်းမျိုးစုံကြိူးစားလေ့ ရှိပါတာ်..။ဥပမာ...."

ဒီ ဝိုက််ဘို ပိုစ့်က အရှည်ကြီးပါ..။ဒါက..အင်တာနက်ပေါ် တင်ခါစမှာတော့..လူအများကြီးက သတိမထားကြမိပါဘူး..။သို့ပေမယ့် အချိန်ကြာလာတဲ့ အချိန်မှာ ဒါက ယန်ဂျင် ရဲ့ မန်နေဂျာမှန်း သိသွားခဲ့ကြပြီး ပို့စ်ကို ဝိုင်းရှဲလ် ပေးခဲ့ကြပါတယ်..။

"ချီးပဲ..ယန်ဂျင်က...ဒီလောက် မိုက်ရိုင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..။သူမက ကိုယ်ပိုင် မန်နေဂျာကိုတောင် ဒီလိုမျိုး ဆက်ဆံတယ်.."

"သူမ ရဲ့ မျက်နှာကို ကြည့်လိုက်ဦး..။စုတ်ပြတ်နေတာပဲ.."

"ဟုတ်တယ်..ခေါင်းမှာလည်း ပတ်တီးနဲ့..တစ်ခုခုနဲ့ ရိုက်ခံထားရတာပဲ..ဖြစ်ရမယ်.."

"ယန်ဂျင် ဂီတလောက ကနေ အမြန်ထွက်သွားတော့.."

ယန်ဂျင် ရဲ့ မန်နေဂျာဟာ တစ်ခြား အကြောင်းအရာ အများကြီးကို လည်း ဖော်ထုတ်ခဲ့ပါတယ်..။သူမက ယန်ဂျင်ရဲ့ မသမာ မူတွေ အကုန်လုံးကိုဖော်ထုတ်ခဲ့တာပါ..။

ယန်ဂျင်ကတော့..သူမ မျက်လုံးထဲမှာ အမြဲတမ်း အားနည်းတဲ့လူတစ်ယောက်လို့ မြင်နေတဲ့ သူမရဲ့ မန်နေဂျာက..အခုလို လုပ်ရပ်မျိုးလုပ်လိမ့်မယ့်လို့

မထင်ထားခဲ့ပါဘူး..။

သူမ ယန်ဂျင်ရဲ့..အရိုက်ခံပြီးတဲ့ နောက်မှာ ဆေးရုံကို သွားခဲ့ပါတယ်..။

ဒေါက်တာ ရဲ့ ပြောကြားချက်အရတော့..သူမ မျက်နှာက ဒဏ်ရာက ပျောက်ကင်းသွားရင်တောင် အမာရွက်ကျန်ခဲ့လိမ့်မယ်လို့ ပြောခဲ့ပါတယ်..။

မိန်းကလေး တစ်ယောက် အနေနဲ့ သူမ ဒါကို လက်မခံနိုင်ခဲ့ပေ..။အထူးသဖြင့်..သူမက ..လက်မထပ်ရသေးတာကြောင့်..အခုလို အခြေအနေ နဲ့ ဆိုရင် ယောက်ျားတစ်ယောက် ရှာဖွေဖို့က မလွယ်ကူတော့ပါဘူး..။

ရိုးရိုးအေးအေး နေတတ်တဲ့လူတစ်ယောက်က..ဒေါသ ထွက်လာပြီ ဆိုရင် လူတိုင်းထက်ပိုပြီး..ကြောက်ဖို့ကောင်းပါတယ်..။

သူမ..အသုံးပြုလိုက်တဲ့..ရိုက်ချက်ကြောင့်...ယန်ဂျင်ဟာ..ဘယ်တော့မှာ..ပြန်ပြီး နာလန်ထူနိုင်မှာ မဟုတ်တော့ပါဘူး.။

ညအချိန်..။

အသန်မာဆုံး ကောင်းကင်သံစဥ် ခန်းမတွင်..။

လင်းဖန် ရောက်လာတဲ့ အချိန်မှာ ပရိတ်သတ်တွေဟာ အော်ဟစ်ပြီး ကြိုဆိုနေခဲ့ကြတယ်..။

"မာစတာလင်း..တကယ်မိုက်တယ်နော်..."

"ဟားဟား..ယန်ဂျင်ကတော့ ပြုခဲ့သမျှ မကောင်းမူတွေကို ပြန်ခံစားနေခဲ့ရပြီ..။သူမ နာမည်က ပြန်ပြီး အဖတ်ဆယ်လို့ ရတော့မှာ မဟုတ်ဘူး..."

ပရိတ်သတ်တွေဟာ စိတ်လှုပ်ရှားနေခဲ့ကြတယ်..။

လင်းဖန် ပြန်ပြီး လက်ဝေ့ယမ်း ပြလိုက်ပါတယ်..။သူဒီကိစ္စကို သိပ်ပြီး လေးလေးနက်နက် မတွေးထားပါဘူး..။သူ့အမြင်မှာတော့..ဒါက အသေးအမွှားလေးဖြစ်ပြီး..စ်ိတ်ထဲမှာ ထည့်ထားဖို့ မလိုအပ်ပေ..။

ခနကြာပြီးနောက်..။

ကျိူးလီ ရောက်လာခဲ့ပေမယ့် ပရိတ်သတ်တွေဟာ ဘာမှ မပြောခဲ့ပါဘူး..။

ပရိတ်သတ်တွေရဲ့ ပုံမှန် အခြေအနေကြောင့်..ကျိူးလီ စိတ်သက်သာရာ ရသွားခဲ့တယ်..။တစ်ခုတည်းသော အရာက..သူမ လင်းဖန်ကို ကြည့်မိလိုက်တိုင်း ကြောက်ရွံ့သလို ခံစားနေရတာပါ..။

လင်းဖန် ကျိုးလီ..သူ့ကို ကြည့်နေတာကို ခံစားလိုက်မိပြီး ပြုံးလိုက်တယ်..။

ဒီအမျိုးသမီးက သတ္တိရှိလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။သူမ ရဲ့ နည်းလမ်းက တစ်ခြားတစ်ယောက် အပေါ် အပြစ်ပုံချတာ ဆိုပေမယ့်လည် ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်..။မြို့သားတွေက တကယ် ကြင်နာတတ်တဲ့ လူတွေပါ..။ကျိူးလီက..သူမရဲ့ အမှားကို သိပြီး ပိုက်ဆံတွေ အများကြီးကို..လှူဒါန်းခဲ့တာကြောင့်..သူတို့က ဒီတိုင်းထားပေးလိုက်ကြပါတယ်..။

လီယင်ဒေါင် ကျိုးလီ ဆီပြေးသွားလိုက်တယ်..။သူ့မျက်လုံးထဲမှာတော့..ထူးဆန်းတဲ့ အမူအရာတွေ ရှိနေခဲ့ပါတယ်..။ကျိူးလီက..အချင်းချင်း နောကိကျောကို ဓားနဲ့ ထိုးလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး..။

သူ့ကိုယ်သူ ကာကွယ်ဖို့ အတွက်..သူ ကျိုးလီ နဲ့ ဆက်ဆံတဲ့ အချိန်မှာ သတိထားဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

ရှန်ဟိုင်း TV ကလူတွေဟာလည်း..စိတ်သက်သာရာ ရနေခဲ့တယ်..။ကံကောင်းထောက်မစွာနဲ့ သူတို့ ယန်ဂျင်ကို ဒိုင်အဖြစ်ကနေ ဖယ်ထုတ်နိုင်ခဲ့လို့ပါ..။မဟုတ်ရင်တော့ အခြေအနေက မတွေးရဲစရာပါပဲ..။

အစီအစဥ် ကြေညာသူဟာ..စင်ပေါ်ကို တက်လာခဲ့ပြီး ပြိင်ပွဲကို စတင်ကြောင်း ကြေညာလိုက်ပါတယ်..။

"ဒီနေ့ရဲ့ ပထမဆုံး ပြိုင်ပွဲဝင်ကို စင်ပေါ်ကို ဖိတ်ခေါ်လိုက်ရအောင်..."

လင်းဖန် ဒိုင်တွေ ထိုင်နေတဲ့..ထိုင်ခုံမှာ ထိုင်နေရင်း ဒီနေ့အခြေအနေက အနည်းငယ် ထူးခြားတယ်လို့ ခံစားလိုက်ရပါတယ်..။

ပြိုင်ပွဲဝင်တွေ အကုန်လုံးရော..အစီအစဥ် ကြေညာသူရောက သူ့အပေါ်အတော် လေးစားနေကြတာပါ..။သူတို့ စကားပြောကြတဲ့ အချိန်ဆို ဒီအရာကို မြင်နိုင်ပါတယ်..။

သို့ပေမယ့် သူ ဒါကို စိတ်ထဲမထားတော့ပေ..။သူက ပျော်ပျော်နေတတ်တဲ့လူတစ်ယောက်ဖြစ်ပေမယ့်..လူတွေ့ က သူ့ကို အလကားနေရင်း. ကြောက်ရွံနေကြတာပါ...။

သူက အများအားဖြင့် စည်းမျဥ်း စည်းကမ်းတွေကို မလိုက်နာဘူးဆိုပေမယ့် ကြင်နာတတ်ပါသေးတယ်..။

နောက်တစ်ရက်..။

ကုမ္ပဏီ တစ်ခုက ကြေညာချက် ထုတ်ပြန်ခဲ့တယ်..။

ကြေညာချက်ကတော့..နာမည်ပျက်စာရင်း သွင်းတာပါ..။

သက်ဆိုင်တဲ့..ဌာနတွေ အသီးသီးကလည်း..ထပ်ပြီး..မနေနိုင်ကြတော့ပေ..။သူတို့ လူထုရဲ့ အမြင်ကို လေးစားဖို့ လိုအပ်ပါတယ်..။သူတို့ ယန်ဂျင်ကို နာမည်ပျက် စားရင်းသွင်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်..။

သူတို့တွေ အတွက်ကတော့ ဆယ်လီတစ်ယောက်ကို နာမည်ပျက်စာရင်းသွင်းရတယ် ဆိုတာက..ဒါ ပထမ ဆုံးပါပဲ..။

ယန်ဂျင်ကို ..သီချင်းတွေ..ဇာတ်ကားတွေ နဲ့ ရှိုးပွဲတွေ ...အသီးသီးမှာ..ဘယ်မှာမှ ထပ်တွေ့ရတော့မှာ မဟုတ်ပါဘူး..။

ထပ်ပြောရရင်..ဒီ နာမည်ပျက်စာရင်းကို ..လောလောဆယ် ဖုံးကွယ်ထားခဲ့ပါသေးတယ်..။

သို့ပေမယ့်..ယန်ဂျင် ဒါကို သိလိုက်ရတဲ့ အချိန်မှာ လုံးဝ စိတ်ဓာတ်ကျသွားခဲ့တယ်..။

သူမ တော့ လုံးဝ အဆုံးသတ်ပါပြီ.။

သူမ လုံးဝကို အဆုံးသတ်ပါပြီ..။

All Chapters