အခန်း (၇၅၂)
Vol. 50 Ch. 752
#ဘာသာပြန် = စနိုးဝှိုက်
တိမ်ဖြူလမ်း..။
လင်းဖန်..သူ့ ဖုန်းထဲက သတင်းတွေကို ဖတ်ပြီး အမှန်တကယ်ပဲ..ဆွံ့အသွားခဲ့တယ်..။
"သူမကို..အကုန်လုံးက.အမည်ပျက်စာရင်း သွင်းလိုက်ပြီပဲ.."
ဒီလိုမျိုး..ကုမ္ပဏီ အသီးသီးက အလျင်အမြန်ပဲ လှုပ်ရှားကြလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး..။အဖြစ်အပျက်က မနေ့က အထွတ်အထိပ်ကို ရောက်ခဲ့ပေမယ့် ဒီနေ့မှာတော့..သူမကို အကုန်လုံးက အရေးယူသွားကြပါပြီ..။
ဝူတန်ဟီ ပြောလိုက်တယ်..။
"ဒါက ကိစ္စကြီးတစ်ခုပဲ..။ယန်ဂျင်က ဂီတလောကရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်တင်မဟုတ်ပဲ..နောက်ကွယ်မှာက..မသမာတဲ့..နည်းလမ်းတွေကို အသုံးပြုတဲ့လူတွေ ပါဝင်နေတယ်လေ..။သူ ဒါကို အလျင်အမြန်ဖြေရှင်း နိုင်အောင် ကြိုးစားကြလိမ့်မယ်..မဟုတ်ရင်..ဒါက အတော် အထိနာစေမှာလေ.."
လင်းဖန် ထိပ်လန့်သွားခဲ့တယ်..။
"ဒါက..ကျုပ် အင်အားကြီးတဲ့ တစ်ယောက်ယောက်ကို ရန်စမိပြီလို့ ဆိုလိုတာပဲ.."
ဝူတန်ဟီ ပြောလိုက်တယ်..။
"ဟုတ်တယ်..မင်း VIP တစ်ယောက်ကို ရန်စမိလိုက်ပြီ..။ဂေါ့ဖားသားလီက..သူ့ရဲ့..ဒေသမှာ..အမြစ်တွေ ခိုင်မာနေပြီလေ..။အခု သူက ဖော်ထုတ်ခံလိုက်ရပြီဆိုတော့ သူ့ရဲ့ အဆက်အသွယ်တွေကို သုံးပြီး ဒီကိစ္စကို ဖြေရှင်းဖို့ ကြိုးစားလိမ့်မယ်..။ဒါပေမဲ့..ငါ သိသလောက် ဆိုရင်..သူတို့..ပြသနာ ဖြေရှင်းတော့မယ် ဆိုရင် အရင်းအမြစ်ဖြစ်တဲ့..မာ၀တာလင်းကို ကျိန်းသေ ရှင်းထုတ်ဖို့ ကြိုးစားမှာပဲ..။ဒါကြောင့်..မာစတာလင်း ရှန်ဟိုင်းကနေ မထွက်ဖို့လိုအပ်တယ်..."
လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုက်တယ်..။
"ကျုပိ တော့ သူတို့ကို ကြောက်မနေနိုင်ဘူး..။ဒီ ဂေါ့ဖားသား လီ က အဲလောက်တောင် သန်မာတာလား.."
ဝူတန်ဟီ ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"ဟုတ်တယ်..သူက တကယ်ကို အင်အားကြီးတဲ့ လူတစ်ယောက်ပဲ..."
"ဒါကောင်းတယ်..။သူက အင်အားကြီးတဲ့ လူဆိုတော့..ပိုတောင်ကောင်းတာပေါ့..။ကျုပ်လည်း ဘာမှ လုပ်စရာ မရှိမှာကို စိတ်ပူနေတယ်..။မြောက်ပိုင်းက ပရိတ်သတ်တွေကဆိုရင် သူတို့ကို လာကယ်ပါဦး လို့တောင် စာပို့နေပြီလေ.."
လင်းဖန် ရယ်မောပြီး ပြောလိုက်တာပါ...။သူက ဒီလို အင်အားကြီးတဲ့လူတွေ ကို အပြစ်ပြုမိမှာ လုံးဝ မကြောက်ပါဘူး..။သူ ကြောက်တာက..သူ့လုပ်ရပ်ကြောင့် သာမန်လူတွေ..ထိခိုက်သွားမှာကိုပါ..။
ဝူတန်ဟီ ဆွံ့အသွားခဲ့တယ်..။မာစတာလင်း..ဘာတွေ တွေးနေတာလဲ..သူ နားကို မလည်နိုင်တော့ပါဘူး..။
သူက ဂေါ့ဖားသား လီကိုတောင်..စိန်ခေါ်ဖို့ ကြိုးစားချင်နေတာလား...
ဒါက...
ဝူယူလန် ..အနည်းငယ် စိုးရိမ်သွားပြီး ပြောလိုက်တယ်..။
"အစ်ကိုလင်း...ညီမ အဖေ ပြောတာကို နားထောင်ပြီး..ဒီဂေါ့ဖားသား လီ နဲ့ ထပ် မပတ်သက်တော့ရင်ရော ဘယ်လိုလဲ..."
ကျောက်ကျန်းယန် ခေါင်းညိမ့်ပြီး ပြောလိုက်တယ်..။
"ဟုတ်တယ်..ဟုတ်တယ်..."
သူတို့က ဒီတိုင်း သာမန်လူတွေပါ..။သူတို့က ဒီလို အန္တရာယ် ရှိတဲ့ အရာတွေကို..တစ်ခါမှ မလုပ်ခဲ့ဖူးပဲ..လင်းဖန်ကိုလည်း မလုပ်စေချင်ကြပါဘူး..။
"ကောင်းပြီ..ဒီကိစ္စကို မပြောပဲ နေကြရအောင်..။အခုချိန်မှာ..ငါ သူ့ကို ဘာမှ သွားလုပ်မှာ မဟုတ်ဘူးလေ..။ငါတို့ အခြေအနေကို စောင့်ကြည့်ကြတာပေါ့.."
လင်းဖန် ပြုံးပြီး ပြောလိုက်တယ်..။အခုချိန်မှာ..သူ့မှာ လုပ်စရာ တွေ အများကြီး ရှိပါတယ်..။
နန်ရှမ်းဂေဟာက ကိစ္စတွေကလည်း အခုထိ အပြီးမသတ်ရသေးပေ..။အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲကလည်း အခုထိ ပြီးသေးတာ မဟုတ်ပါဘူး..။ဒါကြောင့် သူ့မှာ..ဒီဂေါ့ဖားသား လီ ကို အရေးစိုက်မယ့် အချိန်မရှိပေ..။
အင်တာနက်..။
"လှလှပပပဲ...သူမ အမည်ပျက်စာရင်း သွင်းခံရတာ တကယ်ကောင်းတယ်.."
"ငါ နောက်ဆုံးတော့ ယန်ဂျင်ကို မမြင်ရတော့ဘူး..."
"သတင်းတွေအရတော့..ယန်ဂျင်က ရှန်ဟိုင်းက ထွက်သွားလို့..မြောက်ပိုင်းကိုသွားနေပြီတဲ့.."
"ချီးပဲ..ငါတို့ မြောက်ပိုင်းက သူမကို မကြိုဆိုဘူး.."
"ငါကတော့..ကြက်ဥ တစ်ခြင်းယူပြီး သူမကို ပစ်ပေါက်ဖို့ လေဆိပ်မှာ စောင့်နေတော့မယ်.."
"ညီအစ်ကို မင်းက အမေးဇင်းပဲ.."
"နိမ်ချပြီးသာနေကြ..."
…
အင်တာနက် မှာတော့ ယန်ဂျင် အကြောင်းပဲ ဆွေးနွေးနေခဲ့ကြပါတယ်..။
လင်းဖန် သတင်းတွေ ဖတ်နေတုန်းမှာပဲ..စွယ်စုံကျမ်းကနေ အချက်ပေးတဲ့ အသံမြည်လာခဲ့တယ်..။
"စွယ်စုံအမှတ် + 1 "
"စွယ်စုံအမှတ် + 1 "
…
အာ...
လင်းဖန် ကြောင်အသွားခဲ့တယ်..။ယင်းနောက် သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။ဒီကလေးတွေ..အနှစ်သာရကို နားလည်သွားကြတာလား..။
ထင်ထားသလိုပဲ..။
သိပ်မကြာခင်မှာ..အချက်ပေးသံ ထပ်ရောက်လာခဲ့ပါတယ်..။
"သဘာပတ်ဝန်းကျင် စိုက်ပျိူးရေး မစ်ရှင် ပြီးမြောက်ပါပြိီ : စွယ်စုံအမှတ် + ၂၀ "
"၁၇ ခုမြောက် အသိပညာ ခန်းကို ဖွင့်လှစ်နေပါပြီ..။ဒါက ၁၇ ခုမြောက် အသိပညာ ခန်းဖြစ်သည့် အတွက်..ပိုင်ရှင် နှင် နီးစပ်သည့် လူအားရွေးချယ်မည်ဖြစ်သည်..."
"ယန်ဂျင်ဟာ ပိုင်ရှင် အပေါ် အလွန်ပြင်းထန် သည့်..အမုန်းတရားများ ရှိနေသည်..။ရလာဒ် အနေဖြင့်..ဂီတ အသိပညာ အခန်းအား ဖွင့်လှစ်ပေးလိုက်သည်..( စွယ်စုံကျမ်း အကူအညီဖြင့်...)..။
"မစ်ရှင် ; ပရိတ်သတ်အား အနိုင်ရရှိရန်..."
"ဆုလာဒ် : စွယ်စုံအမှတ် ၂၀ ရရှိပြီး..၁၈ ခုမြောက် အသိပညာ အခန်းကို ဖွင့်လှစ်နိုင်မည်.."
"မှတ်ချက် : အကိုင်းအခွဲ အသိပညာ အခန်းဖြစ်တာကြောက့်..ပရော်ဖက်ရှင်နယ် အဆင့်အထိ ရောက်စရာ မလိုအပ်ပေ..."
"လက်ရှိ စွယ်စုံအမှတ် ; ၄၉၈၀ "
စွယ်စုံကျမ်းရဲ့ အသံကို နားထောင်အပြီးမှာတော့ သူ့စိတ်ထဲမှာ အတွေး တစ်ခုပဲ ရှိပါတယ်..။
ချီးပဲ..ယန်ဂျင် ခွေးမ...ဘာလိူ့ ငါ့ကို ဒီလောက်အထိ မုန်းနေတာလဲ..။
ချီးပဲ..ဒါက ဂီတ..အသိပညာပဲ..။
ငါ ဂီတ လမ်းကြောင်းကို လိုက်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..။တပယ် အကူညီမဲ့စရာပဲ..။
"ခင်ဗျားတို့ ဆိုင်ကို ကြည့်ထားလိုက်ဦး..ကျုပ်အပြင်ခနသွားလိုက်ဦးမယ်.."
လင်းဖန် ပြောလိုက်တာပါ..။သူ နန်ရှမ်းဂေဟာက ကလေးတွေ ဆီကို သွားပြီး တစ်ချက် ကြည့််ပေးမှ ဖြစ်မှာပါ..။ဒိီ အချိန်ခနအတွင်းမှာတင်..ကလေးတွေ မစ်ရှင် အောင်မြင်သွားလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး..။
ထပ်ပြောရရင် ရရှိလာတဲ့ စွယ်စုံအမှတ် အရေအတွက်က..မထင်ထားလောက်စရာပါ..။
စွယ်စုံအမှတ်က..၆၀ မှတ်လောက်တောင် ရရှိခဲ့ပါတယ်..။ဒါက ကလေး အယောက် ၆၀ က အောင်အောင်မြင်မြင် နားလည်သွားတယ်လို့..ဆိုလိုတာပါပဲ..။
ဒါက သူ့ရဲ့..မျှော်လင့်ထားတာ ထက်တောင်ပိုပါတယ်..။
နန်ရှမ်း ဂေဟာတွင်..။
လင်းဖန် ရောက်လာတဲ့အချိန်မှာ ဂေဟာက ပြောင်းလဲ မူတွေကို မြင်ပြီး..ကြောင်အသွားခဲ့တယ်..။ဒီကလေးတွေက အမှန်တကယ်ပဲ..အံ့ဩဖို့ကောင်းတာပါ..။
"အန်ကယ်လင်း..."
လီဖက်တီးလေး..ပြေးလာပြီး လင်းဖန်ရဲ့ လက်ကို ဖမ်းဆွဲလိုက်တယ်..။
"အန်ကယ်လင်း သားစိုက်ထားတဲ့ အပင်လေးတွေကို လာကြည့်လိုက်ဦး..."
အဲ့အချိန်မှာတော့ ကလေးတွေ အများကြီးဟာ..သူတို့ရဲ့ လက်နပ်တွေကို ကိုင်ပြီး..မြေဆီလွှာကို တူးဆွ နေခဲ့ကြကါတယ်..။သူ့တို့က စိုက်ပျိုးထားတဲ့ အပင်တွေကို အတော် ဂရုစိုက်နေခဲ့ကြတယ်..။သူတို့..ပိုးကောင် တွေ မြင်တာနဲ့..ချက်ချင်း ဖယ်ရှားခဲ့ကြတာပါ..။
သူတို့ အကုန်လုံးက လေးနက်နေခဲ့ကြတယ်..။
ဒါရိုက်တာဟောင်ဟာ ဒီပန်းပွင့်တွေ အကြောင်းသိချင်နေခဲ့ကြတယ်..။
"မာစတာလင်း..ဒီအပင်တွေကို ဘယ်ကနေ ယူလာတာလဲ..။သူတို့ ပွင့်တာက အတော်ကို မြန်တယ်နော်.."
ဒါရိုက်တာ ဟောင် နဲ့ ဟန်လုက ဒီမှာ တစ်ချိန်လုံးရှိနေကြတာပါ..။သူတို့ ဒိီအပင်တွေ စတင်စိုက်ပျိုးကတည်းက မြင်နေရတာဖြစ်ပြီး..အခုလို အလျင်အမြန် ပန်းပွင့်လာတဲ့ အတွက် အတော်ကို အံ့ဩနေကြပါတယ်..။
ဒါက အဓိပ္ပါယ် မရှိပေ..။
ပြောစရာ မလိုအောင်ပဲ..လင်းဖန် စွယ်စုံကျမ်းကြောင့်ဆိုတာ သူတို့ကို ထုတ်မပြောနိုင်ပေ..။ဒါကြောင့် သူ လိမ်ညာပြီးသာ ရှင်းပြလိုက်ပါတယ်..။သူတို့ ယုံတာ မယုံတာကတော့ သူ ဂရုမစိုက်ပါဘူး..။အဓိကက..အရာရာ ချောချောမွေ့မွေ့ဖြစ် နေဖို့ပါ..။
"ဂေဟာက အခုဆိုရင် အတော် ကွဲပြားသွားပြီ..။ဒီကို ..အဝင်ခင်ကတည်းက..ပန်းရနံ့လေးတွေက မွှေးကြိုင်နေတာပဲ.."
လင်းဖန် ပြုံးပြီး ပြောလိုက်တာပါ..။
ဒါရိုက်တာဟောင် ခေါင်းညိမ့်လိုက်တယ်.။
"ဒါအမှန်ပဲ..ဒီပန်းတွေရဲ့ ရနံ့က အတော်မွှေးတယ်..။ပြီးတော့..အရောင်လေးတွေက..လှတော့..ဂေဟာလည်း စိုစိုပြေပြေ ဖြစ်သွားတယ်လေ.."
လင်းဖန် ဒါကိုကြည့်ပြီး ကျေနပ်နေခဲ့တယ်..။ကလေးတွေ ရဲ့ ဘဝက အဓိပ္ပါယ် ရှိသွားပါပြီ..။သူတို့က အားတဲ့ အချိန်ဆိုရင် ဒိီတိုင်းမနေပဲ..ပန်းပင်တွေကို ဂရုစိုက်နေကြတာကြောင့်..သူတို့ရဲ့ စိတ်ထားလေးတွေလည်း နူးညံ့လာပြီး တာဝန်ယူမူ ရှိစေပါတယ်..။
"မာစတာလင်း ကျွန်တော် ပြောစရာ ရှိလို့.."
ဟန်လု လင်းဖန် နားကို လာပြီး ပြောလိုက်တာပါ..။ဟန်လု ရဲ့ အမူအရာကြောင့် လင်းဖန် ဘာပြန်ပြောရမလဲတောင် မသိပေ..။
သူကအတော် ပြောင်းလဲသွားပြီ..ဒီဂေဟာက သူ့အပေါ် အများကြီး အားကိူးနေရတယ် ဆိုတာ လူတိုင်းမြင်နိုင်ပါတယ်..။
"ဘာလို့လဲ.."
လင်းဖန် မေးလိုက်တယ်..။ဘာပဲဖြစ်ဖြစ် ဟန်လုကလည်း သူ့ရဲ့ မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ပါပဲ..။
ဟန်လု ပြောလိုက်တယ်..။
"ဒါက ဒီလိုပါ..။ကျွန်တော့်ရဲ့ ဘောက်ဆင် လေ့ကျင့်ရေး ရုံကို ရောင်းချပြီး ဒီမှာပဲ..တစ်ဘဝလုံး အာရုံစိုက်ထားတော့မလို့..။အရင်တုန်းက..ကျွန်တော်က လူငယ်တစ်ယောက်အနေနဲ့ စိတ်အားထက်သန်ပြီး အကုန်လုံးကို စိန်ခေါ်ခဲ့တယ်လေ..။ဒါပေမဲ့ ပြန်ရလိုက်တာဆိုလို့..ဂုဏ်သတင်း အနည်းငယ်ပဲ ရှ်ိတဲ့..။ဒါပေမဲ့..ဒီဂေဟာ နေရတာ အတော် သဘောကျလို့..နှလုံးသားတစ်ခုလုံး ဒီမှာပဲ..မြုပ်နှံထားတော့မယ်..."
လင်းဖန် ဟန်လုကို ကြည့်လိုက်တယ်..။သူ ဘာပြောရမလဲ တောင်မသိတော့ပါဘူး..။
"မင်း ဒါကို သေချာ တွေးပြီးပြီလား..."
ဟန်လု ခေါင်းညိမ့်လိုက်တယ်..။
"ကျွန်တော် တွေးပြီးသွားပြီ.။ဘောက်ဆင် လေ့ကျင့်ရေး ရုံက..တစ်ယောက်ယောက် ဂရုစိုက်ဖို့ လိုပြီး ကျွန်တော်ကလည်း မအားဘူးလေ..။ဒီနှစ်တွေမှာ..ကျွန်တော်ရှာထားတဲ့ ပိုက်ဆံတွေကတင် လုံလောက်နေပါပြီ..."
လင်းဖန် ပြောလိုက်တယ်..။
"မင်း ဒီမှာပဲ..နေမယ် ဆိုရင် ကောင်မလေးတစ်ယောက်ကို ဘယ်လို ရှာတော့မလဲ.."
ဟန်လု ရယ်မောပြီး ပြောလိုက်တယ်..။
"ဒါက ပြသနာ မဟုတ်ဘူး..။ကျွန်တော့် လိုစိတ်ဓာတ်ရှိတဲ့ လူတစ်ယောက်ကို.ပဲ ရှာမှာလေ..။တကယ်လို့ ရှာလို့ မတွေ့ဘူး ဆိုရင်လည်း..ဒါရိုက်တာဟောင်ကို ..ဒီမှာတစ်ယောက်တည်း နေရတော့မှာပေါ့..."
အဲ့အချိန်မှာတော့..လင်းဖန် သံသယဖြစ်သွားခဲ့တယ်..။ဟန်လုရဲ့ စိတ်ဓာတ်ကို ဘယ်အရာက ဒီလောက်အထိ ပြောင်းလဲ..စေခဲ့တာလဲ..သူ မသိတော့ပါဘူး..။
ဒီ ဘောက်ဆင် စတူဒီယိုက..တစ်နှစ်ကို ဒေါ်လာ တစ်သိန်းလောက် ဝင်ငွေရဖို့ဆိုတာက..ပြသနာ မဟုတ်ပါဘူး..။အခု သူက ဒီလို အရာကို ရောင်းချဖို့ စဥ်းစားနေတယ် ဆိုတော့..တစ်ဘဝလုံး ဂေဟာမှာ နေသွားဖို့ ဆုံးဖြတ်ထားပုံရပါတယ်..။
လင်းဖန် ဟန်လုရဲ့ ပုခုံးကို ပုတ်ပြီး ပြောလိုက်တယ်..။
"သေချာ တွေးပြီးသွားပြီ ဆိုရင်..ဒါက အဆင်ပြေပလတယ်..။စိတ်မပူနဲ့..မင်းကိုယ်တိုင် မထွက်သွားသ၍ မင်းကို..ဒီဂေဟာကနေ ထွက်သွားခိုင်းမှာ မဟုတ်ဘူး..."
ဟန်လု ရယ်မောပြီး ပြောလိုက်တယ်..။
"ဒါကောင်းတယ်.ကျွန်တော်လည်း ဒီက ကလေးတွေ အပေါ်မှာ သံယောဇဥ် တွယ်နေပြီ..."
လင်းဖန်လည်း သဘောကျစွာ ရယ်မောလိုက်ပါတယ်..။