ပြိုင်ပွဲ၏ အဆုံးသတ်..
Vol. 50 Ch. 753
#ဘာသာပြန် = စနိုးဝှိုက်
ရက်အနည်းငယ် ကြာပြီးနောက်..။
အသန်မာဆုံး ကောင်းကင်သံစဥ် ရဲ့ ကြည့်ရူနှုန်းဟာ နောက်ဆုံးမှာ ၅ ကို ကျော်သွားခဲ့တယ်..။
ဒါတွေ အကုန်လုံးက ယန်ဂျင်ကို ကျေးဇူးတင်ရမှာပါ..။တကယ်လို့..ယန်ဂျင်က..လူတွေ ရဲ့ စိတ်ဝင်စားမူကို ဒီလောက်အထိ မဆွဲဆောင် ပေးခဲ့ရင်..ကြည့်ရူ နှုန်း ၅ ကို ကျော်နိုင်မှာ မဟုတ်ပါဘူး..။
မြင်ကွင်းတွင်..။
"မာစတာလင်း..."
,
ကျိူးလီဟာ လတ်တလောမှာ ပိုပြီး အဆင်ပြေလာထဲ့တယ်..။သူမ က လင်းဖန်ကို မြင်တိုင်း နှုတ်ဆက်လေ့ရှိပါတယ်..။သူမ..က အစတုန်းကလို မမောက်မာ တော့ပါဘူး..။
ယန်ဂျင် ထွက်သွားပြီးကတည်းက..သူမက ဘဝအသစ်ကို စတင်နေခဲ့တာပါ..။အင်တာနက်မှာ သူမ ကို မုန်းတဲ့ လူတစ်ချို့ ရှိကြသေးပေမယ့်..လူအများစုက သူမကို ခွင့်လွှတ်ပေးခဲ့ပါတယ်.။ဒါက ကျိုးလီကို အံ့ဩသင့်စေပြီး..တစ်ချ်ိန်တည်းမှာပဲ..ပျော်ရွှင်စေခဲ့တယ်..။
သူမ ကြိုးစားခဲ့ရသမျှက အလဟသ မဖြစ်ဘူးလို့ ခံစားလိုက်ရပါတယ်..။
ဒါပေါ့..အခြေအနေကတော့ ဖြေရှင်းရတာ အဲလောက် မလွယ်ကူပါဘူး..။ယန်ဂျင်အပေါ် သစ္စာဖောက်လိုက်လို့ သူမ ရဲ့ ဂုဏ်သတင်းက..တော့ အနည်းငယ် လျော့ကျသွားခဲ့ပါတယ်..။သို့ပေမယ့် ဒီလိုဆိုရင်တောင် မှ ကျိုးလီက ရလာဒ်ကို ကျေနပ်ပါတယ်..။
လီယင်ဒေါင်ဟာ..ယန်ဂျင် အမည်ပျက်စာရင်း သွင်းခံရပြီဆိုတာ သေချာမှ ကျ်ိုးလီ နဲ့ စတင် ပေါင်းသင်းဆက်ဆံခဲ့တယ်..။ဒီလို အရာတွေ ဖြစ်လာနေတဲ့ အချိန်မှာ ပထမဆုံး သူတွေးမိတဲ့ အရာက သူ့ကိုယ်သူ ကာကွယ်ဖို့ပါပဲ..။
အခု ယန်ဂျင်က အဆုံးသတ်ပြီ ဆိုတော့..သူ ဒါကို စိတ်ပူစရာ မလိုတော့ပေ..။တစ်ချိန်တည်းမှာပဲ..သူက ပိုပြီး..ရိုးသားလာခဲ့ပါတယ်...။သူ လင်းဖန်ကို တွေ့တဲ့ အချိန်ဆိုရင်လည်း လေးလေးစားစားပဲ ဆက်ဆံပါတော့တယ်..။
မာစတာလင်း က မဟုတ်မမှန်တာ မပြောတတ်ဘူးဆိုတာ ဒီလောကက လူတိုင်း သိကြပါတယ်..။သူက..ယန်ဂျင်..ကို တောင် ယှဥ်ပြီး တိုက်ခိုက်လာခဲ့တာပါ..။တကယ်လို့..မာစတာလင်းသာ..သူတို့ဘက် မြားဦး လှည့်လာရင်..ကိုင်တွယ်ရလွယ်ကူမှာ မဟုတ်ပါဘူး..။
တစ်ချ်ို့လူတွေကတော့..ယန်ဂျင်ရဲ့ ခါးသီးတဲ့..အတွေ့အကြုံအတွက် စိတ်မကောင်း ဖြစ်နေခဲ့ကြတယ်..။သူမက ဒီအဆင့်အထိ မနည်းရောက်အောင် တက်ခဲ့ရပေမယ့် အခုတော့ အောက်ဆုံးကို ပြန်ကျသွားခဲ့ပါပြီ..။
သူမ..ဘဝသစ်ပြန်စပြီး..ဒီလောကထဲ ပြန်ရောက်လာဖို့ ဆိုတာက ဖြစ်နိုင်ချေ အရမ်းနည်းပါတယ်..။
…
"အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲက..အဆုံးသတ်တော့မယ်..။ငါ တကယ် မပြီးစေချင်သေးဘူး..."
"ဟုတ်တယ်...အချိန်တွေကုန်တာက တကယ်ကို မြန်တာပဲ..။ငါ မာစတာလင်း ရဲ့ အပြုအမူတွေကို ကြည့်ချင်သေးတယ်..."
"ချန်ပီယန် ဘယ်သူဖြစ်မယ်လို့ မင်းတို့ထင်လဲ..။ငါကတော့..မာစတာလင်း ဘက်က နိုင်သွားမယ် ထင်တာပဲ..။သူ့လက်ထဲမှာ တကယ့်အဆိုတော် ကောင်းလေးယောက် ရှိနေတယ်လေ.."
"ကျိန်းသေ မာစတာလင်းပဲပေါ့..။မာစတာလင်း ဘယ်လိုလူလဲ ဆိုတာ မမြင်ဖူးလား.."
"ငါကတော့ ချန်းယူအန်းမှာ အခွင့်အရေး အများကြီး ရှိနေတယ်လို့ ထင်တာပဲ..."
"ငါလည်း ချန်းယူအန်း လို့ပဲ ထငထတယ်..။ပြိုင်ပွဲ စကတည်းက သူ့အသံက ငြိမ်ပြီး..အတော်ကောင်းတယ်လေ.."
"ဘာမှ စိတ်လှုပ်ရှားနေကြနဲ့..။ပြိုင်ပွဲက မကြာခင်လာတော့မှာ..။ဒီနေ့ညက နောက်ဆုံးပဲ..."
…
အစီစဥ် တင်ဆက်သူ ချီဝေဟာ စင်ပေါ်ကို တက်လာခဲ့တယိ..။အဲ့အချိန်မှာတော့..သူ ဖိအား အကြီးကြီးကို ခံစားနေရပါတယ်..။အသန်မာဆုံး ကောင်းကင်သံစဥ် ပြိုင်ပွဲမှာဒိုင်လုပ်ရတာက တစ်ခြား ပြိုင်ပွဲတွေနဲ့ မတူပါဘူး..။
အထူးသဖြင့် မာစတာလင်းပ အမြဲတမ်း မတူညီတဲ့ အမြင်တွေကို ပြောနေခဲ့တာပါ..။
"ချစ်လှစွာသော ပရိတ်သတ်တို့..ဒီနေ့က အသန်မာဆုံး ကောင်းကင်သံစဥ်ပြိုင်ပွဲ ရဲ့ နောကိဆုံးနေ့ပါ..။ဆရာလင်းရဲ့ ပြိုင်ပွဲ ဝင် လေးယောက်စလုံး..ဖိုင်နယ်ကို တက်နိုင်ခဲ့ကြပါတယိ..။ဆရာမကျိုး ဆီက နှစ်ယောက်တက်ပြီး..ဆရာဟောင် နဲ့ ဆရာ လီ တို့က တစ်ယောက် ဆီပါ..။ဘယ်တစ်ယောက်က..အကောင်းဆုံး ဆိုတာလဲ ဆိုတာကတော့ ဆက်ပြီး ရူစားလိုက်ရအောင်ပါ..."
"အခု..ဆရာလင်းရဲ့ တပည့်ဖြစ်တဲ့..ချန်းယူအန်းကို စင်ပေါ်ေ ခါ်လိုက်ရအောင်..."
…
ချန်းယူအန်း ဒီအထိ ရောက်လာလို့ ပျော်နေခဲ့တယ်..။သူ အနိုင်မရဘူးဆိုရင်တောင် နာကျင်ရမှာ မဟုတ်ပါဘူး..။
စင်ပေါ်မှာ သီချင်း ဆိုခွင့်ရဖို့ ဆိုတာက..သူ့ရဲ့ အိပ်မက်ပါ..။ပြီးတော့..သူ့ကို ဆရာလင်းကလည်း သင်ကြားပေးခဲ့ပါသေးတယ်..။အဖြေရလာဒ်က အခုထိ မသိသေးဘူးဆိုပေမယ့်လည်း..သူ့ကိုတော့ စာချုပ်မှာ လက်မှတ်ထိုးပြီး သွားပါပြီ..။
"ချန်းယူအန်း အရမ်းချစ်တယ်..."
ပရတ်သတ်တွေဟာ.တခဲနက် အားပေးလိုက်ကြတယ်.။ဒီပြိုင်ပွဲတစ်လျောက်မှာ ချန်းယူအန်းက ပရိတ်သတ်တွေ ရနေခဲ့ပါပြီ..။
ဒီလို ပရိတ်သတ်တွေရဲ့..အားပေးမူတွေက သူ့ကို အကောင်းဆုံးကြိူးစားဖို့ ခွန်အား ဖြစ်စေပါတယ်..။
ဝင်မင်ယန်လည်း လာရောက်ကြည့်ရူနေခဲ့တယ်..။ဒါက ဖိုင်နယ်ပွဲဖြစ်တာကြောင့် သူကိုယ်တိုင်လာပြီးအားပေးဖို့ လိုအပ်ပါတယ်..။သူ့ညီအစ်ကိုရွေးထားတဲ့လူတွေက..ဘယ့်လိုရှိလဲ သူ စောင့်ကြည့်ရမှာပါ..။
ဝမ်မင်ယန် ရဲ့ လက်အောက်မှာက စီးပွားရေး လုပ်ငန်းတွေ အများကြီး ရှိပါတယ်..။တစ်ခြား လုပ်ငန်းတွေက..သူ့ဟာသူ လည်ပတ်ပြီး အဆင်ပြေနေပြီ ဖြစ်တာကြောင့်.. သူ့ရဲ့ အာရုံစူးစိုက်မူတွေကို ဖျော်ဖြေရေး လောကထဲဝင်ပြီး ပိုက်ဆံတွေဟအများကြီး ရှာချင်နေခဲ့တာပါ..။
သူ့လက်အောင်မှာ.အရည်အချင်းရှိတဲ့လူတွေ ရှိပေမယ့်..တကယ့်ကြယ်ပွင့် ဖြစ်လာတဲ့လူတွေကတော့ ရှားပါးပါတယ်..။
ရူဇီလီ နဲ့ ဝူရွှန်းယွဲ့တို့ပဲ..လုံလောက်အောင် ပေါက်ရောက်ပါတယ်..။
ဒါကြောင့်..သူ့လက်ထဲမှာ ရှိနေတဲ့ စတား အရေအတွက်က..လုံလောက်တဲ့ အဆင့်တစ်ခုကို မရောက်သေးပါဘူး..။
…
ဟောင်ဂျင်ရှင်း လင်းဖန်ဖက်ကို လှည့်လိုက်ပြီး..
"ဆရာလင်း..ဒီတစ်ကြိမ် ဘယ်သူကဘချန်ပီယံဖြစ်နိုင်မယ် ထင်လဲ.."
လင်းဖန် ရယ်မောပြီး ပြောလိုက်တယ်..။
"ဒါက စဥ်းစားဖို့ လိုသေးလို့လား..။ဒါက ကျွန်တော့် ဆီက လေးယောက်ထဲကပဲ ဖြစ်သင့်တယ်လေ.."
ဟောင်ဂျင်ရှင်း ခေါင်းခါယမ်းပြီး ပြောလိုက်တယ်..။
"ငါကတော့..အဲလိုမထင်ဘူး..။ငါ့ရဲ့ တပည့်က..မာစတာလင်းရဲ့ တပည့်လေးတွေထက် နည်းနည်းသာတယ်..."
"ဆရာ ဟောင်မှာက..တပည့်တစ်ယောက်တည်းရှိတာလေ..။သူနိုင်လိမ့်မယ်လို့ ဘယ်လို သိနိုင်တာလဲ.."
လင်းဖန်ယုံကြည်မူ ရှ်ိစွာပြောလိုက်တာပါ.။
ဟောင်ဂျင်ရှင်း အကူညီမဲ့စွာ ပြောလိုက်တယ်..။
"ပြိုင်ပွဲဝင်တွေ အများစုက..မင်းဆီကိုပဲ သွားချင်နေကြတာလေ..။မဟုတ်ရင် ငါတို့ ဒီထက်ပိုရွေးနိုင်ပါတယ်..."
လင်းဖန် အကူညီမဲ့စွာ ပြောလိုက်တယ်..။
"ဒါကတော့ ကျွန်တော် မတတ်နိုင်တဲ့ ကိစ္စပဲ.."
ဟောင်ဂျင်ရှင်း ဆွံ့အသွားခဲ့တယ်..။ဒါက တကယ်ကို သောက်ရေး မပါတဲ့ စကားပါ..။အစောကတည်းက..သူ ပြိုင်ပွဲဝင်တွေကို စာချုပ်ချပ်ပါမယ် ဆိုပြီး မဆွဲဆောင်ထားရင် ပြိုင်ပွဲဝင်တွေက ဒီလိုဖြစ်နေစရာ အကြောင်းမရှိပါဘူး..။
သို့ပေမယ့် ဒါက ပြသနာ မရှိပေ.။သူတို့တွေ အကုန်လုံးက ဒိုင်တွေပါ..။ဘယ်သူပဲ ချန်ပီယံ ဖြစ်ဖြစ် သူတို့ အလုပ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ် ဆိုရင်ကို အဆင်ပြေပါပြီ..။
ဒါရိုက်တာ အဖွဲ့ဝင်တွေဟာလည်း ..ကြည့်ရူနှုန်း ၅ ကို ကျော်လွန်ခဲ့ကြလို့ ပျော်ရွှက်နေခဲ့တယ်..။
ဒါပေါ့..ဒီလို..မဖြစ်နိုင်ဖွယ်အရာတစ်ခု ဖြစ်ပျက်သွားတာက မာစတာလင်းနဲ့ သက်ဆိုင်နေတယ် ဆိုတာကို လူတိုင်းမြင်နိုင်ပါတယ်..။မာစတာလင်း ကြောင့်သာ မဟုတ်ဘူးဆိုရင်..သူတို့ ဒီလို အခြေအနေအထိ ရောက်နိုင်မှာ မဟုတ်ပါဘူး..။
ဒီနေ့က နောက်ဆုံးနေ့ဖြစ်တာကြောင့် မရေမတွက် နိုင်တဲ့လူတွေက..ရုပ်မြင်သံကြားရှေ့မှာ ထိုင်ပြီး ဘယ်သူက ချန်ပီယံ ဖြစ်သွားမလဲ ဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်နေခဲ့ကြပါတယ်..။
ပြီးဆုံးကာ နီးလာခဲ့တယ်..။
ပြိုင်ပွဲဝင်ချီဝေ ..စင်ပေါ်တက်လာခဲ့ပါတယ်..။
မရေမတွက်နိုင်တဲ့လူတွေဟာ..ရင်ခုန်လွန်းလို့ အသက်ရူတောင် ရပ်တန့်ထားခဲ့ကြတယ်..။ချန်ပီယံက မကြာခင် ကြေညာတော့မှာပါ..။
လင်းဖန် မိုက်ကရို ဖုန်းကနေ အော်လိုက်တယ်..။
"မစ္စတာ ချီဝေ ရေ...မြန်မြန်လေး ကြေညာပေးပါတော့..။အကုန်လုံးက နှလုံးရောဂါ ရကြတော့မယ်..."
လူတိုင်းက ထောက်ခံစွာ..အားပေးလိုက်ကြတယ်..။
"ဟုတ်တယ်..မြန်မြန်လေးဗျို့..ငါတို့ စိတ်လှုပ်ရှားနေပြီ..."
"ထပ်ပြီးမစောင့်နိုင်တော့ဘူး..။ဒါက ငါ့ကို သတ်နေသလိုပဲ..."
အသန်မာဆုံး ကောင်းကင်ပြိုင်ပွဲရဲ့ တစ်ခုတည်းသော စိတ်ရှုပ်စရာက..ရလာဒ်တွေကို ကြေညာခါနီးဆိုရင် ကြားထဲမှာ..ရပ်နေတဲ့ အချိန်ကအကြာကြီး ပါပဲ..။ဒါက..သူတို့ကို ရင်တမမ ဖြစ်စေပြီး နှလုံးရောဂါ ရစေပါတယ်..။
သို့ပေမယ့် ဒီတစ်ကြိမ်တော့ ချီဝေ..ဟာ မြန်ဆန်နေခဲ့တယ်..။
"ကောင်းပြီလေ..မာစတာလင်း..က ပြောလာမှတော့ ထပ်ပြီး အချိန်မဆွဲတော့ပါဘူး..။ဒိုင်တွေပေးတဲ့ အမှတ်နဲ့..ပရိတ်သတ်တွေ ဘုတ်ပေးရွေးချယ်မူ အရ ..ထပ်ဆုံးမှာ ရပ်တည်ပြီး ချန်ပီယံ ဖြစ်သွားတဲ့ ပြိုင်ပွဲဝင် ကတော့...."
"ချန်းယူအန်း ပဲ ဖြစ်ပါတယ်..."
ကျယ်လောင်တဲ့ အားပေးသံတွေ ထွက်လာခဲ့တယိ..။
ပရိတ်သတ်တွေလည်း စိတ်လှုပ်ရှားနေခဲ့ကြပါတယ်..။
လင်းဖန် ရယ်မောပြီး လက်ခုပ်တီးလိုက်တယ်..။
"ကျုပ်ပြောသားပဲ..ချန်ပီယံက ကျုပ်တပည့်တွေ ထဲကပါလို့..။ကျုပ်ကို မယုံခဲ့ကြဘူးမလား..ဟားဟား..."
ကျိူးလီ နဲ့..လီယင်ဒေါင်တို့ဟာ..စိတ်ပျက်သွားခဲ့ကြပေမယ့် အရမ်းဝမ်းမနည်းကြပေ..။
သူတို့ရဲ့ တပည့်တွေက ဒုတိယ နဲ့ တတိယ ရခဲ့ကြပေမယ့် .ပထမ နေရာနဲ့ ယှဥ်ရင်တော့ ဘာမှ မဟုတ်ပါဘူး..။လူတွေက ဒုတိယ နဲ့ တတိယ ကို ဂရုစိုက်ကြမှာ မဟုတ်ပေ..။သို့ပေမယ့် ပြိုင်ပွဲဝင်တွေကတော့ ဒီရလာဒ်ရတာကိုပဲ..ကျေနပ်နေကြပါတယ်.။
ချန်းယူအန်း ဟစင်ပေါ်မှာ ရပ်နေခဲ့တယ်..။သူ့အမူအရာကတော့..လုံးဝကို ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေခဲ့ပါတယ်..။
"ကျေးဇူးပါ မာစတာလင်း..။ကျေဇူးပါ..အားလုံးကို ကျေးဇူးတင်ပါတယ်.."
ချန်းယူအန်းဟာ ခံစားလာခဲ့ရပြီး..ငိုတောင်ငိုနေခဲ့ပါပြီ..။
သူ ချန်ပီယံ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထင်တောင် မထင်ထားခဲ့ပါဘူး..။