ရှေးဟောင်းယစ်ပလ္လင်
Vol. 009 Ch. 851
ရွှေရောင် ရောင်ခြည်တောက်ပပြီးနာရီဝက်ပင်မကြာလိုက် ပထမဆုံး သန်မာသော ပြိုင်ဘက်များသည် ကံကြမ္မာကန္တာရအတွင်းပေါ်လာသည်။
“ဘာတွေဖြစ်နေတာလဲ” နောက်မှရောက်လာသူများသည် ရင်းနှီးသော မျက်နှာများကို မြင်လိုက်သောအခါ ရှုပ်ထွေးစွာမေးလေသည်။
“ငါလည်းမသိဘူး အဲရွှေရောင် ရောင်ခြည်ဘယ်ကလာလဲဆိုတာ ဘယ်သူမှမသိဘူး”
“ဒီရှေးကျတဲ့ရောင်ဝါနဲ့ဆိုရင် ရှေးခေတ်က တစ်ခုခုပေါ်လာတာသေချာ တယ်”
“အဲဒါတင်မဟုတ်ဘူး ရှေးဟောင်းရောင်ဝါက မထူပဲနဲ့ သီးသန့်ဖြစ်နေ တယ်၊ မမှတ်မိနိုင်လောက်အောင် ရှေးကျတဲ့ခေတ်ကဖြစ်မယ်ထင်တယ်” မုတ်ဆိတ်အရှည်ကြီးနှင့် လူကြီးသည် မုတ်ဆိတ်ကိုပွတ်ရင်း ပြောလေသည်။
“တကယ်သာ ရှေးတုန်းက ရောင်ဝါဖြစ်မယ်ဆိုရင် မစဉ်းစားပဲ လျှောက် လုပ်လို့မရဘူး၊ ဂရုမစိုက်မိရင် အသက်ဆုံးရှုံးနိုင်တယ်”
“မိုဘင်း” ဟွာပေါင်မြောင်သည် အော်ကာ မြေပြင်ပေါ်သို့ လျင်မြန်စွာ ဆင်းသက်လိုက်သည်။ သူမသည် ကျောက်စိမ်းဆွဲပြားတစ်ခုကို ကောက်ကာ အမြန်နှုန်းမြှင့်ကာ ပျံတက်သွားလေသည်။
ကျောက်စိမ်းပြားရှိနေသော နေရာမှ အဝါရောင်သဲများသည် ဝဲအတွင်း အဆက်မပြတ်ကျသွားလေသည်။ သူမအမြန်သာမလှုပ်ရှားပါက ဝဲအတွင်း ကျသွားနိုင်သည်။
“ဘာဖြစ်တာလဲ ပေါင်မြောင်” သူမ၏ လုံခြုံမှုကို မစဉ်းစားပဲ ကျောက်စိမ်းပြားကိုယူလိုက်သည်ကို မုန့်ဆန်းချွယ်မြင်လိုက်သောအခါ အပြစ်ရှိသလိုခံစားရလေသည်။
“ဒါရိုက်တာမုန့် ဒါကမိုဘင်းရဲ့ ကျောက်စိမ်းပြားပဲ” ဟွာပေါင်မြောင် ပြောလိုက်သည်။
“သေချာရဲ့လား” မုန့်ဆန်းချွယ်၏ မျက်နှာပြောင်းသွားသည်။
“ဒီကျောင်းစိမ်းပြားကို အမြဲတမ်းသူ့ခါးမှာချိတ်ထားတာ၊ သူ့အမေဆီက ရထားတဲ့လက်ဆောင်ပဲ အဲဒါကြောင့် ကျွန်မမှတ်မိနေတာ” ဟွာပေါင်မြောင် သည် တိကျစွာပြောလေသည်။
“အဲလိုဆိုရင် မိုဘင်းက သဲထဲကျသွားတာလား” ဘေးတွင်ရပ်နေသော ဆရာတစ်ယောက် မေးလေသည်။
“ဖြစ်နိုင်တယ်” မုန့်ဆန်းချွယ်သည် တည်ငြိမ်စွာပြောလေသည် “သူ ဘယ်သူနဲ့ရှိနေလဲဆိုတာ သိတဲ့လူရှိလား”
“ထန်ယန်း၊ ဟော်ဖန်နဲ့ မိုးကြိုးအဖွဲ့ကလူတွေနဲ့” ပန်ကျားနန် ပြောလိုက် သည်။
“ရှီမာယူယူနဲ့ ရှောင်ချီလည်းအထဲမှာလား”
“ဟုတ်ပါတယ်”
“အဲကောင်တွေတော့ ဘာလို့ဒီရောက်နေတာလဲ” မုန့်စန်းချွယ်သည် ငေါက်ငမ်းလေသည်။
“ဒါရိုက်တာမုန့် ကျွန်တော်တို့ အောက်ဆင်းပြီးကြည့်ရမလား” ဆရာ တစ်ယောက် မေးလိုက်သည်။
“ဆင်းမယ်ဟုတ်လား ဘယ်လိုဆင်းမှာလဲ ငါတို့ဆင်းလို့ရောရမှာတဲ့ လား” မုန့်စန်းချွယ်သည် စိုးရိမ်မှုနှင့်အတူ ဒေါသသံပါ ပါလေသည်။
ဝဲကြီးကို ရွှေရောင် ရောင်ခြည်ဖြင့်ဝန်းရံထားရာ တချို့မှာ ဆင်းလို သော်လည်း ရွှေရောင်အလင်းတန်းများဖြင့် ပိတ်မိနေလေသည်။
မုန့်စန်းချွယ်နှင့် တခြားသူများသည် ရှီမာယူယူတို့ကို ကယ်ချင်လျှင် တောင် မကူညီနိုင်ပဲ စိုးရိမ်ရုံသာ တတ်နိုင်လေသည်။
“အဲကောင်တွေတော့ ပြန်လာတာနဲ့ အပြစ်ပေးခံရတော့မယ်” မုန့်စန်းချွယ်သည် ငေါက်ငမ်းကာ ဆရာအားလုံးကိုခေါ်ကာ အခြေအနေနှင့် ပတ်သတ်သည်များကို ဆွေးနွေးလေသည်။ တစ်ချိန်တည်းမှာပင် ဆင်းလို့ရ မလားဟု ရွှေရောင်အလင်းတန်းလာရာ နေရာကို အာရုံစိုက်ထားကြသည်။
ဂိုဏ်း၏ဆရာများသည် အားလုံးပူပန်ကြကာ သူတို့တစ်ခုခုဖြစ်သွား မည်ကို စိုးရိမ်နေကြသည်။ သို့သော် အောက်တွင် ရှီမာယူယူတို့အားလုံး အဆင်ပြေကြသည်။ သူတို့သည် လှည့်ပတ်ကြည့်ကြကာ ပတ်ပတ်လည် ထုကြည့်ကြလေသည်။
သူတို့ကျသွားပြီးနောက်တွင် ရွှေရောင်အလင်းမရှိတော့ပဲ လွတ်လပ်စွာ လှုပ်ရှားရလေသည်။ သူတို့သည် မြေအောက် အနက်ဘယ်လောက်တွင် ရောက်နေသလဲဆိုသည်ကို မသိကြပေ။ ထိုနေရာသည် အဝါရောင်သဲကန္တာရ မဟုတ်တော့ပေ။ ဘေးပတ်လည်တွင် ကွန်ကရစ်နံရံများရှိသည်။ နံရံပေါ်တွင် မတူညီသော ဝိဉာဉ်မိစ္ဆာများ မျိုးနွယ်စုများ ထွင်းထုထားသည်။
ဝိဉာဉ်မိစ္ဆာများသည် လက်ရှိဝိဉာဉ်မိစ္ဆာများနှင့် ကွဲပြားကာ လူသား မျိုးနွယ်စုများ၏ အဝတ်များသည်လည်း သူတို့နှင့်ကွဲပြားကြသည်။
“ဒီရုပ်ပုံတွေက ရှေးကျတဲ့ပုံပဲ” ထန်ယန်း ပြောလိုက်သည်။
“ဒါတွေက ရှေးခေတ်က အဝတ်အစားတွေပဲ” မိုဘင်းသည် ရုံပုံများကို ထိရင်း စိတ်လှုပ်ရှားစွာပြောလေသည်။
“ရှေးခေတ်ဟုတ်လား သေချာရဲ့လား အဲဒါတွေက ဘယ်လိုလုပ်အခုထိ ရှိနေတာလဲ” ထန်ယန်းသည် အံ့သြစွာပြောလေသည်။
“မမှားနိုင်ဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်က ငါဖတ်တဲ့စာအုပ်ထဲကနေ တစ်ထပ် တည်းပဲ” မိုဘင်းသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။
“ဒီလောက်နှစ်တွေကြာပြီးတာတောင် ဒီရုပ်ပုံတွေက ဘာလို့ဒီမှာရှိနေ သေးတာလဲ တဖြည်းဖြည်းပြိုပျက်မသွားဘူးလား” ရှီမာယူယူ မေးလိုက် သည်။
“မိုဘင်း မင်းကရှေးခေတ်အကြောင်းကိုလေ့လာတနေတာ မင်းသိတာ များရှိလား” ဟော်ဖန် မေးလိုက်သည်။
မိုဘင်းသည် ရုပ်ပုံများ၏ အကြောင်းအရာများနှင့် ပြင်ဆင်ပုံများကို ကြည့်ပြီး ပြောလိုက်သည် “ဒီနေရာက ရှေးခေတ်က ယစ်ပလ္လင်ဖြစ်လောက် တယ်”
“ယစ်ပလ္လင်ဟုတ်လား ဒီမှာ နံရံတွေပဲရှိတာ ယစ်ပလ္လင်မရှိပါဘူး” ရှီမာယူလီ ပြောလိုက်သည်။
“ဒါက ယစ်ပလ္လင်ရဲ့အပြင်ဘက်ပဲ ယစ်ပလ္လင်က အလယ်မှာဖြစ်လောက် တယ်” မိုဘင်းပြောလိုက်သည် “ယစ်ပလ္လင်ကြောင့် ရှေးလူတွေက သေချာ ကာကွယ်ထားကြတာပဲ”
“ယစ်ပလ္လင်က ကွင်းပြင်မှာလိုဖြစ်ရမှာမဟုတ်ဘူးလား၊ ဒီနေရာက လိုဏ်ဂူလိုမျိုးကြီးပဲ” ဖက်တီးကျူပြောလိုက်သည်။
“ငါထင်တာတော့ ဒီနေရာက ဝိဉာဉ်အတားအဆီးနဲ့ ကာကွယ်ထားတာ ဖြစ်မယ်၊ နောက်ပိုင်းကျ ကမ္ဘာကြီးကပြောင်းလဲလာတော့ ဒီနေရာက မြေ အောက်ရောက်ပြီး မြေဆီလွှာတွေနဲ့ ဖုံးသွားတာပဲ၊ ဒါကအစတုန်းက ဝိဉာဉ် အတားအဆီးနဲ့ အပြင်မှာရှိနေခဲ့တာပဲ၊ ကြာသွားတော့ မြေအောက်ဂူဖြစ်သွား တာပဲ” မိုဘင်း ခန့်မှန်းလေသည်။
“အဲဒါဖြစ်နိုင်လို့လား” အားလုံးသည် အံ့အားသင့်သွားလေသည်။
“ဒီနံရံကိုကြည့်လိုက်၊ သေချာကိုပြင်ထားတာ၊ သဘာဝကျောက်တုံး မဟုတ်ဘူး လူလုပ်ကျောက်တုံးပဲ” မိုဘင်း ပြောလိုက်သည်။
“မိုက်လိုက်တာ အရှေ့ကိုကြည့်ရအောင်”
“ကောင်းပြီ”
သူတို့သည် လိုဏ်ခေါင်းကိုဖြတ်ကျော်ပြီးနောက် ခြံဝန်းတစ်ခုသို့ဝင် လိုက်ကြသည်။ ခြံဝန်းအလယ်တွင် မီးဖိုကြီးတစ်ခုရှိနေကာ အထဲရှိ ပြာများ သည် ခဲနေရာ ကျောက်တုံးသဖွယ်မာကြောနေလေသည်။
“ဝါး ဝါး ဝါး ရတနာတစ်ပါးပဲ” ဖက်တီးကျူသည် မီးဖိုကိုမြင်သောအခါ စိတ်လှုပ်ရှားသွားပြီး ပြေးကာ ဖက်လေသည်။
“ရှေးခေတ်က ပစ္စည်းတွေက တကယ်ပဲမဆိုးဘူးပဲ” ဝူရန်ဖေ ပြောလိုက် သည်။
“လေးလိုက်တာ” ဖက်တီးကျူသည် ဖက်ကြည့်ရာ ထိုမီးဖိုသည် ရွေ့ရန် ခက်ခဲသည်ကို တွေ့လိုက်ရသည်။
“ဒါကဒီအတိုင်း အိုးပဲမဟုတ်ဘူးလား ဘာလို့အဲလောက်လေးတာလဲ” ရှီမာယူလီသည် လျှောက်လာကာ စမ်းကြည့်လေသည်။ လုံးဝပင်သယ်မရ ပေ။
“ဟားဟား ငါကမှ နည်းနည်းရွေ့နိုင်သေးတယ်၊ မင်းရွှေ့တာ လုံးဝ မရွေ့ဘူး” ဖက်တီးကျူသည် ရယ်မောရင်းကြွေးကြော်လေသည်။
“တကယ်ပဲလေးတာလား မင်းတို့ပဲအားနည်းတာလား” ဟော်ဖန်သည် သူတို့အားမရှိဟုတွေးကာ မယုံကြည်ပဲစမ်းကြည့်သော်လည်း အိုးသည် အနည်းငယ်လှုပ်ပြီးနောက် မရွေ့တော့ပေ။
“ဒါကရှေးခေတ်က ရှေးဟောင်းပစ္စည်းပဲ” မိုဘင်း ပြောလိုက်သည် “ရှေးခေတ်က လူတွေက ယစ်ပူဇော်တာကို အရေးကြီးတယ်လို့တွေးကြတယ် အဲဒါကြောင့် အကောင်းဆုံးပစ္စည်းတွေသုံးတာ”
“အဲဒါကြောင့် ရွေ့လို့မရတာကိုး” ရှီမာယူလီ ပြောလိုက်သည်။
“ဖက်တီးကျူက ခန္ဓာကိုယ်ပျိုးထောင်တဲ့ဘက်ကဆိုတော့ ခင်ဗျားခန္ဓာ ကိုယ်ထက် သန်မာတာပုံမှန်ပဲ၊ သူကအများကြီးသန်မာတယ်” ရှီမာယူယူ လျှောက်လာကာ ဆက်ပြောလေသည် “သူက ခင်ဗျားထက်မသန်မာရင် ဒီနှစ် တွေလေ့ကျင့်ထားတာ အလကားဖြစ်သွားမှာ”
“ယူယူ မင်းလဲ ခန္ဓာကိုယ်ပျိုးထောင်တဲ့အပိုင်းကမလား စမ်းကြည့်ပါ လား” ဖက်တီးကျူ ပြောလိုက်သည်။
“ဟုတ်သားပဲ စမ်းကြည့်လေ”
“ကောင်းပြီ”
ရှီမာယူယူ အိုးဆီသို့လျှောက်လာလိုက်သည်။ သူမသည် အိုးပေါ်လက် တင်ကာ နောက်တစ်ဖက်ကို လက်ကိုင်ပေါ်တင်လိုက်သည်။ သူမသည် အား သုံးကာ အပေါ်သို့မ,လိုက်သည်။ အမှန်တကယ်ပင် အိုးသည် တစ်ဆယ် စင်တီမီတာလောက် မြင့်တက်လာသည်။
“ဒုန်း…”
မီးဖိုအိုးသည် ကြမ်းပေါ်သို့ပြန်ကျသွားရာ အသံထွက်လာသည်။
“ငါက မ,တာနည်းနည်းပဲရတယ်၊ ဒါပေမဲ့ ယူယူက ဆယ်စင်တီမီတာ မြင့်အောင်မ,နိုင်တယ်” ဖက်တီးကျူသည် အိုးကိုဖက်ကာ အော်လေသည်။
“တော်ပြီ ယူယူက မကြာခဏဆိုသလို မိုးကြိုးအပစ်ခံရတယ်၊ မင်း လုပ်စရာမရှိရင် မင်းလည်းမိုးကြိုးပစ်ခံလိုက်ရင် သန်မာလာမှာပဲ ဒီမှာပဲ အော် မနေနဲ့” ဝေကျိရွှိ အကြံပေးလေသည်။
ရှီမာယူယူနှင့် ဖက်တီးကျူတို့ နှုတ်ခမ်းဆူသွားကြသည်။ ဒါဘယ်လို ဖြန်ဖြေမှုကြီးလဲ။
သူမ အမြဲတမ်းမိုးကြိုးအပစ်ခံရသည်ဟု မိုဘင်းနှင့် တခြားသူများကြား သောအခါ အံ့သြကြသည်။
“အဲဒါကို ဘယ်လို အသက်ရှင်နိုင်တာလဲ”
“ဒီလိုပါပဲ” ရှီမာယူယူသည် သူတို့ကိုမပြောလိုသောကြောင့် စကား လမ်းကြောင်းလွှဲကာ ပြောလိုက်သည် “အထဲဝင်ပြီးကြည့်ရအောင်”
“ရွှေလေးအထဲမှာရှိနိုင်တာပဲ”
“ဖြစ်နိုင်တယ်”
သူတို့သည် မီးလုံးဖန်တီးကာ အရှေ့မှထွန်းကာ ခြံဝန်းကိုဖြတ်ပြီး ရှည်လျားသော ကော်ရစ်တာကို ဖြတ်လျှောက်လာလိုက်ကြသည်။ သူတို့ အဆုံးမရောက်ခင်တွင် အထဲမှ တိုက်ခိုက်သံထွက်လာသည်ကို ကြားလိုက် ကြသည်။
***