← Chapters

အမြှီးရမ်းပြီးသတ်ပစ်ခြင်း

Vol. 009 Ch. 852

အမြှီးရမ်းပြီးသတ်ပစ်ခြင်း

Vol. 009 Ch. 852

ရှီမာယူယူနှင့် တခြားသူများ ကော်ရစ်တာအဆုံးသို့လျှောက်လာချိန် တွင် တံခါးတွန်းဖွင့်လိုက်ရာ ကြီးမားသောရွှေကင်းမီးကောက်နှင့် သူ၏ မျက်နှာချင်းဆိုင်တွင် ခြေဖဝါးထက်သေးသော မြွေတစ်ကောင်ကိုတွေ့လိုက် သည်။

ရွှေကင်းမီးကောက်နောက်တွင် ကြီးမားသောယစ်ပလ္လင်ကြီးရှိပြီး ထို ပလ္လင်ပေါ်တွင် တောက်ပသော ရွှေကျောက်တုံးရှိနေကာ ကျောက်နံရံကို အလင်းဟတ်နေသည်။

ဒီအလင်းတန်းက သူတို့လှုပ်မရအောင်လုပ်တဲ့ အလင်းတန်းဖြစ်မယ်

“ရွှေလေး”

ဖက်တီးကျူ၏ အသက်ရှုသံပြင်းပြင်းသည် ရွှေလေးအား ဆွဲဆောင်မှု ဖြစ်စေကာ ရွှေကင်းမီးကောက်၏ အာရုံစိုက်မှုကိုရသွားလေသည်။

“ရွှီး…”

ရွှေမြွေလေးသည် ရှီမာယူယူနှင့် တခြားသူများကိုမြင်သောအခါ တိုက်ပွဲကို အာရုံမရှိသလို အားတက်သရော် အမြီးရမ်းပြလေသည်။

“ကြီးလိုက်တဲ့ရွှေကင်းမီးကောက်ကြီးပါလား”

သာမာန်ရွှေကင်းမီးကောက်သည် တစ်ပေစာလောက်ပင် မရှည်ပေ။ ဒီအကောင်သည် ရွှေကင်းမီးကောက်ဘုရင်ဖြစ်လောက်သည်။ ခေါင်းမှ အမြီးထိ သုံးမီတာရှည်ကာ အကောင်သေးများထက် ဆယ်ဆပိုကြီးလေ သည်။

ထိုရွှေကင်းမီးကောက်၏ အားသည် ဧကရာဇ်အဆင့်ရောက်နေပြီးဖြစ် သည်။ ဝင်လာသော တခြားသာမာန်လူများသည် ထိုရွှေကင်းမီးကောက်အား အာရုံမရှိသဖြင့် လှုပ်ရှားမှုမလုပ်ကြပဲ ရွှေမြွေလေးကိုသာ နိုးကြားစွာကြည့်နေ ကြလေသည်။

ရှီမာယူယူသည် တစ်ချက်ကြည့်လိုက်ရာ ထိုနေရာရှိပစ္စည်းများသည် ဖရိုဖရဲဖြစ်နေကာ ရွှေကင်းမီးကောက်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများရှိနေ သည်ကို တွေ့လိုက်ရသည်။ သူတို့ တိုက်ပွဲစပြီးနေသည့် ပုံပင်။

“အနောက်ကပစ္စည်းကဘာကြီးလဲ” မိုဘင်းသည် ရှေးဟောင်းပစ္စည်း များကို အသိဆုံးလူဖြစ်သောကြောင့် အားလုံးသည် သူ့ကိုကြည့်လိုက်ကြ သည်။

မိုဘင်းသည် ခေါင်းရမ်းကာ ပြောလေသည် “ငါလည်းမသိဘူး ဒါပေမဲ့ အဲဒါက ဒီရွှေကင်းမီးကောက်တွေ အပြောင်းအလဲဖြစ်တာနဲ့ ဆိုင်မယ်လို့ ထင် တယ်”

“ကျွန်တော်လည်း အဲလိုထင်တယ်” ဖက်တီးကျူ ပြောလိုက်သည် “ငါတို့ အဲဒါကိုရမယ်ဆိုရင် ဘယ်လိုပြောင်းလဲမှုမျိုးဖြစ်မလဲ သိချင်မိ”

“စမ်းကြည့်လေ အတောင်ပံနှစ်ခုပေါက်လာမလား မပြောတတ်ဘူး” ဝေကျိရွှီ ပြောလိုက်သည်။

ဖက်တီးကျူသည် ကျောတွင် တောင်ပံတစ်စုံပေါက်လာသည်ကို တွေး ကြည့်ပြီးနောက် တုန်ရီစွာ ပြောလိုက်သည် “ထားလိုက်ပါတော့”

“အပြင်ပြန်ထွက်ရအောင်” မိုဘင်းသည် ရွှေမြွေလေးနှင့် ရွှေကင်းမီး ကောက်တို့ တိုက်ခိုက်မည့်ပုံစံကိုတွေ့သောအခါ နောက်ဆုတ်ရန် အားလုံးကို ပြောလိုက်သည်။ သူသည် ဝိဉာဉ်အတားအဆီးလုပ်ကာ အားလုံးကို ကာကွယ် လိုက်သည်။

သူ ကျွမ်းကျင်စွာလုပ်နေသည်ကို ရှီမာယူယူ ကြည့်နေခဲ့သည်။ သူ၏ ဝိဉာဉ်အတားအဆီးအဆင့်သည် ကောင်းသည့်ပုံပေါ်သည်။

ရွှေကင်းမီးကောက်သည် အမြီးရှည်ကြီးကို ရွှေမြွေလေးဆီသို့ရမ်းလိုက် ရာ ရွှေမြွေလေးသည် လျင်မြန်စွာရှောင်လိုက်ပြီး ပါးစပ်ဟကာ အဆိပ်များ ပက်လိုက်သည်။

ရွှေကင်းမီးကောက်၏ ခန္ဓာကိုယ်သည် ကြီးမားသော်လည်း ပြေပြစ်မှုရှိ သည်။ သူသည် လျင်မြန်စွာရှောင်ရှားလိုက်ပြီး အမြီးနှင့်ထောက်ထားကာ ဘေးသို့ရှောင်လိုက်သည်။

သို့သော် အဆိပ်အနည်းငယ်သည် သူ့ခြေထောက်ပေါ်ကျသွားသဖြင့် မာကြောသောအခွံကိုပင် အပေါက်သေးဖြစ်သွားစေသည်။

ရွှေကင်းမီးကောက်သည် အော်ဟစ်ကာ အမြီးဖြင့်အဆက်မပြတ် ရမ်း သော်လည်း ရွှေမြွေလေးသည် တိုက်ခိုက်မှုကို အဆက်မပြတ်ရှောင်ကာ ပြန် တိုက်ခိုက်ရန် အခွင့်အရေးကိုစောင့်နေလေသည်။

အားလုံးသည် သူတို့ကိုကြည့်နေကြသည်။ သူတို့၏ တိုက်ပွဲမှာ မြန်ဆန် ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အပြန်အလှန် တိုက်ခိုက်ပြီးလေသည်။ သို့သော် သူတို့မည်သို့ပင်မြင်စေကာမူ ရွှေမြွေလေးသည် ရွှေကင်းမီးကောက် ကို စနောက်နေသကဲ့သို့ဖြစ်နေသည်။

“ရွှေလေး မင်းဆက် စ,နေမယ်ဆိုရင် ပစ္စည်းတွေကို တခြားသူတွေ ခိုး သွားတော့မယ်” ရှီမာယူယူ သတိပေးလိုက်သည်။

တောက်ပသော ရွှေရောင်အလင်းတန်းနှင့် ရှေးဟောင်းရောင်ဝါတို့ သည် ထိုနေရာရှိ လူများကို များစွာဆွဲဆောင်လေသည်။ သူတို့သာဆင်းလာ ကြပါက ရွှေကျောက်တုံးသည် မငြိမ်မသက်ဖြစ်သွားမည်။

ရွှေမြွေလေးသည် အလှည့်အပြောင်းကိုမသိသော်လည်း ရှီမာယူယူ ပြောလိုက်သောစကားကိုကြားလိုက်သောအခါ သူမအား မျက်စိမှိတ်ပြပြီး နောက် ရွှေကင်းမီးကောက်ဘက်လှည့်ကြည့်ကာ လျှာထုတ်လိုက်သည်။

ထို့နောက်တွင်… ရွှေမြွေလေး၏ အမြီးသည် ပေတစ်ဝက်လောက်ရှိရာမှ ၄မီတာအထိရှည်လျားလာလေသည်။ တစ်ချိန်တည်းမှပင် အမြီးသည် ပိုကြီး လာသည်။ သူ၏ ခေါင်းအရွယ်အစားသည် မူလအတိုင်းရှိသေးသော်လည်း အမြီးသည် လူသားတစ်ယောက်၏ ခါးလောက်တုပ်လာသည်။

ရွှေအကြေးခွံမှ တောက်ပသော ရွှေရောင်များထွက်လာသည်။ ထို အရောင်သည် ရွှေကင်းမီးကောက်နှင့်အရောင်တူသော်လည်း ပို၍တင့်တယ် လေသည်။

“လှလိုက်တဲ့ အကြေးခွံ” မြွေတစ်ကောင်၏ အကြေးခွံသည် ထိုမျှ လောက် လှပမည်ဟု မသိထားသဖြင့် အားလုံး မှင်တက်သွားကြလေသည်။

ရွှေကင်းမီးကောက်သည် ရွှေမြွေလေး၏ အမြီးကိုမြင်လိုက်ရလေသည်။ ထိုအရာကို မည်သို့စဉ်းစားသလဲတော့မသိပေ၊ သူ့မျက်နှာတွင် ကြောက် သည့်ပုံပေါ်လာကာ ခေါင်းလှည့်ပြီး လိုဏ်ခေါင်းအတိုင်းပြေးလေသည်။

သို့သော် ရွှေမြွေလေးသည် ပိုမြန်သည်။ အမြီးတစ်ချက်ရမ်းလိုက်ရာ ရွှေကင်းမီးကောက်၏ ထိပ်ပိုင်းတစ်ဝက်သည် ပျက်စီးသွားလေသည်။

ကြောက်ဖို့ကောင်းလိုက်တဲ့ တိုက်ကွက်ပါလား။

ရွှေမြွေလေးကို မြင်သောအခါ အားလုံးသည် ပါးစပ်အဟောင်းသားဖြစ် ရာမှ အသိပြန်ဝင်ကာ တံတွေးမျိုချကြလေသည်။

ရွှေကင်းမီးကောက်က ဧကရာဇ်ထိပ်တန်းအဆင့်အားရှိတာကို ရွှေမြွေ လေးရဲ့ အမြီးလောက်နဲ့ ရှုံးသွားတာလား။ ဘယ်လောက်တောင် သန်မာလို့ လဲ။

ရွှေမြွေလေးသည် သူတို့၏ တုန့်ပြန်မှုကို ဂရုမစိုက်ပဲ အမြီးဖြင့် ရွှေ ကင်းမီးကောက်၏ အမြီးကိုရစ်ပတ်ကာ ရှီမာယူယူဆီသို့ အကြွေးပေးသလို ပေးလေသည်။

ရှီမာယူယူသည် ဝိဉာဉ်စွမ်းအင်သုံးကာ အမြီးကိုကိုင်လိုက်မှပင် ရွှေမြွေ လေးလွှတ်လေသည်။ ရွှေမြွေလေးသည် အမြီးကိုစတင်ရှုံ့လိုက်ရာ လျင်မြန် စွာပင် သေးငယ်သောမြွေအဖြစ်ပြောင်းသွားလေသည်။

“ရွှီး…”

သူသည် ပလ္လင်ပေါ်ရှိ တောက်ပသောကျောက်တုံးဆီသို့ပျံသွားကာ ပါးစပ်ဟပြီး ဝါးမြိုလိုက်လေသည်။

“ရွှေလေး” ရှီမာယူယူသည် ရွှေမြွေလေး၏ လှုပ်ရှားမှုကိုမြင်သောအခါ တုန်လှုပ်သွားသည်။ သူမသည် တားလိုက်ချင်သော်လည်း နောက်ကျသွား လေပြီ။ သူမသည် ကျောက်တုံးအမျိုခံလိုက်ရသည်ကို ကြည့်ရုံသာကြည့်နိုင် လေသည်။

“ရွှီး…”

“ဘုန်း…”

ရွှေမြွေလေး ကျောက်တုံးကိုမျိုပြီးနောက်တွင် မြေပေါ်သို့ တုန်းကနဲကျ သွားလေသည်။

အားလုံးသည် ဝိဉာဉ်အတားအဆီးမှပြေးထွက်လိုက်သည်။ ရှီမာယူယူ သည် ရွှေလေးကို မ,ထားလိုက်သည်။ ရွှေမြွေလေးသည် မျက်လုံးပြူးနေ သော်လည်း ခန္ဓာကိုယ်လှုပ်နိုင်သည်ကို မြင်လိုက်သောအခါ အသက် အန္တာရယ်မရှိသည့်ပုံပင်။

“မင်း မင်း အကုန်လုံးစားလိုက်တယ် အဆိပ်ဖြစ်နေမှာကို မကြောက်ဘူး လား” ရှီမာယူယူသည် စိုးရိမ်စွာအပြစ်တင်လိုက်သော်လည်း ပြန်ချကာ နောက်လက်တစ်ဖက်ဖြင့် သူ၏ သေးငယ်သောခေါင်းလေးကို ပွတ်ပေးလိုက် သည်။

ရွှေမြွေလေးသည် မလှုပ်နိုင်သော်လည်း ရိုးသားစွာဖြင့် မျက်တောင် ခတ်ပြီးနောက် အိပ်ပျော်သွားလေသည်။

“ညီ၅ ရွှေလေး အဆင်ပြေပါ့မလား” ရှီမာယူလီ မေးလိုက်သည်။

“ပြေရမှာပေါ့”

ရှီမာယူယူသည် ရွှေမြွေလေးကို ဝိဉာဉ်စေတီအတွင်းပြန်ထည့်ရာ မိုဘင်းသည် သတိထားမိလိုက်သော်လည်း ဘာမှမပြောပေ။

“အဲဒီကင်းမီးကောက်ရဲ့အမြီးကိုသွားကြည့်ရအောင်”

ထိုရွှေကင်းမီးကောက်၏ အမြီးသည် ၂မီတာရည်ကာ အထဲရှိ အဆိပ် ရည်မှာ များသည်။

“အပေါ်ကလူတွေဆင်းလာလိမ့်မယ် ဒါကိုအရင်သိမ်းလိုက်” ထန်ယန်း ပြောလေသည်။

“မလိုဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်တာ်တို့ ဖွက်လိုက်ရင် ရှင်းပြဖို့ပိုခက်လိမ့်မယ်”

“ဟုတ်သားပဲ”

ရှီမာယူယူသည် မိုဘင်းနှင့် တခြားသူများကို ကြည့်ပြီးပြောလိုက်သည် “ရွှေလေးအကြောင်းလေ…. လျှို့ဝှက်ထားပေးပါ လက်ဆောင်နဲ့ ကျေးဇူးဆပ် ပါမယ်”

“ရပါတယ်” မိုဘင်း ဆက်ပြောလေသည် “ပြောစရာမလိုပါဘူး”

“မဟုတ်ဘူး မဟုတ်ဘူး ကျေးဇူးတင်တဲ့အနေနဲ့ပေးသင့်တယ်” ထန်ယန်း တားလိုက်သည် “မင်း လက်ဆောင်အနေနဲ့ ငါတို့ကို ဝိဉာဉ်အသီး ပေးလို့ရတယ်”

“ဖူး…” ရှီမာယူယူ ရယ်မောလိုက်သည်။ “ရပါတယ် ဝအောင်စားကြပေါ့”

“ငါတော့ အဲဒါမလိုဘူး မင်းသာဆန္ဒရှိမယ်ဆိုရင် ငါနဲ့တစ်ခါလောက် ပြိုင် ပေးနိုင်မလား” ဟော်ဖန် ပြောလိုက်သည်။

ရှီမာယူယူသည် သူ၏ ဇွဲကောင်းမှုကို မစဉ်းစားတော့ပဲ ခေါင်းညိမ့်ကာ ပြောလိုက်သည် “ကောင်းပြီ”

ထိုအချိန်တွင် အပြင်ဘက်မှ ဆူညံသံများထွက်လာကာ လူတစ်စုသည် လိုဏ်ခေါင်းမှထွက်လာရာ မုန့်ဆန်းချွယ်နှင့် ဂိုဏ်းမှ ဆရာနှစ်ယောက်တို့ သည် အရှေ့မှဦးဆောင်လာကြသည်။ သူတို့နောက်မှ လူများကို သူတို့ မသိ ကြပေ။

***

All Chapters