လမ်းတွင်အသတ်ခံရခြင်း
Vol. 009 Ch. 853
ရှီမာယူယူနှင့် တခြားသူများအဆင်ပြေနေသည်ကို တွေ့သည်နှင့် မုန့်ဆန်းချွယ်နှင့် ဆရာများသည် စိတ်အေးသွားလေသည်။
“မင်းတို့ဘာဖြစ်ကြတာလဲ ဘာလို့အကုန်လုံးဒီရောက်နေကြတာလဲ” မုန့်ဆန်းချွယ်သည် မျက်နှာတည်ထားကာ မေးလေသည်။
“ကျွန်တော်တို့လည်း မလာချင်ပါဘူး” ထန်ယန်းသည် မတရားခံရသလို ခံစားရကာ ဆက်ပြောလေသည် “ကျွန်တော်တို့ ဒီအထဲကိုဝင်ပါသွားတာ”
“ဘာတွေဖြစ်ခဲ့တာလဲ မိုဘင်း ငါ့ကိုပြော” မုန့်ဆန်းချွယ်သည် မိုဘင်းကို ကြည့်ပြီး ပြောလေသည်။
အတူဝင်လာကြသူများ၏ ရွှေကင်းမီးကောက်ဆီရောက်နေသော အာရုံ သည် အဖြစ်အပျက်များကို သိချင်သဖြင့် သူတို့ဆီသို့ရောက်လာကြသည်။
မိုဘင်းသည် သူတို့ထိုနေရာသို့ မတော်တဆရောက်လာကြောင်းနှင့် သောင်းချီသော ရွှေကင်းမီးကောက်များနှင့်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ခဲ့ကြောင်း များကို ပြောပြလေသည်။ သူတို့နိုင်တော့မည့်ဆဲဆဲတွင် ရွှေရောင်အလင်း တန်း ထွက်လာပြီး သဲဝဲပေါ်လာသည်။ ထိုဝဲမှတစ်ဆင့် အခုလက်ရှိရောက်နေ သောနေရာသို့ ကျသွားခဲ့ကြသည်။
“မင်းတို့ဒီကိုလာပြီးတော့ ဘာဖြစ်ခဲ့ကြလဲ၊ မင်းတို့အားလုံး ဘာမြင်ခဲ့ကြ လဲ အဲဒီရွှေကင်းမီးကောက်တွေအားလုံးကို မင်းတို့သတ်လိုက်ကြတာလား” လူတစ်ယောက်သည် စိုးရိမ်စွာမေးလေသည်။
“မဟုတ်ဘူး” မိုဘင်း ခေါင်းရမ်းလေသည်။ “ဒီရွှေကင်းမီးကောက်ကို တော့ စပါးအုံးမြွေတစ်ကောင်သတ်သွားတာ ကျွန်တော်တို့အပြင်ကဝင်လာ ကြတော့ စပါးအုံးမြွေကြီးက ရွှေကင်းမီးကောက်နဲ့ တိုက်ပွဲဖြစ်နေတာ အဲဒီ ရွှေကင်းမီးကောက်က စပါးအုံးမြွေရဲ့ အမြီးကြောင့်သေသွားတာ၊ ပြီးတာနဲ့ စပါးအုံးမြွေက ယစ်ပလ္လင်ပေါ်က လင်းတဲ့အရာတစ်ခုကိုစားပြီးတော့ ထွက် သွားတာပဲ”
“မင်းတို့ဒဏ်ရာရသွားကြသေးလား” လူတစ်ယောက်မေးလိုက်သည်။
“အစာခြေဖျက်ဖို့အတွက် အလောတကြီးသွားတာဖြစ်မယ် ကျွန်တော် တို့ကို ထိခိုက်အောင်လုပ်မသွားဘူး ရွှေကင်းမီးကောက်အသေကိုတောင် ပေး သွားတယ်” မိုဘင်း ပြန်ဖြေလေသည်။
ဆိုလိုသည်မှာ ထိုအရာကို သူတို့ပိုင်ဆိုင်သည်။
“ဒီကအရာတွေနဲ့ သဲလွန်စတွေအရတော့ ဒီမှာသေချာပေါက် မြွေတစ် ကောင်ရှိခဲ့တယ်”
“မြွေတွေက သစ္စာမဲ့ပြီး အရက်စက်ဆုံးတွေပဲ လူသားတွေကို ဘာလို့ လွှတ်ပေးလိုက်တာလဲ” လူတစ်ယောက်က မေးခွန်းထုတ်လေသည်။
“မင်းတို့ တစ်ခုခုကိုများချန်ထားခဲ့လား အဲဒီမြွေက မင်းတို့စာချုပ်မိစ္ဆာ မဟုတ်ရင် မင်းတို့မွေးထားတဲ့အကောင်လား”
ထိုစကားလုံးများကြားလိုက်သောအခါ ထိုလူများ၏ အကြည့်များသည် မသိသလို ဖြစ်သွားကြလေသည်။
မုန့်ဆန်းချွယ်သည် လူအုပ်ထဲမှထွက်လာပြီးပြောလေသည် “သူပြော သလိုပဲ အစာခြေဖို့အတွက်လိုလို့ အမြန်ထွက်သွားတာနေမှာပေါ့ ဒီမှာ အချိန် ဖြုန်းနေလို့မဖြစ်ဘူး မဟုတ်လို့ အဲမြွေက အပေါ်မှာရှိနေရင် အလင်းမပျောက် ခင်ပြန်ဆင်းလာနေဦးမယ် မြန်မြန်သွားရအောင်”
“ဟုတ်တယ်”
“အဲအပြင်ကို ဒီရွှေကင်းမီးကောက်ရဲ့ အားကောင်းတာကို စပါးအုံးမြွေ ရဲ့ အမြီးနဲ့ရိုက်သတ်ခံရတယ် ဘယ်လောက်များသန်မာလိုက်မလဲ မင်းတို့ စဉ်းစားကြည့် သူတို့အားကိုပေးရမယ် သူတို့က အဲလောက်အားကောင်းတာ နဲ့ စာချုပ်ချုပ်နိုင်ပါ့မလား မင်းတို့တောင်မရနိုင်ရင် ဒီကျောင်းသားတွေက ဘယ်လိုဖြစ်နိုင်မှာလဲ” မုန့်ဆန်းချွယ်သည် ထိုစကားများကို ငြင်းဆန်လေ သည်။
မုန့်ဆန်းချွယ်၏ စကားများကိုကြားလိုက်သောအခါ ထိုလူများသည် ပြောစရာစကားမဲ့သွားလေသည်။
“မင်းတို့မှာ သက်သေမရှိပဲနဲ့ ငါ့ဂိုဏ်းကကျောင်းသားတွေကို သံသယ မဝင်နဲ့ သူတို့က ယဉ်ကျေးတဲ့ကလေးတွေပါ” မုန့်စန်းချွယ်သည် ပြောလိုက် သည်။
ရှီမာယူယူနှင့် တခြားသူများသည် မုန့်ဆန်းချွယ်၏ စကားများကိုကြား လိုက်သောအခါ ခေါင်းငုံ့သွားကြလေသည်။ မဟုတ်ရင် သူတို့မျက်နှာမှ ရယ်မောသော ပုံစံကို ဖွက်လို့ရမည်မဟုတ်ပေ။
ထိုသို့လုပ်လိုက်သောအပြုအမူကြောင့် သူတို့အား စွပ်စွဲသောလူများကို အားနာစိတ်ဖြစ်သွားစေလေသည်။
“အဲအမြီးကတော့ စပါးအုံးမြွေကပေးသွားတာဆိုတော့ မင်းတို့ပဲ သိမ်း ထားလိုက်ကြပေါ့”
“ဟုတ်ကဲ့ပါ ဒါရိုက်တာမုန့်” ရှီမာယူယူ လျှောက်လာကာ ရွှေကင်းမီး ကောက် အသေကောင်အား သိမ်းလိုက်ပြီး မုန့်ဆန်းချွယ်၏ အနောက်တွင် ရပ်လိုက်သည်။
“အဲဒီစပါးအုံးမြွေက ဘယ်ဘက်ကိုသွားလိုက်တာလဲ” လူတစ်ယောက် ကမေးလိုက်သည်။
“အဲဘက်ပဲ သူက အသေးပုံစံပြောင်းပြီး ပျံသွားလိုက်တာပဲ၊ ခင်ဗျားတို့ လိုက်ချင်ရင်တော့ သူ တစ်နေရာရာမှာ ပုန်းနေလောက်တယ်” မိုဘင်းသည် ကြင်နာစွာ သတိပေးလိုက်သည်။
“ငါတို့သွားရှာကြည့်မယ်” တချို့လူများသည် သူတို့ညွှန်ပြသော ဘက် သို့ လိုက်ကြသော်လည်း ဘာမှရှာမတွေ့ပေ။
“ဒါက ရှေးခေတ်က ယစ်ပလ္လင်ဖြစ်လောက်တယ်၊ ဒီကန္တာရအောက်မှာ ဖွက်ထားတယ်လို့ မထင်ဘူးလား” သူတို့ ထိုအရာကိုမရလိုက်သောအခါ ယစ် ပလ္လင်ကို အာရုံပြန်ရောက်ကြလေသည်။
“ဒီနေရာအပြင် မင်းတို့ တခြားနေရာကိုရောက်သေးလား” မုန့်ဆန်းချွယ် မေးလိုက်သည်။
“မရောက်ပါဘူး”
“မင်းက သူတို့ကို အပေါ်ခေါ်သွားလိုက် ငါတို့ဒီမှာ အောက်ဆင်းကြည့် လိုက်မယ်” မုန့်ဆန်းချွယ်သည် ဆရာများထဲမှ တစ်ယောက်ကိုပြောလိုက် သည်။
သူတို့သည် အခြေအနေများကို ပိုသိလိုသဖြင့် ထပ်ပြီးစုံစမ်းလိုသည်။ သို့သော် ထိုနေရာရှိ အခြေအနေများကို မသိနိုင်ပေ။ ကျောင်းသားများရှိနေ ခြင်းသည် အန္တရာယ်များသည်။
အပေါ်တွင်စောင့်နေကြသော ကျောင်းသားများသည် ရှီမာယူယူနှင့် တခြားသူများတက်လာသောအခါ ဝဲထဲကျသွားသော်လည်း ဘေးကင်းကင်း နှင့် အသက်ရှင်ပြန်လာနိုင်သည်ကို စိတ်အေးသွားကြလေသည်။ သူတို့ သေ ပြီဟု တစ်ထစ်ချမှတ်ယူထားကြသည်သာ။
မိုဘင်းထွက်လာသည်ကို ဟွာပေါင်မြောင်မြင်သောအခါ သူ့ဆီသို့ လျှောက်လာပြီး လက်ထဲမှ ကျောက်တံဆိပ်ပြားကို ပေးလိုက်သည်။ သူမ သည် ညင်သာစွာပြောလေသည် “မင်း ဝဲထဲကျသွားတော့ ကျောက်တံဆိပ် ပြားကျနေခဲ့တယ် အခုပြန်ပေးလိုက်ပြီနော်”
မိုဘင်းသည် ကျောက်တံဆိပ်ပြားကျ ပျောက်သွားသည်ကို သတိထား မိသည်မှာ ကြာပြီဖြစ်သည်။ ပြန်မရနိုင်တော့ဟု ထင်ထားခဲ့သည်။ သူမ ကောက်ထားလိမ့်မည်ဟု မထင်ခဲ့ပေ။
“ကျေးဇူးပဲ” သူသည် ကျောက်တံဆိပ်ပြားယူကာ သူမအား လေသံ ဖျော့ဖျော့ဖြင့် ကျေးဇူးတင်စကားပြောလိုက်သည်။
“ကျောင်းသားတွေ အကုန်လုံးက အိုအေစစ်မှာ အဲဒီကိုသွားရအောင်” ဟွာပေါင်မြောင်ပြောလိုက်သည်။
ထိုအိုအေစစ်သည် လူသောင်းချီနေနိုင်လောက်အောင် ကြီး၍တော် သေးသည်။ ဂိုဏ်းမှလူများသည် ထိုနေရာသို့အရင်ရောက်နှင့်ကာ ကန်ဘေး တွင် အရှိန်အဝါကြီးကြီးဖြင့် နေရာကို မောင်ပိုင်စီးထားကြသည်။
ရှီမာယူယူ ရောက်သည်နှင့် ဂိုဏ်း၏ ကျောင်းသားအားလုံး ရောက်နှင့်ပြီ ဆိုသည်ကို သိလိုက်သည်။
“အတန်းဖော်ယူယူ ဆေးအတွက်ကျေးဇူးတင်ပါတယ်၊ ငါ ရွှေကင်းမီး ကောက် တစ်ခါကိုက်တာခံရပြီးတော့ မင်းဆေးစားလိုက်တာ အသက်ဘေး လွတ်သွားတယ်” ကျောင်းသားတစ်ယောက် ဝင်လာကာ ရှီမာယူယူအား အရိုအသေပေးရင်း အသက်ကယ်တင်သည့်အတွက် ကျေးဇူးတင်စကားပြော လေသည်။
“မင်းကိုယ်တိုင် ယူတာပဲလေ မင်းအပိုင်ပဲဟာကို အဲလိုကျေးဇူးတင်ဖို့ မလိုပါဘူး” ရှီမာယူယူသည် သူမအား ညင်သာစွာတွဲရင်း ပြောလိုက်သည်။
“ဒါပေမဲ့ ကျေးဇူးတင်ပါတယ် မင်းသာဒီဆေးကို မဖော်ခဲ့ရင် ငါတို့က ဘယ်ကသွားဝယ်ရမှာလဲ ငါတို့အကိုက်ခံရရင်တောင် တခြားသူတွေလိုပဲ သေ မှာကို မျှော်လင့်ချက်မရှိစောင့်ရမှာ” ထိုလူသည် ကျယ်လောင်စွာပြောလေ သည်။
လူအများစုမှာ အတွေးတူကြသည်။ သူမသာ အဆိပ်ဖြေဆေး မဖော်စပ် ခဲ့ပါက ဒီနေရာတွင် အသက်ဆုံးမည့် သူတို့၏ ကံကြမ္မာကို မတွေးဝံ့ပေ။
ထို့ကြောင့် သူတို့သည် သူမအား တရိုတသေဆက်ဆံကြလေသည်။
ရှီမာယူယူနှင့် တခြားသူများသည် သူတို့အား ယဉ်ကျေးစွာနှုတ်ဆက်ကြ ပြီးနောက် ကန်ငယ်ဘေးသို့ လျှောက်သွားကြလေသည်။ ဝမ်စီမြောင်တို့ ကန်ဘေးမှ သစ်ပင်အောက်တွင် ရပ်နေသည်ကို ရှောင်ချီမြင်သောအခါ ရှီမာယူယူကို ဆွဲခေါ်သွားလေသည်။
“မင်းတို့မြန်လိုက်တာ” ရှောင်ချီ နှုတ်ဆက်လိုက်သည်။
ဝမ်စီမြောင်သည် ကိစ္စများကို စဉ်းစားနေရာမှ ရှောင်ချီ၏ အသံကို ကြား လိုက်ရသည်။ သူလှည့်ကြည့်ရာ သူတို့လျှောက်လာသည်ကို တွေ့လိုက်လေ သည်။
“ဒီမှာ တစ်ယောက်တည်းဘာလာငိုင်နေတာလဲ” ရှီမာယူယူ မေးလိုက် သည်။
“ကိစ္စတချို့ကိုစဉ်းစားနေတာပါ” ဝမ်စီမြောင် ပြောလိုက်သည်။ သူ လှည့်ပတ်ကြည့်ပြီးနောက် အဝေးတွင်ကျောင်းသားများကိုတွေ့သောအခါ ရှီမာယူယူအား လက်အုပ်ချီကာ “မင်းတို့မသွားခင်ကို ငါ့ကိုအဆိပ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်”
“ခင်ဗျားသုံးလိုက်ရလား”
“သုံးလိုက်ရတယ်” ဝမ်စီမြောင် ဆက်ပြောလေသည် “ငါပြန်သွားတော့ လမ်းမှာ လာတိုက်ခိုက်တဲ့လူနဲ့တွေ့တယ် ပြိုင်ဘက်ကသန်မာတယ်၊ မင်း ငါ့ ကိုပေးလိုက်တဲ့အဆိပ်ကြောင့် သူတို့အိပ်ပျော်သွားလို့သာမဟုတ်ရင် ငါ ဂိုဏ်း ကိုပြန်မရောက်နိုင်တော့ဘူး”
“အဲလောက်တောင် ရက်စက်တာလား” ရှီမာယူယူ ဆက်ပြောလိုက် သည် “ခင်ဗျားကို သတ်ဖို့ကြိုးစားတဲ့လူတွေက ဘယ်သူတွေလဲသိလား”
“ဘယ်သူတွေလဲဆိုတာ မှန်းမိပါတယ် ဒါပေမဲ့ အကြောင်းအရင်းကို မသိဘူး” ဝမ်စီမြောင်သည် သံသယဖြင့် ပြောလိုက်သည်။
***