အလုပ်ရှုပ်သောနေ့
Vol. 009 Ch. 854
ဝမ်စီမြောင်သည် အဖြေကိုမစဉ်းစားမိပေ။ နောက်မှပင် ရှီမာယူယူသည် သူ့အား အဆိပ်ပေးခဲ့သည်ကို ရုတ်တရက်စဉ်းစားမိလေသည်။ ဆိုလိုတာက သူ လူသတ်သမားနဲ့တွေ့မယ်ဆိုတာကို ရှီမာယူယူက သိနေပြီးသားလား။
“မင်းတို့နှစ်ယောက်လုံး သိပြီးသားလား” သူသည် သူတို့အား စိုက် ကြည့်လိုက်သည်။
“တစ်ယောက်ယောက်က မင်းကိုသတ်ချင်တယ်ဆိုတာကို ဖက်တီးကျူ ကြားခဲ့တာ” ရှောင်ချီပြောလိုက်သည်။
“သူက ငါ့ကိုဘာလို့သတ်ချင်တာလဲ”
“အဲတုန်းက ခင်ဗျားနဲ့ ဟွာပေါင်မြောင်တို့ တွဲနေကြတယ်ဆိုပြီး အပြင် မှာ သတင်းပြန့်နေတယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဲတုန်းက ကျွန်တော်တို့်လည်း တကယ်ထင်နေတာ ဒါပေမဲ့ အကြောင်းစုံသိလိုက်တော့ ဒီကောလဟလကြီးကို မမှန်ဘူးဆိုတာ သိလိုက်တယ်”
“ဟွာပေါင်မြောင်နဲ့ ငါနဲ့တွဲနေတယ်ဟုတ်လား ငါက ဘာလို့အဲ အကြောင်းကို မသိရတာလဲ” ဝမ်စီမြောင်သည် ကြောင်စီစွာကြည့်လိုက် သည်။
“အပြင်လူတစ်ယောက်ရဲ့အမြင်နဲ့ဆို ခင်ဗျားတို့နှစ်ယောက်က တကယ့် ကို အတွဲနဲ့တူတယ် ကျွန်တော့်အမြင်လည်းအဲလိုပဲ၊ ဒါပေမဲ့ ခင်ဗျားနဲ့ ဟွာပေါင်မြောင်တို့ကြားက နာကျည်းမှုတွေနဲ့ သူမက မိုဘင်းကို ကြိုက်တဲ့ အကြောင်းတွေကြောင့် ဒါက အခြေအမြစ်မရှိဘူးဆိုတာ သိလိုက်ရတာ” ရှီမာယူယူ ပြောလိုက်သည်။
“အခြေအမြစ်မရှိမှတော့ သူက ဘာလို့ငါ့ကိုသတ်ချင်တယ်လို့ မင်းထင် တာလဲ”
“သူက ဝတ်ရုံနဲ့လူကိုစကားပြောနေတာက ထူးဆန်းတယ်လို့ထင်လို့ ပြီးတော့ သူက ခင်ဗျားကိုတကယ်သတ်ချင်လားဆိုတာလည်း မသေချာဘူး ရှောင်ချီက လိုရမယ်ရအဆိပ် ခင်ဗျားကိုပေးလိုက်တာ” ရှီမာယူယူ ရှင်းပြလေ သည်။
“ဝတ်ရုံနဲ့လူဟုတ်လား” ဝမ်စီမြောင်မျက်မှောင်ကို မာထင်စွာကြုတ် လိုက်သည်။ သူသည် ရှီမာယူယူကို လက်နှစ်ဖက်ဖြင့်အရိုအသေပေးကာ ကျေးဇူးတင်စွာ ပြောလေသည် “ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းတို့ကိုကျေးဇူးတင် ပါတယ်”
“ရပါတယ်” ရှီမာယူယူသည် လက်အုပ်ချီကာပြန်ပြောလိုက်သည်။
တစ်ဖက်တွင် သူတို့စကားပြောနေသည်ကို ပန်ကျားနန်မြင်သောအခါ အကြည့်များသည် ဇဝေဇဝါဖြစ်သွားသည်။
အဲလူတွေ သူ့ကိုသတ်တာ ရှုံးနိမ့်မည်ဟု မထင်ထားပေ။ ဒီ ဝမ်စီမြောင် က အသက်ပြင်းတာပဲ။
“နောက်တစ်ခါ မင်းဒီလိုကံကောင်းမလားဆိုတာ ကြည့်ကြတာပေါ့”
တစ်ဖက်မှ သူ၏ နတ်ဆိုးရောင်ဝါနှင့်အကြည့်ကို ခံစားမိသွားမည် စိုး သောကြောင့် သူသည် ချက်ချင်းပင် ခေါင်းငုံ့ကာ သူ၏ လူသတ်လိုသည့်စိတ် ကို ဖုံးကွယ်လိုက်သည်။
“သူက ခင်ဗျားကို သတ်တာ လက်လျော့မှာမဟုတ်ဘူး” ရှီမာယူယူ သည် သူ၏ လူသတ်လိုသည့်စိတ်ကို ခံစားမိကာ မကြည့်ပဲနှင့် မည်သူဖြစ် သည်ကို သိလိုက်သည်။
“ဒီတစ်ခေါက်က ငါသတိလွတ်တဲ့အချိန်မို့ရသွားတာ၊ အခုငါပြင်ဆင် ထားလိုက်ရင် သူ ငါ့ကိုသတ်ချင်ရင်တောင် အဲလောက်မလွယ်တော့ဘူး” ဝမ်စီမြောင်သည် အေးစက်စွာ ညည်းလိုက်သည်။
“ကျွန်တော်လည်း အဲလိုထင်တယ်” ရှီမာယူယူသည် ပြောလိုက်သည်။ အိုအေစစ်တွင် လူများဖြင့် ပြည့်နေသည်ကိုကြည့်ပြီး သူမ မေးလိုက်သည် “ဂိုဏ်းရဲ့ ကျောင်းသားအကုန်လုံးများ ဒီရောက်နေကြတာလား”
“သေသွားတဲ့လူအပြင်တော့ အကုန်လုံးဒီမှာပဲ” ဝမ်စီမြောင် ပြော လိုက်သည်။
“ဘယ်နယောက်သေသွားတာလဲ”
“နှစ်ရာ သုံးရလောက် ငါ ခန့်မှန်းတာထက် များရင်လည်းများမှာ” ဝမ်စီမြောင် ဆက်ပြောလေသည် “မင်းသာ အဆိပ်ဖြေဆေးမဖော်ထားရင် ဒီ ထက် အဆပေါင်းများစွာ ပိုနိုင်တယ်”
“ကျွန်တော်က အားလုံးအတွက် အကူအညီဖြစ်လို့ ဝမ်းသာပါတယ်” ရှီမာယူယူ ဆက်ပြောလိုက်သည် “ဒါပေမဲ့ တချို့ကျောင်းသားတွေ ကြောက် သွားမယ်လို့ ထင်တယ်၊ သူတို့ စိတ်အေးသွားကြရင်တော့ ပြန်ကြမှာပဲ။ ဒါ တွေဖြစ်ပြီးသွားတော့ အဆင့်ပြိုင်ပွဲက အကြုံးဝင်ဦးမှာလား မသေချာဘူး သူတို့ အဆင့်ပြိုင်ပွဲကိုလုပ်နိုင်ဦးမလား မသိဘူး”
“ဂိုဏ်းက ဘာလုပ်မလဲဆိုတာ ငါတို့ကြည့်ရမှာပဲ” ဝမ်စီမြောင် ဆက် ပြောလိုက်သည် “မင်းတို့အောက်ကနေ ဘယ်လိုတက်လာတာလဲ ဒီမှာ ဘာလို့ ဆရာတစ်ယောက်တည်းဖြစ်နေတာလဲ”
ရှီမာယူယူသည် မိုဘင်းပြောသည့်စကားကို ပြန်ပြောလိုက်ရာ ဝမ်စီမြောင်သည် နားထောင်ပြီးနောက်တွင် တွေဝေမိန်းမောသွားလေသည်။
“အောက်မှာ ရှေးဟောင်းယစ်ပလ္လင်ရှိလိမ့်မယ်လို့ ထင်မထားဘူး” သူ သည် အံ့အားသင့်စွာ ပြောလေသည် “အဲလိုဆိုရင် ဒါရိုက်တာမုန့်နဲ့ ကျန်တဲ့ လူတွေက နောက်နာရီဝက်မဟုတ်ရင် အဲထက်ကြာအောင်တောင် တက်လာ မှာမဟုတ်ဘူး”
“ရှေးဟောင်းပစ္စည်း အပေါ်ရောက်တာနဲ့ စွမ်းအားရှိတဲ့လူတိုင်းက လု ကြမှာပဲ ဂိုဏ်းက အကျွန်တော်တို့ကို အဲဒါကြောင့် အရင်ပြန်ခိုင်းတာဖြစ်မယ်” ရှီမာယူယူ ခန့်မှန်းလေသည်။
သူမ ခန့်မှန်းသည်မှာ မှန်သည်။ သူတို့ကိုခေါ်လာသော ဆရာသည် ကျောင်းသားအားလုံးကို ကျောင်းသို့ပြန်ခေါ်ရန်နှင့် တခြားဆရာများကို ခေါ် ရန် အမိန့်ရထားလေသည်။
၃ရက်ကြာပြီးနောက်တွင် ကျောင်းသားအားလုံးသည် ကျောင်းသို့ ပြန် သွားကြကာ ဆရာတချို့သည် ကံကြမ္မာကန္တာရသို့ သွားကြလေသည်။
မုန့်ဆန်းချွယ်နှင့် တခြားသူများမှာ ပြန်မလာသဖြင့် အဆင့်ပြိုင်ပွဲမှာ ခေတ္တဆိုင်းငံ့ထားလိုက်သည်။ သို့သော် ဂိုဏ်းဆရာများသည် သူတို့၏ ရွှေ ကင်းမီးကောက်များကို ရေတွက်ပေးသည်။
အများစုမှာ တစ်ကောင်သို့မဟုတ် နှစ်ကောင်သာရကြသော်လည်း တချို့မှာ တော်တော်များများရကြသည်။ ဥပမာဆိုလျှင် မိုးကြိုးသွားအဖွဲ့…
တခြားသူများမှာ ဆယ်ဂဏန်းရှိကြကာ အနည်းစုမှာ ရာဂဏန်းရှိကြ သည်။ သို့သော် သူတို့မှာ အတော်အဆင်ပြေကြသည်။ တစ်ယောက်ချင်းဆီ တွင် ထောင်ဂဏန်းရှိကြကာ တခြားသူများကြားတွင် ထိုးထွက်နေသည်။
ကျောင်းသားများသည် မိုးကြိုးသွားအဖွဲ့၏ သတင်းကိုကြားသောအခါ အံ့အားသင့်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအဖွဲ့သည် ဂိုဏ်းတွင် လူ အနည်းဆုံးဖြစ်ကာ နောက်ဆုံးမှဖွဲ့ထားသည့်အပြင် အဖွဲ့ဝင်အများစုမှာ လူ သစ်များဖြစ်ပြီး အချိန်တိုင်းတွင် အံ့အားသင့်ဖွယ်အရာများကို ဖန်တီးနိုင်ကြ သည်။ ထိုအကြောင်းအရာများသည် ကျောင်းသားအများစုသည် သူတို့အဖွဲ့ သို့ဝင်ချင်ကြသဖြင့် စီနီယာများကို လှုံ့ဆော်သကဲ့သို့ဖြစ်နေသည်။
ရှီမာယူယူသည် ထိုမငြိမ်သက်မှုများကို မြင်သောအခါ ထိုကိစ္စများကို အကြီးများဆီလွှဲပေးထားဲ့ပြီး ခွဲခွာခြင်းဥယျာဉ်သို့ထွက်ခဲ့လိုက်သည်။
သူမသည် ခွဲခွာခြင်းဥယျာဉ်တွင်ထိုင်ပြီး စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့နှင့် ကံကြမ္မာကန္တာရတွင်ဖြစ်ခဲ့သော ကိစ္စရပ်များကို ပြန်ပြော နေလေသည်။
“ဒီတစ်ခေါက် ဂိုဏ်းရဲ့ ပြိုင်ပွဲကဒီလောက်ရက်စက်လိမ့်မယ်လို့ ထင် မထားဘူး” စူးရှောင်ရှောင် ဆက်ပြောလေသည် “ဒါပေမဲ့ မင်းတို့အကုန်လုံး ဘာမှမဖြစ်တာ တော်သေးတယ်”
“ငါတို့ ကြိုသိလို့ကတော့ မင်းတို့်နဲ့လိုက်ခဲ့ပါတယ်” ဟန့်မြောင်ရွှမ် ပြော လိုက်သည်။
“ကျွန်တော်တို့က လူများပါတယ် အန္တရာယ်မများပါဘူး၊ အဲဒီ ယစ်ပလ္လင် ကို ဆန့်ကျင်တဲ့သူဆိုရင်တော့ အားလုံးဗြောင်းဆန်သွားမှာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ပြီးတော့ အဲနေရာကို လူတွေထပ်ထပ်သွားတယ်လို့ ကြားတယ်၊ ဒီကိစ္စက ခဏလေးနဲ့တော့ ဖြေရှင်းမပြီးလောက်ဘူး”
“အဆင့်ပြိုင်ပွဲကိစ္စကတော့ ပိုပြီးဝေးသွားမယ်ထင်တာပဲ”
“လူအများစုကတော့ ရွှေကင်းမီးကောက်အမြီးတွေကို ကျင့်စဉ်အမှတ် နဲ့လဲပြီး ကျင့်ကြံခြင်းစေတီကိုသွားပြီး ကျင့်နေကြပြီ” ရှီမာယူယူ ပြောလိုက် သည်။
“သြော် ဟုတ်သားပဲ မင်းတို့အဖွဲ့ကိစ္စကရော ဘယ်လိုလဲ”
“ဘာဖြစ်ရမှာလဲ နေ့တိုင်းအုံအုံကျက်ကျက်နဲ့ ကျွန်တော်တို့အဖွဲ့ထဲဝင် ချင်တယ်လို့ပြောနေကြတော့ တချို့အဖွဲ့တွေဆို ကျွန်တော်တို့ကို မကြည် တော့ဘူး” ရှီမာယူယူ မတတ်သာစွာပြောလေသည် “သူတို့ ခွဲခွာခြင်းဥယျာဉ် ကိုမလာနိုင်လို့တော်သေးတယ် သူတို့သာလာနိုင်ရင် ဒီထိလိုက်လာမှာစိုးရ တယ်”
“ဆရာ့နေရာက မင်းရဲ့ အကာကွယ်ဖြစ်သွားတာပေါ့” ဟန့်မြောင်ရွှမ် သည် ရယ်မောကာ ပြောလေသည် “ငါတို့ ပြီးခဲ့တဲ့တစ်ခေါက်က လူသစ်တွေ က မင်းတို့လောက် အားမကောင်းကြဘူးလေ၊ အခုတော့ မင်းတို့က သူတို့ အတွက် လူသစ်တွေမဟုတ်ကြတော့ဘူး”
“ဟုတ်တယ် ကျွန်တော်အစ်ကိုကြီးဆီကကြားခဲ့တာ အရင်က အဖွဲ့ဝင် မဟုတ်တဲ့ လူတွေ အယောက်နှစ်ဆယ်လောက် တိုးလာတယ်၊ ဟော်ဖန် ထန်ယန်းနဲ့ မိုဘင်းတောင် ဝင်လာကြတယ်”
“သူတို့က ဝင်လာတာလား”
“ဟုတ်တယ် ဒါကမနေ့ကသတင်းပဲရှိသေးတယ် ဒီနေ့ဘယ်လောက် ဝင် လာကြမလဲ မသိဘူး” ရှီမာယူယူသည် ခေါင်းကိုက်ကာ ပြောလေသည်။
သူတို့ အဖွဲ့ဖွဲ့ရခြင်းမှာ အင်အားချဲ့ထွက်လိုခြင်းကြောင့်မဟုတ်ပဲ တခြားအဖွဲ့များသို့မဝင်ချင်သောကြောင့်ဖြစ်သည်။ အခုတော့ သူတို့ ပုန်းလို့ ပင်မရတော့ပေ။
“ဒီနေ့ဘယ်လောက်ဝင်ကြလဲဆိုတာ သွားမေးကြည့်လို့ရလား” ဟန့်မြောင်ရွှမ်သည် စိတ်ဝင်တစားမေးလေသည်။
“အင်း” ရှီမာယူယူသည် သားအမိကျောက်တုံးထုတ်ကာ ဘေဂုံထန် အားဆက်သွယ်ပြီး ဒီနေ့အခြေအနေကိုမေးလိုက်သည်။
“ဒီနေ့က ကောင်းပါတယ် လူအများကြီးလာပေမယ့် မဝင်လိုက်ရတဲ့လူ လည်းများတယ်” ဘေဂုံထန်သည် အားတက်သရော်ပြောလေသည်။
“ဘာဖြစ်လို့လဲ”
“ဝမ်စီမြောင်နဲ့ မိုဘင်းတို့က ဒီနေ့မနက်အတူလာပြီး အဖွဲ့ထဲဝင်ကြ တယ်၊ သူတို့က ခြံဝန်းထဲမှာစောင့်ကြည့်နေကြတာ၊ ဟော်ဖန်ကဦးဆောင်ပြီး အဖွဲ့ထဲဝင်ချင်ရင် သူနဲ့တိုက်ရမယ်လို့ပြောတာ အဲဒါကြောင့် ဒီနေ့လာတဲ့သူ နည်းသွားတယ်”
ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ အကျိုးရှိတဲ့ အကြံပဲ….
***