← Chapters

ပြိုင်ပွဲစည်းမျဉ်းများ

Vol. 009 Ch. 855

ပြိုင်ပွဲစည်းမျဉ်းများ

Vol. 009 Ch. 855

ဆယ်ရက်ကျော်ကြာပြီးနောက်တွင် မုန့်ဆန်းချွယ်နှင့် တခြားဆရာများ ပြန်လာကြသည်။ သူတို့ပြန်လာသည်နှင့် ရှီမာယူယူနှင့် တခြားသူများကို လာ ရန်ခေါ်လိုက်သည်။

“ဂိုဏ်းကဒီတစ်ခေါက် ပြိုင်ပွဲအတွက် လစ်ဟင်းမှုကြီးသွားတယ်၊ မင်းတို့ ကျေးဇူးကြောင့်မို့ ကပ်ဘေးဆိုက်မသွားတာ၊ ဒါက မင်းတို့သုံးယောက် အတွက် ဆုပဲ” မုန့်ဆန်းချွယ်သည် စားပွဲပေါ်မှ သေတ္တာသုံးလုံးကို ညွှန်ပြလေ သည်။

ရှီမာယူယူသည် မယဉ်ကျေးလှပေ။ သူမ သွားပြီး သေတ္တာတစ်လုံးကို ပုံမှန်ကဲ့သို့ရွေးလိုက်သည်။ အထဲကိုကြည့်လိုက်ရာ လက်သီးဆုပ်အရွယ် ခရမ်းရောင်ကျောက်ကို မြင်လိုက်ရလေသည်။

“ခရမ်းရောင်အံ့ဖွယ်ဖန်ကျောက်လား” သူမသည် အံ့သြသဖြင့် အော် လိုက်လေသည်။ သူမသည် သေတ္တာအားနောက်တစ်ကြိမ်ဖွင့်ပြီး ပြောလိုက် သည် “ကျေးဇူးတင်ပါတယ် ဒါရိုက်တာမုန့်”

ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် သူမ ပစ္စည်းကိုသိမ်းလိုက်သည်ကို မြင် လိုက်သောအခါ သွားပြီး သေတ္တာကိုလက်ခံလေသည် “ကျေးဇူးတင်ပါတယ် ဒါရိုက်တာမုန့်”

“ဒါရိုက်တာမုန့် ရှေးဟောင်းယစ်ပလ္လင်နဲ့ အတူရှိနေတဲ့ ပစ္စည်းတွေရော ဘယ်လိုလဲ” ရှီမာယူယူ မေးလိုက်သည်။

“မဆိုးပါဘူး အရင်သွားတဲ့သူတွေတော့ အရည်အသွေးကောင်းတဲ့ ပစ္စည်းတချို့ရလိုက်တယ် ကြားထဲမှာ တိုက်ပွဲနည်းနည်းဖြစ်လိုက်ပေမယ့် ဂိုဏ်းကတော့ ဆုံးရှုံးမှုမရှိဘူး” ဒါရိုက်တာမုန့်သည် ဂုဏ်ယူစွာ ပြောလေ သည်။

ရှီမာယူယူသည် ထိုမြင်ကွင်းကို မြင်ယောင်ကြည့်မိသည်။ ဂိုဏ်းမှ အဆုံးအရှုံးမရှိ၍ တော်သေးသည်။ ဒါရိုက်တာမုန့်၏ အမူအရာကိုကြည့်ရာ တခြားသူများသာ အရှုံးနှင့်ရင်ဆိုင်လိုက်ရသည်ကို သူမ အတပ်ပြောနိုင် သည်။

သူတို့သည် ထိုနေရာအကြောင်းကို ပထမဆုံးတွေ့ရှိသူများဖြစ်ကြ သည်။ နှမြောစရာကောင်းသည်မှာ သူတို့သည် အားနည်းသဖြင့် မတတ်သာ ပဲ တခြားအင်အားကြီးများရှေ့တွင် နောက်ဆုတ်ပေးလိုက်ရသည်။

မုန့်ဆန်းချွယ်သည်လည်း နှမြောစရာကောင်းသည်ဟု ထင်မိသည်။

“ရွှေအလင်းတန်းထွက်တဲ့ ပစ္စည်းက ရှေးဟောင်းယစ်ပလ္လင်မှာရှိတဲ့ထဲ မှာ တန်ဖိုးအရှိဆုံးပစ္စည်းပဲ၊ အဲမြွေယူသွားတာ နှမြောစရာကြီး” မုန့်ဆန်းချွယ် သည် နှမြောတသစွာပြောလေသည် “ငါတို့သာ အဲဒါရလိုက်ရင် ဂိုဏ်းက အနိုင်ရလိုက်မှာပဲ”

ရှီမာယူယူသည် ဝိဉာဉ်စေတီအတွင်းရှိ အိပ်ပျော်နေသော ထိုမြွေ အကြောင်းကို စဉ်းစားမိလေသည်။ သူမသည် သူ၏ ညည်းညူမှုကို မကြား လိုက်မိပေ။

မု့န်ဆန်းချွယ်သည် မရှိတော့သည့် ရတနာအတွက် ခေတ္တမျှ စောဒက တက်မိသည်။ မည်သို့ပင်ဖြစ်စေကာမူ သူမမြင်လိုက်ရပေ။ မရှိမှတော့ မရှိဘူး လို့မှတ်ရမှာပေါ့။ သူမြင်ပြီးမှ ပျောက်သွားမ်ဆိုပါက သွေးပင်အန်မိတော့မည်။

“ဟုတ်သားပဲ မင်းအမှတ်ကအများဆုံးလို့ကြားတယ် မင်းပြိုင်ပွဲအတွင်း ကို အကောင်းဆုံးလုပ်ရမယ်” မုန့်ဆန်းချွယ် ပြောလိုက်သည်။

“ဒီတစ်ခေါက် ရလဒ်နဲ့ဆိုင်တာလား” ရှီမာယူယူ မေးလိုက်သည်။

“အင်း” မုန့်ဆန်းချွယ် ပြောလိုက်သည် “မမျှော်လင့်တာတွေဖြစ်ခဲ့ပေ မယ့် ကြားထဲမှာကို တချို့လူတွေက အမှတ်မဆိုးကြဘူး၊ အဲဒါကြောင့် ငါတို့ ဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်၊ ကောင်းပြီ မင်းတို့သွားပြီး ပြင်ဆင်လိုက် ကြတော့”

“ဒါဆို ပြိုင်ပွဲက ဘယ်တော့စမလဲ” ရှီမာယူယူ မေးလိုက်သည်။

“၃ရက်ကနေ ၅ရက်အတွင်းလောက်ဖြစ်မယ် ဂိုဏ်းက ကြေညာချက် ထုတ်ပါလိမ့်မယ်” မုန့်ဆန်းချွယ် ပြောလိုက်သည်။

“ဒါဆို ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”

“သွားပါ”

သူတို့သုံးယောက်သည် ပျော်ရွှင်စွာဖြင့် ရုံးခန်းမှထွက်လာပြီး အဆောင် များဆီသို့ ပြန်လာလိုက်ကြသည်။ သူမသည် အားလုံးကို ပြိုင်ပွဲအကြောင်း ပြောလိုက်သည်။

ပြိုင်ပွဲကျင်းပမည်ဟု သူတို့ကြားလိုက်သည်နှင့် တည်ငြိမ်နေသော သူတို့စိတ်များသည် ရုတ်တရက် လှုပ်ရှားလာကြသည်။

ဂိုဏ်း၏ ကြေညာချက်သည် နေ့လည်ပိုင်းတွင်ထွက်လာသည်။ စာရွက် တစ်ရွက်တွင် အဆင့်ပြိုင်ပွဲနေ့ရက်ကိုရေးထားပြီး နောက်တစ်ရွက်တွင် ပြိုင်ပွဲ ဝင်စာရင်းများကို ရေးထားသည်။

ဂိုဏ်းမှကျောင်းသားများမြင်သောအခါ သူတို့ထင်ထားသည့်အတိုင်းပင် ဖြစ်လေသည်။ သည်လိုနှင့် အဆင့်များကို အာရုံစိုက်ကြတော့ပေ။

အဆင့်ပြိုင်ပွဲသည် ၃ရက်ကြာပြီးနောက်တွင် စလေသည်။

ထိုနေ့တွင် ရှီမာယူယူနှင့် တခြားသူများသည် ပြိုင်ပွဲကွင်းသို့ စောစီးစွာ သွားလေသည်။ ဂိုဏ်းမှ ပြင်ဆင်ပြီးသည့်အခါတွင် ကွင်းပြင်ကို နေရာ ၅ခု အဖြစ် ပိုင်းခြားလိုက်သည်။ နေရာတစ်ခုတွင် စင်တစ်ခုစီရှိကြသည်။

“ဂိုဏ်းကတကယ်မြန်တာပဲ၊ စင်တွေဆောက်တာ ခဏပဲ” ဖက်တီးကျူ သက်ပြင်းချလေသည် “ဒါပေမဲ့ အဲစင်တွေက ခိုင်ပါ့မလား၊ ပြိုင်ပွဲလုပ်နေတုန်း တစ်ဝက်တစ်ပြက်မှာ ကျိုးကျမှာတော့ မဟုတ်လောက်ပါဘူးနော်”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ တကယ်သာကျိုးကျမယ်ဆိုရင် ဂိုဏ်းက အရမ်းကို နမော်နမဲ့နိုင်သွားမှာပေါ့” ထန်ယန်းနှင့် မိုဘင်းတို့ လျှောက်လာကာ သူတို့နှင့်အတူ ထိုင်လေသည်။

“ပြီးခဲ့တဲ့ စင်တွေကလည်း အတူတူပဲမလား”

“ပြိုင်ပွဲတွေက နှစ်တိုင်းအတူတူပဲလေ” ထန်ယန်း ပြောလိုက်သည် “အခုက အဂ္ဂိရတ်ပညာပြိုင်ပွဲလေ၊ သူတို့ပြိုင်ပွဲပြီးတာနဲ့ ဒီနေရာကို စင်အဖြစ် ပြောင်းလိုက်မှာ၊ ဒီမှာယာယီဆောက်တယ်ဆိုပြီး အထင်မသေးနဲ့၊ သူတို့ ပစ္စည်းတွေကလည်း ကောင်းတယ်၊ စင်ကျိုးတာမျိုး တစ်ခါမှမမြင်ဖူးဘူး”

“တကယ်လား” ဖက်တီးကျူ တခစ်ခစ်ရယ်လိုက်သည် “ဒီနှစ်ကို မကျိုးကျနိုင်ဘူးလို့မသိနိုင်ဘူးလေ”

“ကောင်လေး မင်းအကြောင်းမင်းပြောနေတာလား” ထန်ယန်း ရယ်မော လိုက်သည် “မင်းဆိုရင်တော့ နှစ်ရာဂဏန်းအတွင်းကို အဲလိုဖြစ်နိုင်လောက် တယ်”

ဖက်တီးသည် ခေါင်းကို အလေးအနက်ညိမ့်ကာ ပြောလိုက်သည် “အကောင်းဆုံးကြိုးစားပါ့မယ် ဒီကျောင်းကနေ ကျောင်းမပြီးခင်တော့ တစ်ခါ လောက်တော့ ချိုးသွားဦးမယ်”

“ဟား”

အားလုံးသည် ရယ်မောလိုက်ကြသည်။ သူတို့သည် ဒီလိုမျိုးရည်မှန်း ချက်အတွက် ဘာပြောရမည်ကို မသိတော့ပေ။

မနက်၈နာရီအချိန်တွင် ပြိုင်ပွဲကွင်းတွင် လူများဖြင့် ပြည့်နှက်သွားသည်။ အများစုမှာ ဂိုဏ်းမှကျောင်းသားများဖြစ်ကြပြီး အတန်းရှိသည်ဖြစ်စေ မရှိ သည်ဖြစ်စေ အားလုံးရောက်ရှိနေကြသည်။

ဂိုဏ်းမှ ဆရာများလျင်မြန်စွာရောက်လာကြသည်။ အရင်က ပြိုင်ပွဲများ တွင် ရှိနေကျထက် ပိုများသည်။ အများစုမှာ ပြိုင်ပွဲပြီးဆုံးသည်အထိ အကဲ ဖြတ်ရန် ဖြစ်သည်။

ဆရာများထဲမှ တစ်ယောက်သည် ကွင်းအလယ်သို့လာကာ အသံကို မြှင့်ပြီး “ဒီနေ့ အဆင့်ပြိုင်ပွဲရဲ့ ပထမအဆင့်ကို စပါမယ် စည်းမျဉ်းတွေကို ကြေညာပါမယ်”

ကြားထဲတွင် အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားသဖြင့် ပြိုင်ပွဲနှင့် ပတ်သတ်ပြီး အသစ်ဆိုသည်ကို ကျောင်းသားများရှာမတွေ့ပေ။

“ဒီနေ့က ပထမဆုံးပြိုင်ပွဲပဲ ရလာတဲ့အမှတ်တွေပေါ်မူတည်ပြီး ထိပ်တန်းအဆင့် ၅၀က အလိုလိုဝင်ခွင့်ရှိသွားမယ်၊ ကျန်တဲ့ ၁ထောင်က တော့ တစ်ဖွဲ့တည်းဖြစ်သွားမယ်၊ မင်းတို့ရဲ့ ပြိုင်ဘက်ကို မဲနှိုက်ရမယ်၊ ကျန်တဲ့ ၂၅ယောက်က ပြီးခဲ့တဲ့ တစ်ရာ….”

ဖက်တီးကျူသည် ထန်ယန်းဆီသို့ပြေးပြီး မေးလေသည် “လူက အားလုံးပေါင်း တစ်ထောင်လို့မပြောဘူးလား ဘယ်လိုလုပ် တစ်ထောင်ကျော် နေတာလဲ”

“မင်းကြေညာချက်ကို မတွေ့ဘူးလား” ထန်ယန်း ပြောလိုက်သည် “ကြေညာချက်မှာရေးထားတယ်လေ အထူးအခြေအနေတစ်ခုကြောင့် လူ ၅၀ ထပ်တိုးမယ်ဆိုတာ”

“သိပြီ”

“အားလုံးပဲ လာပြီး နံပါတ်တွေနှိုက်လို့ရပါပြီ” ထိုဆရာသည် လက်ကို ဝေ့ရမ်းလိုက်ရာ သေတ္တာတစ်လုံးသည် သူတို့ရှေ့တွင်ပေါ်လာသည်။ သေတ္တာထဲတွင် စာရွက် ၁၀ရွက်ရှီသည်။ ထို့နောက် လူတစ်ယောက်ရောက် လာကာ မဲနှိုက်ကြသည်။ သူတို့ပြီးသွားသည်နှင့် နောက်ထပ် ၁၀ရွက်အစား ထိုးရာ နောက်လူများ မဲလာနှိုက်ကြသည်။

ယူယူနှင့် တခြားသူများသည် ထိပ်တန်း အယောက် ၅၀တွင် ပါဝင်ကြ သဖြင့် ပြိုင်ပွဲတွင် ဝင်ပြိုင်ရန်မလိုပေ။ သူတို့သည် ထိုင်ပြီး ပွဲကြည့်ကြသည်။

ကျောင်းသားတစ်ထောင်တွင် ပြိုင်ပွဲ ငါးရာရှိကြသည်။ စင် ၅ခုရှိ တစ်စင် ချင်းစီတွင် ပွဲ ၁၀၀ကျင်းပကြသည်။ ထိုသည်မှာ ပထမဆုံးအချီရှိသေးသည်။

ဒုတိယပွဲတွင် ပွဲ ၂၅၀ကျင်းပသည်။ စင်တစ်စင်တွင် ပြိုင်ပွဲ ၅၀ ကျင်းပ သည်။

တတိယပွဲတွင် ၁၂၅ပွဲကျင်းပသည်။ တစ်စင်တွင် ၂၅ပွဲကျင်းပသည်။

ရှီမာယူယူနှင့် တခြားသူများသည် သူတို့ပါဝင်ပြိုင်ရသကဲ့သို့ ပြိုင်ပွဲကို ကြည့်ကြသည်။ သူတို့သည် ပွဲတစ်ခုချင်းစီ၏ အားနည်းချက် အားသာချက် များကို ဆွေးနွေးကြသည်။

“ထင်ထားတဲ့အတိုင်းပဲ ငါတို့ဂိုဏ်းကကျောင်းသားတွေက တစ်ယောက် ချင်းဆီကို အားကောင်းကြတယ်” ဖက်တီးကျူ သက်ပြင်းချလိုက်သည်။

“သူတို့က အဆင့်တူပေမယ့် တိုက်ပွဲစွမ်းရည်ကြောင့်ပဲ မိုးနဲ့မြေလို ကွာ သွားကြတာ၊ အဲဒါကြောင့် တိုက်ပွဲအတွေ့အကြုံက အရေးကြီးတယ်”

“ဟုတ်တယ်”

“ငါတို့က ဒီနေရာကို တစ်ဆင့်ချင်းစီတက်ပြီးမှ ရောက်လာကြတာ၊ တိုက်ပွဲအကြောင်းပြောမယ်ဆိုရင် သူတို့နဲ့ ပြိုင်လို့ရတယ်၊ ငါတို့က တခြားသူ တွေထက် တွေ့ကြုံခဲ့ရတာတွေများတယ်” ရှီမာယူလင်း ပြောလေသည်။

ရှီမာယူယူသည် သူတို့၏ ကျီစားပြောနေသည်ကို နားထောင်ပြီး ရုတ်တရက် မျက်လုံးအရောင်လက်ကာ သူတို့အား ပြောလိုက်သည် “မင်းတို့ ဆက်ကြည့်နေလိုက်ကြအုံး ငါလုပ်စရာရှိလို့ အရင်သွားနှင့်မယ်”

“ယူယူ ဘယ်သွားမလို့လဲ”

“အပြင်မှာ ငါ့ကိုလာရှာတဲ့လူရှိလို့” ရှီမာယူယူ ပြောလိုက်သည်။ “ရှောင်ချီ ငါနဲ့လိုက်ခဲ့”

“ရှောင်ချီရောလား”

***

All Chapters