ထူးဆန်းသောရောဂါ
Vol. 009 Ch. 856
ရှောင်ချီသည် ထိုင်ရာမှထကာ သူမကိုလက်တွဲကာ မေးလိုက်သည် “ရှောင်ချီတို့ ဂိုဏ်းကနေထွက်ရမှာလား”
“ဟုတ်တယ် ငါတို့ကိစ္စတချို့ရှင်းဖို့သွားရမှာ၊ မင်း ငါနဲ့လိုက်ခဲ့လိုက်” ရှီမာယူယူ မေးလိုက်သည်။
“အစကအဆင်ပြေနေတာမဟုတ်ဘူးလား ဘာလို့ရုတ်တရက်ကြီး သွား လုပ်ရမှာလဲ” ထန်ယန်း ပြောလိုက်သည် “ငါ့ကိုလဲခေါ်သွားပေးပါလား”
“ခင်ဗျားက ရှောင်ချီ့လို ချစ်စရာလည်းမကောင်းဘူး သူမလို အား လည်း မကောင်းဘူး၊ ခင်ဗျားကို ဘာလို့ခေါ်သွားရမှာလဲ” ရှီမာယူယူသည် ထို ဘဝင်မြင့်ပြီး ကပ်တပ်တပ်ဖြစ်သော လူအား တိုက်ခိုက်လိုက်သည်။ ပြောပြီး နောက်တွင် သူမသည် သူ၏စူပုပ်နေသော မျက်နှာအားလျစ်လျူရှုပြီး ရှောင်ချီ့ကို ဆွဲပြီးထွက်သွားလိုက်သည်။
ဝေကြီးနှင့် ဝေလေးတို့သည် သူမအားမြင်ပြီးနောက် အဆင့်ပြိုင်ပွဲတွင် သူမ ဘာကြောင့်ဝင်မပြိုင်လဲဆိုသည်ကို သိချင်နေသည်။ သူတို့သည် သူမကို ထွက်ခွင့်ပေးမည်မှာတော့ အထင်အရှားပင်။
သူတို့ဂိတ်မှထွက်သည်နှင့် ရှောင်ချီမေးလိုက်သည် “ဟိုလူရှီချန်းတို့ ပြန် လာတာလား”
“ဟုတ်တယ် သူရောက်နေပြီ ငါတို့ကိုအမှတ်တရစားသောက်ဆိုင်မှာ စောင့်နေတယ်” ရှီမာယူယူ ပြောလိုက်သည် “တခြားသူတွေက အံ့ဖွယ် နတ်ဆိုးတောင်ကြားက ငါ့ကိုစကားပါးလိုက်တာ၊ ဆရာ့သတင်းကို ပြောစရာ ရှိတယ်လို့ ပြောတယ်”
“ဒါဆိုရင် အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ဆိုင်ကိုအရင်သွားမှာလား အမှတ်တရစားသောက်ဆိုင်ကိုအရင်သွားပြီး ရှီချန်းကျိ ဘယ်သူ့ကိုခေါ်လာ လဲဆိုတာ သွားကြည့်မှာလား” ရှောင်ချီမေးလိုက်သည်။
“ရှီချန်းကျိကိုအရင်သွားရှာကြမယ်” ရှီမာယူယူ ပြောလိုက်သည် “ဘာ တွေဖြစ်နေလဲဆိုတာသိမှ ထပ်ပြောကြတာပေါ့”
“အိုခေ”
သူတို့သည် အမှတ်တရစားသောက်ဆိုင်သို့ဦးတည်သွားကြရာ ဆိုင် တာဝန်ခံသည် သူမကိုမြင်သောအခါ ချက်ချင်းပင် နှုတ်ဆက်လေသည်။
“ရှီချန်းကျိနေတဲ့ အခန်းကဘယ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။
“လရောင်အထပ် ကောင်းကင် တတိယအခန်း” တာဝန်ခံ ပြောလိုက် သည် “သူက သခင်လေးကို ဒီမှာပဲတစ်ချိန်လုံးစောင့်မှာမို့ သခင်လေးရောက် တာနဲ့ ချက်ချင်း သူ့ကိုလာရှာဖို့ မှာထားပါတယ်”
“သိပြီ ခင်ဗျားသွားလို့ရပါပြီ” ရှီမာယူယူသည် တာဝန်ခံအားပြောလိုက် သည်။
သူမသည် ရှောင်ချီအားခေါ်ပြီး လရောင်အထပ်သို့သွားပြီး ထောင့်ရှိ အခန်းသို့သွားလိုက်သည်။ သူမ တံခါးမခေါက်ခင်ပင် တံခါးပွင့်လာသည်။
“မင်းတို့ရောက်တာလာမြန်သားပဲ” ရှီချန်းကျိ၏ အသံသည် အထဲမှ အပြင်သို့ထွက်လာသည် “အနောက်ကတံခါးပိတ်လိုက်ပါ”
ရှီမာယူယူနှင့် ရှောင်ချီတို့ဝင်လိုက်ကြသည်။ အစကကျယ်ဝန်းသော အခန်းသည် ပြုပြင်ပြောင်းလဲထားသည်ကို သူတို့သတိထားမိလိုက်ကြသည်။ အပြင်နှင့်ဆက်သွယ်ထားသော အိမ်အတွင်းတံခါးကို အနက်ရောင်အဝတ် ဖြင့် ကာထားသဖြင့် တစ်ခန်းလုံး အနက်ရောင်လွှမ်းနေသည်။
“အခန်းကိုဘာလို့ဒီလိုဖြစ်အောင် ပြောင်းလိုက်တာလဲ” ရှီမာယူယူသည် အနည်းငယ် နားမလည်စွာမေးလေသည်။
“ဝင်လိုက်ရင် သိလိမ့်မယ်” ရှီချန်းကျိ၏ အသံသည်အထဲမှထွက်လာ သည်။
ရှီမာယူယူနှင့် ရှောင်ချီတို့သည် အကြည့်ချင်းဖလှယ်ပြီးနောက် အခန်း ထဲသို့ အတူဝင်သွားလိုက်ကြသည်။ အနက်ရောင်အဝတ်ကို ဆွဲဖယ် ပြီးနောက်တွင် တကယ်ကိုပင် မမေ့နိုင်သောမြင်ကွင်းကို မြင်လိုက်ရလေ သည်။
ကြီးမားသောအနက်ရောင် အဝတ်ကြီးတစ်ခုသည် တစ်ခန်းလုံးကို ဖုံးအုပ်ထားသည်။ ထိုအထဲတွင် သုံးလွှာတင်းကြပ်စွာ ထုတ်ပိုးထားသည်။ အလင်းအနည်းငယ်မျှ ဝင်ရန်နေရာမရှိပေ။
ထိုအဝတ်များထဲတွင် လူကောင်သေးပြီး ပြည်တည်နာပြည့်နေသော အရေပြားနှင့် လူတစ်ယောက်ရှိနေလေသည်။ အိပ်ယာပေါ်တွင်လှဲနေသော ထိုလူ၏ မျက်နှာကိုမမြင်ရသော်လည်း သူသည် နာကျင်သဖြင့် ငိုကျွေးနေ လေသည်။
ရှီချန်းကျိသည် ဘေးတွင်ထိုင်နေသည်။ သူ၏ အိပ်ယာပေါ်တွင်လှဲနေ သော လူအားကြည့်နေသောအကြည့်သည် နာကျင်မှုအပြည့်ဖြစ်နေသည်။
“သူက ခင်ဗျားကယ်ချင်တဲ့လူလား” ရှီမာယူယူသည် လျှောက်လာရင်း မေးလိုက်သည်။
“မသိတီစရာကောင်းတယ်လို့ထင်ထား” ရှီချန်းကျိသည် ခေါင်းမော့လာ သည်။
ရှီမာယူယူ ခေါင်းရမ်းလိုက်သည် “ငရဲဝတံခါးကို ဖြတ်လျှောက်လာတဲ့ လူတွေအတွက်တော့ ကြောက်စရာဆိုတာ ဘာမှမရှိတော့ဘူး၊ ငယ်တဲ့လူ အတွက်ဆို ပိုပြီးတောင်ကြောက်စရာမရှိဘူး၊ သနားစရာကောင်းတယ်လို့ပဲ ခံစားရတာပါ ရွံစရာကောင်းတယ်လို့မတွေးပါဘူး”
ရှီချန်းကျိသည် ထိုကဲ့သို့အဖြေမျိုးကြားရမည်ဟု မထင်ထားပေ “မင်းက တကယ်ပဲ သူပြောတဲ့အတိုင်းပဲ ထူးခြားတယ်”
သူဆိုလိုသည့် ‘သူ’ ဆိုသည်မှာ ကျန်းကျူရှန့်ကိုဆိုလိုခြင်းဖြစ်သည်။
“သူမက ဘယ်သူလဲ ဘယ်လိုဖြစ်သွားတာလဲ”
“ဒါက ငါ့ညီမလေးပါ ရှီချူးရှောင်ပါ၊ သူမက တခြားသူတွေလိုပဲ လန်းဆန်းတက်ကြွပြီး ချစ်စရာကောင်းတဲ့ကလေးဖြစ်ခဲ့တာ” ရှီချန်းကျိ ပြော လေသည်။
“ဒါဆို သူမကဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ” ရှောင်ချီမေးလိုက် သည်။
“သူမ နေရာတစ်ခုကိုသွားခဲ့တယ် အဲဒီမှာ ဘယ်လိုတွေကြုံတွေ့ခဲ့လဲ တော့မသိဘူး ဒါပေမဲ့ အဲကတည်းက သူမက သေးသေးသွားပြီး ကလေး တစ်ယောက်အရွယ်အစားဖြစ်သွားတာပဲ ငါတို့အဆိပ်ဆရာက နည်းလမ်း အများကြီးစဉ်းစားခဲ့တယ် ဒါပေမဲ့ ဘာဖြစ်လဲဆိုတာကို မရှာနိုင်ခဲ့ဘူး၊ သူမ ခန္ဓာကိုယ်က ပြီးခဲ့တဲ့နှစ်တွေကစပြီး ဆွေးမြေ့လာတာ အခုဒီလိုပုံဖြစ်သွား တာပဲ”
“သူမက ကလေးမဟုတ်ဘူးလား” ရှောင်ချီသည်ပင်လျှင် တွေ့တွေ့ ချင်းက သူမနှင့် သက်တူရွယ်တူဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသည်။ အများကြီး မတွေးခဲ့ပေ။
“မဟုတ်ဘူး” ရှီချန်းကျိသည် ခေါင်းရမ်းလိုက်သည် “သူမက ကျန်းကျူရှန့်ထက်တောင် အသက်ကြီးတယ်”
“ဒါဆို သူမက သာမန်လူလို့ပြောလိုက်တာလား” ရှီမာယူယူ ပြောလိုက် သည်။
“ဟုတ်တယ်”
“ကျွန်တော် သူမရဲ့သရုပ်မှန်ကိုသိချင်တယ်၊ သူမက ဘယ်သူမို့လို့ အတွင်းပိုင်းသတ်ဖြတ်မှု အဖွဲ့အစည်းတစ်ခုလုံးကို ပြောင်းအောင်လုပ်နိုင်ရ တာလဲ၊ ခင်ဗျားတို့က ရှောင်ချီ့ကိုဖမ်းမယ့်ကိစ္စကိုတောင် ဘေးချိတ်ပြီးတော့ ကျွန်တော်တို့ လုံခြုံမှုအတွက်တောင် အာမခံပေးလိုက်သေးတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီအချက်ကိုမရှင်းနိုင်ရင် အလိမ်ခံရမှာစိုးတယ်”
“….”
ရှီချန်းကျိသည် သူမအား ဆွံ့အစွာကြည့်လိုက်သည်။ သူမလောက် တည့်တိုးပြောတတ်တဲ့သူရှိပါဦးမလား။
“သူက ဆရာ့ရဲ့ တစ်ဦးတည်းသောသမီးပဲ၊ သူမက ငယ်ငယ်ကတည်း က အမြဲတမ်းအချစ်ခံခဲ့ရတယ်၊ သူက သူမကိုအလိုလိုက်ပြီး ပိုးမွေးသလိုမွေး ခဲ့တာ၊ ဆရာ့ရဲ့မျက်လုံးထဲမှာတော့ ရှောင်ချီက သူမနဲ့ယှဉ်မရဘူး” ရှီချန်းကျိ သည် ရှီမာယူယူမယုံကြည့်သည့်ပုံရှိသည်ကိုတွေ့ပြောအခါ ထပ်ပြောလိုက် သည် “ငါ့ဆရာက နန်းတော်သခင်ပဲ”
“ခင်ဗျားတို့ အဆိပ်သခင်က အတူလာလား”
“သူက တာပေါ်လင်အစ သွားကြည့်တယ်” ရှီထန်းကျိ ပြောလိုက်သည် “ဒီနေရာကို အလင်းလုံးဝမဝင်နိုင်အောင် လုပ်ရမယ်၊ ဂျူနီယာညီမလေးက နေရောင်ထိမိတာနဲ့ တစ်ကိုယ်လုံးနာကျင်မှုကိုခံစားရတယ်၊ အဲဒါကြောင့် သူမ ကိုနေရာရွေ့ဖို့မဖြစ်နိုင်ဘူးဆိုတာပြောတာ”
“ကျွန်တော် သူမကိုသွားစမ်းသပ်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဂရုစိုက်ပါ၊ နည်းနည်းလောက်ထိတာနဲ့ နာကျင်မှုဖြစ်တတ်လို့ပါ” ရှီချန်းကျိ သတိပေးလိုက်သည်။
“ကျွန်တော်နားလည်ပါတယ်” ရှီမာယူယူသည် အိပ်ရာဘေးလျှောက် သွားလိုက်ရာ သူမ ခံစားနေရသည်ကို မြင်ရသောအခါ သက်ပြင်းချလေ သည် “တကယ်သန်မာတဲ့အမျိုးသမီးပဲ”
ရှီချူးရှောင် မျက်လုံးများပွင့်လာသည်။ သူမသည် အမုန်းတရားနှင့်ပြည့် နေကာ ခံစားမှုကင်းသော မျက်လုံးတစ်စုံကိုမြင်ရလိမ့်မည်ဟု ထင်းထားခဲ့ သည်။ သူမအဖေနှင့်စီနီယာများမှလွဲပြီး ဂိုဏ်းမှတခြားသူများသည် ပါးစပ်ဖျား မှ သနားစရာကောင်းသော မိန်းကလေးဟုသာပြောနေကြသော်လည်း သူတို့ ၏ မျက်လုံးများတွင် အမုန်းတရားများရှိနေကြသည်။
သို့သော သူမရှေ့မှ မျက်လုံးတစ်စုံသည် ကိုယ်ချင်းစာမှုနှင့် အာရုံ စူးစိုက်မှုကိုသာ မြင်ရသည်။
သူမသည် သူမကိုမုန်းတီးခြင်းမရှိသလို သနားခြင်းလည်းမရှိပေ။
ရှီမာယူယူသည် ရုတ်တရက် မုန်းတီးမှုဖြင့်ပြည့်နေသော မျက်လုံးတစ်စုံ ကိုမြင်လိုက်ရသောအခါ မှင်တက်သွားသည်။ သူမသည် မသိစိတ်ဖြင့် ရှင်းပြ မိသည် “မိန်းကလေးရှီ ကျွန်တော်က ခင်ဗျားရဲ့အခြေအနေကို စစ်ဆေးပေး မလို့ပါ”
“ရှင်က သမားတော်လား” ရှီချူးရှောင်၏ အသံသည် အာခေါင်ခြစ်သံ ဖြင့် ပြောလေသည်။
“ဟုတ်ပါတယ် ကျွန်တော်ကကောင်းကင်ဂိုဏ်းမှာ စာသင်နေတာ နှစ် နည်းနည်းကြာပါပြီ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“အဆိပ်သခင်တောင် ဘာလုပ်ရမှန်းမသိတာ…”
“သူမသိတာပဲရှိတာလေ ကျွန်တော်မသိဘူးလို့ ဆိုလိုတာမှမဟုတ်တာ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်ကလည်း ခင်ဗျားခန္ဓာကိုယ်ကို စမ်းသပ်ကြည့်မှာသိမှာပေါ့၊ ဒီအတိုင်းပဲ ရှောင်ချီ့ကို ဆေးအဖြစ်နဲ့ ဘယ်လို သုံးရမလဲဆိုတာ နည်းလမ်းသိချင်ရုံပါ”
သူမသည် တစ်စုံတစ်ခုကို စဉ်းစားမိပုံပေါ်ကာ ခေါင်းမော့လာပြီး ရှီချန်းကျိကို ကြည့်ကာ မေးလိုက်သည် “ရှောင်ချီက သူမကိုကယ်နိုင်တယ်လို့ ပြောခဲ့တယ်မလား ဘာလို့ကုဖို့နည်းမရှိဘူးလို့ပြောရတာလဲ”
“သူပြောတာက ရှောင်ချီနဲ့ဆိုရင် သူမနာကျင်မှု သက်သာသွားစေမယ် လို့ပဲပြောခဲ့တာ” ရှီချန်းကျိ ပြောလိုက်သည်။
ရှီမာယူယူသည် အခုမှပင်လှည့်ပြီးပြောလိုက်သည် “ကျွန်တော် အရင် ဆုံး ခင်ဗျားရဲ့သွေးကြောကို စမ်းပါမယ်”
ရှီချူးရှောင်သည် လက်ကို ဆန့်ပေးလိုက်သည်။ အခုချိန်တွင် သူမ လက်ရှိအရေပြားမှာ အကောင်းအတိုင်းရှိသည့် နေရာဟူ၍မရှိတော့ပေ။ ပုပ် တော့မည့်ပုံစံဖြစ်နေကာ ပြည်များပင်ထွက်နေသည်။
သို့သော် ရှီမာယူယူသည် ဘာကိုမှမမြင်သည့်အတိုင်းပင် ပုံမှန်အတိုင်း သူမ လက်ပေါ်တင်လိုက်သည်။
“ကျွတ်”
ပြင်းထန်သောနာကျင်မှုသည် ကျယ်လောင်သော ညည်းညူသံကို ထွက်လာစေသည်။
“ကျွန်တော်ခင်ဗျားကို စမ်းသပ်ရလိမ့်မယ် မဟုတ်ရင် အခြေအနေကို မသိရရင် ခင်ဗျားကို ကုသဖို့နည်းလမ်းရှာလို့ရမှာမဟုတ်ဘူး နည်းနည်းနာ တယ်ဆိုရင်တောင် သည်းခံပေးပါ” ရှီမာယူယူသည် သူမ၏ သေးငယ်သော ခန္ဓာကိုယ်ကို မြင်သောအခါ မသိစိတ်မှ ကလေးတစ်ယောက်ကဲ့သို့ ကြည့်မိ လေသည်။
***