ဉာဏ်မမှီသော အဆိပ်သခင်
Vol. 009 Ch. 858
ရှီချူးရှောင်သည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ဘယ်လို ပဲဖြစ်ဖြစ် ကျွန်တော် နာကျင်မှုတွေကို ဒီလောက်နှစ်အများကြီးခံစားရပြီးပြီ နှစ်လလောက်တော့ ဘာမှမဟုတ်ပါဘူး”
“ဒါဆိုလည်း ကောင်းပါပြီ” ရှီမာယူယူသည် သူမအား ဖိအားမပေးပေ “ခင်ဗျားကို ကုဖို့နည်းလမ်းကို ကျွန်တော် အကောင်းဆုံးစဉ်းစားမှာပါ”
ရှောင်ချီသည် ရုတ်တရက် တစ်စုံတစ်ခုကိုစဉ်းစားမိကာ သူမ အင်္ကျိ လက်ကိုဆွဲလိုက်သည်။ သူမသည် စိတ်လှုပ်ရှားစွာမေးလေသည် “ရှောင်ချီ့ အသားကို တကယ်ပဲစားဖို့လိုမလား”
“မလိုဘူး ရှောင်ချီနဲ့ ဘာမှလုပ်လို့မရဘူး” ရှီမာယူယူသည် သူမ ခေါင်း ကိုပုတ်ပြီး နှစ်သိမ့်လိုက်သည်။
“ဒါပေမဲ့ သူတို့အဆိပ်သခင်ပြောတော့ ရှောင်ချီ့ရဲ့ အသားကိုစားရင် ဖြစ်နိုင်တယ်ဆို” ရှောင်ချီ မေးလိုက်သည်။
“ခင်ဗျားတို့ အဆိပ်သခင်လို့ပြောရင်းနဲ့ သူရော…” ရှီမာယူယူသည် ပြတင်းပေါက်ကိုကြည့်လိုက်သည် “သူက အဝတ်နက်သွားရှာတယ်လို့ ပြော တယ်မလား၊ အခုအဝတ်တွေအကုန်ဖယ်ပြီးတာတောင် ဘာလို့ပြန်မလာသေး တာလဲ”
ရှီချန်းကျိသည်လည်း အနည်းငယ်ထူးဆန်းသည်ဟု ထင်မိသည်။ အစောပိုင်းက အကြောင်းအရာများစွာဖြစ်ခဲ့သဖြင့် သူတို့သည် အဆိပ်သခင် ၏ တည်ရှိမှုကိုပင် မေ့နေလေသည်။ အခုစဉ်းစားမိသောအခါ တစ်ခုခုပင်။
“ကိုယ့်လူတို့” သူခေါ်လိုက်သည်နှင့် အနက်ဝတ်အမျိုးသားတစ် ယောက်သည် ချက်ချင်းပင် အိမ်ထဲမှထွက်လာသည်။
“ဆရာအံ့ဖွယ်တမန်တော်” ထိုလူသည် ရှီချန်းကျိကို နှုတ်ဆက်လိုက် သည်။
“အဆိပ်သခင်ဘယ်မှာလဲ” ရှီချန်းကျိ မေးလိုက်သည်။
“အဆိပ်သခင်က တည်းခိုဆောင်ကထွက်သွားပြီး ဘယ်နေရာကို သွား လဲမသိပါဘူး” အနက်ဝတ်အမျိုးသားပြန်ဖြေလေသည်။
“သူက တည်းခိုဆောင်ကထွက်သွားတာလား” ရှီချန်းကျိ မေးလိုက် သည်။
“ဟုတ်ပါတယ်”
“သူဘယ်တုန်းကထွက်သွားတာလဲ” ရှီချန်းကျိ ထပ်မေးပြန်သည်။
“ဒီအိမ်ကထွက်သွားကတည်းကပဲ” အနက်ဝတ်အမျိုးသားပြန်ဖြေလေ သည်။
“နားလည်ပြီ မင်းအောက်ကိုအရင်ဆင်းနှင့်” ရှီချန်းကျိသည် သူ့ဘက်သို့ လက်ရမ်းပြလိုက်သည်။
လျက်တပြက်ပင် အနက်ဝတ်အမျိုးသားသည် အိမ်ထဲမှပျောက်သွား လေသည်။
“အဲဒီအဆိပ်သခင်က ခင်ဗျားရဲ့ထိန်းချုပ်မှုအောက်မှာမရှိဘူးထင်တယ်” ရှီမာယူယူသည် လက်ပိုက်ကာပြောလိုက်သည်။
ရှီချန်းကျိသည် အဆိပ်သခင်ဘယ်နေရာသွားသလဲဆိုသည်ကို စဉ်းစား နေဆဲပင်။ သို့သော် သူသည် သွားသည်ကိုပင် ဘာမှပြောမသွားပေ။
“မင်းရဲ့ကုသမှုအတွက် သူ့ကိုလိုလို့လား”
“မလိုပါဘူး၊ ဒါပေမဲ့ ရှောင်ချီ့အပေါ် အစီအစဉ်ရှိတဲ့သူကို ကျွန်တော် တွေ့ချင်လို့ပါ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုရင် နောက်ကိုမင်းနဲ့သူ့ကိုပေးတွေ့ပါမယ်၊ ဒါပေမဲ့ ငါအခုစဉ်းစား တာက မင်းဂျူနီယာညီမလေးရဲ့ အခြေအနေကို ဘာလုပ်ရမယ်ဆိုတာ စဉ်းစားသင့်တယ်ထင်တယ် ဟုတ်တယ်မလား”
“ဒီအချိန်တော့ သူမအခြေအနေကို သိပ်မရှင်းလင်းသေးဘူး ထပ်ပြီး လေ့လာရဦးမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီနေ့တော့လုပ်စရာလေးတွေ ရှိသေးတယ်၊ ကျွန်တော်အကြံတစ်ခုခုရရင် ပြန်လာခဲ့ပါမယ်”
“ပြန်တော့မလို့လား” သူမ ထိုနေရာတွင် ခဏနေထိုင်ကာ သူ၏ ဂျူနီယာညီမလေးကို ကုပေးမည်ဟု ရှီချန်းကျိထင်ခဲ့သည်။
“ကျွန်တော်က အခုမှကျောင်းသားပဲရှိသေးတာ ဂိုဏ်းကိုပြန်ရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ အဆင့်ပြိုင်ပွဲအကြောင်းကို ခင်ဗျား ကြားမိမယ်ထင်တယ်၊ စီနီယာအစ်ကိုကြီးက ခင်ဗျားကိုအရင်ကပြောပြမှာပါ၊ အခုက ကျွန်တော့်ပြိုင်ပွဲအချိန်ကြီး ပြန်သွားပြီးပြိုင်ရမယ်”
“အင်း ရပါတယ်၊ ဒါဆိုရင် မြန်မြန်ပြန်လိုက်ပါ” ရှီချန်းကျိသည် မိခင် ကျောက်တုံးထုတ်ကာ ပြောလိုက်သည် “ဒါကိုယူထားလိုက်ပါ ဒါနဲ့ဆို မင်းကို လွယ်လွယ် ခြေရာခံလိုက်ရမယ်”
“ကောင်းပြီ” ရှီမာယူယူသည် မိခင်ကျောက်တုံးကိုသိမ်းပြီးသည်နှင့် ရှောင်ချီ့ကိုခေါ်ကာ ထွက်သွားလေသည်။
“ချန်းကျိ သူတို့ကိုထွက်သွားခွင့်ပေးလို့မရဘူး” အနက်ဝတ် အမျိုးသားတစ်ယောက် လျှောက်ဝင်သည်နှင့် ပွင့်လင်းသောအသံနိမ့်နိမ့် တစ်ခုသည် လျှောက်လမ်းမှထွက်လာသည်။
ရှီချန်းကျိသည် ဝင်လာသောထိုလူအားကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “ဘယ်တွေသွားနေတာလဲ၊ အပြင်မှာပဲစောင့်နေမယ်လို့ ပြော ခဲ့တာမဟုတ်ဘူးလား”
လေ့ထျန်ခွမ်သည် သူ၏ အမေးကိုလုံးဝလျစ်လျူရှုပြီး တည်ငြိမ်စွာ ထပ် ပြောလေသည် “ချန်းကျိ ဒါရှားပါးတဲ့အခွင့်အရေးပဲ သူတို့ကိုထွက်သွားခွင့် မပေးနဲ့”
“ခင်ဗျားက အဲဒီအဆိပ်သခင်ဆိုတာဖြစ်ရမယ်၊ သူမကို ငါတစ်ယောက် တည်းကပဲ ကယ်နိုင်မယ်လို့ပြောတဲ့တစ်ယောက်မလား” ရှောင်ချီသည် လေ့ထျန်ခွမ်ကိုတွေ့သောအခါ ဒေါသထွက်လေသည်။
“ဒါက ကမ္ဘာမြေကြီးမျက်လုံးဖြစ်ရမယ်” လေ့ထျန်ခွမ်သည် ရှောင်ချီ့ အားတောက်ပသော မျက်လုံးများဖြင့်ကြည့်လေသည်။
“ဘိုးတော်ကြီး ငါ့ကို အခွင့်အရေးယူချင်တာမလား” ရှောင်ချီသည် သူ့ အား ဒေါသဖြင့်ကြည့်လေသည်။ သူသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားကာ သူ့ကိုထိုးပစ်ချင်မိသည်။ သို့သော် ရှီမာယူယူသည် သူမကို တားလိုက်သည်။
“သခင်လေးရှီ သခင်မလေးရှီ ကျွန်တော်လုပ်စရာရှိလို့ အရင်သွားနှင့်ပါ မယ်” ရှီမာယူယူသည် သူတို့နှစ်ယောက်ရှိရာသို့ ခေါင်းညိမ့်ပြကာ ရှောင်ချီ့ အားလက်ဆွဲပြီး ထွက်သွားရန်ပြင်လေသည်။
“ရပ်လိုက်” လေ့ထျန်ခွမ် အော်လိုက်သည် “မင်းကထွက်သွားချင်သေး တယ်ဟုတ်လား၊ ဒီကိုရောက်လာမှတော့ လိမ်လိမ်မာမာနဲ့နေခဲ့တာကောင်း မယ်”
ရှီမာယူယူ မျက်နှာတင်းသွားကာ ပြောလိုက်သည် “ဒါဘာအဓိပ္ပာယ်လဲ ကျွန်တော်တို့ကို ဖိအားပေးပြီးနေခိုင်းနေတာလား”
“မင်းသွားလို့ရတယ် ဒါပေမဲ့ ကမ္ဘာမြေကြီးမျက်လုံးကတော့ နေခဲ့” လေ့ထျန်ခွမ် ပြောလိုက်သည် “သူမက ငါတို့သခင်မလေးကုဖို့အတွက် လိုတဲ့ ဆေးပဲ”
“သေလိုက်” ရှောင်ချီ ကျိန်ဆဲလိုက်သည် “ဒါက ငါနဲ့ဘာမှမဆိုင်ဘူးလို့ ယူယူ အစောကြီးကတည်းက သေချာပေါက်ပြောပြီးသွားပြီ၊ ပြီးတော့ ငါက သူမကို ကုတဲ့နေရာမှာ အကူအညီမဖြစ်ဘူး၊ မင်းက ဒီအတိုင်းအခြေအနေကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးအတွက်လုပ်နေတာပဲ၊ ငါ တစ်ချက်လောက် ထိုးပြီးမင်းကို သတ်ပြမှယုံမှာလား”
ရှီမာယူယူသည် စိတ်လှုပ်ရှားခြင်းမရှိကာ ရှီချန်းကျိအားကြည့်ကာ ပြော လိုက်သည် “ခင်ဗျားဘာပြောချင်လဲ”
“သူတို့ကိုလွှတ်လိုက်ပါ” ရှီချန်းကျိသည် လေ့ထျန်ခွမ်ကို သူ၏ ရာထူး ကို ထင်ရှားအောင် အတိအကျအမိန့်ပေးလိုက်သည်။
“ချန်းကျိ၊ မင်းသခင်မလေးကိုမကယ်ချင်ဘူးလား” လေ့ထျန်ခွမ်သည် သူ့အား အံ့အားသင့်စွာကြည့်လေသည် “မင်းမေ့မပစ်နဲ့နော် ငါတို့ဂိုဏ်းက ကမ္ဘာမြေကြီးမျက်လုံးရဖို့ အမိန့်ပေးထားတယ်၊ ငါတို့အဲအတွက်လည်း အများ ကြီးအားစိုက်ခဲ့တယ်၊ အခု ငါတို့မျက်စိရှေ့ရောက်နေပြီ ငါတို့ လက်လျော့ လိုက်ရမှာလား”
ရှီချန်းကျိသည် သူ့အားကြည့်ပြီး ပြောလိုက်သည် “မင်းဂျူနီယာ ညီမလေးကို တကယ်ကယ်ချင်တာလား၊ မဟုတ်ရင် တခြားရည်ရွယ်ချက် ရှိ နေတာလား”
“သခင်မလေးကိုကယ်ချင်တာပေါ့၊ ဒီနှစ်တွေမှာ သခင်မလေးရဲ့ အသက်က ငါ့ရဲ့ပထမဦးစားပေးပဲ၊ ဒါပေါ့ သူမကိုပြန်ကောင်းစေချင်တာပဲလေ”
“ဒါပေမဲ့ မင်းလုံးဝကို အားမစိုက်ခဲ့ဘူးလေ” ရှီချန်းကျိ ပြောလိုက်သည် “ဂျူနီယာညီမလေးက နှစ်ပေါင်းများစွာ ခံစားလာရတာ အဲဒါကို မင်းက ရပ် အောင်လုပ်ဖို့ မစဉ်းစားခဲ့ဘူး၊ မင်းမလုပ်နိုင်တာလား မလုပ်ချင်တာလား”
“ချင်းကျိ ဒီအကြောင်းပြောဖို့အချိန်မဟုတ်သေးဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သူမကိုဖမ်းပြီး သခင်မလေးကိုကုရမယ်” လေ့ထျန်ခွမ် ပြောလိုက်သည်။
“ခင်ဗျားတကယ်ပဲ သခင်မလေးရှီကို ကုချင်တာလား” ရှီမာယူယူသည် ဘေးမှ နှာမှုတ်မိသည် “သူမကို ဒီလောက်ဂရုစိုက်တယ်ဆိုရင် ဘာလို့ ဒီလောက်အကြာပြီး ပစ်ထားတာလဲ၊ ဒီအိမ်ဘာတွေကွာခြားသွားလဲဆိုတာ ခင်ဗျားသတိတောင်မထားမိဘူးမလား၊ သူမကိုအဲလောက်ဂရုစိုက်တယ်ဆို ရင် သူမခန္ဓာကိုယ်ပေါ်အလင်းကျနေတာကို စိုးရိမ်တဲ့အမူအရာတောင်မရှိဘူး”
“ငါ….”
“ဒါပေမဲ့ ခင်ဗျားဝင်လာကတည်းက ခင်ဗျားအာရုံက ရှောင်ချီ့အပေါ်ပဲ ရောက်နေတာ” ရှီမာယူယူသည် ကြားဖြတ်ပြောလိုက်သည် “ကမ္ဘာမြေကြီး မျက်လုံးကိုလိုတာ သခင်မလေးရှီမဟုတ်ပဲ ခင်ဗျားကပဲ လိုချင်နေတာဖြစ် တယ်”
ရှီမာယူယူ ပြောစကားများကိုကြားလိုက်သောအခါ ရှီချန်းကျိ၏ အမူ အရာသည် အလွန်မည်းနက်သွားလေသည်။ လေ့ထျန်ခွမ်ဝင်လာ ကတည်း ကပင် ဂျူနီယာညီမကိုတစ်ချက်မှပင်မကြည့်ခဲ့ပေ။ သူမ၏ အခြေအနေကို စိုးရိမ်စိတ်နည်းမှုကိုပြနေသည်။
“လေ့ထျန်ခွမ် ဒါတကယ်ပဲလား”
“ရှီချန်းကျိ ငါတို့က တစ်ဂိုဏ်းတည်းသားတွေပါ၊ ငါ့ကိုမယုံပဲ ဘာလို့ သူ့ကိုယုံရတာလဲ” လေ့ထျန်ခွမ် အော်လေသည်။
“မင်းကိုယုံတယ်ဟုတ်လား ငါဘယ်တုန်းကယုံခဲ့တာလဲ၊ ဆရာက မင်းကိုလာခိုင်းတာသာမဟုတ်ရင် ငါကမင်းကိုမလာခိုင်းဘူး” ရှီချန်းကျိ ပြော လိုက်သည် “တကယ်တော့ မင်းလာတာလည်း အသုံးမဝင်ဘူး၊ ငါက ဆရာ့ကို လေးစားသမှုပြတာပဲရှိတာ”
“ရှီချန်းကျိ ငါက မင်းစီနီယာနော်”
“စီနီယာဆိုလည်းဘာဖြစ်လဲ၊ ခင်ဗျားက ဂျူနီယာညီမလေးကို မကုနိုင် ပဲနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ယူယူက သူမကိုတစ်ခါပဲကြည့်ရသေးတယ် ဂျူနီယာ ညီမလေးရဲ့ နာကျင်မှုအတွက် ဆေးတချို့ဖော်ပြီးသွားပြီ၊ ခင်ဗျားက သူနဲ့ ယှဉ်ရင် ဂျူနီယာညီမလေးကို စိုးရိမ်မှုမရှိဘူးပဲ” ရှီချန်းကျိသည် တည့်တိုးပြော လိုက်သည်။
“မင်း” လေ့ထျန်ခွမ်သည် ဒေါသထွက်သဖြင့် သွေးပင်အန်မတတ်ပင်။ သူ၏ အသံသည် အေးစက်သွားကာ ပြောလိုက်သည် “မင်း ဒီနေ့ ကမ္ဘာ မြေကြီးမျက်လုံးကို ထားမသွားရင် ဒီနေရာကနေ ဘယ်သူမှထွက်မသွားရဘူး”
***