← Chapters

ဧကရာဇ်ထိပ်တန်းအဆင့်ကျွမ်းကျင်သူ

Vol. 009 Ch. 859

ဧကရာဇ်ထိပ်တန်းအဆင့်ကျွမ်းကျင်သူ

Vol. 009 Ch. 859

ထိုသည်မှာ ပြောင်ပြောင်တင်းတင်းခြိမ်းခြောက်လိုက်သည်ဖြစ်၍ ရှီမာယူယူနှင့် ရှီချန်းကျိတို့ မျက်မှောင်ကြုတ်မှုကိုဖြစ်စေသည်။

“လေ့ထျန်ခွမ် မင်းဘာလုပ်မလို့လဲ” ရှီချန်းကျိ ဟိန်းဟောက်လိုက် သည်။

“ဘာမှမဟုတ်ပါဘူး မင်းလုပ်ချင်တာကို ငါကလုပ်ပေးရုံပါ” လေ့ထျန်ခွမ် ပြောလိုက်သည် “ကမ္ဘာမြေကြီးမျက်လုံးကို နန်းတော်သခင် လက်လျော့ဖို့ ယုံအောင် မင်းဘယ်နည်းလမ်းသုံးပြီးလုပ်လိုက်လဲတော့ ငါမသိဘူး၊ ဒါပေမဲ့ ကမ္ဘာမြေကြီးမျက်လုံးက ငါတို့အတွက် အရမ်းအရေးကြီးတယ်၊ မင်းရဲ့ ကိုယ့် ဘာသာရည်မှန်းချက်ပြည့်ချင်ရုံသက်သက်နဲ့အတွက်တော့ ငါတို့က အရာ တိုင်းကို လက်မလျော့နိုင်ဘူး”

“သူတို့ကို လွှတ်ပေးလိုက်လို့ပြောနေတယ်” ရှီချန်းကျိ အေးစက်စွာပြော လိုက်သည် “ငါကအံ့ဖွယ်တမန်တော်နော်၊ မင်းက ဂိုဏ်းမှာရှိတာ အချိန်ကြာ နေပြီဆိုပေမယ့် အခုက မင်းငါ့စကားနားထောင်ရမယ်”

“ဟားဟားဟား” လေ့ထျန်ခွမ်သည် ခေါင်းကိုလှန်ကာရယ်မောလိုက် သည် “မင်းစကားကိုနားထောင်ရမယ်ဟုတ်လား မင်းကအံ့ဖွယ်တမန်တော် ဆိုတိုင်း ငါတို့လိုစီနီယာတွေကို အမိန့်ပေးနိုင်မယ်ထင်နေလား၊ ငါတို့က မင်း ကိုကောင်းကောင်းလို့ပဲ မင်းကို အားလုံးက ဆရာအံ့ဖွယ်တမန်တော်လို့ ခေါ် ကြတာပဲ၊ အဲဒါကလည်း မင်းနဲ့ နန်းတော်သခင်တို့ရဲ့ ဆက်ဆံရေးကို ငါတို့က တလေးတစားရှိလို့ပဲမဟုတ်ဘူးလား၊ မင်းမှာရှိတာ အဖေနောက်ခံပဲရှိတာနဲ့ တစ်လောကလုံးကိုရသွားပြီထင်နေတာလား၊ မင်းစဉ်းစားတာများနေပြီ၊ ငါတို့ မျက်လုံးထဲမှာ မင်းက အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်အပြင် မပိုဘူး”

“ဟင်း လေကျယ်မနေနဲ့ ကမ္ဘာကြီးမျက်လုံးနဲ့ပတ်သတ်ပြီးဘာလုပ်မယ် ဆိုတာ အားလုံးက သဘောတူပြီးနေပြီ ငါတစ်ယောက်တည်း ချတဲ့ဆုံးဖြတ် ချက်မဟုတ်ဘူး မင်းကသာ အကုန်လုံးကိုဆန့်ကျင်နေတာ” ရှီချန်းကျိ ပြော လေသည် “မင်းကစကားပြောကောင်းတာပဲ ဒါပေမဲ့ မင်းက ကိုယ့်ဆန္ဒတစ်ခု အတွက်နဲ့ ဒီလိုတွေလုပ်နေတာပဲ”

ရှောင်ချီသည် သူတို့အပြန်အလှန်ပြောနေသည်ကို နားထောင်ပြီး စိတ် မရှည်စွာပြောလိုက်သည် “မင်းတို့ပြီးဦးမှာလား ယူယူ သွားရအောင် ငါတို့် သူတို့ကို ဂရုစိုက်စရာမလိုဘူး၊ ငါ့ကိုတားတဲ့ ဘယ်သူမဆို ငါ့လက်သီးစာမိ မယ်”

ပြောပြီးနောက်တွင် သူမသည် ရှီမာယူယူကိုဆွဲပြီး ထွက်သွားရန်ပြင် လေသည်။

“အဲမှာရပ်လိုက်” လေ့ထျန်ခွမ်သည် လက်ကိုရမ်းလိုက်ရာ ဝိဉာဉ် စွမ်းအင်ထွက်လာပြီး သူမဆီသို့တိုက်ခိုက်လေသည်။

“ဧကရာဇ်ထိပ်တန်းအဆင့်ပဲ” ရှီမာယူယူသည် လေ့ထျန်ခွမ်၏ အားကို အာရုံခံမိသောအခါ အသက်ရှုထုတ်မိသည်။

“ဟင်” ရှောင်ချီသည် ရှီမာယူယူ၏အရှေ့တွင်ရပ်ကာ လေ့ထျန်ခွမ်၏ ဝိဉာဉ်စွမ်းအင်ကိုထိုးလိုက်ရာ လုံးဝကွယ်ပျောက်သွားလေသည်။

“အာ…” ရှောင်ချီသည် နာကျင်မှု ပျောက်လိုပျောက်ငြား သူမ လက်ကိုဆုပ်ကိုင်လိုက်သည်။

လေ့ထျန်ခွမ်သည် အဆိပ်ချီကျင့်ထားဖြင့်သဖြင့် တိုက်ပွဲတွင်သုံးသော သူ၏ဝိဉာဉ်စွမ်းအင်မှာ အဆိပ်ချီပါဝင်နေမှတော့ အသေအချာပင်။ ထို့ကြောင့် ရှောင်ချီ၏ သန်မာသောလက်သီးပင်လျှင် အဆိပ်ချီကို မအောင်နိုင်ပေ။

လေ့ထျန်ခွမ်သည် ရှောင်ချီမှာ အလွန်အားကောင်းသည်ကို အစော ကတည်းကသိထားသဖြင့် ဝိဉာဉ်စွမ်းအင်ထဲတွင် အဆိပ်ချီထည့်ထားသည်။ သို့သော် ထိုစွမ်းအင်သည် သူမကိုအောင်နိုင်ခြင်းမရှိပဲ သူမလက်သီးကို နီရုံပင်နီစေလိမ့်မည်ဟု သူမထင်ထားပေ။

တစ်ကြိမ်ရှုံးနိမ့်သွားသည်နှင့် ဒုတိယတိုက်ချက်ကို ထုတ်လွှတ်တော့ သည်။ သို့သော် စွမ်းအင်လုံးသည် ရုတ်တရက် ပျောက်သွားကာ အနက်ဝတ်လူတစ်ယောက်သည် ရုတ်တရက်ပေါ်လာသည်။

ထိုအနက်ဝတ်လူသည် အစောကလာခဲ့သောလူဖြစ်ကာ သူသည် အလွန်စွမ်းအားကောင်းသည်။ လေ့ထျန်ခွမ်၏ တိုက်ခိုက်မှုပျောက်သွားပြီး နောက်တွင်ပင် သူသည် လုံးဝအကောင်းတိုင်းပင်။ သူသည် လေ့ထျန်ခွမ်နှင့် တရင်းတနှီးရှိသည့်ပုံပေါ်ကာ သူ၏ တိုက်ကွက်တွင် အဆိပ်ပါဝင်နိုင်သည်ကို သိသဖြင့် ကြိုတင်ပြင်ဆင်လာသည့်ပုံပင်။

ထိုအနက်ဝတ်လူကို မြင်သောအခါ လေ့ထျန်ခွမ်၏ အမူအရာသည် အကျည်းတန်သွားကာ အော်လေသည် “လင်းနို့တပ်ဖွဲ့ကလူပဲ ရှီချန်းကျိ မင်း တကယ်ပဲ ငါ့ကိုဆန့်ကျင်တော့မှာလား”

“ငါက မင်းကိုဆန့်ကျင်တာမဟုတ်ဘူး မင်းကသာ ဂိုဏ်းတစ်ခုလုံးကို ဆန့်ကျင်နေတာ” ရှီချန်ကျိ ပြောလေသည် “ဆရာ့ရဲ့အမိန့်ကိုဆန့်ကျင်ရင် တော့ မင်းကိုနိုင်ဖို့အတွက် ငါလင်းနို့တပ်ဖွဲ့ကိုသုံးလို့ရတယ်၊ မင်းက သန်မာ တယ်ဆိုပေမယ့် အဆင့်မြင့်ရုံပဲရှိတာ၊ မင်းက သူနဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး၊ မင်း ရဲ့ ရည်မှန်းချက်ကိုလက်လျော့လိုက်ဖို့ ငါအကြံပေးချင်တယ် ငါနဲ့ပြန်လိုက်ပြီး အပြစ်ဒဏ်ကိုလက်ခံလိုက်”

“ပြန်သွားရမယ်ဟုတ်လား၊ ငါပြန်သွားဖို့အစီအစဉ်မရှိဘူး ပြန်လည်း မသွားနိုင်ဘူး” လေ့ထျန်ခွမ် ပြောလိုက်သည် “ဒီလမ်းကိုစလျှောက်ကတည်း က ပြန်သွားလို့မရတော့ဘူး”

သူပြောလိုက်သည်နှင့် သူ့အသံမှာ နာကျင်မှုစွက်နေသည်။ သို့သော် ထို ခံစားချက်မှာ ခေတ္တမျှသာဖြစ်ကာ လျင်မြန်စွာပင် ရတနာတစ်ခုကို ပိုင်ဆိုင် လိုသည့် စိတ်အားထက်သန်မှု အစားထိုးသွားသည်။ သူသည် ထိုအရာကို မဖုံးကွယ်နိုင်ပေ။

“ငါ ကမ္ဘာမြေကြီးမျက်လုံးကိုသာရမယ်ဆိုရင် ပြန်မသွားနိုင်ဘူးဆိုရင် တောင် တိုင်းပြည်တစ်ခုလုံးက ငါ့ကိုပဲပေးရမှာပဲ ဟားဟားဟား”

“အဲဒါအကြံကောင်းပဲ ဒါပေမဲ့ အဲလိုဘယ်တော့မှာဖြစ်လာမှာမဟုတ် တာတော့ နှမြောစရာပဲ၊ မင်းအဲဒါကို ဘယ်တော့မှပြည့်မြောက်မှာမဟုတ်ဘူး” ရှောင်ချီသည် နှာမှုတ်လေသည်။

“မင်းကိုရဖို့ကမလွယ်ဘူးဆိုတာ ငါအရင်ကတည်းကသိတယ်၊ အဲဒါ ကြောင့် အဆိပ်ကိုအရင်ပြင်ထားတာ” လေ့ထျန်ခွမ်သည် စိတ်အားထက်သန် စွာ ဆက်တိုက်ရန်စိတ်ကူးမရှိပေ။ သူလှည့်ထွက်ကာ ပြတင်းပေါက်မှခုန် ထွက်သွားသည်။

“ပြေးသွားတာလား၊ ငါတောင်မရိုက်ရသေးပဲနဲ့ ဘယ်လိုဖြစ်ပြီးပြေးသွား တာလဲ” ရှောင်ချီ အော်လိုက်သည် “ငါသူ့နောက်လိုက်သွားမယ်၊ ငါ့ကို ဇာတ်လမ်းဆင်ရဲတယ်ဟုတ်လား၊ သူ့ကိုဖမ်းမိတာနဲ့ သေအောင်ရိုက်နိုင် မလား မရိုက်နိုင်ဘူးလားဆိုတာကို ကြည့်ကြတာပေါ့”

ရှောင်ချီသည် သူ့နောက်ကိုလိုက်ရန်ဟန်ပြင်သော်လည်း သူမလှုပ်ရှား ခင်တွင် အဆွဲခံလိုက်ရသည်။

“သူက အပြင်မှာထောင်ချောက်ဆင်ထားနိုင်တယ်၊ အခုလိုက်သွားရင် လည်း သူ့နောက်ကိုလိုက်မှီမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဒါပေမဲ့အဲလူက ရှောင်ချီ့ကိုဖမ်းချင်နေတာလေ လက်စားမချေရရင် ဝမ်းနည်းနေရမှာ” ရှောင်ချီသည် ညည်းညူလေသည်။

“အေးဆေးပါ သူက မင်းကိုမဖမ်းမိမချင်း ထွက်သွားမှာမဟုတ်ဘူး” ရှီမာယူယူ ယုံကြည်ချက်အပြည့်ဖြင့်ပြောလေသည် “သူကခုနကထွက်သွား တယ်ဆိုတာက တည်ဆောက်မှုလုပ်ဖို့အတွက်သွားတာဖြစ်နိုင်တယ်၊ သူက အခု ငါတို့အပြင်ထွက်အောင် မြှားတာဖြစ်နိုင်တယ်”

“ရှောင်ချီတို့ အပြင်လိုက်မသွားရင် သူရှောင်ချီတို့ကို ဒေါသထွက်ပြီး သေသွားမလားမသိဘူး” ရှောင်ချီ မေးလိုက်သည်။

“သူဒေါသထွက်ပြီး သေတာမသေတာ ငါမသိဘူး၊ ဒါပေမဲ့ ငါတို့ဒီနေရာ ကနေထွက်သွားရမယ်” ရှီမာယူယူ ပြောလိုက်သည် “ငါတို့လုပ်စရာရှိသေး တယ်ဆိုတာ မမေ့နဲ့”

သူမဆိုလိုသည်မှာ အံ့ဖွယ်နတ်ဆိုးတောင်ကြားကိစ္စကို ပြောခြင်းဖြစ် သည်။

“မင်းတို့ဒီမှာစောင့်နေ” ရှီချန်းကျိသည် သူတို့နှစ်ယောက်အားပြောပြီး နောက် လင်းနို့အဖွဲ့ဝင်ကို ညွန်ကြားနေလေသည် “မင်းတို့အပြင်သွားပြီး ကြည့်လိုက်”

အနက်ဝတ်လူသည် ချက်ချင်းပင် ပြတင်းပေါက်မှထွက်သွားလေသည်။ မကြာခင်ပင် တိုက်ခိုက်သံကြားရလေသည်။

“သူက ငါတို့ကို တည်းခိုဆောင်ထဲထည့်ထားပြီး တကယ်ပဲ အတားအဆီးလုပ်ထားတာပဲ” ရှီမာယူယူသည် အိပ်ရာဘေးလာရာ အပြင်မှ အခြေအနေကို မြင်ရလိုက်သည်။

ရှောင်ချီသည်လည်း ပြတင်းပေါက်ဆီသို့ အပြေးလာလိုက်သည်။ သူမ သည် အနက်ဝတ်လူ လေထဲတွင်တိုက်ခိုက်နေသည်ကိုမြင်သောအခါ ပြော လိုက်သည် “သူက တစ်ယောက်တည်းတိုက်နေတာပဲ”

“ဒါက တံလျှပ်လိုမျိုး အထဲမှာငါတို့ကိုပိတ်ထားတဲ့ ပေါင်းစပ်မှုဖြစ်နိုင် တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီလိုတည်ဆောက်မှုအမျိုးအစားတွေ အထဲမှာ ကိုယ့်ထက်သန်မာတဲ့ ပြိုင်ဘက်ကိုတွေ့နိုင်တယ်၊ ကိုယ်က သန်မာ လေ ပြိုင်ဘက်ကလည်း လိုက်သန်မာလေပဲ၊ အဲအချိန်အတွင်းကို ကိုယ့် ဘာသာတိုက်တာကိုပဲလုပ်နေရမှာပဲ၊ မင်းနိုင်သွားရင်တော့ ထွက်လို့ရမယ်”

“ကိုယ့်ဘာသာတိုက်နေရတယ်၊ ဒါဆို ဘယ်လိုလုပ်နိုင်မှာလဲ၊ အဲလို တည်ဆောက်မှုမျိုးကို ဘယ်လိုဖျက်ပြီး အဲလူပြန်ပေးဆပ်ခိုင်းဖို့ ရှောင်ချီ ဘယ်လို အပြင်ထွက်တော့မှာလဲ” ရှောင်ချီ အော်လေသည်။

“ဒါဆို မင်းအခုလက်ရှိ မင်းထက်နည်းနည်းသန်မာရမယ်၊ အဲလိုမှပဲ နိုင် မယ်” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ မင်းနိုင်မယ်ဆိုရင်တောင် နှစ်ဖက်လုံးက ဝိဉာဉ်စွမ်းအင်စုပ်ယူတာကိုခံရလိမ့်မယ် အပြင်ထွက်လာရင် တောင် သေမှာပဲ”

“ခက်လိုက်တာ နောက်နည်းတစ်ခုရှိဦးမလား” ရှီချန်းကျိ မေးလိုက် သည်။

“ရှိတယ် တည်ဆောက်မှုကိုဖျက်မယ်” ရှီမာယူယူ ပြောလိုက်သည် “သာမန်တည်ဆောက်မှုဖျက်နည်းကိုသုံးပြီး ဖျက်လိုက်လို့ရတယ်”

“ဒါဆိုဒီအတွက် ယူယူ့ကိုပဲအပ်ထားလိုက်တော့မယ်” ရှောင်ချီသည် ခေါင်းမော့ကာ ပြောသေလည်။

“အကောင်းဆုံးလုပ်ပါမယ်ဗျာ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ငါ့ လုံခြုံမှုအတွက် သေချာလုပ်ပေးရမယ်”

“ဘယ်လိုလုပ်ရမှာလဲ” ရှီချန်းကျိ မေးလိုက်သည်။

“ရှင်းပါတယ်…. ကျွန်တော်က တည်းခိုဆောင်အပြင်ဘက်ထွက်မှ တည်ဆောက်မှုကိုဖျက်လို့ရမှာ ကျွန်တော် အတိုက်ခိုက်ခံရမယ်ဆိုရင် တည်ဆောက်မှုကိုဖျက်ဖို့ မစဉ်းစားနိုင်ဘူး၊ အဲဒါကြောင့်  ကျွန်တော့် ပြိုင်ဘက်ကိုတိုက်ဖို့ ခင်ဗျားကို ဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူသည် သူ့အားကြည့်ကာ အားရပါးရပြုံးပြလေသည်။

သူမမျက်လုံးထဲတွင် စိုးရိမ်မှုတစိုးတစိမှမရှိသည်ကို ရှီချန်းကျိ တွေ့ သည်နှင့် အထင်ကြီးသွားမိစေသည်။ သို့သော် သူ့တွင် တခြားအကြံမရှိပေ။

သူမေ့နေသည်မှာ ပြိုင်ဘက်သည်သူ့အားနှင့် တူညီလေသည်။ သူ ဖြေရှင်းနိုင်ပါ့မလား။

***

All Chapters