စီနီယာအစ်ကိုကြီးဘေးကင်းတယ်
Vol. 009 Ch. 860
ရှီချန်းကျိသည် ဆေးသောက်လိုက်မှပင် လူသား၏ လုပ်နိုင်စွမ်းမှာ အတိုင်းအဆမရှိသည်ကို တွေးမိသည်နှင့် သွားဖြဲပြီးပြုံးမိသည်။
“မင်းဒီတည်ဆောက်မှုကို ခဏနေ မဖျက်နိုင်ဘူးဆိုရင် ငါတစ်ဝက်ပိုင်း လိုက်မယ်” သူသည် အဝေးတွင် ပတ်သွားနေသော လူကိုပြောလိုက်သည်။
ရှီမာယူယူ သူ့အားကြည့်လိုက်သည် “ခင်ဗျား အခုထိတစ်ဝက်ကို မဖြတ် ရသေးဘူးလား”
“ဖြတ်တော့မလို့ပဲ၊ အဲလူနှစ်ယောက်ရဲ့ဓားတွေက ငါ့ခေါင်းကိုဖြတ်ဖို့ ၁စင်တီမီတာလောက်ပဲလိုတော့တာ မင်းမမြင်ဘူးလား၊ ၁စင်တီမီတာပဲနော် သိလား” ရှီချန်းကျိ အော်လိုက်သည်။
“မသိဘူး” ရှီမာယူယူသည် တည့်တိုးပင်ပြောလိုက်သည်။
“….”
ရှီချန်းကျိသည် သူမအား ဆွံ့အစွာကြည့်လေသည်။ သူမ ဘယ်လိုဖြစ် လို့အဲလိုပြောနိုင်ရတာလဲ။
“အစတုန်းက မင်းအဆင့်က မမြင့်လို့ ထင်ယောင်ထင်မှားပြိုင်ဘက်က မသန်မာဘူးလို့ထင်နေတာ၊ သူ့အားက အဲလောက်ကောင်းမယ်လို့ ငါမထင် ထားဘူးပဲ၊ ငါ မင်းပြိုင်ဘက်နဲ့ ငါ့ပြိုင်ဘက်ကို ရှင်းပေးနေတာ၊ ငါ့ အသက်သေတော့မလိုဖြစ်တာ အကြိမ်ပေါင်းမနည်းဘူး ဘာကြီးလဲ မင်းအား ကဘာလို့အဲလောက်မြင့်ရတာလဲ”
“ခင်ဗျားလုပ်သလိုပဲ ကျွန်တော်လုပ်တာပဲလေ” ရှီမာယူယူသည် ကျောက်တုံးများကို သိမ်းလိုက်သည်။ “ခင်ဗျားလူတွေ ပြေးသွားကြပြီလား”
“ပြေးသွားပြီ” ရှီချန်းကျိသည် ပြန်ဖြေပြီးမှ တွေဝေစွာမေးလေသည် “ငါ့ မှာလူတွေရှိသေးတာ မင်းဘယ်လိုသိတာလဲ”
“မှန်းစရာလိုသေးလို့လား” ရှီမာယူယူသည် သူ့အား အ,လွန်းသည်ဟူ သော အကြည့်ကိုကြည့်ပေးလိုက်သည်။
“….”
ရှီချန်းကျိ၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ ဒီကောင်လေးမှာ အဆိပ်ပြင်းတဲ့ လျှာတစ်ခုရှိတာကို ကျန်းကျူရှန့်မပြောပြခဲ့ဘူးထင်ပ။
“ခင်ဗျားလူတစ်ယော်ကိုဖမ်းမိရင် ဘာလုပ်ရမယ်ဆိုတာတော့သိမယ် ထင်တယ်” ရှီမာယူယူ သူ့အားလျစ်လျူရှုလိုက်သည်။ “ကျွန်တော် ရှောင်ချီ့ရဲ့ ကိစ္စကို အပြင်သတင်းမထွက်စေချင်ဘူး၊ သူ့ပါးစပ်ကို ခင်ဗျားမထိန်းချုပ်နိုင် ဘူးဆိုရင် သူ ဘယ်တော့မှစကားမပြောနိုင်အောင် ကျွန်တော် နည်းလမ်းရှာ ရလိမ့်မယ်”
“သူစကားလျှောက်မပြောနိုင်အောင် ရှောင်ချီလုပ်ပြီးပြီ” ရှောင်ချီသည် ခြံဝန်းခေါင်မိုးပေါ်တွင် ရုတ်တရက်ပေါ်လာကာ ထိပ်တွင်လှဲပြီး သူတို့နှစ် ယောက်အားကြည့်လေသည်။
“ရှောင်ချီဆင်းခဲ့” ရှီမာယူယူ လက်ယက်ခေါ်လိုက်သည်။
ရှောင်ချီ ပျံဆင်းလာရာ သူမ တစ်ကိုယ်လုံးတွင် သွေးအနံ့ကိုရလေ သည်။
“မင်းလူသတ်လာတာလား”
“ဟုတ်တယ် ရှောင်ချီတို့ကိုသတ်ချင်တဲ့လူကို ဘာလို့အရှင်ထားရမှာလဲ” ရှောင်ချီ ပြောလိုက်သည် “ရှောင်ချီသတိလွတ်သွားလို့ သူပြေးလွတ်သွား သေးတယ်၊ မဟုတ်ရင် အစကတည်းက တစ်ချက်တည်းနဲ့သေတယ်”
“မင်းသူ့ကို တစ်ချက်တည်းနဲ့သတ်လိုက်တာလား” ရှီချန်းကျိသည် သူမ ကို အံ့အားသင့်စွာကြည့်လေသည် “သူက ဧကရာဇ်ထိပ်တန်းကျွမ်းကျင်သူ နော်”
“ဧကရာဇ်ထိပ်တန်းကျွမ်းကျင်သူဆိုလည်းဘာဖြစ်လဲ သတ်ရတာ အတူတူပဲ ဟင်း” ရှောင်ချီသည် ကြင်နာမှုမရှိစွာပြောလေသည်။
ရှီကျန်းကျိသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ရှောင်ချီ သန်မာသည်ကို သူသိသည်။ သို့သော် ဒီလောက်သန်မာမည်ဟု မထင်ထား ပေ။ လေ့ထျန်ခွမ်သည် သူ့လူဖြစ်သော်ငြား တစ်ချက်တည်းနှင့်သတ်ရန်မှာ သူ့အတွက်မဖြစ်နိုင်ပေ။
ရှီမာယူယူသည် ရှောင်ချီ၏လက်ကိုယူကာ ဆေးလိမ်းပေးလိုက်သည်။ ရှောင်ချီသည် လက်သီးဖြင့် လေ့ထျန်ခွမ်၏ နှလုံးကိုထိုးဖောက်ခဲ့သည်။ သူမ ၏ လက်သေးသေးလေးသည် အဆိပ်သွေးနှင့် ညစ်ညမ်းနေရာ အနီရောင် ဖြစ်နေသည်။
ဆေးလိမ်းပြီးနောက်တွင် ရှီမာယူယူသည် သူ့ကိုခေါင်းညိမ့်ပြကာ ရှောင်ချီနှင့် အတူထွက်သွားလေသည်။
သူတို့ထွက်သွားသည်နှင့် အနက်ဝတ်လူသည် လေ့ထျန်ခွမ်၏ အလောင်းကိုသယ်ကာ ခေါင်းမိုးပေါ်တွင်ပေါ်လာပြီး ရှီချန်းကျိအားကြည့်လေ သည်။
ရှီချန်းကျိသည် ခေါင်းရမ်းလိုက်သည် “ရှင်းလိုက်တော့”
အနက်ဝတ်လူသည် နာခံကာ လေ့ထျန်းခွမ်၏ အလောင်းဖြင့် ထွက် သွားလေသည်။
သူ သက်ပြင်းချလိုက်သည်။ ဒီကိစ္စသည် ဖြေရှင်းရန်လွယ်မည်မဟုတ် ပေ။
အခန်းသို့ဝင်လာရာ ရှီချူးရှောင်သည် အိပ်ရာပေါ်တွင်လှဲနေသည်။ သူမ ခန္ဓာကိုယ်သည် အရင်ပုံစံအတိုင်းဖြစ်နေသော်လည်း သက်သာလာသည်ကို တော့ သူပြောနိုင်သည်။
“ဂျူနီယာညီမလေး ဘယ်လိုနေလဲ”
“ကောင်းတယ်၊ နေရောင်ကိုမမြင်ရတာ နှစ်တွေကြာနေပြီ ဒီနေ့တော့ မြင်နိုင်ပြီ” ရှီချူးရှောင်သည် သူမ မျက်နှာတွင် အပြုံးများဖြင့် ခံစားချက် ကောင်းနေသည်။
အပြင်လူများသည် ထိုအရာကို မသိနိုင်ပေ။
“လူသေသွားတာလား”
“အင်း” ရှီချတန်းကျိသည် အိပ်ရာဘေးလာကာ ထိုင်လိုက်သည်။
“အဖေက သူ့အပေါ်အမြဲမှီခိုတယ်၊ အခုအဲလူသေသွားပြီ အဲဒါကို ရှင်း ဖို့အတွက် ခက်မှာစိုးတယ်”
“အဲလောက်မလိုပါဘူး” ရှီချန်းကျိ ပြောလိုက်သည် “ဆရာ သူ့အပေါ် မှီခိုတယ်ဆိုတာ မင်းကိုကုပေးဖို့အတွက်ပါ၊ အကျိုးမရှိဘူးဆိုပေမယ့် မင်း အသက်ကိုထိန်းထားဖို့လိုတယ်လေ၊ မင်းကျန်းမာရေးပြန်ကောင်းလာရင် သူ့ အရေးပါမှုက ဘာမှမဟုတ်တော့ဘူး၊ သူ့ရာထူးကမြင့်ပေမယ့် အစားမထိုးနိုင် တာတော့မဟုတ်ဘူး”
“သူဦးစီးနေတဲ့ အဆိပ်ခန်းမတော့ ပြဿနာတက်လာနိုင်တယ်” ရှီချန်း ရှောင်ပြောလေသည်။
“အဆိပ်ခန်းမက ဂိုဏ်းအတွက်အရေးကြီးတယ်၊ သူသေသွားတယ်ဆို ရင် နောက်ခန်းမသခင်နေရာအတွက် သွေးစီးတိုက်ပွဲဖြစ်လာနိုင်တယ်၊ ဆရာ ပြန်လာရင် သူယူဖို့ဖြစ်နိုင်တယ်” ရှီချန်းကျိသည် စိုးရိမ်စွာပြောလေသည်။
“ဒါပေမဲ့ ဆရာက ခရီးသွားနေတာနှစ်တွေကြာနေပြီ၊ သတင်းကိုမရဘူး ဒီခဏတော့ပြန်မလာနိုင်မှာစိုးတယ်” ရှီချူးရှောင် ပြောလိုက်သည် “အစ်ကို့ရဲ့ အဆိပ်ပညာက ဆရာ့ကိုမှီတယ်လို့ထင်တယ် အဖေကလည်း အစ်ကိုယူသင့် တယ်လို့ပြောဖူးတယ် အဲတော့အစ်ကိုပဲယူလိုက်ပါ”
“မဟုတ်ဘူး ငါက အဆိပ်ကိုလေ့လာရတာပဲကြိုက်တာ မလုပ်နိုင်တဲ့ အရာအတွက် မလုပ်ချင်ဘူး” ရှီချန်းကျိသည် လျင်မြန်စွာပင် ငြင်းဆန်လိုက် သည်။ သူသည် ထိုအရာများကို မလုပ်ချင်ပေ။
“အစ်ကိုက ကျွန်မအဲလိုပြောတိုင်း အမြဲဒီလိုပဲ ဂိုဏ်းမှာအံ့ဖွယ်တမန် တော်တွေအများကြီးရှိတယ် အစ်ကိုကဘာမှကိုမလုပ်ချင်တာပဲ”
“အဲဒါကောင်းတာပဲ ငါကငါလုပ်ချင်တာကို လွတ်လွတ်လပ်လပ်လုပ်လို့ ရတယ်၊ အဲလိုတွေကိုငြီးငွေ့တယ် ကဲ ကောင်းကောင်းနားလိုက်ဦး ငါဒီကိစ္စ ကိုရှင်းလိုက်ပါမယ်”
“အစ်ကိုသွားလိုက်ပါ ကျွန်မနေကို နည်းနည်းထပ်ကြည့်ဦးမယ်” ရှီချူးရှောင် ပြောလိုက်သည်။
“အင်း လိုအပ်တာရှိရင် ခေါ်လိုက်”
သူအခန်းထဲကထွက်သည်နှင့် ထိုကိစ္စရှင်းရမည်ကိုတွေးပြီး သက်ပြင်းချ လိုက်သည်။
ရှီမာယူယူနှင့်အဖွဲ့သည် ခြံဝန်းမှထွက်ခဲ့လိုက်သည်။ သူတို့သည် အမှတ်တရစားသောက်ဆိုင်တွင် တိုက်ပွဲဖြစ်ခဲ့သော အရိပ်အမြွက်များဖြင့် ရှုပ်ယှက်ခတ်နေသည်ကိုတွေ့လိုက်သည်။
“သခင်လေး အဆင်ပြေရဲ့လား” ဆိုင်ရှင်သည် သူ့လူများကို ရှင်းလင်း ရန်အမိန့်ပေးနေရာမှ ရှီမာယူယူဝင်လာသည်ကို သတိထားမိပြီး တောင်းပန် လေသည်။ သူသည် သူမကိုအရိုအသေပေးလေသည်။
“ပြေပါတယ် ကျွန်တော်လုပ်စရာရှိသေးတယ် သွားနှင့်မယ်၊ ဒီနေ့ကိစ္စ ကို ဧည့်သည်တွေကို နှစ်သိမ့်ပေးလိုက်ပါဦး” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်လေး”
သူမသည် ရှောင်ချီ့အား အံ့ဖွယ်နတ်ဆိုးတောင်ကြားဆိုင်သို့ ခေါ်သွား လိုက်သည်။ သူမ ဝင်သွားသည်နှင့် ဝန်ထမ်းများသည် စိတ်လှုပ်ရှားကာ သူမ အား အရိုအသေပေးရန်လုပ်မည်အပြုတွင် သူမ တားလိုက်သည်။
“ဒီမှာ ဆိုင်ရှင်ရှိလား” သူမသည် ရှီလေးအားမေးလိုက်သည်။
“ဟုတ် ဆိုင်ရှင်က ခြံဝန်းထဲမှာ သခင်လေးကိုစောင့်နေပါတယ် ဧည့်သည်တော်ခင်ဗျား ကျွန်တော်နဲ့လိုက်ခဲ့ပါ” ရှီလေးသည် သူတို့ နှစ်ယောကအား ခြံအနောက်သို့ခေါ်သွားလိုက်သည်။
ဆိုင်ရှင်သည် ခြံဝန်းအဝင်တွင်စောင့်နေသည်။ သူမအား မြင်သောအခါ အရိုအသေပေးလေသည် “တောင်ကြားသခင်လေး”
“ရပါတယ်” ရှီမာယူယူသည် လက်ကိုရမ်းလိုက်သည် “စီနီယာအစ်ကို သတင်းရှိတယ်မလား သူအခုဘယ်လိုနေလဲ”
“ဟုတ်ကဲ့ သခင်လေးဝူသတင်းရတယ်လို့ တောင်ကြားကသတင်းပြန် လာတယ် သခင်လေးကြည့်ပါ”
ဆိုင်ရှင်သည် စာရွက်တစ်ရွက်အားထုတ်ပေးရာ ရှီမာယူယူ ယူ ပြီးနောက် လျင်မြန်စွာ ဖတ်လိုက်သည်။
စာထဲတွင် ဝူလင်းယူသည် တံခါးပိတ်ကျင့်ကြံနေရာမှ မကြာခင်က ထွက်လာပြီဟု ရေးထားသည်။ သူ့အားမှာလည်း တိုးလာသည်ဟု ပြောထား သည်။ သူ၏အမူအကျင့်ကြောင့် သူတို့သည် သူ့အကြောင်းမကြားသိရပေ။
“သူက တံခါးပိတ်ကျင့်ကြံနေတာကိုး၊ စီနီယာအစ်ကိုအဆင်ပြေရင် ကောင်းတာပါပဲ”
သူ့ကို ပညာရှိစံအိမ်တော်က ထာဝရရှင်သန်သူအဘိုးကြီး ခေါ်မသွားရင် ကောင်းတာပဲ။
“ဒီနေ့ သခင်လေးဝူက ပညာရှိစံအိမ်တော်ကလူတွေကိုခေါ်ပြီး အဂ္ဂိရတ် ပညာရှင် ပြိုင်ပွဲကိုသွားမယ်လို့ တောင်ကြားကပြောလိုက်တယ်”
“အဂ္ဂိရတ်ပညာပြိုင်ပွဲဟုတ်လား”
“တောင်ကြားကရောဝင်ပြိုင်မှာလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ် အဂ္ဂိိရတ်ပညာပြိုင်ပွဲ၊ တည်ဆောက်မှုပြိုင်ပွဲရှိတိုင်း တောင်ကြားကို ဖိတ်တယ်” ဆိုင်ရှင် ပြန်ဖြေလေသည်။
“ကျွန်တော်သိပါပြီ” သူမ ခေါင်းညိမ့်လိုက်သည် “အဂ္ဂိရတ်ပညာပြိုင်ပွဲ က နည်းနည်းလိုသေးတယ်”
နတ်ဆိုးညွှတ်လက်ကောက်ကို ပွတ်ရင်းနှင့် အထဲရှိ သူဘာလုပ်နေ သလဲဆိုသည်ကို သူမ သိချင်မိသည်။
***