← Chapters

တစ်ကိုယ်ကောင်းဆန်သော ဟိန်းသံလေး

Vol. 009 Ch. 861

တစ်ကိုယ်ကောင်းဆန်သော ဟိန်းသံလေး

Vol. 009 Ch. 861

“တောင်ကြားသခင်လေး တောင်ကြားသခင်လေး” ဆိုင်ရှင်သည် ရှီမာယူယူ အတွေးထဲမြောပြီး သူ့စကားကိုနားထဲမဝင်သည်ကို သတိထားမိ သောအခါ နှစ်ကြိမ်ခေါ်လိုက်သည်။

“ဘာလဲ” ရှီမာယူယူသည် သတိပြန်ဝင်လာပြီး မေးလိုက်သည်။

“တောင်ကြားကို စာပို့ချင်လားလို့မေးနေတာ၊ တောင်ကြားသခင်က သခင်လေးအားရင် တောင်ကြားကိုဖိတ်ဖို့လည်းမေးနေတာ” ဆိုင်ရှင်က ပြော လေသည်။

ရှီမာယူယူသည် စဉ်းစားပြီးနောက် ပြန်ဖြေလေသည် “ကောင်းပါပြီ ကျွန်တော်စာရေးလိုက်ပါမယ် လူလွှတ်ပြီးပို့ပေးပါ”

“ဟုတ်ကဲ့”

ရှီမာယူယူသည် စာထဲတွင် သူမ၏ အခြေအနေကိုရှင်းပြပေးထားပြီး အဂ္ဂိရတ်ပညာပြိုင်ပွဲတွင်လည်း ဝင်ပြိုင်မည်ဖြစ်ကြောင်းအစရှိသည်တို့ကို ရေး လိုက်သည်။

“ယူယူ ရှောင်ချီတို့ အခုပြန်ကြတော့မှာလား” သူမ စာရေးပြီး ဆိုင်မှ ထွက်သောအခါ အပြင်တွင်မှောင်နေလေပြီ။

“ပြန်မယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီနေ့ပြိုင်ပွဲကဘယ်လိုနေလဲ မသိဘူး”

“ဘာမှမထူးလောက်ပါဘူး” ရှောင်ချီသည် ဂရုမစိုက်သလိုပြောလေ သည် “ကလေးတွေ အုပ်စုလိုက်ကစားသလိုပဲနေမှာ ဘာမှကြည့်စရာမရှိဘူး”

“မင်းအတွက်ဘာမှမဟုတ်ပေမယ့် ငါတို့လိုကျောင်းသားတွေကျ မတူ ဘူးလေ” ရှီမာယူယူ ပြောလိုက်သည် “ထိပ်တန်းအဆင့်မြင့်တဲ့သူတစ် ယောက်က အရင်းအမြစ်တွေပိုရလေ၊ ပိုပြီးသန်မာလာလေ ဖြစ်ကောင်းဖြစ် မယ်၊ မင်းအတွက်အရေးမကြီးတာဖြစ်နိုင်တယ် ဒါပေမဲ့ သူတို့အတွက်တော့ သူတို့ဘဝအတွက် သက်ရောက်မှုရှိတယ်”

“ကောင်းပါပြီ” ရှောင်ချီသည် ထိုကိစ္စကိုမစဉ်းစားပေ။ သူမ ပြောစကား ကိုနားထောင်ကြည့်တော့လည်း ထိုကဲ့သို့ဖြစ်နိုင်သည်။

“ပြန်ရအောင်” ရှီမာယူယူသည် သူမခေါင်းကိုပုတ်ပြီး ပြုံးလိုက်သည်။

သူတို့ဂိုဏ်းသို့ပြန်ရောက်ချိန်တွင် ဂိုဏ်း၏ပြိုင်ပွဲမှာပြီးဆုံးသွားလေပြီ။ ရှီမာယူယူသည် ရှီမာယူမင်တို့ကို ဆက်သွယ်ပြီးသည်နှင့် ခွဲခွာခြင်းဥယျာဉ်သို့ တိုက်ရိုက်သွားလိုက်သည်။

နောက်ပိုင်းတွင် ရှီမာယူယူသည် သူတို့ပြိုင်ပွဲကိုမကြည့်ပဲ ဝိဉာဉ်စေတီ အတွင်းဝင်ပြီး ရှီချူးရှောင်၏ အခြေအနေကို လေ့လာသည်။

သူမ၏သွေးသည် အဆိပ်ပေါင်းများစွာရောနှောနေပြီး လုံးဝအဆိပ် အတောက်ဖြစ်ကာ ပျစ်နေသည်။ ရှီချူးရှောင်၏ခန္ဓာကိုယ်အတွင်း စီးဆင်းရန် အခက်အခဲဖြစ်နေသည်။

“ဟူး” ရှီမာယူယူသည် သွေးပန်းကန်ရှေ့တွင် သက်ပြင်းချမိသည်။

သူမသည် သူတို့အား အချိန်နှစ်လလိုသည်ဟု ပြောခဲ့သည်။ အပြင် ကမ္ဘာတွင် နှစ်လဆိုသည်မှာ လေ့လာရန်အချိန်မလောက်ပေ။ သူမသည် ဝိဉာဉ်စေတီအတွင်းမှ အချိန်ကိုချေးငှားရမည်။

“ယူယူ မင်းလုပ်နိုင်ပါတယ်” လင်းလုံသည် သူမဘေးတွင် ပေါ်လာ သည်။ သူမ၏ သေးငယ်သောခန္ဓာကိုယ်လေးသည် လေထဲတွင် ပေါ်နေကာ လက်သီးဆုပ်သေးသေးလေးများဖြင့် အားပေးနေလေသည်။

“ဟူး ယူယူ မင်းနောက်ပိုင်း အလုပ်တွေများနေတာ၊ ငါတို့နဲ့ကစားဖို့ အချိန်တောင်မရှိနိုင်ဘူး” ဟိန်းသံလေးသည် စားပွဲပေါ်တွင်လှဲကာ ဝမ်းနည်း စွာပြောလေသည်။

ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်ပြီး အပြစ်တင်လိုက်သည် “မင်းက ကိုယ့်ဘာသာ ဘယ်လိုကစားရမလဲဆိုတာသိတာပဲ နောက်ပိုင်း ငါအလုပ်များ တာမတွေ့ဘူးလား”

“သိတယ်လေ အဲဒါကြောင့်ပဲ နောက်ပိုင်းလိမ်လိမ်မာမာနေတာ၊ အပြင် ထွက်ပြီး ယူယူ့ကိုဒုက္ခမပေးဘူးလေ” ဟိန်းသံလေး ပြန်ပြောလေသည်။

“မင်း ကိုယ့်ကိုယ်ကိုတော့ ပြဿနာအိုးမှန်းသိသားပဲ” ဟိန်းသံထောင်ချီ သည် သူ့ဘေးတွင်ပေါ်လာကာ သူ့ဗိုက်ပေါ်သို့လက်သည်းတင်ကာ မထီမဲ့မြင် ပြောလေသည်။

“မလုပ်နဲ့ မဖိနဲ့ ငါစားထားတာတွေ ပြန်အန်လိမ့်မယ်” ဟိန်းသံလေး အော်လေသည်။ သူ၏ သေးငယ်သောလက်သည်းများသည် ဟိန်းသံထောင် ချီကို တွန်းပစ်ချင်သော်လည်း အသုံးမဝင်သည်ကိုတွေ့လိုက်ရသည်။

ရယ်စရာကောင်းသောပုံစံသည် အားလုံးကို ရယ်မောစေသည်။

ရှီမာယူယူအတွက်လည်း နှစ်သက်မှုပြပွဲတစ်ခုကဲ့သို့ဖြစ်စေသည်။ ဟိန်းသံထောင်ချီ၏ အမွေးထူသောလက်၊ ငှက်လေးနှင့် ဟာစွန်တို့ လူသား အသွင်ပြောင်းထားသည်ကို ကြည့်ပြီး သူမပြောလိုက်သည် “ဟိန်းသံထောင်  ချီ၊ ရာဟွောင် ငါ မင်းတို့ကိုကြီးထွားဖို့အတွက် အပြင်ခေါ်သွားမယ်”

ရှီမာယူယူ ထိုသို့တွေးလိုက်သည်ကို သူတို့နှစ်ကောင်လုံးသည် အနည်း ငယ် အံ့သြသွားလေသည်။

“ယူယူ မင်းကအလုပ်များနေတာကို ငါတို့နောက်မှ ကြီးထွားလို့ရပါ တယ်” ဟိန်းသံထောင်ချီ ပြောလိုက်သည်။

“ဟုတ်တယ် ဟုတ်တယ် ယူယူ ငါတို့မလောဘူး၊ မင်းကိစ္စမင်းအရင်လုပ် ပါ” ရာဟွောင်လည်း လိုက်လျောညီထွေပြောလေသည်။

“ပြဿနာမဖြစ်ပါဘူး ငါ ခဏလောက်နားလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “ဆင့်ကဲဖြစ်စဉ်အတွက်သွားကြမယ်”

“ကောင်းပြီ ကောင်းပြီ” ဟိန်းသံလေးသည် လက်ကလေးများကို လှည့် နေလေသည်။

“မင်းကဘာတွေ အဲလောက်စိတ်လှုပ်ရှားနေတာလဲ၊ မင်းအသွင်ပြောင်း မှာမဟုတ်ဘူးလေ” ရှီမာယူယူသည် သူ့ဗိုက်လေးကိုပုတ်လိုက်သည်။

“ငါအသွင်ပြောင်းမှာမဟုတ်ဘူး ဒါပေမဲ့ သူတို့မိုးကြိုးပစ်တာကို ငါကြည့် လို့ရတယ်လေ” ဟိန်းသံလေး ပြောလိုက်သည် “အဲဒါက ပျော်စရာကြီးပဲ”

“ဒါပေမဲ့ မင်းကဘာလို့အသွင်ပြောင်းလို့မရတာလဲ” ရာဟွောင်သည် သိချင်စိတ်ဖြင့် မေးလေသည်။

“ငါ့ဝိဉာဉ်က ပျက်စီးထားတာ၊ အပြည့်အဝပြန်မကောင်းခင်တော့ အသွင်ပြောင်းလို့မရဘူး” ဟိန်းသံလေး သက်ပြင်းချလေသည် “ငါသာ အသွင်ပြောင်းလို့ရမယ်ဆိုရင် ချောမော တင့်တယ်ပြီး ပြေပြစ်တဲ့ ယောက်ျား တစ်ယောက်ဖြစ်လာမှာပဲ”

“အဲမှာ စိတ်ကူးယဉ်နေလိုက်” ရှီမာယူယူသည် လှောင်ပြောလိုက်သော် လည်း သူ့ကိုဖက်ကာ “မင်းအသွင်ပြောင်းလိုက်ရင် ရုပ်ဆိုးမှာပဲ”

သူမကြောင့် သူ့ဝိဉာဉ်ပျက်စီးသွားသောကြောင့် သူမ စိတ်ထိခိုက်ရ သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါကဒီလောက်ချောတာ၊ ငါအသွင်ပြောင်း လိုက်ရင် အလှလေးတစ်သိုက်လောက်တော့ ဆွဲဆောင်နိုင်မှာပဲ” ဟိန်းသံ လေးသည် ယူယူ၏ရင်ခွင်ထဲသို့ပြောင်းပြီး သက်တောင့်သက်သာဖြစ်စွာ နေ လိုက်လေသည်။

“ဖြစ်ပါ့မလား အသွင်ပြောင်းတဲ့အချိန်တော့်သိရမှာပဲ” ငှက်လေးပြော လိုက်သည်။

“ငါကတော့ မယုံနိုင်သေးဘူး” နီရဲပျားဘုရင်မ ပြောလိုက်သည်။

“အံ့သြစရာတွေဖြစ်ရင်လည်း ဖြစ်လာနိုင်တာပဲ” ဟိန်းသံထောင်ချီသည် ထပ်ဖြည့်စွက်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် သူက ချောနေဦးမယ်လို့ထင်တယ်” အိမ်မက်လေး သည် ပြုံးပြီးပြောလိုက်သည် “ဟုတ်တယ်မလား ဟိန်းသံလေး”

“ဟင်း မင်းတို့ကိုစကားမပြောတော့ဘူး” ဟိန်းသံလေးသည် သူတို့ကို လျစ်လျူရှုလိုက်လေသည်။ သူူသည် ရုပ်ချောသူဖြစ်သည်ဟု သူ့စိတ်ထဲတွင် အမြဲယုံကြည်ထားသည်။

ဒီအုပ်စုက သူ့ကို မနာလိုလို့ လှောင်နေကြတာပဲ။ ဟုတ်တယ် အဲလိုပဲ ဖြစ်မှာပဲ။

အားလုံးသည် ထိုအကြောင်းကိုစဉ်းစားပြီး တိတ်တဆိတ်ရယ်မိကြလေ သည်။

သူကနည်းနည်းတော့ ဘဝင်မြင့်တယ်…

“သွားမယ် မင်းတို့အသွင်ပြောင်းဖို့ကူညီပေးမယ်” ရှီမာယူယူသည် ဟိန်းသံလေးကိုဖက်ပြီး ထွက်လာလိုက်သည်။

စူးရှောင်ရှောင်သည် ခြံဝန်းကိုသန့်ရှင်းရေးလုပ်နေရာမှ ရှီမာယူယူ စိတ်လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ “ဂျူနီယာညီလေး အပြင်သွား မလို့လား”

“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော့် အကောင်လေး တွေက အခုထိအသွင်မပြောင်းရသေးလို့ သူတို့ကို အသွင်ပြောင်းပေးမလို့”

“မိုးကြိုးအပစ်ခံဖို့လား” ဟန့်မြောင်ရွှမ်သည် အပေါ်ထပ်မှ ဆင်းလာ သည် “ငါ ဝိဉာဉ်မိစ္ဆာတွေ မိုးကြိုးအပစ်ခံရတာကို မကြည့်ရတာအတော်ကြာ နေပြီ ငါ့ကိုလည်းခေါ်သွား”

“ကောင်းပါပြီ အစ်မက အနောက်ဘက်တောင်တွေကို ရင်းနှီးတယ် ကျွန်တော့်အတွက် ခေါင်တဲ့နေရာကိုရှာနိုင်မှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ကိစ္စမရှိဘူး ငါက အနောက်ဘက်တောင်နဲ့ရင်းနှီးတယ်”

“ရှောင်ရှောင်လည်း လိုက်ခဲ့ပါလား တစ်နေ့လုံး ခြံကိုပဲလှည်းမနေနဲ့ ဆရာပြန်လာလို့ မင်းကိုမြင်သွားရင် ထပ်ပြီးပွစိပွစိလုပ်နေဦးမယ်၊ ငါတို့ ဂျူနီယာညီလေးရဲ့ ဝိဉာဉ်မိစ္ဆာလေးတွေကို သွားကြည့်ကြမယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

စူးရှောင်ရှောင်သည် အစပိုင်းတွင် စိတ်မဝင်စားသော်လည်း နောက်ဆုံး အပိုင်းကိုကြားလိုက်သောအခါ စိတ်ဝင်စားသွားသည်။

“သွားကြမယ်”

သူတို့သုံးယောက်သည် အနောက်ဘက်တောင်များဆီသို့လာလိုက်ကြ သည်။ သူတို့သည် တောင်တန်းများဆီသို့မပျံပဲ အတွင်းဂိုဏ်းနှင့်ဝေးသော နေရာသို့သွားရာ နေ့တစ်ဝက်ပင်မပျံလိုက်ရပေ။

“ဒီမှာပဲ ဒီနေရာက ခေါင်တယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည်။

ရှီမာယူယူသည် ပတ်ဝန်းကျင်အား ခံစားလိုက်သည်။ အနီးအနားတွင် အားကောင်းသော ဝိဉာဉ်မိစ္ဆာမရှိပေ။ တောင်တစ်တောင်တွင် သုံးကောင်ရှိ နေသည်။

“ပြင်ဆင်ဖို့လိုသေးလား” စူးရှောင်ရှောင် မေးလိုက်သည်။

“မလိုဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့ ကျော်လွှားနိုင်ပါ တယ်”

“တည်ဆောက်မှုတွေ ဆေးတွေ ဝိဉာဉ်လက်နက်တွေ တစ်ခုမှမလိုဘူး လား”

“မလိုဘူး” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့အကုန်ထွက်လာလို့ရပြီ”

သူမလက်ဝေ့ရမ်းလိုက်သည်နှင့် အိမ်မက်လေးမှလွဲပြီး စာချုပ်မိစ္ဆာ အားလုံးထွက်လာသည်။

ဟန့်မြောင်ရွှမ်သည် စာချုပ်မိစ္ဆာအများအပြားကိုမြင်လိုက်ရချိန်တွင် ပါးစပ်မှာ အဟောင်းသားဖြစ်နေသည်။

“ဂျူနီယာညီလေး သူတို့အားလုံးက အသွင်ပြောင်းဖို့လိုနေတာလား”

ရှီမာယူယူ ခေါင်းရမ်းကာ “မဟုတ်ဘူး”

သူတို့နှစ်ယောက်မှာ တက်ကြွနေကာ ဒီလောက်အများကြီး တစ်ခါ တည်း အသွင်ပြောင်းမည်ကို လန့်နေသည်။

“ငှက်လေးနဲ့ ဟာစွန်က အသွင်ပြောင်းပြီးသွားပြီ သူတို့မပါကြဘူး ဒါပေမဲ့ ကျန်တဲ့သူတွေ ဒီနေ့ပဲ အသွင်ပြောင်းမှာ…”

***

All Chapters