အသွင်ပြောင်းမိုးကြိုးဘေးသင့်ခြင်း၊ ဘေးသင့် တိမ်တိုက်လေးအား နောက်တစ်ကြိမ်ပြန်တွေ့ရခြင်း
Vol. 009 Ch. 862
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့ အံ့သြနေရာမှ သတိပြန်ဝင်မလာ ခင်တွင် သူမ သူမ၏ဝိဉာဉ်မိစ္ဆာများကိုပြောလိုက်သောစကားများကိုကြား သောအခါ နောက်တစ်ခါ အံ့သြရပြန်သည် “မင်းတို့ တစ်ကောင်ပြီးမှ တစ်ကောင်လုပ်ရတာ ရှုပ်တယ် ဒီအတိုင်းတစ်ခါတည်း အကုန်လုပ်လိုက် တော့”
“ခဏလေး ခဏလေး” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏ လက်ကိုဆွဲ ကာ တားလိုက်သည် “ဂျူနီယာမောင်လေး သူတို့အကုန်လုံး တစ်ခါတည်း အသွင်ပြောင်းမယ်ဆိုရင် ဘေးသင့်မှုက ပိုအားပြင်းမယ်ဆိုတာ သိလား မသိ ဘူးလား”
“သိတယ်လေ” ရှီမာယူယူ ပြောလိုက်သည်။
“သိတယ်ဆိုရင် ဘာလို့အကုန်လုံးကို အတူလုပ်ခိုင်းရတာလဲ”
“ရပါတယ် စီနီယာအစ်မ” ရှီမာယူယူ ပြောလိုက်သည် “မိုးကြိုးပစ်တာ ကို စိုးရိမ်ဖို့မလိုပါဘူး၊ ဘေးသင့်မှုတိမ်တိုက်လာတာနဲ့ ရှေးဟောင်းနှောင်းဖြစ် တွေကို ပြောလို့တောင်ရသေးတယ်”
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် သူမစကားလုံးများကို နောက် နေသည်ဟု သဘောထားလိုက်သည်။ နောက်မှပင် သူမသည် အမှန်တကယ် ပင် ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုနေသည်ကို သိလိုက်ရလေသည်…
သူတို့သည် ဝိဉာဉ်မိစ္ဆာများအတွက် ဘေးသင့်မှုတိမ်တိုက်သည် မည်မျှ အရေးကြီးသည်၊ ကျော်လွှားရန်ခက်ခဲသည်ကို သူမကို အကြံပေးချင်သည်။ ထိုနေရာတွင် အထွတ်အထိပ်မိစ္ဆာအဖြစ် သေသွားပါက အထိမ်းအမှတ်အဖြစ် သာကျန်ခဲ့ပေမည်။
သို့သော် သူတို့စိုးရိမ်သလို ရှီမာယူယူတွင် စိုးရိမ်မှုမရှိသည်ကို တွေ့ လိုက်ရသည်။ ထိုအကြောင်းကို ထပ်ပြောရန်သူတို့အခက်တွေ့သွားသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ထိုကိစ္စနှင့်ပတ်သတ်ပြီး အနည်းငယ် စိတ်လှုပ်ရှားမိသည်။
“စီနီယာတို့ မိုးကြိုးနဲ့လွတ်အောင်လို့ ဒီနေရာနဲ့ နည်းနည်းဝေးဝေးမှာ သွားရပ်ပေးပါလား” ရှီမာယူယူ ပြောလိုက်သည် “ဟိန်းသံထောင်ချီ၊ ရာဟွောင်၊ နီရဲပျား၊ ပန်းလေး မင်းတို့ ပြင်ဆင်ထားလိုက်တော့”
“အိုခေ ယူယူ”
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် မိုးကြိုးဘေးသင့်မှုတွင် မပါဝင်လိုသဖြင့် လျင်မြန်စွာ ပျံသွားလိုက်သည်။ သူတို့မှာ အရေအတွက်များ သဖြင့် မိုးကြိုးဘေးသင့်မှုကြီးမားမည်ကို သိသောကြောင့် မပါဝင်လိုပေ။
ဝိဉာဉ်မိစ္ဆာ၏ ဆင့်ကဲဖြစ်စဉ်အတွက် ပြင်ဆင်ပြီးနောက်တွင် ဘေးသင့် မှုတိမ်တိုက်သည် ကောင်းကင်တွင်စုစည်းလာသည်။ အမည်းရောင်တိမ် တိုက်များသည် သူတို့အထက်တွင် မည်းနက်လာသည်။
ဝိဉာဉ်မိစ္ဆာလေးကောင်အတူတကွ လုပ်ဆောင်ကြမည်ဖြစ်သဖြင့် မိုးကြိုးဘေးသင့်မှု ခက်ခဲမှုအဆင့်မှာ သာမန်မဟုတ်နိုင်ပေ။ ခဏအတွင်းမှာ ပင် အမှောင်ထုကြီးသည် သူတို့ကိုလွှမ်းခြုံလိုက်သည်။ ထိုလှုပ်ရှားမှုသည် အတွင်းဂိုဏ်းမှဆရာများပင် ခံစားမိလေသည်။
“ဘာတွေဖြစ်နေတာလဲ” ဖန်လိုင်သည် မျက်မှောင်ကြုတ်ကာ ပြော လိုက်သည်။
“အနောက်ဘက်တောင်တွေမှာတော့ တစ်ခုခုဖြစ်နေတဲ့ပုံပဲ” မုန့်ဆန်းချွယ်သည် ကောင်းကင်ကိုကြည့်ပြီးပြောလိုက်သည် “အဲဒီကိုသွားပြီး ကြည့်သင့်လား”
ဖန်လိုင်သည် ကျောင်းသားများ စင်ပေါ်တွင်ပြိုင်ပွဲဝင်နေသည်ကို ကြည့် ပြီး ခေါင်းညိမ့်ကာ ဘေးမှဆရာများကိုလှည့်ပြီး ညွှန်ကြားလိုက်သည် “မင်းတို့ ဒီမှာနေပြီး စောင့်ကြည့်နေလိုက်၊ ဘာဖြစ်နေလဲဆိုတာ ငါတို့သွားပြီးကြည့် လိုက်မယ်”
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် အဖြစ်အပျက်များကိုမြင် သောအခါ အံ့သြမိန်းမောနေလေသည်။
“အဲဒါက ဆင့်ကဲမိုးကြိုးဘေးသင့်မှုရောဟုတ်ရဲ့လား” ဒီလောက်ထူပြီး မည်းနက်နေသော ဘေးသင့်မှုတိမ်တိုက်ကို စူးရှောင်ရှောင် ပထမဆုံးမြင်ဖူး ခြင်းဖြစ်သည်။
“သေစမ်း ဒီလောက်အဆင့်နဲ့ဆိုရင် ဆရာတွေရောက်လာနိုင်တယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သည် “ခဏလေး မဟုတ်သေးဘူး အဲဒါအရေးမကြီး ဘူး၊ ဒီလောက်ကြီးတဲ့ ဆင့်ကဲမိုးကြိုးဘေးသင့်မှုနဲ့ဆိုရင် ဘာနဲ့မှတားလို့ရမှာ မဟုတ်ဘူး သူဘယ်လိုကျော်လွှားမှာလဲ”
“ဂျူနီယာညီလေးကိုကြည့်လိုက် သူကလုံးဝစိတ်မပူဘူး၊ ဒါကိုဖြေရှင်းဖို့ နည်းလမ်းရှိတဲ့ပုံပဲ” စူးရှောင်ရှောင်ပြောလိုက်သည်။
“ရှိမှာပေါ့” ဟန့်မြောင်ရွှမ်သည် စိုးရိမ်မိသည် “ဒီလောက် လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်ဆိုရင် ဂိုဏ်းကဆရာတွေ ရောက်လာတော့မယ် ထင်တယ်”
အမှန်ပင်…. မိုးကြိုးပစ်မချခင်ကို မုန့်ဆန်းချွယ်နှင့် ဖန်လိုင်တို့ရောက် လာကြသည်။
“ဘာတွေဖြစ်နေကြတာလဲ” မုန့်ဆန်းချွယ်သည် သူတို့ဘေးလာကာ မေးလိုက်သည်။
“ဂျူနီယာညီလေးရဲ့ စာချုပ်အကောင်လေးတွေပါ သူတို့အသွင်ပြောင်း ကြမလို့” ဟန့်မြောင်ရွှမ် ရှင်းပြလေသည်။
“စာချုပ်မိစ္ဆာတွေ အသွင်ပြောင်းတာလား” ဖန်လိုင် မျက်မှောင်ကြုတ် လိုက်သည် “ဆင့်ကဲမိုးကြိုးဘေးသင့်မှုတစ်ခုတည်းဆိုရင် ဘယ်လိုလုပ် ဒီလောက်ကြီးကျယ်မလဲ”
“စာချုပ်မိစ္ဆာတစ်ကောင်တည်းဆိုရင် ဒီလိုမဖြစ်ဘူး၊ ဒါပေမဲ့ ဂျူနီယာ မောင်လေးမှာ လေးကောင်ရှိနေတာ၊ သူတို့က တစ်ချိန်တည်းမှာပဲ အသွင် ပြောင်းကြမှာ၊ အင်အားကြီးတွေစုလိုက်တော့ ဒီလိုဖြစ်သွားတာပဲ” ဟန့်မြောင်ရွှမ်သည် အကူအညီမဲ့စွာပြောလေသည်။
“တစ်ပြိုက်နက်တည်းလား… သူဘာတွေစဉ်းစားနေတာလဲ… ဖြစ်လာ မယ့်အကျိုးဆက်ကို သူမစဉ်းစားဘူးလား… သူ့စီနီယာတစ်ယောက်အနေနဲ့ တခြားဟာကိုဘာလို့အကြံမပေးလိုက်တာလဲ”
“ပေးပါတယ် ဒါပေမဲ့ ဂျူနီယာညီလေးက ပြဿနာမရှိဘူးလို့ပြောတယ်”
“စိတ်လိုက်မာန်ပါလုပ်တာပဲ သူအခုဘယ်မှာလဲ” မုန့်ဆန်းချွယ်မေး လိုက်သည်။
ဟန့်မြောင်ရွှမ်သည် ထူထဲသော တိမ်တိုက်အားညွှန်ပြကာ ပြောလေ သည် “ဆရာတို့မရောက်ခင် သူအထဲကိုဝင်သွားတယ်”
“သူက ဘေးသင့်မှုတိမ်တိုက်ထဲဝင်သွားတယ်ဟုတ်လား၊ အဲ ကောင်လေးက အတင့်ရဲတာပဲ”
“ဂျူနီယာညီလေးအဆင်ပြေပါ့မလားလို့ တွေးနေတာ သူကတော့ လုံးဝ စိုးရိမ်တဲ့ပုံမပေါ်ဘူး” စူးရှောင်ရှောင်ပြောလိုက်သည် “မဟုတ်ရင် သူဘာမှ ပြင်ဆင်မှုမလုပ်ရင် ကျရှုံးမှာပဲ”
“ဒီကောင်လေးကတော့ အန္တရာယ်များတာထပ်လုပ်ပြန်ပြီ၊ သူ့အပြုအမူ အတွက် နံရံကိုမျက်နှာမူပြီး ပြန်သုံးသပ်ခိုင်းရတော့မယ်ထင်တယ်” မုန့်ဆန်းချွယ်တွင် မုတ်ဆိတ်ရှိပါက မုတ်ဆိတ်ကို ဒေါသတကြီးမှုတ်ထုတ် လောက်သည်။
“ဘေးသင့်မှုတိမ်တိုက်ထဲသူက ဘာသွားလုပ်တာလဲ” ဖန်လိုင် မေး လိုက်သည်။
“သူက ဘေးသင့်မှုတိမ်တိုက်နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောစရာရှိ တယ်လို့ပြောသွားတာပဲ….”
ဘေးသင့်မှုတိမ်တိုက်သည် အချိန်တိုအတွင်း ဒီလောက် ကျူးကျော် လာမည်ဟု ရှီမာယူယူ မထင်ထားပေ။
“ဘေးသင့်မှုတိမ်တိုက်လေး ဘေးသင့်မှုတိမ်တိုက်လေး” သူမသည် ဘေးသင့်မှုတိမ်တိုက်အတွင်းလာကာ အော်လေသည်။
“ဘယ်လိုလုပ် ထပ်ပြီး မင်းဖြစ်နေတာလဲ” ဘေးသင့်မှုတိမ်တိုက်လေး သည် ရှီမာယူယူသည် စိတ်လှုပ်ရှားပြီး တောက်ပသောမျက်လုံးများဖြင့် ကြည့် လေသည်။ သို့သော် ဒေါသထွက်ဟန်ဆောင်နေသေးသည်။
ရှီမာယူယူရှေကတိုးလာကာ ယုန်ပုံစံဝိဉာဉ်တိမ်တိုက်လေးကို လက်ဖြင့် ဖမ်းကာ ပြောလိုက်သည် “ကောင်းပြီ ဘေးသင့်မှုတိမ်တိုက်လေး မင်း မျက်လုံးတွေဘယ်ရောက်နေတာလဲ ငါ့ကိုမလွမ်းဘူးလား”
“ငါက ဘယ်လိုလုပ်မင်းကိုလွမ်းရမှာလဲ” ဘေးသင့်မှုတိမ်တိုကလေး သည် လျှပ်စီးအနည်းငယ်ထုတ်လွှတ်လိုက်သော်လည်း သူမအတွက် နာကျင် မှုမဖြစ်စေပေ။
“တကယ်ပဲငါ့ကိုမလွမ်းဘူးလား” ရှီမာယူယူ ကြိတ်ရယ်လိုက်သည် “ဒါဆို ငါ့ကိုမြင်တော့ဘာလို့မျက်လုံးတွေအရောင်တောက်သွားတာလဲ”
“ဘယ်သူကမျက်လုံးအရောင်တောက်လို့လဲ” ဘေးသင့်မှုတိမ်တိုက် သည် ငြင်းဆန်နေလေသည်။ ဒီကောင်လေးမြင်သွားတာကို ငြင်းရမယ်။
“မဟုတ်ဘူးလား ဒါဆိုလည်းပြီးတာပဲ ငါပြန်တော့မယ်” သူမ ပြောလိုက် သော်လည်း နေရာမရွေ့ပေ။
ဘေးသင့်မှုတိမ်တိုက်လေးက လူသားတွေရဲ့ အကြံအစည်တွေကို ဘယ်လိုလုပ်သိနိုင်မှာလဲ။ သူမပြောလိုက်သည့်စကားကိုကြားသောအခါ အမှန်တကယ်ပင် ထွက်သွားတော့မည်အထင်နှင့် ပြောလိုက်သည် “ကောင်းပြီ ကောင်းပြီ ငါမင်းကိုလွမ်းတယ် ရပြီလား၊ ဒါပေမဲ့ ငါက မင်းရဲ့ ဝိုင် ကိုပဲလွမ်းတာ အရင်ကဝိုင်လိုမျိုးရှိသေးလား”
ရှီမာယူယူသိထားသည်။ ဒီကောင်လေးက သူမ အသီးဝိုင်ကိုမျက်စိကျ နေသည်လေ။
ပြီးခဲ့သည့်တစ်ခေါက် ဘေးသင့်မှုတိမ်တိုက်လေး သောက်သည့် ပမာဏ မှ ကျန်ခဲ့သည့်ဝိုင်များမှာ မလောက်ငှခဲ့ပေ။ ကုန်သွားသည်မှာ အတော်ကြာခဲ့ ပြီ။ သို့သော် သူမသည် ထပ်ဖျော်စပ်ပြီးနောက် ပြီးခဲ့သည့်အချိန်များတွင် ဘေးသင့်မှုတိမ်တိုက်ကို မတွေ့ခဲ့သဖြင့် သိမ်းရုံသာသိမ်းထားခဲ့သည်။
“ဒီမှာ မင်းအတွက်” သူမသည် အသီးဝိုင်တစ်ကရားထုတ်ပေးသည်နှင့် ဘေးသင့်မှုတိမ်တိုက်လေးသည် သူမလက်ထဲမှ ချက်ချင်းပင် ခုန်ပေါက်ထွက် ကာ အသီးဝိုင်ကရားဆီသို့ပြေးလေသည်။
“ကလု ကလု…”
သူသည် ပုလင်းမှောက်ချလို့ရလောက်အောင်အထိ ဝိုင်တစ်ကရားလုံး ကိုသောက်လိုက်သည်။
“ဘယ်လိုလဲ ဒီတစ်ခေါက် ဝိုင်ကဘယ်လိုနေလဲ” ရှီမာယူယူ အားရပါးရ ပြုံးလိုက်သည်။
“မဆိုးဘူး မဆိုးဘူး အရင်အရသာနဲ့မတူဘူး ဒါပေမဲ့ ဒါလည်းအရသာရှိ တယ်၊ ထပ်ရှိသေးလား”
“ရှိတာပေါ့ ငါအများကြီးပြင်လာတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မင်းအလုပ်ကိုအရင်လုပ်ရမယ်မဟုတ်ဘူးလား”
“အလုပ်ဟုတ်လား” ဘေးသင့်မှုတိမ်တိုက်လေးသည် ခေတ္တမျှစဉ်းစား ပြီးနောက် “သြော် ဟုတ်သား မင်းရဲ့စာချုပ်မိစ္ဆာတွေအသွင်ပြောင်းရဦးမှာပဲ ဒါပေမဲ့ စိတ်ပူဖို့မလိုပါဘူး၊ ငါလျှပ်စီးတွေမပစ်ခင် အချိန်တွေရှိပါသေးတယ် သောက်ပြီးမှပြောကြတာပေါ့”
ပြောပြီးနောက်တွင် နောက်ဝိုင်တစ်ကရားကိုသောက်လေသည်။
ရှီမာယူယူသည် ကရားထဲခေါင်းစိုက်နေသော ယုန်လေး၏ အမြှီးအား မြင်သောအခါ လက်ကိုဆန့်ပြီး ပုတ်လိုက်သည်။ ညှိနှိုင်းရန်အဆင်သင့် ဖြစ်နေသော အသံဖြင့် သူမ ပြောလိုက်သည် “ဘေးသင့်မှုတိမ်တိုက်လေး အဲမတိုင်ခင်ငါတို့ အပေးအယူလုပ်ရင်ဘယ်လိုလဲ”
“အင်း…ဘာ…” ဘေးသင့်မှုတိမ်တိုက်လေးသည် သူမ ဆိုလိုသည်ကို ပြန်မေးတော့မည့်ပုံပင်။
သူသောက်ပြီးခါနီးတွင် ယူယူသည် သူ့အမြီးမှဆွဲပြီး ကရားထဲမှ ဆွဲထုတ်လိုက်သည်။ သူမ စကားမစရသေးခင်မှာပင် ဘေးသင့်မှုတိမ်တိုက် လေးသည် ချက်ချင်းပင် ငြင်းဆန်လေသည်။
“မရဘူး ငါ ညစ်လို့မရဘူး”
***