သူရဲကောင်း ချန်ကျန့်။
Vol. 11 Ch. 121
ဝမ်လင်ရွယ်၏ သွယ်လျပြီး လှပသော ကောက်ကြောင်းကြောင့် ဖန်ရှောင်ရန်ခမျာ ငေးမောသွားသည်။
ထိုအချိန်တွင် ဟွမ်ချမ့်ကျွယ် ထွက်လာပြီး နှုတ်ဆက်သည်။
“ လင်ရွယ်၊ မင်းအရင်က လှမှန်း ငါသိတယ် ဒါပေမယ့် ဒီလောက်အထိ လှလာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး ... ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ယောက်လိုပဲ ။ ”
“ ဟမ့် ... ငါအခုမှ ၁၆နှစ်ပြည့်ဖို့တောင် နှစ်လလိုသေးတယ် ဘာ(၁၈)နှစ်လဲ။ ”
ဝမ်လင်ရွယ်မှ မျက်မှောင်ကြုတ်လျက် တုန်ပြန်သဖြင့် လူတိုင်း ရယ်မောလိုက်ကြ၏။ မဟာကျိုး၏ ထုံးတမ်းစဉ်လာဓလေ့အရ မိန်းကလေး တစ်ယောက်သည် ဆယ့်ငါးနှစ် အရွယ်တွင် လက်ထပ်ရန် အဆင်သင့် ဖြစ်နေချေပြီ။
ထို့နောက် စကားစမြည်များပြောလျက် လင်ရွယ်၏ မေးခွန်းအများစုကို ဟွမ်ချမ့်ကျွယ်မှ စုရီအစား ဖြေပေးနေရသည်။
အဆုံးတွင် ဝမ်လင်ရွယ်က နှုတ်ဆက်ကာ ပြန်ရန်ပြင်သည်။
“ လင်ရွယ် ... မင်းအစ်မနဲ့ငါက သူစိမ်းတွေပါပဲ ငါတို့ကြားမှာ ချစ်ခြင်းမေတ္တာ မရှိဘူး ဒါကြောင့် ငါ့အကြောင်းတွေဝေမျှဖို့ မကြိုးစားပါနဲ့ ငါတို့နှစ်ယောက်လုံးကလည်း ဒီအိမ်ထောင်ရေးကို ဖျက်သိမ်းချင်နေတဲ့ လူတွေပါ။ ”
ထိုစကားက ဝမ်လင်ရွယ်ကို တုန်လှုပ်သွားသည်။
“ ကောင်းပြီ၊ ဒါက မင်းနဲ့မဆိုင်ပါဘူး .. မင်းဆန္ဒရှိနေသရွေ့တော့ ... ငါက မင်းရဲ့ အမြဲတမ်း အစ်ကိုစုပါပဲ။ ”
သို့မှသာ ဝမ်လင်ရွယ်က နှလုံးသားအတွင်း နွေးထွေးမှုများ ပြန်လည်ရရှိလာပြီး ခေါင်းညိတ် လိုက်၏။
“ လင်ရွယ် ... ဒီမှာ ဝိညာဉ်ရေးဆေးတွေ အဲဒါတွေကို ယူပြီး ကောင်းကောင်းအသုံးချပါ ချီသန့်စင်ခြင်း မပြုမီ ... စွမ်းအင်လမ်းကြောင်း (၁၀၈)ခုလုံးကို ဖွင့်ဖို့မမေ့နဲ့။ ”
ဝမ်မိသားစု၏ဘဏ္ဍာရေး အခြေအနေအရ သူမအတွက် လုံလောက်သော အရင်းအမြစ်များ မပေးနိုင်ချေ။
ပြိုင်ဘက်ကင်း ပုလဲဝိညာဉ် အနှစ်သာရကျမ်းသည်လည်း သူမအတွက် နေ့စဉ်အသုံးစရိတ်ကို များစွာ စားသုံးသည်။
“ အစ်ကိုစု ငါယဉ်ကျေးနေတော့မှာ မဟုတ်ဘူး ... အနာဂါတ်မှာ တစ်ခုခုလိုရင် လင်ရွယ်ကို အားမနာနဲ့ ... ။ ”
ဝမ်လင်ရွယ်မှ ဝမ်းသာသွား၏။ ထို့နောက်စုရီက နှုတ်ဆက်ပြီး ကြိမ်ကုလားထိုင် ပေါ်တွင် အိပ်ပျော်သွားတော့သည်။
ဤသည်မှာ စကြာဝဠာ ဖန်တီးခြင်း သုတ္တန်ဖြစ်၏။ ကျင့်ကြံမှုသည် နေ့စဉ် လိုအပ် ချေပြီ။ ပေါ့ဆရန် ခွင့်မပြုနိုင်ချေ။
***
နေရောင်အောက်မှာ မြစ်ရေပြင်သည် သလင်းပွင့်အလား တောက်ပလျက် လှေငယ် တစ်စင်း အထီးကျန်စွာ မျောပါနေ၏။
“ ရီရန် ... ၊ ငါတို့ တိမ်မြစ်စီရင်စုကို ရောက်ရင် မြစ်ပြာဓားစံအိမ်ဆီ ဝင်ရအောင် ပြီးရင် သခင်လေးစုရီထံ ဝင်မယ် သူဘယ်မှာ နေလဲ စုံစမ်းထားပါ။ ”
အရပ်ရှည်ရှည်နှင့် လှံတစ်စင်းကဲ့သို့ ဖြောင့်မတ်နေသော လူကြီးတစ်ယောက်က လှေပေါ်တွင် လက်နှစ်ဖက် နောက်ပို့ကာ ရပ်ပြီးအမိန့်ပေးနေ၏။
ဟောင်းနွမ်းနေသော ချပ်ဝတ်အောက်မှ ကြေးနီရောင် အသားအရည်ကို မြင်သာစေပြီး မျက်ဝန်းအတွင်း သွေးမြစ်စီးဆင်းနေ၏။
ဤသည်မှာ မဟာကျိုး၏ သူရဲကောင်း (၁၈)ယောက် အနက်မှ ဝိညာဉ်သိုင်းသမား ချန်ကျန့် ဖြစ်သည်။
သူ၏ အပြာရောင် သံချပ်ကာ တပ်ရင်းသည် သွေးစွန်းသောယိုတောင်တန်း၌ တစ်နှစ်ပတ်လုံး တပ်စွဲထားပြီး မရေမတွက်နိုင်သော ဝိညာဉ် သားရဲများနှင့် တိုက်ပွဲဆင်နွှဲနေရ၏။
“ ဆရာ ... သခင်လေးစုရီက သာမန်ဖြစ်ပေမယ့် သူ့မာနက အရိုးထိအောင် နက်ရှိုင်းတယ်၊ သူနဲ့တွေ့တဲ့အခါ ကျေးဇူးပြုပြီး မစော်ကားပါနဲ့။”
ချန်ကျန့်မှ ခေါင်းညိတ်လိုက်သည်။
“ ဒါသဘာဝပဲလေ ... အရည်အချင်းရှိတဲ့လူတွေက ပိုရင့်ကျက်ပြီး သူတို့ရဲ့ မာနက နက်ရှိုင်းပါတယ် ...
... မဟာသခင်တစ်ပါးကို ဓားတစ်ချက် တည်းနဲ့ သတ်နိုင်တဲ့ လူမျိုးက ... သေချာပေါက် မာနကြီးမှာပါပဲ ...
... စိတ်မပူနဲ့ ... ငါချန်ကျန့်က အရည်အချင်းထက် ဘာကိုမှ အလေးမထားတာ မင်းလည်း အသိပါ။ ”
ကျန်းရီရန်မှ ခေါင်းညိတ်လိုက်သည်။
“ ဒါနဲ့ဆရာ ငါတို့ သင်္ဘောပေါ်မှာ ဆဋ္ဌမမင်းသား လုပ်ကြံခံရတဲ့ကိစ္စ ... ဒီအတိုင်းပဲ ထားလိုက်တော့မလား။ ”
“ မင်းသားတွေကြားက အာဏာ လွန်ဆွဲပွဲတစ်ပွဲပဲ၊ ဒီအရေးမှာ ငါတို့ မပါဝင်တာ ပိုကောင်းတယ်။”
ထိုစဉ် လှေငယ်သည် မြစ်ကမ်းသို့ ဆိုက်ကပ်လာခဲ့သည်။
“ လမ်းခွဲရအောင် ... ။ ”
စကားဆုံးသည်နှင့် သူရဲကောင်းချန်ကျန်တစ်ယောက် ဝှစ်ခနဲ ခုန်ဆင်းကာ မှုန်ဝါးပျောက်ကွယ် သွားတော့သည်။
ဤမြင်ကွင်းကို အနီးနားရှိ ကုန်တင်သင်္ဘောတစ်စင်းပေါ်မှ လူတစ်ဦးက တိတ်တဆိတ်ကြည့်ရှုနေခဲ့၏။
“ ဝိညာဉ်သိုင်းသမား ချန်ကျန့်လား ... သူတပ်က သွေးစွန်းသောယွဲ့တောင်တန်းမှာ တပ်စွဲနေတာပါ ... ဒါဆို သူ ဒီကို ဘာလာလုပ်တာလဲ။ ”
ထိုလူသည် စုတ်ပြတ်သတ်နေသော တာအို၀တ်စုံကို ၀တ်ဆင်လျက် ခေါင်းယမ်းကာ ညည်းတွားလိုက်တော့သည်။
သူ့ဘေးအနားရှိ လူလတ်ပိုင်း အရွယ် အမျိုးသမီးက ပျင်းရိစွာ ခါးကျောဆန့်ထုတ်ပြီး၊
“ ငါတို့မစ်ရှင်က ဝမ်ယွင်ချွယ်ကိုဖမ်းပြီး စိတ်ဝိညာဉ်ကျောက်စိမ်းအပိုင်းအစ ပြန်ယူဖို့ပဲ တခြားဘာမှ စိတ်ပူနေစရာ မလိုပါဘူး။ ”
-ဟု နှစ်သိမ့်လိုက်၏။
နောက်ဆုံးတစ်ယောက်ဖြစ်သော ပိန်ပိန်ပါးပါးနှင့် အဖိုးအိုက၊
“ ဝမ်ယွင်ချွယ်က တိမ်မြစ်မြို့တော်မှာ ရှိနေတာ သေချာရဲ့လား။ ”
-ဟု မေးမြန်းလာသည်။
သူစကားပြောနေစဉ် သက်လတ်ပိုင်း အရွယ်အမျိုးသမီးရင်ဘတ်ကို လောဘကြီးစွာ တစ်ချက်-တစ်ချက် ကြည့်နေခဲ့၏။
ယုန်နှစ်ကောင်သည် ဆူဖြိုးလွန်းပြီး အဝတ်အစားအောက်မှ ရုန်းထွက်လိုနေသည်။ မည်သူမဆို ပွတ်သပ် ချော့မြူလိုစိတ်များ ဖြစ်ပေါ်လာစေ၏။
“ အဘိုးကြီး ... ဒီည နင်ငါနဲ့ အမဲလိုက်ချင်လား။ ”
“ မဟုတ်ပါဘူး ... ကြည့်ခွင့်ရတာနဲ့တင် အဆင်ပြေတယ် ဒီအဖိုးကြီးက ခြောက်သွေ့နေ ပါပြီ အလောင်းကောင် သာသာပါပဲ အများကြီး မစွမ်းဆောင်နိုင်တော့ပါဘူး။ ”
“ ဟမ့် ... တဏှာပဲရှိပြီး သတ္တိမရှိတဲ့ လူယုတ်မာ။ ”
အမျိုးသမီက လှောင်ပြောင်လိုက်သည်။
“ ငါတို့ရဲ့ သတင်းပေးသူတွေဆီက စကားအရ ... သူရှိနေတာ ထင်ရှားပါတယ် လွန်ခဲ့တဲ့ ခုနစ်ရက်လောက်က မြို့ထဲမှာ အနီးကပ်ဆုံး ခြေရာခံမိခဲ့တယ်။ ”
ဟောင်းနွမ်းနေသော တာအို၀တ်ရုံဖြင့် အမျိုးသားက ပြန်လည် ပြောကြားလာသည်။ ထို့နောက် သူ့လက်စွပ်မှ သွေးဖယောင်းတိုင် တစ်ချောင်းကို ထုတ်ယူကာ အဖိုးအိုထံ ပေးအပ်လိုက်၏။
“ ဒါ ... ဝိညာဉ်ခေါ် ဖယောင်းတိုင်ပဲ ... ဝမ်ယွင်ချွယ်ရဲ့ သွေးအနှစ်သာရ ခြေရာခံနိုင် လိမ့်မယ်။ ”
“ ဒါဆို သုံးရက်အတွင်း ... သူ့ကို အသိုက်ကနေ ဆွဲထုတ်လာခဲ့မယ်။ ”
အဖိုးအိုက ကတိပေးသည်။ ဝိညာဉ်ခေါ် ဖယောင်းတိုင်များသည် တစ်စုံတစ်ဦး၏ သွေး အနှစ်သာရဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ဝမ်ယွင်ချွယ်ကာကွယ်သူအဖြစ် တာဝန်ထမ်းတောင်စဉ် သွေးအနှစ်သာရအချို့ ဂိုဏ်းထံပေးအပ်ရသည်မှာ သဘာဝပေပင်။
“ ရှောင်လန် ... မင်း မြို့ထဲမှာ ယဇ်ပလ္လင်တည်ဖို့ နေရာကို သွားရှာ ... ပြဿနာ တစ်စုံတစ်ရာ ကြုံလာရင် လွတ်မြောက်ရာ လမ်းကို ဦးစားပေးပါ။ ”
တာအို၀တ်စုံဝတ် အမျိုးသားက လေးလံစွာထုပ်ပိုးထားသော တစ်စုံတစ်ရာကို အမျိုးသမီးထံ ကမ်းပေးပြန်သည်။
“ ဒါတွေက မှော်ရတနာတွေဖြစ်ပြီး အားလုံးအဖိုးတန်တယ် ... အလေအလွင့် မဖြစ်စေနဲ့။ ”
“ နင်ကရော ... ။ ”
အမျိုးသမီးက ပြန်မေး၏။
“ ငါ့မိတ်ဆွေ တစ်ယောက်ဆီ သွားလည်ဦးမယ် ... သူ့အကူအညီနဲ့ဆိုရင် ဝမ်ယွင်ချွယ် အတောင်ပံ ပေါက်နေရင်တောင် လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ”
***
စည်းစိမ်ချမ်းသာစံအိမ် ပထမထပ် သီးသန့်ခန်းတွင် စွေ့ယွင်မှ လေးစားဖွယ် အမူအရာမျိုးဖြင့် ဧည့်သည်တစ်ဦးရှေ့၌ ခါးမတ်ကာ ထိုင်နေခဲ့သည်။
တစ်ဖက်လူသည် ရှည်လျားပြီး အဖြူရောင်ဆံနွယ်များဖြင့် အဖြူရောင်၀တ်စုံကို ဆင်မြန်းထားသောကြောင့် နှင်းပန်းပုအလား ထင်မှားလောက်အောင် လှပနေချေပြီ။
အသွင်အပြင်နှင့် စိတ်နေစိတ်ထားသည် အမှန်ပင်လိုက်ဖက်ရာ အကြည့်ချင်းဆုံသော် ချမ်းစိမ့်စိမ့် ခံစားချက်များ ရရှိစေ၏။
ဤသည်မှာ ကျူးကုချင်းဖြစ်သည်။ ကောင်းကင်မူလ အကယ်ဒမီ၏ အကြီးအကဲ ကိုးဦးအနက်မှ တစ်ဦးဖြစ်ပြီး မဟာသခင် ကျင့်ကြံမှုကို ပိုင်ဆိုင်ထား၏။
“ မရဏတံခါး ဌာနခွဲရဲ့ ... ကာကွယ်သူ သုံးဦးထဲမှာ သွေးအဖိုးအိုက ကြမ်းကြုတ်တဲ့ အဘိုးအိုတစ်ဦးဖြစ်ပြီး ဒုတိယအဆင့် မဟာသခင် ကျွမ်းကျင်သူပဲ ...
.. သူ့ရဲ့ အရည်အချင်းက ... သရဲတစ္ဆေတွေကို ထိန်းချုပ်ပြီး ပြိုင်ဘက်ရဲ့ စိတ်ဝိညာဉ် ပင်လယ်ထဲကို ဝင်ရောက် ကျွန်ပြုနိုင်တယ် ...
... ကျန်နှစ်ယောက်ကတော့ အပုပ်ကောင်အဘိုးကြီး ချူးစစ်လန်နဲ့ အလောင်း မိန်းကလေး လျူရှင်းလန်ပဲ၊ နှစ်ယောက်စလုံးက ချီသန့်စင်ခြင်း အထွတ်အထိပ် ...
... ချူးစစ်လန်က ခြေရာခံခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း အထူးကျွမ်းကျင်ပြီး လျူရှင်းလန်က ဝင်္ကပါတွေ ကျွမ်းကျင်တယ် သူတို့သတင်းကို စုံစမ်းပေးပါ ... ။ ”
ကျူးကုချင်းက စွေ့ယွင်ကို အမိန့်ပေးလိုက်၏။ စွေ့ယွင်မှ သတိကြီးစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူမအစ်ကိုသည် ပဉ္စမအဆင့် အကြီးအကဲတစ်ဦးသာဖြစ်ပြီး ကျူးကုချင်းသည် တတိယအဆင့်ဖြစ်၏။
“ မနက်ဖြန် ငါသိချင်တယ်။ ”
သတိဝင်ချိန်၌ ကျူးကုချင်းတစ်ယောက် တံခါးဖွင့်ကာ ထွက်ခွာသွားပြီဖြစ်သည်။ စွေ့ယွင် ခမျာ အသက်ပြင်းပြင်းရှူလျက် ထရပ်လိုက် ရ၏။ သူမတွင် အချိန်တစ်ညသာ ရှိချေပြီ။
တောင်မြစ်နန်းတော် ပိတ်သိမ်းပြီးနောက် သူမနေ့ရက်များသည် တစ်ရက်မျှ သက်တောင့် သက်သာ မရှိတော့ချေ။
***