← Chapters

ထိုညပြီးနောက် ... ။

Vol. 11 Ch. 125

ထိုညပြီးနောက် ... ။

Vol. 11 Ch. 125

ထိုညမှာပင်။ စွေ့ယွင်သည် သတင်းစကားတစ်ခုကို လက်ခံရရှိလာပြီး ပြုံးရွှင်စွာဖြင့် သီးသန့်ခန်း တစ်ခုထံ လှမ်းဝင်လာခဲ့သည်။

“ အကြီးအကဲကျူး ငါတို့ သတင်းရပြီ ... လွန်ခဲ့တဲ့ တစ်နာရီက အပုပ်ကောင်အဘိုးကြီး ချူးစစ်လန်ကို ခြေရာခံမိပါပြီ ... ။ ”

ကျူးကုချင်းမှ ချက်ချင်း ထရပ်လိုက်သည်။

“ ဘယ်မှာလဲ ... ။ ”

“ ဘူးသီးလမ်းသွယ်မှာပါ ... ။ ”

“ ကောင်းပြီ ... ငါ သွားကြည့်​လိုက်​မယ်​။ ”

“ ဘူးသီးလမ်းသွယ် ... ဟမ့် ဒါက သခင်လေးစုရဲ့ စံအိမ်ရှိတဲ့ အရပ်မဟုတ်လား။ ”

စွေ့ယွင် တစ်ယောက် ရုတ်တရက် မျက်နှာပျက်သွား၏။ တံခါးဝ ရောက်နေသည့် ကျူးကုချင်းထံ သတိပေးလိုသော်လည်း၊

“ မေ့လိုက်ပါ၊ အဲဒီနက္ခတ်ဆိုးနဲ့ ... ပတ်သက်နေရင် ရှောင်တာ အကောင်းဆုံးပါပဲ။ ”

-ဟု ညည်းတွားလျက် တိတ်ဆိတ်သွား တော့သည်။

ထိုညမှာပင် စားသောက်ဆိုင် တစ်ဆိုင်အတွင်း၌ ကျန်းရီရန်နှင့် သူရဲကောင်း ချန်ကျန့်ထိုင်နေသည်။

“ ဆရာ ... ငါစုံစမ်းပြီးသွားပြီ ... သခင်လေးစုက လက်ရှိ ဘူးသီးလမ်းကြားမှာ နေနေပါတယ်။ ”

“ ကောင်းပြီ မနက်ဖြန် ငါသူ့ဆီ သွားကြည့်မယ် ... သူ့အတွက် အဲဒီအပြာရောင် မီးတောက် သမင်ဦးချိုကို ပြင်ဆင်ထားပါ ... ငါတို့လက်ဗလာနဲ့ သွားလို့မရဘူး။ ”

“ ဟုတ်ကဲ့ဆရာ ... ငါပြင်ဆင်ပြီးပါပြီ၊ ဒါနဲ့ဆရာ ... ဒီနေ့ မင်းမြစ်ပြာဓားစံအိမ်ကနေ ပြန်လာတာ အခြေအနေ ဘယ်လိုရှိလဲ။ ”

“ အဆင်ပြေပါတယ် ... ငါတို့အတွက် စစ်သည်ကောင်းတချို့ တွေ့ခဲ့တယ် ဒါပေမယ့် မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်သွားတယ်။

ချန်ကျန့်က စကားရပ်လိုက်ကာ တွေဝေသွားလေသည်။ ကျန်းရီရန်မှ စိတ်ဝင်စား လာပြီး၊

“ ဘာများလဲ ဆရာ။ ”

-ဟု မေးမြန်းလိုက်၏။

“ မုစန်းထူက သူ့ရာထူးကို စွန့်ပြီး ... တာအိုရှာဖို့ တောင်တန်းတွေဆီ ... ခရီးနှင်နေပြီ လောကီရေးရာမှာ မပါဝင်တော့ဘူး ...

... ငါကြားရတာတော့ လူငယ် တစ်ယောက်ကို ဆုံးရှုံးလိုက်ရတယ်လို့ သူတို့က ပြောပေမယ့် ... ဒီလူငယ်က ဘယ်သူလဲဆိုတာ ထုတ်မပြောကြဘူး ...

... မုစန်းထူဆိုတာ သူ့ဓားနဲ့ တိမ်မြစ် မြို့တော်တစ်ဝက်ကို ... ဖျက်ဆီးနိုင်တယ်လို့ နာမည်ကြီးနေသူပဲ ... ဒါပေမယ့် အခုလို လူငယ် တစ်ယောက်ထံ ကျရှုံးလိမ့်မယ်လို့ မထင်ထားမိဘူး။ ”

ကျန်းရီရန်မှ သက်ပြင်းချလိုက်သည်။ သို့သော် ချက်ချင်းပင် တစ်စုံတစ်ရာကို သတိရ လာပြီး၊

“ ဆရာ ... သခင်လေးစုရီများလား။ ”

-ဟု ထင်ကြေးပေးတော့၏။

“ အဲဒါကို ဆွေးနွေးနေစရာ မလိုတော့ပါဘူး... မနက်ဖြန် သူ့ဆီသွားတဲ့အခါ ငါတို့ မေးကြည့်လိုက်မယ်။ ”

***

ထိုညမှာပင် တိမ်လှိုင်းစံအိမ်အတွင်း၌ ချာကျင်နှင့် ဝတ်ရုံနီအမျိုးသားတစ်ယောက် စကားပြောနေသည်။

“ အဟွတ် ... အဟွတ် ... ။ ”

ချာကျင်၏ ချောမောလှပသော မျက်နှာပေါ်တွင် သွေးဆုတ် ဖြူဖျော့လျက် ပင်ပန်းနွမ်းနယ်မှုများ ပြသလာ၏။

“ ဒီကောင်လေးက တကယ် ရက်စက်လွန်းတယ်။ ”

ဝတ်ရုံနီဝတ်လူငယ်က ဆံပင်များ ပြေကျလျက် သွေးချောင်းဆိုးနေသည့် ချာကျင်ထံ ကြည့်ပြီး သနားသွားသည်။

“ ဒါက သဘာဝပါပဲ ... ငါ သူ့အပေါ် အသုံးချပြီး ... ဒုတိယမင်းသားရဲ့ လက်ပါးစေကို ဖယ်ရှားခဲ့တယ် မဟုတ်လား ...

... ဒါပေမယ့် တိမ်မြစ်စီရင်စုမှာ ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ တစ်စုံတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး။ ”

ချာကျင်စကားကြောင့် ၀တ်စုံနီလူငယ်မှ အနည်းငယ်တွေးဝေသွားသည်။

“ သူ့ကို ချင်ကျင်းနဲ့ တဖွဲ့တည်းလို့ မင်းထင်လား။ ”

ထိုမေးခွန်းကို ချာကျင်မှ ခေါင်းယမ်းပြလိုက်လေသည်။

“ ချင်ကျင်းက ချီသန့်စင်ခြင်း အထွတ်အထိပ်နဲ့ မဟာသခင်ကို ရင်ဆိုင်နိုင်ရုံပဲ ရှိပါတယ် ... စုရီလောက် မသန်မာပါဘူး ...

... အရေးကြီးတာက သူ့ရှေ့မှာ ရပ်နေရတာကိုပဲ ငါမလုံခြုံဘူး၊ အရာအားလုံးကို ဖောက်မြင်နေသလို ခံစားရတယ်။ ”

သူမ စကားကြောင့် ဝတ်ရုံနီလူငယ်က သက်ပြင်းချသည်။

“ ငါနားလည်ပြီ ... မင်းသူ့ကို အရမ်းကြောက်နေတာကိုး ... ဒါပေမယ့် ဝန်ခံပါတယ် ... ဒီလို အရည်အချင်းရှိတဲ့ လူမျိုးက ငါတို့ဂိုဏ်းရဲ့ လသားတော် ခုနစ်ပါးအဆင့်မှာ ရှိတယ်။ ”

လသားတော်ခုနစ်ပါးသည် လဂိုဏ်း၌ အမွေဆက်ခံသူများဖြစ်ကာ မျိုးဆက်သစ်ကြား အထွတ်အထိပ် ပါရမီရှင်များဖြစ်၏။

မူလတာအိုနယ်ပယ်သို့ အလွယ်တကူ တက်ရောက်နိုင်သည့် အရည်အချင်းရှိပေသည်။

“ အဟွတ် ... အဟွတ် ...

လသားတော် ခုနစ်ပါး​အမည်ကြောင့် ချာကျင်မှ တုန်လှုပ်သွား၏။ ဝတ်ရုံနီလူငယ်က သူမထံ ပြန်လှည့်ကြည့်ကာ၊

“ မနက်​ဖြန်​ ငါသွားလိုက်​မယ်​။ ”

-ဟု ပြောကြားတော့သည်။

“ မလုပ်နဲ့ ... စီနီယာအစ်ကို၊ သူက အရမ်းကြောက်ဖို့ ကောင်းတယ် မဟာသခင် အဖိုးကြီးတွေတောင် သူ့ပြိုင်ဘက် မဖြစ်မှာ ငါကြောက်မိတယ်။ ”

“ စိတ်ချပါ ... သူ့ကို ထိပ်တိုက် ရင်ဆိုင်ဖို့အထိ ငါမမိုက်ပါဘူး ... ငါဂိုဏ်းကနေ ရတနာတစ်ခု ယူလာတယ် ။ ”

ဝတ်ရုံနီလူငယ်က ခုနစ်လက်မခန့်သာ ရှည်သော ဓားတစ်လက်ကို ထုတ်ပြလိုက်သည်။ ဓားကိုယ်ထည်တွင် ရှုပ်ထွေးပြီး ထူးဆန်းသော တိမ်အမှတ်အသားများ ရေးထွင်းထား၏။

“ နတ်ဆိုးသတ်အမိန့်။ ”

ဤသည်မှာ မြေကြီးအဆင့် ကျွမ်းကျင်သူတစ်ဦးမှ ဖန်တီးထားသော ဓားတစ်လက်ဖြစ်သည်။

မဟာသခင်တစ်ပါးကို သတ်ရန် လုံလောက်၏။

“ မှန်တယ် ... သိုင်းဦးလေးကျိုးက သူ့ရဲ့မူလတာအိုစွမ်းအင်ကို ခုနစ်ရက်၊ ခုနစ်ည ကျွေးမွေးပေးထားတယ် ...

... အဘိုးကြီးတွေကပဲ သူ့ရဲ့တန်ခိုးကို အပြည့်အဝ ထုတ်နိုင်ပြီး မဟာသခင်အောက် ဘယ်သူမှ ခုခံနိုင်မှာ မဟုတ်ဘူး ...

... ဒါပေမယ့် အသုံးပြုခွင့် သုံးကြိမ်သာ ရှိတယ်၊ အခုလို ... ပထမဆုံးအကြိမ်မှာ စုရီနဲ့ စမ်းသပ်ခွင့်ရတာ နှမျောစရာပါပဲ။ ”

ဤဓားဖြင့်ဆိုက မသတ်နိုင်သော် ဒဏ်ရာပြင်းပြင်းထန်ထန် ပေးနိုင်ပေမည်။ ထိုအတွေးဖြင့် ဝတ်လုံနီလူငယ်၏ မျက်ဝန်းများ တောက်ပလာတော့၏။

“ စီနီယာအစ်ကို ... စုရီကို ငါတို့ ဘက်ပါလာအောင် စည်းရုံးတာ ပိုကောင်းမယ် ထင်တယ်။ ”

ချာကျင်မှ တွန့်ဆုတ်သွား၏။ သို့သော် ဝတ်ရုံနီလူငယ်က ခေါင်းရမ်းပြကာ၊

“ ဂျူနီယာ ညီမလေးချာကျင် ... မင်း နားမလည်ဘူး ... သူ့လိုလူတွေက မာနကြီးပြီး စစ်မှန်တဲ့ စွမ်းအားအပေါ်သာ ခေါင်းငုံ့ တတ်ကြပါတယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

***

အမှောင်ထုကို ဖြတ်ကျော်လျက် အလင်းရောင်များ တဖြည်းဖြည်း ဝင်ရောက်လာ ခဲ့သည်။

“ ငါစုံစမ်းပြီးပါပြီ … အဲဒီအိမ်ပိုင်ရှင်က လူငယ်တွေပါ ... သာမန်လူတွေမို့ ငါတို့စိတ်ပူဖို့ မထိုက်တန်ပါဘူး။ ”

အဖိုးအိုက သူ့ဘေးမှ လူနှစ်ယောက်ထံ ပြောကြားလိုက်သည်။

“ မပေါ့ဆနဲ့ ... ဝမ်ယွင်ချွယ်က အကြောင်းမရှိဘဲ အဲဒီကို လာမှာ မဟုတ်ဘူး။ ”

ခေါင်းဆောင်အမျိုးသားက သတိပေး၏။

“ ခစ် ခစ် ခစ် ... ဒါက ဖြေရှင်းဖို့ လွယ်ပါတယ် အရင်သွားပြီး အဲဒီလူငယ်တွေရဲ့ အရည်အချင်းနဲ့ နောက်ခံကို ကြည့်ရအောင် အန္တရာယ်ရှိရင် ...

... ချက်ချင်း ပြန်ဆုတ်မယ် ... ဒါမဟုတ် သူတို့အိမ်ကို သိမ်းပိုက်ပြီး ... သားကောင်လာမဲ့ အချိန်ကို စောင့်မယ်။ ”

“ အင်း ... ဒီနည်းလမ်း အလုပ်ဖြစ်မှာပါ။ ”

ခေါင်းဆောင် အမျိုးသားက တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အမျိုးသမီးစကားကို သဘောတူလိုက်တော့သည်။

အကယ်၍သာ သူတို့သည် ထိုလူငယ်များကြားတွင် ပုန်းအောင်းနေပါက ဝမ်ယွင်ချွယ်ကို အငိုက်ဖမ်းနိုင်မည်ဖြစ်၏။

“ ဒေါက် ... ဒေါက် ... ဒေါက် ... ။ ”

ထို့နောက် သုံးယောက်သား တံခါးဝတွင် အဝတ်အစားများ ချိန်ညှိရန် ခတ္တမျှ ရပ်လိုက် လေသည်။ နွေးထွေးနူးညံ့သော အပြုံးကို ဖန်တီးကာ တံခါးခေါက်လိုက်၏။

“ ဘယ်သူလဲ ... ။ ”

ဟွမ်ချမ့်ကျွယ်မှ ခြံတံခါးသို့ လျှောက်လှမ်းလာပြီး မေးမြန်းသည်။

“ ငါတို့က ဒီအနီးနားမှာ ... နေထိုင်တဲ့ လူတွေပါ ... မနေ့ညက လမ်းထိပ်မှာ ဆန်ပြုတ် ရောင်းတဲ့ လူတစ်ယောက် သေဆုံးမှုအတွက် မေးချင်လို့ပါ။ ”

ဟွမ်ချမ့်ကျွယ်မှ စုရီထံ လှည့်ကြည့်သည်။ စုရီက သက်ပြင်းချမိ၏။ ဤအဖြစ်အပျက်အရ မကြာမီကာလအတွင်း အေးချမ်းတော့မည် မဟုတ်ကြောင်း မြင်သာနေသည်။

“ ရှောင်ဖုန်း ... ရှောင်ရန်ကို ခေါ်ပြီး အခန်းထဲ ဝင်နေပါ။ ”

ထို့နောက် တံခါးဖွင့်ရန် ဟွမ်ချမ့်ကျွယ်ထံ ခေါင်းညိတ် ပြလိုက်သည်။

“ ကျွီ ... ။ ”

ဟွမ်ချမ့်ကျွယ်က တံခါးဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင် ရပ်နေသော လူသုံးယောက်ကို မြင်လိုက်ရ၏။

“ ဒါဆို မင်းတို့က ... ငါတို့ရဲ့ အိမ်နီးချင်းတွေပဲ ... မင်းတို့နာမည်တွေ မေးလို့ ရမလား။ ”

“ ငါတို့ အထဲမှာ စကားပြောလို့ရမလား။ ”

“ ဟားဟားဟား ... ငါ့ရဲ့ ညံ့ဖျင်းတဲ့ ကြိုဆိုမှုအတွက် ခွင့်လွှတ်ပါ ကျေးဇူးပြုပြီး အထဲကိုဝင်ပါ။ ”

ဟွမ်ချမ့်ကျွယ်မှ ရယ်မောလျက် အတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။

“ သူက ... ။ ”

အဌဂံဇရပ်တွင် ကြိမ်ကုလားထိုင်ဖြင့် မှိန်းနေသော စုရီကို မြင်သောအခါတွင် လူတိုင်း စိတ်ဝင်စားသွားကြ၏။

“ ငါတို့ရဲ့ သခင်ငယ်ပဲ။ ”

ဟွမ်ချမ့်ကျွယ်က ခပ်တိုးတိုး မိတ်ဆက် ပေးလိုက်သည်။

“ သခင်လေးကို ... ဒီအဖိုးကြီးက နှုတ်ဆက်ပါတယ်။ ”

ခေါင်းဆောင်အမျိုးသားမှ ခါးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ စုရီက မျက်လုံးဖွင့်ကြည့် လာ၏။

“ ပြောပါ ... ဘာအတွက်လာတာလဲ။ ”

ထိုင်ရာမှ မထဘဲ မေးခွန်းထုတ်လာသဖြင့် သုံးယောက်သား မျက်ဝန်းများ မှေးစင်းသွား၏။ အမျိုးသမီးက ဦးစွာ ပြုံးလေသည်။

“ ခစ် ခစ် ခစ် ... တွေ့လား ငါတို့မောင်လေးက ထက်မြက်တယ် ... ဆက်ပြီး ဟန်ဆောင်နေရင် ကိုယ့်ကိုကိုယ် အရှက်ခွဲတာနဲ့ တူနေလိမ့်မယ်။ ”

သူမစကားပြောနေစဉ် အကြည့်များက စုရီခါးတွင်ချိတ်ဆွဲထားသော ဘူးသီးခြောက်ပေါ် ရောက်ရှိလာတော့၏။

***

All Chapters