← Chapters

ငါ့ခြံစည်းရိုးပေါ်ကနေ ဆင်းပြီး ... အဲဒီခြံတံခါးကနေ လူကြီးလူကောင်းဆန်ဆန် ဝင်လာပေးလို့ ရမလား။

Vol. 11 Ch. 127

ငါ့ခြံစည်းရိုးပေါ်ကနေ ဆင်းပြီး ... အဲဒီခြံတံခါးကနေ လူကြီးလူကောင်းဆန်ဆန် ဝင်လာပေးလို့ ရမလား။

Vol. 11 Ch. 127

“ နောက်တစ်လထဲမှာ ... ဆယ်နှစ် တစ်ကြိမ်လောက် ဖြစ်ပေါ်လာတတ်တဲ့ သားရဲ ဒီရေရှိတယ် သခင်လေးစု အဲဒီအခါမှာ သွေးယို တောင်တန်းကြီးရဲ့ ...

... အလယ်ဗဟိုကနေ ကြမ်းကြုတ်တဲ့ ဝိညာဉ်သားရဲတွေ အများကြီး ပေါ်လာလိမ့်မယ် အလွန်အန္တရာယ်များပေမယ့် ... ငါတို့လို သူရဲကောင်းတွေအတွက် ရှားရှားပါးပါး အခွင့်အလမ်းတစ်ခုပါပဲ ...

... သားရဲဒီရေတက်ချိန်တိုင်း ဝိညာဉ်သားရဲတွေကို အမဲလိုက်နိုင်တဲ့အပြင် ငါတို့ရဲ့ ကိုယ်ပိုင်တာအိုကိုလည်း နားလည်မှု ရှာနိုင်လိမ့်မယ်။ ”

ချန်ကျန့်မှ ရှင်းပြလိုက်သည်။ စုရီတစ်ယောက် တစ်စုံတစ်ရာကို တွေးမိလာပြီး၊

“ ဒီတစ်ကြိမ် သားရဲဒီရေအတွက် ထူးဆန်းတာ တစ်ခုခုရှိတယ် မဟုတ်လား သူရဲကောင်းချန်။ ”

-ဟု မေးမြန်းလိုက်၏။

“ သခင်လေးစု ... မင်းက မျက်စိကောင်းတယ် ငါသွေးယိုတောင်တန်းမှာ အနှစ်(၃၀)နီးပါး တပ်စွဲနေခဲ့တယ် ... သားရဲ ဒီရေကို နှစ်ကြိမ်ကြုံဖူးတယ် ...

... ဒါကြောင့် ငါ့ရဲ့ စုံစမ်းမှုအပြီးမှာ အနည်းငယ် ထူးဆန်းတာတစ်ခု တွေ့ခဲ့ရတယ် အဲဒါက သွေးနတ်ဆိုး တောင်တန်းအတွင်း နက်ရှိုင်းတဲ့ အရပ်မှာ အနန္တတွင်းနက်ကြီး လို့ခေါ်တဲ့ ဒေသတစ်ခုရှိတယ် ...

... သားရဲဒီရေတက်လာတိုင်း အနန္တတွင်းနက်ကြီးရဲ့ အထက်ကောင်းကင်မှာ ထူးဆန်းတဲ့ ဖြစ်စဉ်အမျိုးမျိုး ပေါ်လာတတ်တယ်။ ”

စုရီက စိတ်ဝင်စားသွားသည်။

“ ဒီလိုဆိုရင် အဲဒီနေရာဟာ အလွန် အစွမ်းထက်တဲ့ နတ်ဆိုးသားရဲတွေ ရှိနိုင်သလို အဖိုးတန် ရတနာတွေနဲ့ ပျက်စီးနေတဲ့ ဝင်္ကပါတစ်ခု ရှိနေနိုင်တယ်။ ”

ထိုစကားကြောင့် ချန်ကျန့်မှ မျက်ခုံးပင့်ကာ ရွှင်မြူးသွား၏။

“ ငါ့အနေနဲ့ ရှေးဟောင်းစာအုပ်တွေ အများကြီး ဖတ်ပြီးမှ ... ဒါမျိုး မှတ်ချက်တွေ ပေးနိုင်ပါတယ် ... သခင်လေးစုအတွက်တော့ စကားလေးတစ်ခွန်း နားထောင်ရုံနဲ့ လုံလောက်နေပြီ။ ”

စုရီမှ တုန့်ပြန်ခြင်း မပြုချေ။ စုရွှမ်ကြွယ်ဘဝတွင် လျှို့ဝှက် နယ်မြေများနှင့် အန္တရာယ်ဇုန်များစွာထံ သွားရောက်ဖူး၏။

ထို့ကြောင့် ချန်ကျန့်ပေးသော သတင်းစကားဖြင့်ပင် ထိုအရပ်သည် စိတ်ဝင်စား စရာကောင်းကြောင်း ပြောနိုင်၏။

လက်ရှိ အချိန်၌ ကျင့်ကြံမှုသည်လည်း ပိတ်ဆို့နေပြီဖြစ်ရာ သူ့အတွက်အတွေ့အကြုံနှင့် တိုက်ပွဲအချို့ လိုအပ်နေသည်။

“ သခင်လေးစု ... မင်းစိတ်ဝင်စားရင် ငါတို့အတူတူသွားလို့ရပါတယ်။ ”

“ ကောင်းပြီ ... ကိစ္စအချို့ ပြီးရင် လာခဲ့ပါ့မယ်။ ။ ”

စုရီမှ ခေါင်းညိတ်လိုက်၏။

( တာအိုသခင် မနေ့ညက ပုလွေတီးတဲ့လူ ဒီကိုပြန်လာနေပြီ။ )

ရုတ်တရက် ချင်းဝမ်မှ သတင်းပေးလာ၏။

“ သူရဲကောင်းချန် ... ငါ့စောင့်နေတဲ့ လူလာပြီ။ ”

“ မင်း ငါ့အကူအညီလိုသလား။ ”

စုရီမှ ခေါင်းခါလျင် ‘မလိုဘူး’-ဟု ပြောကြားလိုက်သည်။

သူတို့စကားဝိုင်းကို နားထောင်နေသော မရဏတံခါး၏ ကာကွယ်သူသုံးယောက်ခမျာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့် လိုက်မိ၏။

“ သခင်လေး ... မင်းကို လူတချို့က ပစ်မှတ်ထားနေတယ်လို့ ငါသတင်း ကြားတယ်၊ မင်းသာ ချင်းဝမ်ကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိတယ် ဆိုရင် ဒီလိုခက်ခဲတဲ့ အရာတွေကို ကျော်ဖြတ် နိုင်အောင် ငါကူညီပေးနိုင်တယ်။ ”

များမကြာမီ ခြံအပြင်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ် လာသည်။

“ တံခါး သော့ခတ်မထားဘူး ဝင်လာခဲ့။ ”

“ ကျွီ ... ။ ”

စုရီက ပြန်လည် ပြောကြားလိုက်၏။ အသံရှင်ခမျာ အနည်းငယ် တုန့်ဆိုင်းပြီးနောက် ခြံတံခါးကို တွန်းဖွင့်လာခဲ့သည်။

“ မကောင်းတော့ဘူး။ ”

ခြံအတွင်းရှိ လူအုပ်ကို မြင့်ပြီး ဝမ်ယွင်ချွယ်တစ်ယောက် အနည်းငယ် မျက်နှာ​ပြောင်းသွားပြီး လှည့်ပြေးရန်ပြင်၏။

“ ဝှစ် ... ။ ”

ဤအခိုက်တွင် စုရီက လျှပ်စီးကဲ့သို့ ခြံစည်းရိုးပေါ်ခုန်တက်ကာ ဝမ်ယွင်ချွယ်နောက် ဆင်းသက်ကာ ဓားဖြင်ခုတ်ချလိုက်လေသည်။

“ ထန် ... ထန် ... ။ ”

ချက်ချင်းပင် ကြေးဝါတင်းပုတ်ထုတ်ကာ ပြန်လည်ခုခံလိုက်တော့၏။ ရလာဒ်အနေဖြင့် ခြေလှမ်းများစွာ ပြန်ဆုတ်သွားခဲ့ရသည်။

သူ့သွေးများ ပွက်ပွက်ဆူလျက် မျက်နှာပျက်ယွင်းသွား၏။

( ဒီကောင် ... တကယ်သန်မာတယ်။)

ဝမ်ယွင်ချွယ်တစ်ယောက် တိုက်ပွဲ၏ တွန်းအားကို အခွင့်ကောင်းယူကာ အရှိန်မြှင့်ပြီး ဘက်ပြောင်းပြေးပြန်သည်။

စုရီက ပြုံးလိုက်၏။ ဝမ်ယွင်ချွယ်ထံ ဦးတည်သော စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်တော့သည်။

“ ဝှစ် ... ။ ”

“ အား ... ။ ”

ဝမ်ယွင်ချွယ်တစ်ယောက် စိတ်ဝိညာဉ်အတွင်း ပြင်းထန်သော နာကျင်မှု ခံစားလိုက်ရကာ အမြင်အာရုံများ ဝေဝါးလျက် မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။

“ မင်းလို ... အထွတ်အထိပ် ချီသန့်စင်ခြင်းအဆင့်မှာပဲ ရှိတဲ့ လူတစ်ယောက် အပေါ် ဝိညာဉ် ဖျက်ဆီးခြင်း ဓားမန္တန်ကို အသုံးပြုရတာ မထိုက်တန်ပါဘူး။ ”

စုရီ၏ တည်ငြိမ်သောအသံသည် သူ့နားထဲထွက်ပေါ်လာသည်။ ဝမ်ယွင်ချွယ်ခမျာ အရူးအမူး ရုန်းကန်လိုက် သော်လည်း မလွတ်မောက်ခဲ့ချေ။

အစောပိုင်း ချီသန့်စင်ခြင်းအဆင့် လူငယ်တစ်ယောက်သည် ဤမျှ အစွမ်းထက် နေသည်မှာ အဓိပ္ပါယ်မရှိချေ။

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

အဆုံးတွင် အသက်ရှူကြပ်လာပြီး မေ့မျောသွားတော့၏။ စုရီက ကြက်တစ်ကောင် ကဲ့သို့ ခြံဝင်းထဲပစ်ချလိုက်သည်။

“ ဒါ … ။ ”

ထိုအချိန်တွင် ခြံစည်းရိုးပေါ်သို့ လူရိပ်တစ်ရိပ် ဆင်းသက်လာပြီး ခြံဝင်းအတွင်း အခြေအနေကို မြင်လိုက်ရသောအခါ ၎င်းမှ အနည်းငယ် မျက်မှောင်ကြုတ်လျက်၊

“ အညစ်အကြေးတွေနဲ့ ပြည့်နေပါလား။ ”

-ဟု မှတ်ချက်ပေးလာတော့သည်။

“ အကြီးအကဲကျူး ... ။ ”

ချန်ကျန့်မှ မျက်ခုံးပင့် လိုက်တော့၏။ ဤသည်မှာ အဖြူရောင်ဝတ်စုံဖြင့် ကျူးကုချင်း ဖြစ်သည်။ ဓားတစ်လက် ကျောတွင်လွယ်လျက် အထင်အမြင်သေးစွာ ကြည့်နေ၏။

“ သူရဲကောင်းချန် ... ဒီမှာဘာလို့ မရဏတံခါးဂိုဏ်းရဲ့ ကာကွယ်သူတွေနဲ့ အတူ ရှိနေရတာလဲ။ ”

“ အကြီးအကဲကျူး ... ဒါက နားလည်မှု လွဲနေတာပါ ... ငါ့ဆရာက သခင်လေးစုထံ လာလည်တာပါ။ ”

ကျန်းရီရန်မှ ချက်ချင်း ရှင်းပြလိုက်၏။

“ ဟမ့် ... မင်းတို့တစ်ဖွဲ့တည်း မဟုတ်ရင် ဘာလို့ သူတို့ကို မသတ်ရတာလဲ။ ”

ကျူးကုချင်းမှ မယုံချေ။ ချန်ကျန့်က မျက်မှောင်ကြုတ်လိုက်ပြီး၊

“ ငါချန်ကျန့် ... မဟာကျိုးအတွက် စစ်မြေပြင်တစ်လျှောက် ... နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ပေးခဲ့တယ် ... ဒါတောင် မင်းက ငါ့ကိုစွပ်စွဲဝံ့သလား။ ”

-ဟု ပြောကြားလိုက်သည်။

“ အဟက် ... မင်းကို ယုံစေချင်ရင် သက်သေပြဖို့ လွယ်ပါတယ် ... သူတို့ကို အခု သတ်ပြပါ။ ”

" ဟား ဟား ဟား ... ရယ်စရာ ကောင်းလိုက်တာ ... မင်းကို ဘာအတွက်များ ငါချန်ကျန့်က သက်သေပြရမှာလဲ။ ”

ချန်ကျန့်မှ ဒေါသဖြင့် လှောင်ပြောင် ရယ်မောလိုက်သည်။ တစ်ဖက်လူ သံသယဝင် သည်ကို စိတ်မဆိုးသော်လည်း ရှင်းပြသည့် အပေါ် နားမထောင်သည်ကို အမှန်ပင် စိတ်ကုန်လာ၏။

“ အမျိုးသမီး ... မင်း ငါ့ခြံစည်းရိုးပေါ်ကနေဆင်းပြီး ... ခြံတံခါးကနေ လူ​ကြီးလူကောင်းဆန်ဆန် ဝင်လာပေးလို့ မရဘူးလား။ ”

စုရီက မျက်မှောင်ကြုတ်လျက် ပြောကြားလိုက်၏။ အမျိုးသမီးတစ်ယောက် သူ့ခြံစည်းရိုးပေါ်တွင်ရပ်ပြီး အော်ဟစ်နေ သည်မှာ အဆင်မပြေလှချေ။

ကျူးကုချင်းက စုရီစကားကြောင့် လှည့်ကြည့်လာကာ၊

“ မင်းလို မိစ္ဆာကျင့်ကြံသူက ... ငါ့ကို ဘယ်လိုများ အမိန့်ပေးဝံ့သလဲ မင်းကို အရင် သတ်စေချင်လို့လား။ ”

-ဟု တုန့်ပြန်တော့၏။

“ ဟား ဟား ဟား ... ။ ”

ဤတစ်ကြိမ်၌ ချန်ကျန့်နှင့် ကျန်းရီရန်ကို စကားမပြောနိုင် ဖြစ်လာစေပြီး ဒေါသကြောင့် ရယ်မောလိုက်မိစေသည်။

သည်အမျိုးသမီးသည် ကြိုတင် ဆုံးဖြတ်ထားသော သူမ၏အမြင်အချို့ဖြင့် ယနေ့ ရောက်ရှိလာပုံရ၏။

ထိုသို့သော လူအတွက် ရှင်းပြခြင်းသည် အသုံးမဝင်ချေ။ တစ်ဖက်တွင် စုရီသည်လည်း ရှင်းပြရန် ပျင်းရိလာတော့သည်။

“ သခင်လေးစု ... ဒီအမျိုးသမီးက မိုက်ရိုင်းတယ် ငါတို့ သူ့ကိုအရင်သတ်ပစ် ကြရအောင်။ ”

ဘေးမှ နားထောင်နေသော မရဏတံခါး၏ကာကွယ်သူ ခေါင်းဆောင် အမျိုးသားမှ ဝင်ရောက် အကြုံပြုသည်။

“ ဟုတ်​တယ်​ သခင်လေး ... ငါတို့ အတူတူသတ်​လိုက်​ကြရ​အောင်​။ ”

အမျိုးသမီးနှင့် အဖိုးအိုမှ ချက်ချင်း ပြုံးရွှင်စွာဖြင့် သံယောင်လိုက်လာကြလေသည်။

“ ဟမ့် ... မင်းတို့ ထွက်လမ်းရှာနေတာလား။ ”

စုရီက ဒေါသထွက်လာ၏။

“ ဟမ့် ... မိစ္ဆာကျင့်ကြံသူတွေက တကယ်ပဲရဲဝံ့ပါပေတယ် ... ငါ့ရှေ့မှာတောင် လှည့်ကွက်တွေ ကစားချင်နေတာလား။ ”

ချန်ကျန့်မှ ဒေါသဖြင့် ဓားကို ဆွဲထုတ်လိုက်သည်။

“ ချွင် ... ။ ”

သို့သော် စုရီက လက်ကာပြပြီး၊

“ ဒါငါ့အိမ်ပဲ ... မင်းက ဧည့်သည်ပါ ဝင်ပါနဲ့။ ”

-ဟု ဟန့်တားလိုက်၏။

“ ကောင်းပြီ၊ ဒါဆို ဒီတံခါးကို စောင့်ဖို့ ငါကူညီပေးမယ် ... ဘယ်သူမှ မထွက်နိုင်သလို ဘယ်သူမှလည်း မဝင်နိုင်စေရဘူး။ ”

ချန်ကျန့်တစ်ယောက် ကျူးကုချင်းထံ လှည့်ကြည့်ကာ ပြုံးလိုက်သည်။ ကျူးကုချင်းက ဓားကို ဆွဲထုတ်ပြီး မဟာသခင်ရောင်ဝါကို ထုတ်လွှတ်ကာ စောင့်ကြည့်နေ၏။

“ သတ် ... ။ ”

မရဏတံခါးဂိုဏ်း၏ ကာကွယ်သူ သုံးယောက်သည် အခြေအနေ မဟန်နိုင်မှန်း သိကာ တိုက်ပွဲကို လက်ဦးမှုရယူ၏။

တစ်ဆက်တည်းမှာပင် ထူးဆန်းသော လေချွန်သံနှင့်အတူ မည်းနက်သော တစ္ဆေ ကပ်ပါးပိုးကောင်များ ခြံဝင်းအပြည့် ထွက်ပေါ်လာတော့သည်။

***

All Chapters