← Chapters

စုရီ၏ စွမ်းရည်အသစ်။

Vol. 11 Ch. 128

စုရီ၏ စွမ်းရည်အသစ်။

Vol. 11 Ch. 128

ယုန်တစ်ကောင်ကို မြင်သော သိမ်းငှက်များအလား တစ္ဆေကပ်ပါးကောင် များစွာက စူးစူးဝါးဝါး အော်သံမြည်သံပြုပြီး ပြေးဝင်လာကြ၏။

“ ရွှပ် ... ။ ”

ကျန်းရီရန်နှင့် ချန်ကျန့်မှ ဓားကို ဆွဲထုတ်ကာ လှုပ်ရှားလေသည်။ စုရီသည်လည်း ဓားတစ်လက်ကို ထုတ်ယူလိုက်၏။

ခဏအတွင်းမှာပင် ဓားရောင်ခြည်များ ထွက်ပေါ်လာကာ တစ္ဆေကပ်ပါးကောင်များကို ချေမွှသွားစေတော့သည်။

“ ငါ့မှာ ကောင်းကင်ကနေ မြေအောက်ကမ္ဘာအထိ သွားလာနိုင်တဲ့ ဓားတစ်လက်ရှိတယ်။ ”

“ ဘောင်း ... ။ ”

ဤသည်ကား အောင်နိုင်ခြင်း ဓားသုတ္တန်၏ ဦးတည်ရာဆယ်ပါးဓား ဖြစ်သည်။ ဓားသွားရာ လမ်းတစ်လျှောက် မြည်သံ ပဲ့တင်ထပ်လာကာ တစ္ဆေကပ်ပါးများ ပေါက်ကွဲလျက် အမှုန့်ဖြစ် ကုန်၏။

“ ဟမ့် ... ငါ့ရှေ့မှာ ပြေးချင်လား။ ”

ထိုအချိန်တွင် ကာကွယ်သူ သုံးဦးသည် ထွက်ပြေးရန် ပြင်နေသည်ကို ကျူးကုချင်းမှ မြင်သဖြင့် ဓားချီနှင့် ပစ်ခတ်တော့သည်။

“ ရွှပ် ... ။ ”

အဖြူရောင် ဓားချီက မီးခိုးတိမ်တိုက်လို လေထဲပျံသန်းလျက် ခေါင်းဆောင် အမျိုးသား၏ ဦးခေါင်းထံ ဦးတည်သွားလေသည်။

“ ဝိညာဉ် အေးခဲခြင်း ရေခဲမြူဓား ... ။ ”

ဤသည်မှာ သူမ၏ ကျော်ကြားသော ဓားရေးပညာရပ်ဖြစ်သည်။ အခိုးအငွေ့များနှင့် ရေခဲမြူများ ပါဝင်ပြီး ရန်သူ၏သွေး၊ စွမ်းအင်နှင့် ဝိညာဉ်ကို ချက်ချင်း အေးခဲသွားစေနိုင်၏။

“ နောက်ဆုံးတော့ မင်းနားလည်သွားပြီ။ ”

ချန်ကျန့်မှ ပြုံးသည်။ သို့သော်စုရီက မပျော်တော့ချေ။ ဝိညာဉ် အေးခဲခြင်း ရေခဲမြူ ဓားကို လမ်းတဝက်မှ ပိတ်ဆို့ပစ်လိုက်သည်။

“ နင် ... ။ ”

“ ဝှစ် ... ။ ”

စုရီလုပ်ရပ်ကြောင့် ကျူးကုချင်းခမျာ ဒေါသထွက်လာသည်။ စုရီက လျစ်လျူရှုလျက် ခြံစည်းရိုးပေါ်ခုန်တက်ကာ ခေါင်းဆောင် အမျိုးသားထံ ဓားဖြင့် ခုတ်ချလိုက်၏။

“ ရွှပ် ... ။ ”

ခေါင်းဆောင် အမျိုးသားမှ တရွေ့‌ရွေ့ နီးကပ်လာသောဓားကြောင့် အနားရှိ အဖိုးအိုကို ဖမ်းဆွဲပြီး ပိတ်ဆို့ပစ်သည်။

အဖိုးအိုခမျာ မျက်လုံးပြူးလျက် ခန္ဓာကိုယ်ထက်ခြမ်းခွဲ ခံလိုက်ရတော့သည်။ သူ သေသည့်တိုင် ဤသစ္စာဖောက်မှုအပေါ် မယုံကြည်နိုင်ခဲ့ချေ။

ခေါင်းဆောင် အမျိုးသားက တံခါးဝထံ လှည့်ပြေး၏။ သို့သော် ခြေလှမ်းအနည်းငယ် မလှမ်းမီတွင် လူသတ်လိုသော ရောင်ဝါတစ်ခု သူ့လမ်း၌ ပေါ်လာပြန်သည်။

“ ပြန်သွား ... ။ ”

ထိုအချင်းအရာကို မျှော်လင့်ထားပြီး ဖြစ်သော ခေါင်းဆောင်အမျိုးသားက ဘေးမှ လိုက်ပါလာသော အမျိုးသမီးကို ဖမ်းယူပြီး ပစ်ပေါက်လိုက်လေသည်။

“ သူရဲကောင်းချန်ကျန့် ... ငါ့ကို ချမ်းသာပေးပါ ... ငါမှားမှန်းသိပါပြီ ... မင်းဆီမှာ တစ်သက်လုံး အစေခံနိုင်ပါတယ်။ ”

အမျိုးသမီးက မျှော်လင့်ပြီး ဖြစ်သဖြင့် သူ့လက်မှ ယိမ်းနွဲ့ရှောင်တိမ်းကာ ချန်ကျန့်ထံ ဆက်ပြေးပြီး ဒူးထောက်တောင်းပန် လိုက်တော့သည်။

ဤမြင်ကွင်းက ခေါင်းဆောင် အမျိုးသားအပေါ် ဒေါသထွက်စေသည်။ သို့တိုင် လှည့်ကြည့်ရန် အချိန်မရသဖြင့် ကျူးကုချင်းထံ ဦးတည်လိုက်တော့၏။

“ ဟိတ် ... ။ ”

ထိုအချိန်တွင် စုရီသည် ကျူးကုချင်းကို လမ်းပိတ်ထားသဖြင့် ခေါင်းဆောင်အမျိုးသားမှ ဝမ်သာအားရ ခုန်ပျံပြီး ခြံစည်းရိုးကို ကျော်လွှားလိုက်လေသည်။

စစ်မှန်သော အနှစ်သာရ စွမ်းအားကို လောင်ကျွမ်းလျက် တွန်းအားအဖြစ် အသုံးပြု လိုက်ရာ ပျံသန်းနေသကဲ့သို့ လေထဲ လွင့်မျောလာ၏။

မဟာသခင်တစ်ပါး ထွက်ပြေးလိုသော် မဟာသခင်တစ်ပါးသည်ပင် လိုက်ဖမ်းရန် မဖြစ် နိုင်ချေ။ စုရီသည် ချီသန့်စင်ခြင်း အဆင့်၌သာ ရှိသဖြင့် လေထဲ မပျံသန်းနိုင်သည်မှာ သဘာဝပေပင်။

ဤသည်မှာ သူ့အမြင်ဖြစ်၏။ စုရီက လိုက်ဖမ်းရန် ရည်ရွယ်ချက် မရှိခဲ့သည်ကို သူ မသိချေ။

“ ဝိညာဉ် ဖျက်ဆီးခြင်း ဓားမန္တန်။ ”

“ ဂျိန်း ... ။ ”

စုရီမှ ဓားမန္တန်အချို့ ရွတ်လိုက်သည်နှင့် ရုတ်တရက် မိုးခြိမ်းသံများ ကြားလိုက်ရသဖြင့် ခေါင်းဆောင်အမျိုးသားခမျာ အနည်းငယ် တုန်ယင်သွားသည်။

အသိစိတ်ပင်လယ် အထက်တွင် လွင့်ဝဲနေသော ဓားရိပ်ကြီး တဖြည်းဖြည်းပေါ် ထွက်လာသည်။ ၎င်းပေါ်လာသည်နှင့် ဝိညာဉ် တစ်ခုလုံး နာကျင်လာကာ အသိစိတ် လွတ်လုနီးပါး နာကျင်သွား၏။

“ စိတ်ဝိညာဉ် တိုက်ခိုက်မှု ... ။ ”

သူသည်လည်း စိတ်ဝိညာဉ်ကို ကျင့်ကြံထားသူ ဖြစ်သည်။ ထို့ကြောင့် ချက်ချင်း ဝှက်ဖဲကို အသုံးပြုကာ ဤတိုက်ခိုက်မှုမှ လွတ်မြောက်ရန် ရုန်းကန်လိုက်ရ၏။

“ ဟမ့် ... ။ ”

ထိုမျှ တုန့်ဆိုင်းသွားသော အချိန်ခဏလေးမှာပင် စုရီက မျက်ခုံးပင့်လျက် သူ့ထံဓားဖြင့် ခုတ်ချလာတော့၏။

“ ထန် ... ထန် ... ။ ”

“ ဘောင်း ... ။ ”

ယင်းကို သတိပြုမိချိန်၌ အန္တရာယ် နီးကပ်နေပြီဖြစ်ရာ ကြေးထီးတစ်လက် ထုတ်ပြီး ‌နောက်ကျော၌ ပိတ်ဆို့လိုက်ရသည်။

ဓားစွမ်းအင်သည် များပြားလှသဖြင့် ကြေးထီးရွက်များ ပေါက်ကွဲကုန်ကာ ခန္ဓာကိုယ် ယိမ်းထိုးလျက် မျက်နှာဖြုဖျော့သွား၏။

“ သေ စမ်း ... ။ ”

တစ်ဆက်တည်းမှာပင် စိတ်ဝိညာဉ် တိုက်ခိုက်မှုသည်လည်း ထပ်မံကျရောက်လာ ပြန်သည်။ အသိစိတ်ပင်လယ်၌ လျှပ်စီးများ လက်ကာ တုန်ခါသွား၏။

“ အား ... ။ ”

အဆုံးတွင် အတွင်းအပြင် ပြင်းထန်သော တိုက်ခိုက်မှုများအပေါ် သည်းမခံနိုင်‌တော့ဘဲ ဝိညာဉ်ကွဲအက်သွားလေသည်။

ဝိညာဉ်ကို သန်မာအောင် လေ့ကျင့် ထားလျှင်ပင် ဝိညာဉ်ဖျက်ဆီးခြင်း ဓားမန္တန်၏ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်မှုကို သူ ခံနိုင်ရည် မရှိတော့ချေ။

“ ငါ မသေချင်ဘူး။ ”

“ ဖောက် ... ။ ”

“ ဝှစ် ... ။ ”

“ ဘောင်း ... ။ ”

ထိုအချိန်၌ စုရီရောက်ရှိလာခဲ့ပြီး ဦးခေါင်းကိုဖိချေပစ်လိုက်သည်။ ခန္ဓာကိုယ် တဆက်ဆက်တုန်လျက် မြေပြင်ပေါ်သို့ တအိအိ လဲကျသွားတော့၏။

“ ဟမ့် ... လူမိုက် ဘယ်သူက ဒီလိုပုံစံနဲ့ သေချင်မှာလဲ။ ”

စုရီက ခေါင်းခါလိုက်လေသည်။ ဤမြင်ကွင်းထံ ရပ်ကြည့်နေသော ချန်ကျန့်မှ မျက်ဝန်းများ တောက်ပလာခဲ့၏။

သူသည် သူရဲကောင်းတစ်ယောက် ဖြစ်သောကြောင့် စုရီ၏ နည်းလမ်းများကို သဘောကျချေပြီ။ လှုပ်ရှားလိုက်သည်နှင့် သွေးမြင်မှသာ ရပ်ရပေမည်။

ကျူးကုချင်းသည်သာ မပျော်နိုင်ချေ။ ဤကာလအတွင်း တစ်ဖက်လူသည် သူမကို နှစ်ကြိမ်တိုင် ပိတ်ဆို့နိုင်ခဲ့သည်။

၎င်းသည် ချီသန့်စင်ခြင်းမှ တစ်စုံတစ်ယောက် လုပ်ပြနိုင်သော အရာမျိုး မဟုတ်ချေ။

“ ဝှစ် ... ။ ”

ထိုစဉ် ကျယ်လောင်သော လေခွင်းသံနှင့်အတူ ဓားတစ်လက် စုရီထံ ပျံသန်းလာသည်။

ဓားရောင်ဝါနှင့် စွမ်းအားသည် လမ်းကြောင်းတစ်လျှောက်ရှိ အရာရာကို ဖြတ်တောက်နိုင်သည်။ စုရီအတွက် အလွန် အန္တရာယ်များချေပြီ။

“ ထန် ... ထန် ... ။ ”

စုရီက မျက်မှောင်ကြုတ်လျက် လေးနက်စွာဖြင့် ပြန်လည်ပက်ထုတ်လိုက်၏။ သို့တိုင် သက်‌ရောက်မှု စွမ်းအားသည် သူ့ကို ယိမ်းထိုးလျက် ခြေလှမ်းများစွာ ဆုတ်ခွာသွား စေသည်။

လည်ချောင်ဝမှ ညှီစို့စို့ ပျစ်တွဲတွဲ ခံစားချက်များ ရရှိလာသည်။ လူဝင်စားပြီး ဤဓားသည် ကြောက်စရာ အကောင်းဆုံး ပေပင်။

သူမောပန်းနေချိန်၌ အချိန်ကိုက် ရောက်ရှိလာခြင်း ဖြစ်သည်။ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်ရသဖြင့် သူ့ရှုံးနိမ့်မှုအဖြစ် သတ်မှတ်နိုင်၏။ ရှက်စရာပေပင်။

“ ဝှီ ... ။ ”

ဓားမြှောက်က သူ့ခုခံမှုကြောင့် လေထဲတစ်ပါတ်လည်သွားကာ လာရာလမ်း အတိုင်း အမှောင်ထဲ တိုးဝင်ပျောက်ကွယ် သွားတော့သည်။

“ ငါ့ရဲ့ ကျင့်ကြံမှုက ... ငါ့အတွက် အကြီးမားဆုံး အားနည်းချက်ပဲ။ ”

စုရီက ညည်းတွားလျက် အမှောင်ထဲ စိုက်ကြည့်လိုက်သည်။ လိုက်ပါသွားခဲ့ခြင်း မပြုချေ။ ချန်ကျန့်က စိုးရိမ်စိတ်ဖြင့် အနား ရောက်ရှိလာပြီး၊

“ သခင်လေးစု ... မင်းအဆင်ပြေလား။ ”

-ဟု မေးမြန်းတော့သည်။

စုရီက သူ့လက်မှ ဓားကို သိမ်းဆည်းလျက်၊

“ သူရဲကောင်းချန် အသေးအဖွဲ့ကိစ္စကို အာရုံစိုက်မနေပါနဲ့ ... ဒါက အမှောင်ထဲမှာနေတဲ့ ကြွက်တွေပါ။ ”

-ဟု ပြန်လည် ပြောကြားလိုက်သည်။

ကျူးကုချင်းတစ်ယောက် မျက်ခုံးပင့်၏။ ဤသည်မှာ မြေကြီးအဆင့် ကျွမ်းကျင်သူတစ်ဦး လက်ဖြင့် သွန်းလုပ်ထားသော မှော်ရတနာ ဖြစ်သည်။

ထိုဓားဖြင့် သာမာန် မဟာသခင် တစ်ပါးကိုပင် အလွယ်တကူ ခေါင်းဖြတ်ပစ် နိုင်သည်။ အဘယ့်ကြောင့် အသေးအဖွဲ ခေါ်ဝံ့သနည်း။

ဤအခိုက်တွင် ထိုလူငယ်သည် မည်သို့ပလွှားရမည်ကို ကောင်းကောင်းသိမှန်း နားလည်လိုက်တော့သည်။

“ ငါ့အထင်မှားမှုအတွက် တောင်းပန်ပါတယ်။ ”

ကျူးကုချင်းက တောင်းပန်စကား ပြောကြားလိုက်သည်။ စုရီမှ တုန်ပြန်ခြင်း မပြုချေ။ သူ့အစား ချန်ကျန့်မှ၊

“ ရန်ပွဲမရှိရင် ... ရင်နှီးမှု မရှိ ... ဒါကငါတို့တွေ နားလည်မှုလွဲနေတာ မြင်သာ ပါတယ် ဆက်ဆံရေးကို ထိခိုက်စရာ မလိုပါဘူး မင်းရော ဘယ်လိုထင်လဲ သခင်လေးစု။ ”

-ဟု ဝင်ရောက် ပြောကြားလာသည်။

“ သူရဲကောင်းချန် ... စိတ်မပူပါနဲ့၊ မိန်းမတစ်ယောက်နဲ့ ငြင်းခုန်နေတာ ငါ့ပုံစံ မဟုတ်ပါဘူး။ ”

“ နင် ... ။ ”

စုရီ၏ တုန့်ပြန်စကားက ကျူးကုချင်းကို ဆွေ့ဆွေ့ခုန်သွားစေသည်။ ယုန်နှစ်ကောင်ခမျာ တဆက်ဆက်တုန်ယင်လျက် အပြင်လောကသို့ ထွက်လုနီးပါး ဖြစ်လာ၏။

ဤကလေးသည် တစ်ဖက်လူအပေါ် သေသည်အထိ ဒေါသထွက်သွားစေနိုင်သော နှုတ်ရေးစွမ်းရည် လေ့ကျင့်ထားပုံရလေသည်။

***

All Chapters