← Chapters

ငါတို့က လူငယ်တွေ ... ။

Vol. 11 Ch. 130

ငါတို့က လူငယ်တွေ ... ။

Vol. 11 Ch. 130

စုရီမှ ဟွမ်ချမ့်ကျွယ် အတွေးများကို လျစ်လျူရှုလျက် အခန်းထဲ လှည့်ဝင်သွားပြီး ချင်းဝမ်ကို ခေါ်ထုတ်လိုက်၏။

“ ချင်းဝမ် ... ဒီဝိညာဉ်ကျောက်စိမ်းကို ကြည့်စမ်း။ ”

ဘူးသီးခြောက်ကို အတွင်းမှ အဖြူရောင်မီးခိုးငွေ့များနှင့်အတူ ချင်းဝမ် ထွက်လာ၏။

“ တာအိုသခင် ဒါက ငါ့အိမ်လိုပဲ အရမ်းရင်းနှီးတဲ့ ခံစားချက်ကို ပေးတယ်။ ”

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

စကားဆုံးသည်နှင့် ဝိညာဉ်ကျောက်စိမ်းအတွင်း အခိုးအငွေ့သဖွယ် ပြောင်းလဲ ပြေးဝင်လိုက်၏။ သို့သော် ပြန်လည် လွင့်စဉ်လာသည်။

“ ဒီဝိညာဥ်ကျောက်စိမ်းရဲ့ စွမ်းအင်က လုံး၀ကုန်ဆုံးသွားပြီ ... မင်းဒီအထဲမှာ နေဖို့ မဖြစ်နိုင်ဘူး ... ကြည့်ပါ ... မင်းတခုခု သိနိုင်မလား။ ”

“ တာအိုသခင် နည်းနည်း ရင်းနှီးသလို ခံစားရပေမယ့် ဘယ်လဲဆိုတာတော့ တကယ် မမှတ်မိတော့ပါဘူး။ ”

“ ဒါဆို ... ငါတို့ ဟူရန်ဟိုင်ဆီ သွားဖို့ကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး။ ”

ထို့နောက် စုရီက ဆေးဝါးအချို့ကို မျိုချလိုက်ပြီး တရားထိုင်တော့၏။ စိတ်ဝိညာဉ် ဖျက်ဆီးခြင်း ဓားကို သုံးကြိမ်ဆက်တိုက် အသုံးပြုရခဲ့သောကြောင့် ပြန်လည် ဖြည့်တင်းရန် လိုသည်။

ညနေစောင်းသောအခါ ယွမ်လောရှီနှင့် ချောင်ဝူဟောင်တို့ ရောက်ရှိလာသည်။ တိုက်ပွဲ အကြောင်းကြားသိပြီးနောက် စုရီကို သူမ၏ စံအိမ်တွင် လိုက်နေရန် အကြံပြုသည်။ စုရီမှခေါင်းရမ်း၏။

“ မင်းတို့ ဆန္ဒရှိရင် ... ရှောင်ဖုန်းနဲ့ ရှောင်ရန်ကို ယွမ်မိသားစုအရိပ်အောက်မှာ စောင့်ရှောက်ပေးနိုင်တယ်။ ”

“ စိတ်မပူပါနဲ့ ဆရာစု ... ဖန်မောင်နှမကို ငါ့ယွမ်မိသားစုလို ဆက်ဆံမယ်လို့ ကတိပေး နိုင်ပါတယ်။ ”

စုရီက ခေါင်းညိတ်ကာ ရှောင်ရန်ထံ ဓားတစ်လက်ကမ်းပေးလိုက်သည်။

“ ဒီဓားကို မရဏအစွယ်လို့ခေါ်တယ် ငါ့အတွက် အဓိပ္ပာယ်ရှိတယ် ... ကျေးဇူးပြုပြီး လုံခြုံအောင် ထားပေးပါ ... နောင် ငါပြန်လာမှ ကြည့်မယ်။ ”

ရှောင်ရန်မှ ခေါင်းညိတ်ကာ ဓားကို ပိုက်ထားလိုက်သည်။

“ အစ်ကိုစု မင်းမြို့ကနေ ထွက်သွားတော့ သွားမှာလား။ ”

“ အင်း ... ။ ”

“ ရှောင်ရန်လည်း လိုက်ချင်တယ်။ ”

“ ရှောင်ရန် အစ်ကိုစုကို မနှောက်ယှက်ရဘူး။ ”

ရှောင်ဖုန်းက သူ့ညီမကို ပြောကြားလိုက်သည်။ ရှောင်ရန်တစ်ယောက် မျက်ရည်ဝဲလျက် ခေါင်းငုံ့သွား၏။

ထို့နောက်တွင် ယွမ်လောရှီက စကားစမြည်အနည်းငယ် ပြောကြားပြီးနောက် နှုတ်ဆက်ထွက်ခွာသွားသည်။

“ မနက်ဖြန်ဆို ငါထွက်သွားရတော့မယ် ဘယ်တော့ ပြန်ဆုံနိုင်မလဲဆိုတာ တကယ် မသိနိုင်ဘူး။ ”

ဟွမ်ချမ့်ကျွယ်မှ ဖန်မောင်နှမ နောက်ကျောကို ငေးကြည့်လျက် ညည်းတွား လိုက်တော့၏။

“ ဘဝမှာ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ခွဲခွာခြင်းနဲ့ ဆုံဆည်းခြင်းဆိုတာ အမြဲရှိတယ်၊ နတ်ဘုရားတွေတောင် ချွင်းချက် မရှိဘဲ။ ”

စုရီမှ ခေါင်းယမ်းလျက် ပြောကြား လိုက်တော့သည်။ စုရွှမ်ကြွယ်ဘဝတစ်လျှောက် လှိုင်းတံပိုးများစွာ ကြုံဆုံဖူး၏။

ထို့ကြောင့် လက်ရှိဘဝတွင် စိတ်ခံစားချက်များစွာကို လျစ်လျူရှုနိုင်ပြီဟု ထင်နေခဲ့မိသော်လည်း နောက်ဆုံးတွင် ခံစားနေရဆဲပေပင်။

တစ်ဖက်တွင် စုရီ၏ အထီးကျန်ပြီး တိတ်ဆိတ်လွန်းနေသော အသွင်အပြင်သည် ဟွမ်ချမ့်ကျွယ်အတွက် နားမလည်နိုင်စရာ ဖြစ်နေခဲ့ချေပြီ။

“ မင်းအဲဒီမှာ ရပ်မနေနဲ့ ရထားလုံး သွားငှားလာခဲ့၊ ငါတို့ နောက်ကျနေပြီ တိမ်လှိုင်း စံအိမ်ဆီကို သွားရအောင်။ ”

“ အစ်ကိုစု၊ ငါ့အကျင့်တွေ ပြောင်းနေတာကြာပါပြီ၊ ခဏတာ ပျော်ရွှင်မှုကို ဘယ်လိုလုပ် ရှာချင်မှာလဲ။ ”

ဟွမ်ချမ့်ကျွယ်မှ အနည်းငယ် တွန့်ဆုတ်သွားသည်။

“ မင်းမှားနေတယ် .. ချစ်ခြင်းဆိုတာ လူ့သဘာဝပဲ အဲဒီခံစားချက်ကို မျက်စိစုံမှိတ် ချိုးနှိမ်ထားလို့ မရဘူး ... ယောက်ျားရော မိန်းမရော ... ဒါကို နားလည်နေဖို့လိုတယ် ...

... တာအိုမှာတောင် နှစ်မွှာကျင့်ကြံခြင်း နည်းစနစ်တွေရှိနေတာ မင်းမမေ့နဲ့ ဗုဒ္ဓဘာသာ မှာလည်း ပျော်ရွှင်ဖွယ် ဇင်လမ်းစဉ်ဆိုတာ ရှိတယ်၊ ...

... သူရဲကောင်းတွေအတွက်လည်း ယင်ယန်ကို ဖြည့်တင်းဖို့ ယင်ယန်စုဆောင်းခြင်း နည်းစနစ်ဆိုတာ ရှိတယ် ... လိင်နဲ့ဆန္ဒက အမြဲမျှတနေရတယ် ...

... ကျင့်ကြံသူတွေအတွက် ချစ်ခြင်းက ကြောက်စရာ အကောင်းဆုံးသော ကပ်ဘေးပဲ အနာဂတ်မှာ မင်းဘေးကင်းချင်ရင် ... အချစ် ကြိုးတွေကို ...

... ဖြတ်တောက်နိုင်အောင် ကြိုးစားပါ ... ငါတို့က လူငယ်တွေပဲ ... သွေးဆူလို့ရတယ် ... သွေးအေးလို့မရဘူး။ ”

“ ဟမ့် ... ။ ”

ဟွမ်ချမ့်ကျွယ်တစ်ယောက် ရုတ်တရက် ဉာဏ်အလင်းရသွားသကဲ့သို့ အနည်းငယ် တုန်ရီ သွားလေသည်။

“ အစ်ကိုစု ... ချစ်ခြင်းရဲ့ အမြင့်ဆုံးနယ်ပယ်က ဘာလဲ။ ”

“ ဟမ့် ... မင်းကိုယ်တိုင် ဒီညလေ့လာခဲ့။ ”

စုရီ၏ အဖြေကြောင့် ဟွမ်ချမ့်ကျွယ်တစ်ယောက် တိတ်ဆိတ်သွား တော့၏။

အစ်ကိုစုသည် ထိုအကြောင်းကို သိလျက်သားနှင့် လူကြီးလူကောင်းတစ်ယောက် ကဲ့သို့ တစ်ချိန်လုံးဟန်ဆောင်နေချေပြီ။

“ ကျွီ ... ။ ”

များမကြာခင် ရထားလုံး တစ်စင်း တိမ်လှိုင်းစံအိမ်ရှေ့သို့ ဆိုက်ရောက်လာခဲ့၏။ ဟွမ်ချမ့်ကျွယ်မှ စိတ်အားထက်သန်စွာဖြင့် ရထားပေါ်မှ ဆင်းပြီး တံခါးဖွင့်ပေးသည်။

ထို့နောက် သူ့အကြည့်များက ခမ်းနားထည်ဝါသော အဆောက်အအုံကြီးထံ မော့ကြည့်လိုက်၏။

တစ်ဆက်တည်းမှာပင် ရင်းနှီးသော ပုံရိပ်တစ်ရိပ်ကို ရုတ်တရက်တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားသည်။

“ ဒုတိယ သခင်လေး ... ။ ”

မလှမ်းမကမ်းတွင် သူတို့ထံ မျက်နှာလွှဲလိုက်ကာ ယောင်ပေပေလုပ်နေသော ယွမ်လောယွီဖြစ်၏။

“ အဟမ်း ... အစ်ကိုဟွမ်။ ”

“ ဟမ့်... မင်းဒီမှာ ဘာလုပ်နေတာလဲ ဒုတိယသခင်လေး။ ”

သို့သော် ဟွမ်ချမ့်ကျွယ်အသံကြောင့် ပြုံးလျက် ပြန်လှည့်ကြည့်လာပြီး နှုတ်ဆက် လေသည်။

လူငယ်နှစ်ဦး၏အသံက တပြိုက်နက်တည်း ထွက်ပေါ်လာ၏။ စုရီက ရထားလုံးမှဆင်းလျက် လက်နှစ်ဖက် နောက်ပို့ကာ တိမ်လှိုင်းစံအိမ်ထဲ လျှောက်လှမ်းသွားတော့သည်။

လူငယ်တစ်ယောက်အနေဖြင့် အပျော်မယ်ဂေဟာသို့ လာရောက်ခြင်းအပေါ် အဘယ်ကြောင့် ရှက်ရွံ့နေသည်ကို နားမလည်နိုင်တော့ချေ။

ထိုမြင်ကွင်းက ယွမ်လောယွီကို ပြုံးရွှင်သွားစေသည်။ ဤအချိန်၌ သူ့အဖေနှင့် ဆုံခဲ့လျှင်ပင် ဆရာစုကို ဧည့်ခံခြင်းဟု ရဲဝံ့စွာ ခေါင်းစဉ်တပ်နိုင်ပြီဖြစ်၏။

“ ဆရာစု ... ငါလမ်းပြပါရစေ ... တစ်ယောက်ယောက် မင်းတို့ စံအိမ်သခင်ကို သတင်းပို့စမ်း ... ယွမ်မိသားစုရဲ့ ဒုတိယ သခင်လေး လာတယ်လို့။ ”

များမကြာခင် ယဉ်ကျေးသိမ်မွေ့ပြီး လှပကြော့ရှင်းကျက်သရေရှိသော အမျိုးသမီး တစ်ဦး လှမ်းထွက်လာသည်။

ချိုမြိန်သော အပြုံးနှင့် လိမ္မာပါးနပ်သော ဉာဏ်ရည်ဉာဏ်သွေးမျိုး ပိုင်ဆိုင်ထားသည်။

“ အိုး ... သခင်လေးယွမ် ဒီနေ့တော့ မင်းသူငယ်ချင်းတွေ ခေါ်လာတာလား ကြွပါ ... ကြွပါ ... ။ ”

“ အဟမ်း ... ။ ”

အမျိုးသမီးက ရင်းရင်းနှီးနှီးပင် ကြိုဆို နှုတ်ဆက်လာသဖြင့် ယွမ်လောယွီတစ်ယောက် မျက်နှာနီရဲသွားသည်။

“ မိန်းကလေးဖန်ရှု ... ငါဒီမှာ မြင့်မြတ်တဲ့ဧည့်သည်တစ်ယောက် ပါလာတယ် စကားပြောဆင်ခြင်ပါ။ ”

“ အိုး ... စိတ်မပူပါနဲ့ သခင်လေးယွမ် လာပါ ဒီလမ်းအတိုင်း။ ”

ဖန်ရှုက စုရီထံ တစ်ချက်ကြည့်သည်။ ထို့နောက် မည်သည့်မေးခွန်းမျှ မမေးတော့ဘဲ ကိုယ်တိုင်လမ်းပြပေး၏။

သူမထံ ရောက်ရှိလာသည့် မည်သည့်ဧည့်သည်မဆို ၎င်းတို့နောက်ခံအပေါ် စုံစမ်းခြင်းကို မကြိုက်ကြချေ။

“ ကျေးဇူးပြုပြီး ... ။ ”

ခန်းမကြီးတစ်ခုမှ အဖြတ်တွင် ကျောက်စိမ်းစင်မြင့်ပေါ်ရှိ ငယ်ရွယ်လှပသော ဂီတပညာရှင်တစ်စုမှ တူရိယာအမျိုးမျိုး တီးမှုတ်နေသည်ကို မြင်လိုက်ရသည်။

မိန်းကလေးငယ်များသည် ယွမ်လောယွီကိုမှတ်မိကြပြီး ‘ညုတုတု ဥတုတု’ အမူအရာများဖြင့် ပြုလုပ်ကာ အနားချဉ်းကပ် လာကြသည်။

သို့သော် ယွမ်လောယွီမှ လှည့်မကြည့်သဖြင့် ပြုံးလျက် ဆုတ်ခွာကုန်ကြသည်။ စင်္ကြံတစ်ခုကို ဖြတ်သန်းပြီးနောက် တိတ်ဆိတ် ငြိမ်သက်သော အရပ်သို့ ရောက်ရှိလာ၏။

ကြာကန်ကြီးပေါ်တွင် တည်ဆောက်ထားသော ဇရပ်တစ်ဆောင်ကို မီးပုံးများ ချိတ်ဆွဲလျက် မြင်လိုက်ရ၏။

ကြမ်းပြင်ကို ကော်ဇောနီခင်းလျက် အမွှေးတိုင်များ၊ မက်မွန်၊ သစ်ခွ၊ ဝါး၊ ဂန္ဓမာ အစရှိသည်တို့ဖြင့် အလှဆင်ထားသည်။ နံရံ၌ ပန်းချီကားအချို့ ချိတ်ဆွဲထား၏။

ဇရပ်တစ်နေရာ၌ ကြမ်းပြင်တွင် ဒူးထောက်လျက် အမျိုးသမီး (၁၂)ယောက်ရှိပြီး အမျိုးသမီးတိုင်းသည် ပါးလွှာသော အပြာရောင် အင်္ကျီများ ဆင်တူ၀တ်ဆင်ထားသည်။

“ မင်္ဂလာပါ ဧည်သည်တော်များ။ ”

အမျိုးသမီးများက တပြိုင်နက်တည်း နှုတ်ဆက်လာသည်။ စုရီမှ ယွမ်လောယွီထံ ကြည့်လိုက်ပြီး၊

“ မင်းသူ့ကို ဒီညဧည့်ခံပေးလိုက်ဦး မနက်ဖြန် သူရဲကောင်းချန်ကျန့်နဲ့ သွေးယို တောင်တန်းကို သူ လိုက်သွားတော့မယ်။ ”

-ဟု ဟွမ်ချမ့်ကျွယ်ထံ လက်ညိုး ထိုးပြလိုက်သည်။

ယွမ်လောယွီက အံ့သြသွားပြီး၊

“ အစ်ကိုဟွမ် ... မင်းသတိထားရမယ် စစ်သည်တော်အဖိုးကြီးတွေက မင်းပျော့ညံ့ရင် မင်းကို သူ့အိပ်ဆောင်ခေါ်တတ်တယ်။ ”

“ ဟမ့် ... ဒါဆို ငါက သူတို့ကြက်ဥကို ကန်ခွဲပစ်မယ်။ ”

“ ဟား ဟား ဟား ... ကောင်းပြီ မင်းမှာ ဒီလိုအစွမ်းရှိ၊မရှိ ငါကြည့်မယ် ဘယ်နှစ်ယောက် လက်ခံနိုင်လဲ။ ”

ဟွမ်ချမ့်ကျွယ်မှ အမျိုးသမီးများထံ ဝှေ့ကြည့်ကာ လက်ညိုး ထိုးပြလိုက်တော့၏။

“ တစ် ... နှစ် ... သုံး ... လေး ... ဟားဟားဟား ... လေးယောက်ပဲလား အစ်ကိုဟွမ် ... ။ ”

“ ဟမ့် ... မဟုတ်ဘူး အကုန်လုံး။ ”

“ ဟား ဟား ဟား ... ။ ”

စုရီက သူတို့စကားဝိုင်းကြောင့် ပြုံးလိုက်ပြီး၊

“ မင်းတို့ ဒီမှာ ကစားနေခဲ့ ... ငါတစ်ယောက်ယောက် သွားရှာလိုက်ဦးမယ်။ ”

-ဟု ပြောကြားကာ ဖန်ရှုထံ လှည့်ကြည့် လိုက်သည်။

“ ချာကျင်ဆီ ခေါ်သွားပါ။ ”

ဖန်ရှုတစ်ယောက် မျက်လုံးပြူးသွား၏။

“ သခင်လေး ... မိန်းကလေး ချာကျင်က မွန်မြတ်တဲ့ စရိုက်လက္ခဏာရှိပြီး ဧည့်သည်ကို ဘယ်တော့မှ ဧည့်ခံလေ့မရှိပါဘူး ... ကျေးဇူးပြုပြီး နားလည်ပေးပါ။ ”

သို့သော် စုရီမှ စကားမပြောတော့ဘဲ သူမပခုံးပေါ် ညာလက်ကို ညင်သာစွာတင်လျက် ‘သွားကြစို့’-ဟု ပြောလိုက်လေသည်။

ဤလုပ်ရပ်မျိုးသည် အခြားသူများ၏ အမြင်တွင် ရိုင်းစိုင်းရဲရင့်သည်ဟု ယူဆနိုင်၏။ ဖန်ရှု၏ အဆင့်အတန်းကြောင့် မည်သူမျှ သူမအပေါ် ဤသို့ မဆက်ဆံဝံ့ချေ။

ဖန်ရှုမှ ရှက်ရွံ့ဒေါသဖြစ်လာသော်လည်း ပခုံးပေါ်ရှိ ဖိအားကို ခံစားလိုက်ရချိန်၌ နာခံမှု ရှိစွာဖြင့် ခေါင်းငုံ့ပြီး နာခံလိုက်ရလေသည်။

***

All Chapters