ငါကပြောစကားကိုပြန်မရုတ်သိမ်းတဲ့လူတစ်ယောက်
Vol. 009 Ch. 863
“နည်းနည်းလောက် စာနာထောက်ထားလို့မရဘူးလား”
“မရဘူး” ဘေးသင့်မှုတိမ်တိုက်လေးသည် စိတ်ပိုင်းဖြတ်ထားသည်။
“ဒါဆို ပြီးခဲ့တဲ့တစ်ခေါက်က ဘာလို့လုပ်ပေးတာလဲ”
“လုပ်ပေးခဲ့လို့လား” ဘေးသင့်မှုတိမ်တိုက်လေးသည် ဝန်ခံရန်ငြင်းဆန် လေသည်။
“လုပ်ပေးခဲ့တယ်လေ”
“မင်းအမှတ်မှားနေတယ်”
“ဒါဆို မင်းဝိုင်ဆက်သောက်လို့မရဘူး” ရှီမာယူယူ ခြိမ်းခြောက်လိုက် သည်။
“မင်း လွန်တယ်” ဘေးသင့်မှုတိမ်တိုကလေးသည် အခြမ်းခြောက်ခံ ရသောအခါ သူမအား မျက်လုံးပြူးများဖြင့် ကြည့်လေသည်။ သူကပင် ရိုးသား သည့်အတိုင်းပင်။
“ငါက လွန်တာလား မင်းကလွန်တာလား” ရှီမာယူယူသည် သူ၏ နှဖူး ကိုပုတ်လိုက်သည် “မင်းက ငါ့ဝိုင်တွေကိုသောက်ပြီး ငါ့အတွက်ဘာမှလည်း လုပ်မပေးဘူး ဘယ်သူကဆိုးတာလဲပြောကြည့်”
“မင်း” ဘေးသင့်မှုတိမ်တိုကလေးသည် တွေဝေခြင်းမရှိပဲ လေထဲသို့ ညွှန်ပြလေသည် “မင်းက လူကိုအနိုင်ကျင့်နေတာပဲ၊ မဟုတ်ဘူး မင်းက ဘေးသင့်မှုတိမ်တိုက်ကို အနိုင်ကျင့်နေတာပဲ”
သူ ထိခိုက်နာကျင်သည်ကိုကြည့်လိုက်ရာ သူသာ မျက်ရည်ကျပါက မိုးရွာသွားနိုင်သည်။
“ကောင်းပြီ ကောင်းပြီ ငါက ဘယ်မှာမင်းကိုအနိုင်ကျင့်လို့လား၊ ငါက မင်းကိုအကူအညီလာတောင်းတာမဟုတ်ဘူးလား ငါတို့က သူငယ်ချင်းတွေ လေ၊ အဲဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်ကူညီပေးရမှာပေါ့၊ အဲဒါမင်း အတွက် လွယ်တယ်မဟုတ်ဘူးလား”
“ဟင်း” ဘေးသင့်မှုတိမ်တိုကလေးသည် ဒေါသထွက်ပြီး သူမအား မကြည့်လိုသည့်အနေဖြင့် ဘေးသို့ခေါင်းလှည့်လိုက်သည်။
“ဟူး” ရှီမာယူယူသည် သက်ပြင်းရှည်ချလိုက်သည် “အဲတော့ မင်းက ငါ့ ကိုသူငယ်ချင်းအနေနဲ့ မမြင်ဘူးပေါ့၊ ဝမ်းနည်းသွားပြီ ငါကတော့မင်းကို သူငယ်ချင်းလို့သတ်မှတ်ထားတာ၊ မင်းက အသီးဝိုင်ကြိုက်တယ်ဆိုတာ သိ တော့ မင်းအတွက် အရသာမတူတာတွေ အစုံလုပ်ခဲ့တာ၊ ငါတို့ထပ်တွေ့ရင် မင်းကိုပေးချင်လို့၊ ငါ့စိတ်က တစ်ဖက်သတ်ဖြစ်နေတယ်ထင်ပါတယ်”
“နောက်ထပ်အရသာအများကြီးရှိသေးတာလား” ဘေးသင့်မှုတိမ်တိုက် လေးသည် ချက်ချင်းပင် မျက်လုံးများ စိန်ကဲ့သို့အရောင်တောက်ကာ ရှီမာယူယူဘက် ခေါင်းလှည့်လာသည်။
“ရှိတယ်ဆိုဘာလုပ်မလို့လဲ၊ မင်းကမှငါ့ကိုသူငယ်ချင်းလို မသတ်မှတ် တာ ငါတခြားသူငယ်ချင်းတွေကိုပဲ သွားပေးလိုက်တော့မယ်” ရှီမာယူယူသည် အနည်းငယ် အသည်းကွဲသလိုပြောလေသည်။
“အဲဒါ ငါ့ကိုအရင်ပေး မမူးဆေးနဲ့ဆိုရင် အဆင်ပြေတယ် ဒါဆို ငါ မင်းကို သူငယ်ချင်းလိုသတ်မှတ်မယ်” ဘေးသင့်မှုတိမ်တိုက်လေးသည် သူမ၏ အနာ တရဖြစ်သွားသော အမူအရာကိုမြင်သောအခါ ပြောလိုက်သည်။
မျက်နှာရိပ်မျက်နှာကဲသိတဲ့ ဝိဉာဉ်လေးပါလား….
ရှီမာယူယူသည် ပို၍ဝမ်းနည်းသောပုံဖြင့် ပြုံးကာ “တကယ်လား”
“ဒါပေါ့ ငါ တိမ်တိုက်ဝိဉာဉ်က ပြောပြီးသားကိုပြန်ရုတ်မသိမ်းဘူး”
ပြောပြီးသားကိုပြန်မရုတ်သိမ်းဘူး…. အဲလိုဘာလို့မခံစားမိတာလဲ။
“အဲတော့ မင်းကတိမ်တိုက်ဝိဉာဉ်လို့ခေါ်တာလား” ရှီမာယူယူ ပြော လိုက်သည်။
“ငါကတိမ်တိုက်ဝိဉာဉ်ခေါ်တာလို့မဟုတ်ဘူး တိမ်တိုက်ဝိဉာဉ်ပဲ” ဘေးသင့်တိမ်တိုက်လေးသည် ရှင်းပြလေသည်။
“အဓိပ္ပာယ်အတူတူပဲမဟုတ်ဘူးလား”
“ဘယ်လိုလုပ်တူမှာလဲ၊ တိမ်တိုက်ဝိဉာဉ်က ငါ့နာမည်မဟုတ်ဘူး ငါက တိမ်တိုက်ဝိဉာဉ်ပဲ” ဘေးသင့်မှုတိမ်တိုက်လေးသည် ထပ်တလဲလဲပြောလေ သည် “တော်ပြီ ဝိုင်ကဘယ်မှာလဲ”
သူ စိုးရိမ်ပူပန်နေသည်ကို ရှီမာယူယူတွေ့သောအခါ ထပ်မစတော့ပေ။ သူမသည် ပြီးခဲ့သည့်တစ်ခေါက်ကထက် သုံးဆပိုများသော ဝိုင်ထုတ်ရင်းနှင့် ဆေးပုလင်းများ ကိုပါ ထုတ်ကာပြောလိုက်သည် “သေချာသိမ်းထား၊ ဒါပြီးလို့ နောက်တစ်ခါ တွေ့ရင် ဒီထက်ပိုရမယ်”
တိမ်တိုက်ဝိဉာသ်သည် သစ်သီးဝိုင်များကိုမြင်သောအခါ စိတ်လှုပ်ရှား သည်ထက်ပင် ပိုသွားသည်။ တစ်ချက်ဝေ့လိုက်သည်နှင့် တိမ်တိုက်မည်းတစ် ခုရောက်လာကာ ဝိုင်ကရားများကို သိမ်းဆည်းသွားလေသည်။ ထို့နောက် တွင် တိမ်တိုက်လေးသည် ကျေနပ်စွာပြောလေသည် “ဘေးသင့်မှုတိမ်တိုက် ကတော့ လုပ်ပြီးသွားပြီ အဲဒါကိုပြင်လို့မရတော့ဘူး၊ ဒါပေမဲ့ မိုးကြိုးကတော့ နည်းနည်းဖိလို့ရတယ်၊ ဒါပေမဲ့ ငါဘယ်လောက်လုပ်သင့်သလဲ၊ ဒီဆင့်ကဲ မိုးကြိုးဘေးသင့်မှုက ဝိဉာဉ်မိစ္ဆာတွေအတွက် အကျိုးရှိတဲ့ဟာပဲကို”
“အင်း မင်းဆုံးဖြတ်နိုင်ပါတယ် ငါတို့ကိုသေအောင်သာ မရိုက်ချနဲ့” ရှီမာယူယူ ပြုံးပြီးပြောလိုက်သည်။
သူမ ဘေးသင့်မှုတိမ်တိုက်လေးကို ပြောလိုက်သောစကားကို အောက် မှ ဝိဉာဉ်မိစ္ဆာလေးကောင်ကြားပါက သွေးအန်မိတော့မည်။
မသေအောင် ပစ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။ သူတို့ မသန်မစွမ်းဖြစ် သွားရင် ဘယ်လိုလုပ်မလဲ။
ဟုတ်ပြီ တကယ်တော့ သူတို့မသန်မစွမ်းဖြစ်သွားရင်တောင် ကိစ္စကြီး မဟုတ်သေးဘူး။
အစတုန်းကတော့ ရှီမာယူယူသည် သူတို့ကိုကူညီချင်သည်။ သို့သော် တိမ်တိုက်ဝိဉာဉ်လေး၏ အာမခံမှုနှင့်ဆိုလျှင် သူမ မကူညီလျှင်တောင် အဆင် ပြေသည်။
သည်လိုနှင့် သူမသည် တိမ်တိုက်ဝိဉာဉ်နှင့်အတူ ဘေးသင့်မှုတိမ်တိုက် ပေါ်ထိုင်ရင်းနှင့် အသီးဝိုင်သောက်ကာ ဟိန်းသံထောင်ချီနှင့် တခြားသူများ မိုးကြိုးများနှင့် တိုက်ပွဲဖြစ်နေသည်ကို ကြည့်နေလိုက်သည်။
ဒါပေါ့… ထိုနေရာတွင်ဖြစ်ပျက်သမျှသည် ဖန်လိုင်နှင့် တခြားသူများ၏ သတိထားမိမှုကနေ ရှောင်လွှဲမရပေ။ သူမသည် ဘေးသင့်မှုတိမ်တိုက်ကို သူမဘက်ပါလာအောင် လုပ်နိုင်မည်ဟု သူတို့ဘယ်တုန်းကမှထင်ထားမိမည် မဟုတ်ပေ။ ဒီလိုစည်းဖောက်တာမျိုးနဲ့ဆိုရင် မိုးကြိုးဘေးသင့်မှုကို ဘာစိတ်ပူ စရာလိုသေးလဲ။ အဲဒါကြောင့် သူမက ဘာမှမပြင်ဆင်ထားတာကိုး။
သို့သော် သူမခန္ဓာကိုယ်တစ်လျှောက်တွင် လျှပ်စီးများပြေးလွှားနေ သည်ကို မြင်သောအခါ ထပ်မံနားမလည်နိုင်ဖြစ်ရပြန်သည်။
ဒီလောက်အားပြင်းတဲ့ လျှပ်စီး သူမခန္ဓာကိုယ်ကိုဖြတ်သွားတာကို ဘာလို့ ဘာမှမခံစားရတာလဲ။
“မင်းတို့အရင်ကပြောတာကို ငါမှတ်မိသေးတယ်၊ ငါတို့အမှောင်တော မှာ ရှိတုန်းကလေ သူ မိုးကြိုးအပစ်ခံရသေးတယ်၊ သူ့ခန္ဓာကိုယ်က မိုးကြိုး ဘေးသင့်မှုကိုခံနိုင်ရည်ရှိတယ်လို့ ထင်တယ်၊ အဲလိုမျိုးကြောင့်ပဲ မိုးကြိုးပစ် တာကို သူခံနိုင်ရည်ရှိနေတာ” ဖန်လိုင် ခန့်မှန်းလေသည်။
မုန့်ဆန်းချွယ်သည် စဉ်းစားကြည့်သည်။ အကျိုးအကြောင်းသင့်လျော် သည့် ဖြေရှင်းချက်ပင်။
ဖန်လိုင်၏ ခန့်မှန်းချက်သည် မှန်ကန်သည်။ သို့သော် အပြည့်အဝမှန် သည်တော့ မဟုတ်။ ရှီမာယူယူသည် မိုးကြိုးကို ခံနိုင်ရည်ရှိခြင်းမဟုတ်ပဲ လျှပ်စီးများကို သူမခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်ခြင်းဖြစ်သည်။
ထိပ်တန်းအဆင့် ခရမ်းရောင်လျှပ်စီးသည် မိုးကြိုးသွားများကို ပေါ့ပေါ့ ပါးပါးပင် စုပ်ယူနိုင်သည်။
ဒီကောင်မလေးသည် ခုရက်ပိုင်းများတွင် အလုပ်များနေသဖြင့် မိုးကြိုး အပစ်မခံရခြင်းကြောင့် သူဘာမှမစားနိုင်ပေ။
ရှီမာယူယူသည် သူမ၏ လျှပ်စီးကန်ထဲတွင် ထိုသေးငယ်သောအရာ လေး ပျော်ရွှင်စွာ ကူးခတ်နေသည်ကို ရှင်းလင်းစွာခံစားမိရင်းနှင့် သူ၏ ခံစားမှု ကင်းသော အကျင့်စရိုက်ကိုတွေးနေမိသည်။ သူမသည် ထိုကောင်လေးကို အလိုလိုက်ထားသဖြင့် ဂုဏ်သိက္ခာမရှိသော ကောင်လေးတစ်ယောက်ကဲ့သို့ တိတ်တဆိတ်ခံစားမိသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဘေးသင့်မှုတိမ်တိုက်လေး မင်းကဒီတိုင်းပြည်မှာ နေလာတာ အတော်ကြာနေပြီ၊ လူတွေအသက်ပျောက်လောက်အောင် အများကြီး ပစ်ပြီးလောက်ပြီ ဟုတ်တယ်မလား” ရှီမာယူူယူ ပြောလိုက်သည်။
“အင်း” ဘေးသင့်မှုတိမ်တိုက်လေး ပြောလိုက်သည် “ဒါပေမဲ့ အဲလူတွေ ကို ငါမမှတ်မိဘူး၊ အဲဒါကြောင့် ဘယ်လောက်ပစ်ခဲ့လဲဆိုတာ မသိတော့ဘူး”
“မင်းက ဒီလောက်နေရာကြီးတစ်ခုလုံးကို တာဝန်ယူထားတာ တစ်ချိန် တည်းမှာဖြစ်တဲ့ ဘေးသင့်မှုတွေရှိမှာပဲ၊ အဲလိုကျ မင်းဘယ်လိုလုပ်လဲ”
“ရှင်းပါတယ်” ဘေးသင့်မှုတိမ်တိုက်လေး ပြောလိုက်သည် “ငါ့မှာ အစိတ်အပိုင်းအများကြီးရှိတယ်၊ တစ်ယောက်ယောက်က မိုးကြိုးအပစ်ခံရ တော့မယ်ဆိုတာကို အာရုံခံမိရင် အဲလူအတွက် ငါ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုကို ပို့လိုက်တာပဲ”
“ဒါဆို မင်းငါ့ကိုဘယ်လိုမှတ်မိတာလဲ” အကြိမ်အနည်းငယ်ပြီးနောက် တွင် ထိုလူသည် သူမအားမှတ်မိခဲ့သည်။
“ဟင်း ဟင်း ငါကံမကောင်းလို့ပဲပြောရမား၊ မင်း ဘေးသင့်မှုနဲ့တွေ့တိုင်း ငါကိုယ်တိုင်လာလို့လေ” ဘေးသင့်မှုတိမ်တိုက်လေးသည် သူမအား သိခွင့်ရ သည်ကို နောင်တရသလိုပြောလေသည်။
“သုန်သုန်မှုန်မှုန်နဲ့မကြည့်နဲ့” ရှီမာယူယူ ပြောလိုက်သည် “ကြည့်လေ မင်းက ဘေးသင့်မှုတိမ်တိုက်ဖြစ်လာတာ ဒီလောက်ကြာပြီ လူသားတစ် ယောက်နဲ့ သူငယ်ချင်းမဖြစ်ဖူးဘူးမလား၊ အခု ငါနဲ့အပေါင်းအဖော်တွေဖြစ် သွားပြီဆိုတော့ ဘယ်လောက်ကောင်းလဲ”
“ဟင်း” ဘေးသင့်မှုတိမ်တိုက်လေးသည် သူ၏ ယုန်တင်ပါးလေးကို လွှဲလေသည်။
မည်သို့ပင်ဖြစ်စေကာမူ သူမပြောသော်လည်း သူ့စိတ်ထဲတွင် သူမကို အသိအမှတ်ပြုပြီးသားဖြစ်သည်။ မဟုတ်လျှင် ဒီနေရာတွင် ထိုင်သောက်ကာ အတူစကားပြောနေမည်မဟုတ်ပေ။
ဘေးသင့်တိမ်တိုက်လေး၏ သက်ညှာမှုဖြင့် မိစ္ဆာလေးကောင်၏ အသွင် ပြောင်းမှုသည် အဆင်ချောနေသည်။ မိုးကြိုးမှာ အားမပြင်းသလို အားလည်း မနည်းပေ။ သူတို့အသက်မထိခိုက်ပဲ သူတို့၏ခန္ဓာကိုယ်နှင့် ကိုက်ညီနေသည်။ ကြားထဲတွင် အချိန်အတော်ကြာရပ်ပေးသဖြင့် သူတို့ကိုယ်သူတို့ ပြင်ဆင်ရန် အချိန်ရကြသည်။
နောက်ဆုံးမိုးကြိုးလုံးများအပစ်ခံရပြီးနောက်တွင်မူ သူတို့သည် အရင် ကထက် ပိုအားကောင်းလာသည်။ မိုးကြိုးလုံးများသည် အားနည်းစွာ ပစ်ချ ပြီးနောက် အဆုံးသတ်လိုက်သည်။
“မိုးကြိုးပစ်တာတော့ပြီးသွားပြီ ငါသွားတော့မယ် နောက်တစ်ခါ ဝိုင်တွေ များများပြင်လာခဲ့လိုက်”
ပြီးသွားပြီဟု သူမပြောလိုက်သည်ကို ရှီမာယူယူကြားသောအခါ သူမ အားခြေထောက်နှင့်ကန်လိုက်သလို ခံစားရပြီး ဘေးသင့်မှုတိမ်တိုက်ပေါ်မှ ပျံ ကျသွားလေသည်။
သူမ မြေပေါ်သို့ကျသောအခါ သူမသည် ဘေးသင့်မှုတိမ်တိုက်လေး အား လက်ဝေ့ရမ်းပြကာ ပြောလိုက်သည် “ဘေးသင့်မှုတိမ်တိုက်လေး တာ့တာ ငါမင်းကိုလွမ်းနေမယ် မင်းလည်း ငါ့ကိုလွမ်းပေး”
“မလွမ်းဘူး” ဘေးသင့်မှုတိမ်တိုက်လေးသည် သူမကို အမှန်တကယ် ပင် ပြန်ဖြေသည်။ သို့သော် ထိုအဖြေသည် တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည့် ပုံပေါက်သည်။
“နောက်တစ်ခါကို မင်းအတွက် အကောင်းဆုံးဝိုင်တွေစပ်ခဲ့မယ်”
ဘေးသင့်မှုတိမ်တိုက်လေးသည် တွေဝေသွားသော်လည်း အဝေးသို့ ဆွဲသွားလေသည်။ သို့သော် ရှီမာယူယူ ပြောလိုက်သည့်စကားကို သူကြား လိုက်သည်။
ရှီမာယူယူသည် ဘေးသင့်မှုတိမ်တိုက်လေးကို ပို့လိုက်သည်။ ပြီးမှပင် သူမသည် သူတို့ကိုစစ်ကြည့်ရန်လာလိုက်သည်။
***