ကြော့မော့သော ယောက်ျားလေးများနှင့် လှပသော မိန်းကလေးများ
Vol. 009 Ch. 864
ထိုအချိန်တွင် သူတို့သည် အသွင်ပြောင်းသောလက္ခဏာဖြစ်သော အလင်းတန်းတွင် မြှုပ်နေသဖြင့် ထိုနေရာတွင် ဘာတွေဖြစ်နေသည်ကို ရှင်းလင်းစွာ မမြင်ရပေ။ သို့သော် သူတို့ရောင်ဝါများ သန်မာလာသည်ကို သူမ မြင်နိုင်သည်။
အစောပိုင်းက သူတို့၏ အားနည်းမှုသည် ချက်ချင်းပင် ကုစားပြီးဖြစ် သွားသည်။
အလင်းတန်းများဖျော့သွားသည်နှင့် မိစ္ဆာလေးကောင်သည် လူသား အသွင်ပြောင်းလေသည်။ သူတို့အတူတကွရပ်လုကိသည်နှင့် အမှန်တကယ် ပင် မျက်စိစူးစေသည်။
ဟိန်းသံထောင်ချီသည် ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ယောက် အသွင်ပြောင်းသွားသည်။ သူ၏ မြေခွေးမျက်လုံးများသည် လူတစ်ယောက်၏ ဝိဉာဉ်ကို ဖမ်းစားနိုင်သည်။
ရာဟွောင်သည် ကြံ့ခိုင်သောအမျိုးသားတစ်ယောက် အသွင်ပြောင်း သွားကာ အာရုံငါးပါးကိုရူးသွားစေလောက်သည်။ လှပသည်ဟူသော ခံစား ချက်ကိုပေးစွမ်းသည်။
ပန်းလေး၏ မူလခန္ဓာကိုယ်မှာ ကြောက်စရာကောင်းသော်လည်း အခု မှာ လှပပြီးချစ်စရာကောင်းသူအဖြစ်ပြောင်းသွားသည်။ သူ၏ သွေးဆာနေ သောမျက်လုံးများပါ ပြောင်းသွားလျှင် ပိုကောင်းမည်။ သို့သော် သူသည် လူသားများနှင့် နတ်ဆိုးမျိုးနွယ်မှ နတ်ဆိုးများစွာကိုစားသောက်ခဲ့သဖြင့် ပြောင်းလဲရန်ခက်ခဲလေသည်။
နီရဲပျားဘုရင်မသည် သေးငယ်သောအကောင်လေးဖြစ်ခဲ့သော်လည်း သူမ၏ လူသားအသွင်မှာ တခြားသောဝိဉာဉ်မိစ္ဆာများကို မရှုံးပေ။ သူမ၏ ပုံပန်းသဏ္ဍာန်သည် ပန်းလေးနှင့်ဆင်သည်။ ဟိုဘက်ခေတ်ကမ္ဘာမှ အနောက်တိုင်း နှင့် အရှေ့တိုင်းလူများကဲ့သို့ ခံစားချက်မျိုးရသည်။
“ယူယူ ငါတို့လုပ်နိုင်သွားပြီ” ပန်းလေးသည် ပျော်ရွှင်စွာ အော်လေ သည် “ငါတို့နောက်တစ်ခါကျရင် လူသားပုံစံကိုထုတ်ပြလို့ရတော့မယ်”
သူမပျော်ရွှင်မှုနှင့်အတူ သူမ၏ခန္ဓာကိုယ်သည် ပန်းများပွင့်လာသည်။
“ပန်းလေး မင်းဒီလိုလုပ်နေတာ တခြားသူတွေတွေ့သွားရင် သရဲမြင် တာထင်သွားမယ်” ဟိန်းသံလေးသည် ပျံလာကာ စနောက်လေသည်။
“မင်းကသာသရဲ” ပန်းရောင်ပန်းတစ်ပွင့်သည် သူမလက်ထဲပေါ်လာ ကာ သူမသည် ဟိန်းသံလေးကိုဖက်လိုက်သည်။ သူမသည် သူ့ခေါင်းတွင် ပန် ပေးလိုသော်လည်း သူမ မည်မျှပင်လုပ်စေကာမူ ဖြစ်မလာသဖြင့် ပန်းကိုရှည် ကာ သူ့လည်ပင်းတွင်ချိတ်ဆွဲပေးလိုက်သည်။
“အာ… အဲရုပ်ဆိုးတဲ့ပန်းတွေကို ငါ့ခေါင်းပေါ်မတင်နဲ့” ဟိန်းသံလေး သည် သူ၏လက်လေးများဖြင့် ရမ်းကာ ကာကွယ်လေသည် “ဖြုတ်လိုက် မြန်မြန်”
သူသည် သူ၏ခြေလက်များကို ဆန့်ထုတ်ကာ ပန်းကိုဖြုတ်လို သော်လည်း ရိုးတံကိုပင် ချိုးမရပေ။
“ထားလိုက်ပါ ကြည့်ကောင်းပါတယ်” ပန်းလေးသည် ပျော်ရွှင်စွာ ပြော လေသည်။
“မင်း အကျင့်မကောင်းဘူး” ဟိန်းသံလေးသည် ပန်းလေး၏ လက်ကို ဘေးသို့ပုတ်ထုတ်ပြီး ရှီမာယူယူ၏ ရင်ခွင်ထဲသို့ခုန်ဝင်ကာ ငိုလေသည် “ယူယူ သူတို့ကိုကြည့်ဦး၊ သူတို့ ငါ့ကိုအနိုင်ကျင့်တာ အခုမှသိတော့တယ်”
“ကောင်းပြီ ပန်းလေးက မင်းကို ဒီအတိုင်းစတာပါ” ရှီမာယူယူသည် သူ့ နောက်ကျောကို နှစ်သိမ့်သည်အနေနှင့် ပုတ်ပေးလိုက်သော်လည်း ပန်းကို မဖြုတ်ပေးပေ။
ရာဟွောင်သည် ပခုံးများကိုဆန့်ထုတ်ပြီး ပျော်ရွှင်စွာပြောလေသည် “ဒါက လူသားတွေရဲ့ခံသားချက်လား၊ မိစ္ဆာပုံစံဖြစ်နေရတာထက် ပိုပြီး သက်တောင့်သက်သာရှိတယ်”
ဟိန်းသံလေးသည် ရှီမာယူယူ၏ လက်မောင်းထဲမှ ချောင်းကြည့်ကာ သူတို့၏ ပုံစံကိုမြင်သောအခါ သူ့ကိုယ်သူစိတ်ပျက်မိလေသည်။
သူတို့အားလုံးသည် လူသားအသွင်ပြောင်းသွားသော်လည်း သူ တစ်ကောင်တည်းသာ သားရဲအသွင်ကျန်ခဲ့လေသည်။
“ဘာမှစိုးရိမ်ဖို့မလိုဘူး မင်းရဲ့ဝိဉာဉ်ကိုကုပြီးသွားတာနဲ့ မင်းလည်း အသွင်ပြောင်းလို့ရတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မင်း အသွင် မပြောင်းတာကမှ ချစ်စရာကောင်းတယ်လို့ ငါထင်နေတုန်းပဲ”
“ယူယူ မင်းလည်း လူကိုအနိုင်ကျင့်တယ်” ဟိန်းသံလေးသည် ဝမ်းနည်း စွာပြောလေသည်။
“မင်းက လူမှမဟုတ်တာ ဘာပဲဖြစ်ဖြစ်” ရှီမာယူယူသည် ပြုံးပြီးပြော လိုက်သည် “ငါကမင်းကိုအနိုင်ကျင့်နေတာမဟုတ်ဘူး ချစ်တာ”
“ယူယူ ဟိုမှာ” ဟိန်းသံထောင်ချီသည် ဖန်လိုင်နှင့် တခြားသူများကို ညွှန်ပြလေသည်။
ရှီမာယူယူသည် သူတို့လေးယောက် ဘေးချင်းယှဉ်ရပ်နေသည်ကို ကြည့်ကာ အစောပိုင်းက ပြပွဲကြီးတစ်ခုဖြစ်သွားသည်ကို သတိပြန်ရလိုက် သည်။ သူမသည် ရုတ်တရက် ခေါင်းကြီးသွားသလိုခံစားလိုက်ရသည်။
သို့သော် သူတို့မျက်လုံးထဲမှ အကြည့်များကိုမြင်သောအခါ သူမ ဒါကို ရှောင်မရသည်ကို သိသည်။ သူမသည် အရေထူမှဖြစ်တော့မည်။
သူမသည် သူမ၏ အလှလေးများနှင့် ပျံသွားပြီး ဖန်လိုင်နှင့် တခြားသူ များကို အရိုအသေပေးလိုက်သည်။ သူမသည် နှုတ်ခမ်းကွေးတွန့်ကာ ပြုံးပြီး ပြောလိုက်သည် “ကျောင်းအုပ်ဖန် ဒါရိုက်တာမုန့် ရောက်နေတာလား”
“ဒီလောက် ဆူဆူညံညံဖြစ်နေတာကို ငါတို့က မလာလို့ရမလား” မုန့်ဆန်းချွယ်သည် သူမအား ကြည့်လိုက်သည်။
“အဟွတ်အဟွတ် ဒါက ကျွန်တော်မှန်းထားတာထက် နည်းနည်းလွန် သွားတယ်” ရှီမာယူယူ ပြောလိုက်သည် “မိုးကြိုးက ဒီလောက်မြန်မြန်ရောက် လာမယ်လို့ထင်မထားဘူး နည်းနည်းကြာဦးမယ်ထင်နေတာ အဲနောက်မှ ဘေးသင့်မှုတိမ်တိုက်လေးနဲ့ ဆွေးနွေးလိုက်ရင် ဒီလိုအဖြစ်မျိုးမဖြစ်တော့ဘူး လို့ ဘေးသင့်မှုတိမ်တိုက်လေးက ဒီလောက်မြန်မြန်လာမယ်လို့ ဘယ်သူထင် ထားမှာလဲ….”
“ဟူး မင်းကတော့လေ ဒါက ခေါင်တဲ့နေရာမို့လို့တော်သေးတယ် မဟုတ်ရင် ဘယ်လောက်ကြီးမားတဲ့ လှုပ်ရှားမှုကိုလုပ်လိုက်တာပဲ အဆင့် ပြိုင်ပွဲတောင် ရပ်သွားနိုင်တယ်” ဖန်လိုင် ပြောလေသည်။
“အဟွတ် အဟွတ် ကျွန်တော်လည်း ခေါင်တဲ့နေရာရွေးလိုက်တာပဲ” ရှီမာယူယူ ရှင်းပြသည်။ ထို့ကြောင့်ပင် မည်သူ့ကိုမှ သက်ရောက်မှုမရှိနိုင်ဟု တွေးခဲ့သည်။
“ဒါအကုန်မင်းရဲ့စာချုပ်မိစ္ဆာတွေလား” မုန့်ဆန်းချွယ်သည် သူမ အနောက်မှ အသွင်ပြောင်းထားသော မိစ္ဆာများကိုကြည့်ပြီးပြောလေသည်။
“ဟုတ်ပါတယ်”
“တခြားနှစ်ယောက်ကရော”
ရှီမာယူယူ လက်ရမ်းလိုက်သည်နှင့် ငှက်လေးနှင့် ဟာစွန်တို့ထွက်လာ သည်။
လက်ရှိတွင် ဝိဉာဉ်စေတီအတွင်းရှိ အိမ်မက်လေးနှင့် ကြက်သွေး ရောင်မီးတောက်တို့မှလွဲ၍ သူမ၏ စာချုပ်မိစ္ဆာများအားလုံး ထိုနေရာတွင် ရောက်နေကြသည်။
“အရင်တုန်းက တစ်ကောင်ချင်းစီကိုကြည့်ပြီး ဘာမှမခံစားခဲ့ရဘူး ဒါပေမဲ့ အခုကြည့်မှာပဲ ဂျူနီယာမောင်လေးရဲ့ စာချုပ်မိစ္ဆာတွေက တကယ် မိုက်တာပဲ” ဟန့်မြောင်ရွှမ်သည် အံ့အားသင့်စွာ သက်ပြင်းချလေသည်။
“ဟုတ်တယ် ငါ့မှာတောင် စာချုပ်မိစ္ဆာအဲလောက်အများကြီးမရှိဘူး” ဖန်လိုင်သည် လူသားအသွင်မိစ္ဆာအုပ်စုကို မျက်လုံးနီများဖြင့် ကြည့်လေ သည်။
“ဂျူနီယာညီလေးရဲ့ စိတ်စွမ်းအားက တခြားသူတွေ တွေးထင်တာ ထက်ကို သာလွန်တယ်”
“ကျောင်းအုပ်ဖန် ဒါရိုက်တာမုန့် ဆရာတို့မပြန်လည်းရလား” ရှီမာယူယူ သည် သူတို့စနောက်သည်ကိုမခံနိုင်သဖြင့် အမြန် စကားလမ်းကြောင်းလွှဲ လုကိသည်။
“ငါတို့ ပြိုင်ပွဲကိုပြန်တာမပြန်တာ အရေးမကြီးပါဘူး၊ အစတုန်းက ကျူးကျော်တဲ့သူရှိလားဆိုတာ လာကြည့်ချင်တာ၊ မင်းက ဒီမငြိမ်မသက်မှုကြီး ကိုဖြစ်စေတဲ့တစ်ယောက်ပဲ” ဖန်လိုင် ပြောလိုက်သည် “ကိစ္စတွေက အခု အဆင်ပြေသွားပြီဆိုတော့ ငါတို့လည်းပြန်သင့်ပြီ”
“အင်း” မုန့်ဆန်းချွယ် ခေါင်းညိမ့်သည်နှင့် သူတို့သည် ပြိုင်ပွဲဆီသို့ ပြန် ကြလေသည်။
သူတို့ထွက်သွားသည်နှင့် စူးရှောင်ရှောင်နှင့် ဟန့်မြောင်ရွှမ်တို့သည် သူမအား လက်ပိုက်ပြီးကြည့်လေသည်။
“စီနီယာတို့ ဘာလို့အဲလိုကြီးကြည့်နေတာလဲ” ရှီမာယူယူသည် သူတို့ အကြည့်များကိုကြောက်လာသည်။
“ဂျူနီယာမောင်လေး မင်း ဘယ်တုန်းက ဘေးသင့်မှုတိမ်တိုက်နဲ့ အဲလောက်ရင်းနှီးသွားတာလဲ” ဟန့်မြောင်ရွှမ် မေးလေသည် “ငါတို့လည်း ဘာမှမသိရပါလား”
“တိုက်ဆိုင်သွားတာပါ သိတာတော့မကြာသေးဘူး ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော် မိုးကြိုးပစ်ခံရတော့ တစ်ယောက်နဲ့တစ်ယောက်သိသွားကြတာ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက ဘေးသင့်မှုတိမ်တိုက်က မိုးကြိုးပစ်ခံရတာတောင် ဒီလိုရလဒ် မျိုးဖြစ်လာတာလား”
သူတို့ မယုံနိုင်ပေ။ သူတို့အရင်က ဘေးသင့်တိမ်တိုက်ကိုမြင်ခဲ့စဉ်က မိုးကောင်းကင်တစ်ခုလုံး ပြိုကျတော့မည့်ပုံပင်။ ဘေးသင့်တိမ်တိုက်သာ ချုပ် တည်းမထားခဲ့ပါက ရာဟွောင်နှင့်တခြားသူများ လူသားပုံစံမပြောင်းခင်ကို အမှုန်ဖြစ်သွားနိုင်သည်။
ထိုသည်မှာ ကျပန်း အလဲအလှယ်လုပ်နိုင်သောအရာမဟုတ်ပေ။ မဟုတ်လျှင် ဘေးသင့်တိမ်တိုက်နှင့် မိတ်ဆွေသွားဖွဲ့သောသူရှိပါက တစ် ကမ္ဘာလုံး ပျာယာခတ်သွားနိုင်သည်။
“ကျွန်တော်က အကြိမ်ပေါင်းများစွာ အပစ်ခံနေရလို့လေ” ရှီမာယူယူ ညည်းညူလေသည် “စီနီယာတို့မသိလို့ ကျွန်တော်ဘေးသင့်တိမ်တိုက်က မိုးကြိုးပစ်တာဘယ်လောက်ခံရလဲဆိုတာ ကျွန်တော်အဆင့်တက်တုန်းက ကျွန်တော်အပစ်ခံရတယ် ငှက်လေးအသွင်ပြောင်းတော့ ကျွန်တော် အပစ်ခံရ တယ် ပြီးတော့ ကျွန်တော့်အကျင့်ကမကောင်တာနဲ့ အချိန်တိုင်းအပစ်ခံနေရ တာပဲ၊ အဲလိုနဲ့ ကျွန်တော့်ဒုက္ခကြောင့်ပဲ သူငယ်ချင်းရသွားတာပဲ”
“မင်းဒုက္ခကြောင့် သူငယ်ချင်းရတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ ငါတို့မြင် တာတော့ သွေးဆောင်ထားတာပဲ” စူးရှောင်ရှောင်သည် မယုံကြည်စွာ ပြော လေသည် “ပြော သူ့ကိုသွေးဆောင်ဖို့ ဘာဝိုင်ကိုသုံးလိုက်တာလဲ”
“သူကြိုက်လို့ပါ” ရှီမာယူယူ ပြောလိုက်သည် “ဒါကို သောက်ဖော် သောက်ဖက်လို့ခေါ်တယ်”
“ဖူး” ဟန့်မြောင်ရွှမ်သည် သူမကို မယုံကြည်ဟူသော အဓိပ္ပာယ်ဖြင့် မျက်လုံးလှန်လိုက်သည်။ “ဂျူနီယာမောင်လေး မင်းက ဘေးသင့်တိမ်တိုက်နဲ့ ရင်းနှီးတယ်ဆိုတော့ ငါတို့ဆေးဘေးသင့်မှုရှိတယ်ဆိုရင် မိုးကြိုးကို အားကောင်းအောင် မပစ်ဖို့ပြောပေးဦး၊ ငါအပစ်ခံရတိုင်းနာတယ်”
“ကောင်းပါပြီ နောက်တစ်ခါတွေ့ရင် ကြိုးစားကြည့်ပါမယ်၊ ဒါပေမဲ့ သူ အဲလောက်ဘဝင်မြင့်တာကိုကြည့်ရတာတော့ သဘောတူပါ့မလားမသိဘူး” ရှီမာယူယူ သဘောတူလိုက်သည်။
သူမ မသေချာဟုပြောလိုက်သော်လည်း သူမသာ ဝိုင်ကရားအနည်း ငယ်ပေးလိုက်လျှင် အဆင်ပြေသွားမည်ကို သူမသိသည်။
***