မိုရှားပြန်ကောင်းလာခြင်း
Vol. 009 Ch. 865
သူမ၏ မိစ္ဆာသားရဲများသည် သူမနောက် နေရာတကာလိုက်ခဲ့ရ သော်လည်း အပြင်ထွက်ပြီးကစားရမည့်အခွင့်အရေးမရခဲ့သည်ကို ရှီမာယူယူ တွေးမိလေသည်။ ထို့ကြောင့် သူမသည် အလောတကြီးပြန်ရန်မလိုသဖြင့် သူမ၏သူငယ်ချင်းများကို အနီးအနားတွင် ကစားရန်၊ ရှုကင်းများကိုလှည့်ပတ် ကြည့်ရန် နေရာတချို့ကိုခေါ်သွားလိုက်သည်။
ကြက်သွေးရောင်မီးတောက်သည် ထိုကဲ့သို့လည်ပတ်တတ်ခြင်းမရှိ သဖြင့် လိုက်မလာသော်လည်း အိမ်မက်လေးလိုက်လာသည်။ ဝိဉာဉ်စေတီ အတွင်းတွင် ဆူညံသံပြုလုပ်တတ်သောသူမရှိတော့သဖြင့် ခြောက်ကပ်သွား လေသည်။
ထိုအချိန်မှာ ရှီချူးရှောင်၏သွေးကို လေ့လာရန်အကောင်းဆုံးအချိန်ဟု ယူယူ ခံစားမိသည်။
သို့သော် သူမသည် နတ်ဆိုးဂူသို့မသွားဖူးသဖြင့် ထိုနေရာ၏ အခြေအနေအား မသိသဖြင့် မည်သည့်အဆိပ်မျိုးက ရှီချူးရှောင်၏ ခန္ဓာကိုယ် ကိုသေးငယ်သွားစေပြီး နေရောင်ကိုပါ မမြင်နိုင်ဖြစ်သလဲဆိုသည်ကို မသိ တော့ပေ။
ရှီချူးရှောင်သည် သူမကိုအခြေအနေကိုပင် မပြောလိုသဖြင့် သူမ လေ့လာရာတွင် ပိုခက်ခဲရာ စ,ပင် မစ,နိုင်ပေ။
“မင်းသွေးနဲ့မင်း စမ်းကြည့်လို့ရတယ်” မိုရှားသည် ရုတ်တရက် သူမ ဘေးတွင်ပေါ်လာရာ သူမလေ့လာနေရာမှ လန့်သွားလေသည်။
“ခင်ဗျားထွက်လာတာလား” ရှီမာယူယူသည် သူ့အားအလန့်တကြား ကြည့်လိုက်သော်လည်း လန့်သည်ဆိုတာထက် ပျော်ရွှင်မိသည်။
“ဟုတ်တယ် ငါပြန်ကောင်းလာတာနဲ့ ထွက်လာတာ” မိုရှားခေါင်းညိမ့် လေသည်။ သူမ ပျော်နေသည်ကိုကြည့်ပြီး သူ စောစောထွက်လာရကောင်း သားဟု တွေးနေမိသည်။
“ခင်ဗျားနောက်ဆုံးတော့ ပြန်ကောင်းလာပြီပေါ့” သူ၏ အားနည်းချက် ကိုစဉ်းစားမိလျှင် သူမတွင် အတွင်းစိတ်ထဲမှ ကြောက်စိတ်ရှိနေသေးသည် “ခင်ဗျားဘာလို့အဲလောက် ရူးရတာလဲ ပုံစံမဲ့ကမ္ဘာထဲကို တကယ်ပဲပြေးဝင် လာတာ၊ ခင်ဗျားပြန်မထွက်နိုင်ရင် ဘယ်လိုလုပ်မလဲ”
“မင်းအဲမှာ ဘဝင်မမြင့်နိုင်ဘူးဆိုတာ ငါသိတယ်” မိုရှားသည် အတပ် ပြောလေသည်။
“ရူးလိုက်တာ ကျွန်တော်ထွက်မလာနိုင်ရင်တောင် သေလူတစ်ပိုင်းဖြစ် သွားမှာပဲရှိတာ တကယ်သေသွားတာမဟုတ်ဘူး၊ ခင်ဗျားရဲ့ လုပ်နိုင်စွမ်းနဲ့ ဆိုရင် စာချုပ်ကိုဖျက်ချင်ရင်တောင် မခက်တော့ဘူး” ရှီမာယူယူ ပြောလိုက် သည် “ဒါပေမဲ့ ခင်ဗျားအဲအထဲမှာ ပိတ်မိသွားရင် ဘယ်တော့မှ ထွက်လာနိုင် တော့မှာမဟုတ်ဘူး၊ နောက်ထပ်အဲလိုအန္တရာယ်များတာ မလုပ်နဲ့တော့”
“ကောင်းပါပြီ”
မိုရှားသည် ဖျော့တော့စွာပြန်ဖြေလိုက်ရာ သူမပြောစကားကို နားထောင်ရဲ့လားဆိုသည်ကို မသေချာပေ။
“ခင်ဗျားရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုလဲ” ရှီမာယူယူသည် ဝိဉာဉ်များနှင့်ပတ်သတ်ပြီး အများကြီးနားလည်သောကြောင့် သူအဆင်ပြေရဲ့ လားဆိုသည်ကို မသိတော့ပေ။
“ဘာမှမဖြစ်တော့ဘူး” မိုရှား ပြောလိုက်သည် “ငါက နှစ်တွေအကြာကြီး အပိတ်ခံထားရပေမယ့် အဇူရာဘုရင်ကြီးရဲ့ ဝိဉာဉ်စွမ်းအင်က သန်မာတုန်းပဲ၊ ငါ သူ့ရဲ့ဝိဉာဉ်စွမ်းအင်ကိုလည်း စုပ်ယူလိုက်တော့ အခုငါ့စွမ်းအင်ဖြစ်သွားပြီ”
“ဆိုလိုတာက ခင်ဗျားအခုကျန်းမာနေတယ်ပေါ့” ထိုသို့ကြားလိုက်သည် နှင့် သူမမျက်နှာတွင် အပြုံးပန်းပွင့်သွားလေသည်။
“မင်းရဲ့ စီနီယာအစ်ကိုရော” မိုရှား မေးလိုက်သည်။
“ပညာရှိစံအိမ်တော်မှာပဲရှိသေးတယ် ဒါပေမဲ့ သူ အဂ္ဂိရတ်ပညာရှင် ပြိုင်ပွဲကိုတက်လိမ့်မယ်” ရှီမာယူယူ ဆက်ပြောလေသည် “သူနဲ့ပေါင်းစပ်ဖို့ သူ့ကိုရှာချင်လို့လား”
“ဟုတ်တယ်၊ အစတုန်းက နတ်ဆိုးလောကမှာ ပြင်ဆင်စရာတွေရှိနေ တာ၊ ဒါပေမဲ့ ဘုရင်ကြီးရဲ့ဝိဉာဉ်နဲ့ တွေ့လိမ့်မယ်လို့ မထင်ထားဘူး အဲဒါ ကြောင့် အဲဒီမှာပြင်ဆင်စရာကိစ္စမရှိတော့ဘူး အခြေခံလိုမယ့်ပစ္စည်းလေးတွေ ယူလာရုံပဲ” မိုရှားဆက်ပြောလေသည် “ပညာရှိစံအိမ်တော်က ဘိုးတော်ကြီး က ငါ့ကို သူ့ရဲ့ခိုးရာပါပစ္စည်းလိုကို ကျားအကြည့်နဲ့ကြည့်တာ၊ မင်းရဲ့ စီနီယာ အစ်ကိုရဲ့ လက်ရှိအားက အဲလောက်မသန်မာသေးဘူး၊ အဲဘိုးတော်ကြီးက သူ့ကို မျက်စိကျနေတော့ မင်းစီနီယာအစ်ကိုနဲ့ ငါနဲ့ အသက်မရှင်နိုင်ဘူး”
“ဒါဆိုရင် ခင်ဗျားတို့ဒီလာမယ့် အဂ္ဂိရတ်ပညာပြိုင်ပွဲမှာ ပေါင်းစပ်သင့် တယ်” ရှီမာယူယူ ဆက်ပြောလေသည် “အရင်တုန်းက စီနီယာအစ်ကိုက အားနည်းရုံတင်မဟုတ်ဘူး ခင်ဗျားကလည်း ဒဏ်ရာရထားတာဆိုတော့ ဒီတစ်ခေါက်ကို ပေါင်းစပ်လို့ရမယ်လို့မျှော်လင့်ပါတယ်”
“အဆင့်ပြိုင်ပွဲပြီးသွားရင် မင်းခွင့်ခဏယူလိုက်၊ ငါမင်းအတွက်လုပ်ပေး စရာတစ်ခုရှိတယ်” မိုရှား ပြောလိုက်သည်။
“အချိန်အကြာကြီးလိုတာလား” ရှီမာယူယူ မေးလိုက်သည်။
“သိပ်မကြာပါဘူး၊ မင်းရဲ့အဂ္ဂိရတ်ပညာပြိုင်ပွဲထိမရောက်ဘူး” မိုရှား ပြောလိုက်သည်။
“ဘယ်လောက်ကြာမလဲ”
“မင်းလုပ်စရာရှိလို့လား”
“အစတုန်းက ပြိုင်ပွဲပြီးရင် တပ်သားစုဆောင်းမလို့” ရှီမာယူယူ ပြော လိုက်သည်။
“မြန်ရင် နှစ်လ သုံးလလောက်ပဲ” မိုရှား ဆက်ပြောလိုက်သည် “နှေးမယ်ဆိုရင် မင်းရဲ့ တပ်သားစုဆောင်းမယ့်အစီအစဉ်ကို နောက်ဆုတ် လိုက်ပေါ့”
ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ မိုရှား၏ ကိစ္စကို ဦးစားပေးအနေနှင့် သတ်မှတ်ပြီး သူ့ကိစ္စကိုအရင်ပြီးပြတ်အောင် လုပ်ပေးစေလိုသည်။ အချိန်များ ရှိနေသေးသဖြင့် တပ်သားစုဆောင်းရန်အတွက် လောရန်မလိုပေ။
“ပြီးခဲ့တဲ့တစ်ခေါက် ပုံစံမဲ့ကမ္ဘာမှာတုန်းက မင်းပြောခဲ့တာ…”
“သြော် ဟုတ်သားပဲ ခင်ဗျားအခုပြောလိုက်တာ ကျွန်တော့်သွေးနဲ့ သူမ အဆိပ်ကို ဖယ်လို့ရတယ်ဟုတ်လား” ရှီမာယူယူသည် သူ့ကို ထိုကိစ္စ ဆွဲထုတ် မည့်အခွင့်အရေးမပေးလိုပေ။
မိုရှားသည် သူမ၏ အနည်းငယ်ရှက်သွေးဖြာသွားသော မျက်နှာကို ကြည့်ပြီး သိချင်မှုကိုဖြစ်စေသည်။ သူသည် မသိစိတ်မျာ သူမမျက်နှာကို ထိတွေ့ရန် လက်ကိုဆန့်လိုက်သော်လည်း ထိတွေ့မရပေ။
သေစမ်း။ သူ၏ ဝိဉာဉ်စွမ်းအင်မှာ အလွန်သန်မာကာ အားကောင်း သဖြင့် သူ့တွင် ခန္ဓာကိုယ်တစ်ခုရှိသည်ဟု ထင်သွားသော်လည်း ထိုအတိုင်း မဖြစ်ပေ။ ဒါပေမဲ့ ရပါတယ်…. သူသည် ညာဘက်လက်တွင် စွမ်းအင်ကို အာရုံ စူးစိုက်ပြီး ဖောက်ထွင်းမြင်နေသော လူသားလက်အသွင်ပြောင်းလိုက်သည်။
ရှီမာယူယူသည် အနောက်ကိုဆုတ်ကာ သူ၏လက်ကိုရှောင်ပြီး ပြော လိုက်သည် “ကျွန်တော် မေးခွန်းမေးနေတယ်လေ”
“မင်းကိုထိပြီးရင် ပြန်ဖြေမယ်” မိုရှားသည် သူမအား အသေအချာပြော လေသည်။
“…”
ရှီမာယူယူသည် ဆွံ့အသွားသည်။ ဒီလိုတည့်တိုးပြောတဲ့လူရှိသေးတာ လား။
မိုရျား လက်ကိုဆန့်ထုတ်လိုက်သည်။ သို့သော် သူမသည် မရှောင်တော့ ပေ။ သူသာ သူမကိုထိတွေ့မရပါက လက်လျော့မည်မဟုတ်ပေ။
သူမ၏ အသားအရေသည် နူးညံ့ချောမွေ့နေသည်။ သူ့စိတ်ထဲတွင် လှိုင်းဂယက်များထသွားလေပြီ။
သူနောက်လှုပ်ရှားမှု မလုပ်ခင်တွင် ရှီမာယူယူသည် နောက်ကိုဆုတ်ပြီး ပြောလိုက်သည် “အဲတော့ အခုကျွန်တော့်မေးခွန်းကိုဖြေတော့မလား”
“အင်း” မိုရှားသည် မျက်ခုံးများကို ပင့်လိုက်သည်။
“အစတုန်းက ကျွန်တော့်သွေးကိုသုံးဖို့ ကြိုးစားမလို့ပဲ၊ ဒါပေမဲ့ အခု အသုံးမဝင်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ခုနက ခင်ဗျားပြောတော့ ကျွန်တော့်သွေးထည့်ရမယ်ဆိုတော့ ကျွန်တော်ထည့်တာ မလောက်လို့လား”
“မဟုတ်ဘူး” မိုရှားပြောလိုက်သည် “ငါပြောတာ မင်းရဲ့ အလင်းခန္ဓာ ကိုယ်ကသွေးမဟုတ်ဘူး မင်းရဲ့ ဖုံးကွယ်ထားတဲ့သွေးကိုပြောတာ မင်း လျစ်လျူရှုထားတဲ့ အမှောင်ခန္ဓာကိုယ်က သွေး”
“အဲဒါအသုံးဝင်လား”
မိုရှားသည် စားပွဲဆီသို့ရှောက်လာပြီး ပန်းကန်လုံးထဲမှ သွေးပြစ်ပြစ်ကို ကြည့်လိုက်သည် “အဲလူရဲ့သွေးက သာမာန်လူရဲ့ သွေးနဲ့မတူတော့ဘူး၊ သူမ ခန္ဓာကိုယ်ကို အမည်မသိတဲ့အဆိပ်က ဝင်သိမ်းပိုက်သွားပြီ၊ ဒီနှစ်တွေမှာ သူတို့ရဲ့ အဆိပ်သခင်က အဆိပ်ကိုအဆိပ်နဲ့တိုက်ခဲ့တော့ အဆိပ်တွေ အများ ကြီးထည့်ခဲ့တယ်၊ သူမခန္ဓာကိုယ်က ကုသဖို့မဖြစ်နိုင်တော့ဘူး”
“ဒါပေမဲ့ သူမ ဘာအဆိပ်ကိုစားခဲ့လဲဆိုတာ အစကနေသိရရင် ကုသလို့ ရနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ သူမက မင်းကိုမပြောပြချင်ဘူးလေ၊ ပြီးတော့ အဲဒီအဆိပ်သခင် ကိုလည်း ရှောင်ချီက သတ်လိုက်ပြီ၊ မင်းလည်းမလုပ်နိုင်ဘူး” မိုရှား ငြင်းဆန် လိုက်သည်။
“ခင်ဗျားပဲပြောတာလေ အမှောင်ခန္ဓာကိုယ်သွေးဆို အလုပ်ဖြစ်ပါ့မလား” ရှီမာယူယူ မေးလိုက်သည်။
“အလင်းသွေးက အဆိပ်တွေကိုကုနိုင်တယ် ဒါပေမဲ့ မင်းမသိတာက အမှောင်ခန္ဓာကိုယ်ရဲ့သွေးက အဆိပ်ပိုဖြစ်တယ်၊ အဆိပ်တွေကလည်း အမှောင်ဘက်အခြမ်းမှာရှိနေတဲ့အတွက် ကျင့်စဉ်နှုန်းက အရမ်းမြန်တာ” မိုရှား ပြောလိုက်သည်။
“ဒါပေမဲ့ သူက အဆိပ်ကိုအဆိပ်နဲ့တိုက်ခဲ့တယ်လို့ ပြောတယ်မလား” ရှီမာယူယူ နားမလည်ပေ “အရင်က လေ့ထျန်းခွမ်က ရှီချူးရှောင်ကို အဆိပ် နည်းလမ်းနဲ့ ကုလို့ရမလားဆိုပြီး အဆိပ် တွေအများကြီးကျွေးခဲ့တယ်၊ ဒါပေမဲ့ အဲဒါအလုပ်မဖြစ်ခဲ့ဘူး အမှောင်သွေးကိုသုံးရင်ရော အလုပ်ဖြစ်ပါ့မလား”
“အမှောင်သွေးရဲ့ အဆိပ်က မင်းထင်ထားတာထက် ပိုပြင်းတယ်” မိုရှား ဆက်ပြောလေသည် “ဘယ်လိုပဲဖြစ်ဖြစ် မင်း လက်တွေ့စမ်းလုပ်ကြည့်မှာ မလား၊ စမ်းကြည့်လိုက်လဲ ကိစ္စမှမှရှိတာ”
ရှီမာယူယူသည် စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ သူမ ပြန်ဝင် သွားကာ နည်းလမ်းရလိုရငြား သူမသွေးကိုသုံးပြီး အဆိပ်ဖြေဆေးသုံးကြည့် သည်။
ဒီတစ်ကြိမ်တွင် မိုရှားသည် နတ်ဆိုးညွှတ်လက်ကောက်အတွင်း အလောတကြီးဝင်မသွားပဲ သူမ လေ့လာနေသည်ကို ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။
***