← Chapters

မိုရှား၏အတိတ်

Vol. 009 Ch. 866

မိုရှား၏အတိတ်

Vol. 009 Ch. 866

ရှီမာယူယူသည် အလုပ်များသည်နှင့် ဘာကိုမှဂရုမစိုက်နိုင်ပေ။ မိုရှား ကြည့်နေသော်လည်း သူမအတွက် အနှောင့်အယှက်မဖြစ်ပေ။

မိုရှားသည် သူမ လုံ့လဝီရိယရှိစွာလုပ်ဆောင်နေသည်ကိုကြည့်ပြီး နှုတ်ခမ်းများသည် အနည်းငယ်တွန့်ချိုးသွားသည်။

ဒီကောင်မလေးကတော့…. ပုံစံမဲ့ကမ္ဘာထဲက အကြောင်းပြောမယ့်ဟာ ကို ပြောဖို့အခွင့်အရေးတောင်မပေးဘူး။

အဲဒါကို ဖွင့်ပြောတယ်လို့ သတ်မှတ်လို့ရလား။ သူ သူမကို ကြိုက်သလို မျိုး သူမက သူ့ကိုကြိုက်တာလား။

အဇူရာဘုရင်ကြီး၏ဝိဉာဉ်သည် သူ့ဝိဉာဉ်ထဲသို့မဝင်ခင် ပြောခဲ့သည် “မင်း သူမကို သဘောကျရင် သူမကို ကာကွယ်ပါ၊ ငါ့ရဲ့အမှားလိုမျိုးထပ်မဖြစ် စေနဲ့”

အဲတော့…. သူလုပ်သမျှတွေကလည်း… သူမကို သဘောကျခြင်း ကြောင့်လေ။

အဇူရာဘုရင်ကြီးသည် သူ့ကိုဝိဉာဉ်စွမ်းအင်တစ်ခုတည်းပေးခဲ့သည် သာမဟုတ် သူ၏ စိတ်ခံစားချက်ကိုပါ ထည့်ပေးခဲ့သည်။

အချစ်၏ဝိဉာဉ်… အချစ်သည် သူ့ဝိဉာဉ်ထဲသို့ စီးဝင်သွားခဲ့ပြီ။

“ခင်ဗျား ကျွန်တော့်ကိုချစ်ရင် ကျွန်တော့်ကိုအလိုလိုက်ရမယ်” သူမ သည် ပုံစံမဲ့ကမ္ဘာတွင်ရှိစဉ်က ချက်နှင့်လက်နှင့်ပြောခဲ့သည်။

သူမကို ငါက ဘယ်လိုမျိုးဖူးဖူးမှုတ် အလိုလိုက်ရမှာလဲ။

သူသည် ဘယ်မိန်းကလေးနှင့်မှ အတူရှိခဲ့ဖူးခြင်းမရှိသဖြင့် တစ်စုံ တစ်ယောက်ကို အလိုလိုက်နည်းကို မသိပေ။ သူမ ပြောသလိုမျိုး သူ တကယ် ပဲလုပ်ရမှာလား။

သူမ တောင်းဆိုသည်ဆိုပါက သူ သဘောမတူစရာ အကြောင်းမရှိပေ။ လွယ်ကူစွာပင်ဖြစ်နိုင်ချေရှိသည်။

ရှီမာယူယူသည် သူမခန္ဓာကိုယ်ထဲမှ အမှောင်သွေးကို ဖိထုတ်ပြီး ဓား ဖြင့် လက်ကိုဖြတ်ကာ ပန်းကန်လုံးအလွတ်ထဲသို့ သွေးများကို ချလိုက်သည်။

သူမသည် သူမ၏ ကိုယ်ပိုင်အမှောင်သွေးကိုပင် မမြင်ဖူးပေ။ အဆိပ် သွေးသည် ထူးဆန်းသောအနံ့နံ့လိမ့်မည်ဟု သူမထင်ခဲ့သည်။ သို့သော် အနံ့ မွှေးမွှေးကလေးထွက်လာသည်။

မိုရှားသည် အနံ့ကိုမရှုရှိုက်ကြည့်သော်လည်း ရှီမာယူယူ၏ အမူအရာကို ကြည့်ပြီး အနံ့မွှေးမွှေးလေးရှိသည်ကို သိလိုက်သည်။

“မင်းရဲ့ သွေးကဘာလို့မွှေးနေလဲဆိုတာ သိချင်လား”

ရှီမာယူယူ ခေါင်းညိမ့်ကာ ပြောလိုက်သည် “ခင်ဗျားသိလား”

“မင်းရဲ့သွေးက သာမန်လူသားတွေအတွက်တော့ မမွှေးဘူး၊ ဒါပေမဲ့ အမှောင်လူသားတွေအတွက်တော့ တအားမွှေးတာ”

“တအားမွှေးတယ်ဟုတ်လား” ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေး လိုက်သည်။

“အလင်းခန္ဓာကိုယ်ရဲ့သွေးက အဆိပ်အတောက်ဖြေဖျောက်စေပေ မယ့် လူသားကမ္ဘာမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားစေနိုင်တာတော့မဟုတ်ဘူး ဒါပေမဲ့ အမှောင်ခန္ဓာကိုယ်တွေကကျ မင်းရဲ့သွေါ်က တစ္ဆေမျိုးနွယ်မှာဆိုရင် ကျင့်စဉ်ကို အမြန်နှုန်းမြင့်စေတယ်၊ ဒီအနံ့မွှေးမွှေးလေးက သူတို့ကို ရူးသွား စေလောက်တယ်၊ သူတို့ ဒါအတွက်ဆို အကုန်လုံးကိုရင်းနိုင်ကြတယ်” မိုရှား ဆက်ပြောလေသည် “တစ်မျိုးပြောရမယ်ဆိုရင် မင်းသာ တစ္ဆေလောကကို သွားပြီး မင်းမှာ အမှောင်ခန္ဓာကိုယ်ပိုင်ဆိုင်ထားတယ်ဆိုတာ တခြားသူတွေ သိသွားလို့ မင်းမှာ အင်အားမရှိ လွှမ်းမိုးမှုမရှိရင် မရေတွက်နိုင်လောက်တဲ့လူ တွေက မင်းကိုထိခိုက်အောင်လုပ်မှာပဲ”

“ဒါက ကျင့်စဉ်အမြန်နှုန်းမြှင့်ပေးတယ်ဟုတ်လား” ရှီမာယူယူသည် သူ ပြောပြချက်ကိုနားထောင်ပြီးနောက် ဂနာမငြိမ်ဖြစ်သွားသည်။

သူမက ဒီကမ္ဘာကိုရောက်လာပြီးတော့ အားလုံးကလိုချင်တက်မက်တဲ့ သူဖြစ်လာမှာလား။

“ခင်ဗျားလည်း အဲလိုပဲလား” သူမ မေးလိုက်သည် “ခင်ဗျားရဲ့ခန္ဓာကိုယ် ကလည်း အစတုန်းက နတ်ဆိုးလောကကပဲမလား”

မိုရှားဝန်ခံလိုက်သည်။

“ဒါဆို ခင်ဗျားလည်း အမဲလိုက်ခံရဖူးလား”

“အစတုန်းကတော့ လိုက်ခံရဖူးတယ်” မိုရှား ပြန်စဉ်းစားလိုက်သည် “အဲတုန်းက ငါနတ်ဆိုးလောကကို ရောက်ခါစပဲရှိသေးတယ် ဘာမှမသိသေး ဘူး၊ လူမျိုးစုတွေကိုလည်းမသိဘူး၊ ဘယ်လူမျိုးစုက ဘယ်လိုအမူအကျင့်ရှိ တယ်၊ ဘယ်နေရာတွေမှာတော်တယ်ဆိုတာတွေ မသိဘူး၊ အဲတုန်းက သူတို့ ကထူးဆန်းတယ်ဆိုတာပဲ ငါသိတယ် ဒါပေမဲ့ ငါစပ်တောင်မစပ်စုလိုက်ရဘူး”

“ဘာလို့လဲ”

“အဲဒါပြီးတာနဲ့ ငါ့မှာစပ်စုဖို့ အချိန်ရော စွမ်းအားရောမရှိခဲ့ဘူး”

“အမဲလိုက်ခံရတာလား”

“ဟုတ်တယ် အမဲလိုက်ခံရတာ၊ အဆုံးမဲ့ပဲ အင်အားကြီးတွေ အကုန်လုံး က ငါ့ကိုလိုချင်ကြတာ၊ တစ်ခါတစ်လေ တစ်ယောက် နှစ်ယောက်ပဲ တစ်ခါ လေ အုပ်စုလိုက်ပဲ၊ အဲတုန်းက ငါ့ဘဝက ပြေးနေရတာပဲ” မိုရှား ပြောလိုက် သည်။

“အဲတုန်းက ခင်ဗျားက နတ်ဆိုးလောကမှာ မိသားစုမရှိ သူငယ်ချင်းမရှိ နဲပ တစ်ယောက်တည်းကို နတ်ဆိုးလောကတစ်ခုလုံးနဲ ရင်ဆိုင်ရတာ အသက်ရှင်ဖို့ကို တကယ်ခက်မှာပဲ” ရှီမာယူယူသည် ထိုအချိန်က သူ၏ အခြေအနေကိုတွေးကြည့်ရာ သူ့အတွက် စိတ်မကောင်းဖြစ်ပြီး မေးလိုက် သည် “အဲနောက်ကိုဘာဖြစ်လဲ”

သူသည် လူသားကမ္ဘာတွင် လူသားများဆီမှ စွန့်ပစ်ခံရစဉ်က ဆယ်ကျော်သက်အရွယ်သာရှိသေးသည်။ သူသည် နတ်ဆိုးလောကကို သွား ခဲ့ရုံသာမက သူသာ သာမန်လူဖြစ်ပါက ထိုကြမ်းတမ်းမှုထဲတွင် အသက်ရှင် ရန်ဖြစ်နိုင်သည်။

“အဲဒါပြီးတော့…. အဲဒါပြီးတော့ ငါနေရာတစ်ခုကိုသွားချင်တာနဲ့ အဲ နေရာကနေထွက်လာခဲ့တာ ဘယ်သူမှငါ့ကိုမသတ်ရဲဘူး၊ ငါ့ကိုထိခိုက်အောင် လုပ်တဲ့သူတွေကို အကုန်ငါသတ်ခဲ့တယ်၊ အဲဒါပြီးတာနဲ့ ဘယ်သူမှငါ့ကို အန္တရာယ်ဖြစ်အောင်မတွေးရဲကြတော့ဘူး”

“ဒါဆို ခင်ဗျားရဲ့မိသားစုကရော ခင်ဗျားအဆိုးတွေချည်းရင်ဆိုင်ရချိန် မှာ သူတို့ကို မရှာဘူးလား”

“ရှာခဲ့တယ် ဒါပေမဲ့နောက်တစ်ခေါက် သစ္စာအဖောက်ခံလိုက်ရတယ်” မိုရှားသည် တည်ငြိမ်စွာပြောသော်လည်း နောက်တစ်ခေါက် သစ္စာအဖောက် ခံရတယ် ဆိုသည့်စကားလုံးအရောက်တွင် ဝမ်းနည်းမှုကိုပြသနေသည်။

“ဒါဆို အဲဒါပြီးတော့ သူတို့…”

“ငါသူတို့ကိုသတ်လိုက်တယ်” မိုရှားသည် အဝေးမှ တောင်ထိပ်များကို ကြည့်ကာ ပြောလိုက်သည် “ငါနတ်ဆိုးဘုရင်ဖြစ်လာပြီးတော့ သူတို့အားလုံး ကိုသတ်လိုက်လတယ်၊ ငါ့အဘိုး အဘွားနဲ့ ဦးလေးတွေ အကုန်လုံးကိုသတ် လိုက်တယ်”

“အဲမိသားစုဝင်တွေက ခင်ဗျားကိုလုံးဝဂရုမစိုက်ပဲ သတ်ချင်နေတဲ့သူ တွေပဲ သူတို့က တခြားသူတွေထက်ကို ခင်ဗျားအတွက် ဝမ်းနည်းမှု နာကျင်မှု တွေ ပိုများမှာပဲ” ရှီမာယူယူသည် သူ့ကိုသွေးအေးသော လူတစ်ယောက် အဖြစ် မမြင်ပေ။

သူမကဲ့သို့ ပျော်ရွှင်သောမိသားစု၊ ချစ်စရာကောင်းသော အစ်ကိုများနှင့် အဘိုးတို့ လူတိုင်းမရှိနိုင်ပေ။ ဥပမာပြောရလျှင် ဘေဂုံထန်ကဲ့သို့…

သူမပြောသည့်စကားကို မိုရှားကြားပြီးနောက်တွင် တိတ်တဆိတ် အံ့သြ ကာ ခေါင်းလှည့်ပြီး သူမကိုကြည့်လိုက်သည်။

သူမ၏ အကြည့်သည် ကြည်လင်ပြီး ပြုံးနေသော နှုတ်ခမ်းများသည် နူးညံ့နေသည်မှာ သူ၏အေးစက်သော နှလုံးသားကို အရည်ပျော်စေသည်။

သူမသည် သူ့ကိုနားလည်ပေးသည်။

သူ့မျိုးနွယ်များကို သူကိုယ်တိုင်ပင်သတ်ခဲ့သည်ဟု တခြားသူများသာ သိပါက အမုန်းများဖြင့် သူ့ကိုလက်ညှိုးထိုးကာ အပြစ်တင်ကြပေမည်။ အထူးသဖြင့် သူသည် ကလေးငယ်များကိုပါ သတ်ခဲ့သည်ကို သိကြပါက အားလုံးသည် သူ့ကို လူသတ်သမားနတ်ဆိုးဘုရင်ကဲ့သို့ ခံစားကြမည်။

သို့သော် သူတို့မသိကြသည်မှာ ထိုကလေးများသည် သူ့ကိုအမဲလိုက် ရာတွင် ပါဝင်ခဲ့ပြီး သူတို့၏ အခြေအနေနှင့် အသက်ကိုအသုံးချခဲ့သည်။ သူ သည်ထောင်ချောက်အဆင်ခံရကာ အသတ်ခံရလုနီးပါးဖြစ်ခဲ့သည်။

သူ သူတို့ကိုလုပ်ခဲ့သည်များသည် သူတို့လုပ်ခဲ့သည်များကို ပြန်ပေးဆပ် ခိုင်းသည်သာဖြစ်သည်။

“စိတ်ချပါ ခင်ဗျားကျွန်တော့်ကို သစ္စာမဖောက်ရင် ကျွန်တာ်လည်း ခင်ဗျားကို သစ္စာမဖောက်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

မိုရှားသည် သူမကို အချိန်အတော်ကြာကြည့်ပြီးနောက် ခေါင်းညိမ့် လိုက်သည်။

သူမ၏ ခံစားချက်များသည် အခြေအနေအရဖြစ်လာသော်လည်း သူ သည် သူမကို သစ္စာဖောက်ရန် တစ်ခါမှမတွေးဖူးပေ။ အများဆုံးအနေနှင့် အစပိုင်းက သူ့လွတ်လပ်မှုကို ပြန်ရစဉ်က သူမကို သတ်ရန်လုပ်ခဲ့သည့် အကြောင်းကို ပြန်တွေးမိသည်။

သို့သော် အခုတော့ သူမကိုသတ်မည်ဟုမဆိုထားနှင့် သူသည် သူမကို ကာကွယ်ပေးပြီး သူမဘေးတွင် နေသွားမည်။

ထို့ကြောင့် သူသည် သူမကို သစ္စာမဖောက်ပေ။ သူမသည်လည်း သူ့ကို သစ္စာဖောက်လိမ့်မည် မဟုတ်ဟု ယုံကြည်သည်။

“မင်းလုပ်စရာရှိတာသာ ဆက်လုပ်ပါ” သူသည် သူ့ခံစားချက်များကို ဖွင့်ဟခြင်းနှင့် အသားမကျသေးပေ။ သူသည် နှိပ်ကွက်ခံထားရသဖြင့် နူးညံ့ မှုနှင့် သိမ်မွေ့ခြင်းကို မည်သို့သင်ယူရမည်ကို အခုထိ မသိသေးပေ။

“ကောင်းပြီ” ရှီမာယူယူသည် သူ၏ ဝမ်းနည်းမှုကို သတိပေးသလို ဖြစ်သဖြင့် အတိတ်ကို မပြောချင်တော့ပေ။

သူမမျက်လုံးထဲတွင် သူသည် အဆင့်မြင့်သော နတ်ဆိုးဘုရင်မဟုတ် တော့ပေ။ အတိတ်တွင် နာကျင်မှုများရှိခဲ့သော သာမာန်လူတစ်ယောက်ပင်။

“သူမ သွေးတွေကို နောက်ပန်းကန်လုံးထဲခွဲလိုက် ပြီးတော့ မင်းရဲ့သွေး ကိုထည့်လိုက်” မိုရှား ညွှန်ကြားလေသည်။

ရှီမာယူူယူသည် သူပြောသည့်အတိုင်း သွေးကိုခွဲပြီး သူမ၏ သွေးကို ချကာ လိုက်လုပ်လိုက်သည်။

သွေးနှစ်ခုရောသွားသောအခါ အသံထွက်လာပြီး ရှီချူးရှောင်၏ သွေး သည် စတင်ဆူပွက်လာကာ ဆန်စေ့အရွယ် ပူပေါင်းများထွက်လာသည်။ ပူပေါင်းများကွဲသွားသောအခါ အနံ့စူးရှရှထွက်လာသည်။

ရှီမာယူယူသည် နှာခေါင်းကိုကာလိုက်သော်လည်း ထွက်မသွားပဲ အခြေအနေကို ဆက်ကြည့်နေလိုက်သည်။

***

All Chapters