မင်းက ငါ့စံပြပဲ
Vol. 009 Ch. 867
သွေးများသည် ဆက်တိုက်ဆူပွက်ပြီးနောက် အငွေ့ပျံသွားသည်။ သွေး သည် အရည်ကျဲကာ အရင်ကကဲ့သို့ မပြစ်တော့ပေ။
ရှီမာယူယူသည် အနီးကပ် အာရုံစိုက်ကြည့်ထားကာ နှစ်မိနစ်တိုင်းတွင် ရလဒ်ကို မှတ်သားလေသည်။ ဆယ်မိနစ်ကြာပြီးနောက် လှုပ်ရှားမှုမှာ ငြိမ်ကျ သွားသည်။
“အလုပ်ဖြစ်တယ်” သူမသည် ကျောက်စိမ်းတုတ်တံဖြင့် မွှေလိုက်သည် နှင့် သွေးမှာပြောင်းသွားသည်။
“မင်း မင်းဆက်ပြီးလေ့လာကြည့်ပေါ့” မိုရှားပြောလိုက်သည်။
ရှီမာယူယူ ခေါင်းညိမ့်ကာ စတင်လေ့လာတော့သည်။
မိုရှားသည် အနောက်ဆုတ်ကာ ငြိမ်နေလိုက်ပြီး သူမ ဟိုဟိုဒီဒီ လေ့လာ စမ်းသပ်နေသည်ကို ကြည့်နေလိုက်သည်။ သူ စိတ်ပျော်ရွှင်လာသဖြင့် ပြော လိုက်သည် “ရှီချန်းကျိရဲ့ အဆိပ်နည်းပညာက ကောင်းတယ်၊ မင်း အဆိပ်ကို အဆိပ်နဲ့ကုချင်တယ်ဆိုရင် သူ့ကိုမေးလို့်ရတယ်”
“…..” (စောစောက ဘာလို့မပြောတာလဲ)
ရှီမာယူယူ သူ့ကိုစိုက်ကြည့်ပြီးနောက် ပြန်လေ့လာလိုက်သည်။
“ခဏလေး ငါစမ်းကြည့်မယ် အဲဒါအလုပ်မဖြစ်ဘူးဆိုရင် သူ့ကိုသွားရှာ လိုက်”
သူသည် သူမကိုယုံကြည်မှုမရှိသော်လည်း သူမသည် သူမကိုယ်သူမ အဆိပ်ဖြေဆေး ရှာနိုင်မည်မဟုတ်ဟု မယုံကြည်ပေ။ ဟီးဟီး…
မိုရှားသည် သူမအတွေးကို စိတ်ထဲမှသိနေရသဖြင့် ပြုံးလိုက် သော်လည်း ဘာမှမပြောပေ။
မိုရှားသည် ရှီမာယူယူ ဝိဉာဉ်စေတီအတွင်း ရက်ပေါင်းများစွာ လေ့လာ နေသည်ကို ကြည့်နေခဲ့သည်။ သူသည် သူမကိုဒီလောက်အကြကြီး မကြည့် ခဲ့ဖူးပေ။ သူလုပ်ရသည်မှာ သူမကိုကြည့်ပြီး ရောင့်ရဲနေရုံသာ။
အချိန်များကုန်ဆုံးပြီးနောက် ၇ရက်မြောက်နေ့ရောက်လာသည်။ ဝိဉာဉ် စေတီအတွင်းတွင် ၇ရက် ၈ရက်မြောက်ဖြစ်လာချိန်တွင် ရှီမာယူယူသည် အကြံတချို့ကို အကြမ်းဖျင်းတွေးမိလေသည်။
ဒီနေ့တွင် ဟန့်မြောင်ရွှမ်သည် သူမကို လာရှာလေသည်။ သူမသည် ရွေးချယ်စရာမရှိတော့ပဲ လေ့လာလက်စကို ရပ်ကာ ထွက်လာခဲ့လိုက်သည်။
“စီနီယာအစ်မ ဘာဖြစ်လို့ရောက်လာတာလဲ” ရှီမာယူယူသည် သူမအား ဝင်ရန် ကြိုဆိုရင်းမေးလိုက်သည်။
“မင်းအလုပ်များနေတာ ငါသိတယ် တခြားဘာမှမဖြစ်ရင် မင်းကိုလာ မရှာဘူးပဲ” ဟန့်မြောင်ရွှမ် ဆက်ပြောလေသည် “မနက်ဖြန်ဘာဖြစ်မှာလဲ သိ လား”
“မနက်ဖြန်လား မနက်ဖြန်ဘာဖြစ်မှာလဲ” ရှီမာယူယူ မျက်တောင်ခတ် လိုက်သည်။
“မင်းမသိလောက်ဘူးဆိုတာ ငါထင်တယ်” ဟန့်မြောင်ရွှမ်သည် မျက်လုံးလှန်လိုက်သည် “မနက်ဖြန်က ပြိုင်ပွဲဒုတိယအကြော့ပဲ၊ ပထမ အကြော့တုန်းက အဆင့်၁ရထားတော့ မင်းမနက်ဖြန်ပြိုင်ပွဲကိုတက်ရလိမ့် မယ်”
“ပထမအကြော့ကပြီးသွားပြီလား မြန်လိုက်တာ” ရှီမာယူယူသည် တအံ့ တသြပြောလေသည်။
“မမြန်ဘူး ဆယ်ရက်တောင်ကျော်နေပြီ” ဟန့်မြောင်ရွှမ် ပြောလိုက် သည် “မင်းအထဲမှာနေတော့ အချိန်ကုန်တာလည်းသိမှာမဟုတ်ဘူးဆိုတာ သိတယ်၊ အဲဒါကြောင့် မင်းမတက်ဖြစ်မှာစိုးလို့ မင်းသူငယ်ချင်းတွေက ငါ့ကို လာသတိပေးခိုင်းတာ”
“ကျွန်တော်နားလည်ပါပြီ ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”
“ဘာမှမရှိတော့ရင် ငါအခုသွားတော့မယ် မင်းကိစ္စ ဆက်လုပ်နေလိုက် ပါ”
ရှီမာယူယူသည် ဟန့်မြောင်ရွှမ်ကို ပို့ပြီးနောက် ဝိဉာဉ်စေတီအတွင်းသို့ ပြန်ဝင်လိုက်သည်။ သူမသည် ဝိဉာဉ်လေးအား အချိန်ကိုမှတ်ခိုင်းကာ အဆိပ် နှင့်ပတ်သတ်ပြီး ဆက်လေ့လာနေလိုက်သည်။
နောက်တစ်နေ့တွင် ဝိဉာဉ်လေးသည် သူမအား ပြိုင်ပွဲအချိန်အား သတိပေးလာသည်။
သူမကို မတွေ့တာကြာပြီဖြစ်သော မျက်နှာများသည် ပြုံးပြကာ သူမ အားနှုတ်ဆက်ကြလေသည်။
“ယူယူ နောက်ဆုံးတော့ရောက်လာပြီလား” ဟော်ဖန်သည် သူမပခုံး အားကိုင်ကာ ပြောလေသည် “မင်း ဒီ့ထက်ကြာအောင်ပေါ်မလာရင်တော့ မင်းကို ဆုံးရှုံးလိုက်ရပြီမှတ်တာ၊ ငါတို့ မင်းကိုစိုးရိမ်နေတာ နှစ်ရက်လောက်ရှိ ပြီ”
ရှီမာယူယူသည် သူ့ကိုပြုံးပြကာ ပြောလိုက်သည် “အေးဆေးပေါ့ ခင်ဗျားနဲ့ ပြိုင်မယ်ဆိုတာ ကတိပေးပြီးပြီပဲ၊ ဒီတစ်ခေါက်မှာ မပြိုင်လိုက်ရဘူး ဆိုရင်တောင် နောက်တစ်ခေါက်ကို ခင်ဗျားနဲ့ပြိုင်မယ်”
“တကယ်လား” ဟော်ဖန်သည် ပျော်သွားကာ ပြောလေသည် “မင်း စောစောကတည်းက ပြောသင့်တယ် မဟုတ်ရင် ငါနှစ်ရက်လောက်စိတ်ပူ စရာမလိုတော့ဘူး”
“ခင်ဗျားဘာသာ စိုးရိမ်နေတာ၊ ကျွန်တော် ပြောပြီးသားပဲ ယူယူက အလုပ်များတယ် ဒါတောင် ခင်ဗျားက စိုးရိမ်နေတာ” ဖက်တီးကျူသည် လျှောက်လာကာ သူ့လက်ထဲမှ ရှီမာယူယူ၏ ပခုံးကိုဆွဲယူလိုက်သည်။
“သူ့ကိုဒီမှာမမြင်ရရင် ငါစိတ်မချနိုင်ဘူး” ဟော်ဖန် ပြောလိုက်သည်။
ဘယ်လောက်တောင် တိုက်ပွဲရူးလိုက်လဲ။
တကယ်တော့ သူ့စိတ်ထဲတွင် သူ ရှီမာယူယူကို မနိုင်နိုင်ဘူးဆိုသည်ကို သိသည်။ သို့သော် သူနှင့် အနည်းဆုံး တစ်ခါတော့ မယှဉ်ပြိုင်ရမချင်း မလွှတ် ပေးနိုင်ပေ။
သူတို့အဖွဲ့သည် ပြိုင်ပွဲကွင်းသို့လျှောက်လာကြည်သည်။ အနောက် တွင် ဆရာများလိုက်လာကြသည်။
ဆရာများသည် စည်းမျဉ်းများကိုကြေညာလေသည်။ ဒီတစ်ကြိမ်တွင် အဆင့်နှင့်မသက်ဆိုင်ပဲ အားလုံးသည် မဲနှိုက်ရမည်။ ထို့နောက် တိုက်ရမည်။ ကံမကောင်းသူများသည် သန်မာသောသူများနှင့် ယှဉ်ပြိုင်ရမည်။
ပြီးခဲ့သည့်အကြော့တွင် ပြုတ်ခဲ့သော လူ ငါးရာပြုတ်သွားသော လူများမှ လွဲပြီး အားလုံးသည် မဲနှိုက်ကြသည်။ အားလုံးပေါင်း လူခြောက်ရာဖြစ်သည်။
ရှီမာယူယူ နောက်မှလိုက်ကာ တန်းစီလိုက်သည်။ သူမအလှည့်ရောက် သောအခါ သေတ္တာထဲလုက်နှိုက်ပြီး စာရွက်တစ်ရွက်ကို ဆွဲလိုက်သည်။
နံပါတ် ၂၀သည် နံပါတ် ၁၉နှင့် ယှဉ်ပြိုင်ရမည်။
ရှီမာယူယူသည် နံပါတ်အား ကျေနပ်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် အစောပိုင်းတွင်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲပြီးသည်နှင့် ပြန်လေ့လာနိုင် သောကြောင့်ပင်။
သူမသည် ကွင်းပြင်တွင် အတန်ကြာအောင်စောင့်နေသည်။ ပြိုင်ပွဲ သည် တစ်နာရီကျော်ကြာသည်ဆိုလျှင် မြန်သည်ဟုပြောရပြီး နှစ်ရာရီကျော် သွားပါက ကြာသည်ဟု မှတ်ယူနိုင်သည်။
သူမသည် ဒုတိယအကြော့တွင်ဖြစ်သဖြင့် ပြိုင်ဘက်မှာ မနက်ပိုင်းတွင် ပင်ပြီးဆုံးသွားခဲ့သည်။
ကံကောင်းသည်မှာ သူမ၏ ပြိုင်ဘက်သည် မသန်မာပေ။ ပြိုင်ဘက် သည် သူမကိုမြင်သောအခါ သူမသည်လူသစ်ဖြစ်သည်ဟုမှတ်ယူ၍ အာရုံ သိပ်မထားခဲ့ပေ။ ပထမအကြော့တွင် သူမ ကံကောင်း၍နိုင်ခဲ့သည်ဟု ထင် ကာ သူမသည် မသန်မာဟု တွေးခဲ့သည်။
သည်လိုနှင့် သူသည် သူ့နာမည်ကိုပင် မပြောကာ သူမအား ပြောလိုက် သည် “စရအောင်”
သူသည် ဒီပွဲကိုလွယ်ကူစွာနိုင်မည်ဟု ထင်ထားသော်လည်း မိနစ် အနည်းငယ်ကြာသွားသောအခါ စင်အောက်သို့ရောက်သွားလေပြီ။
ရှီမာယူယူသည် မူလပုံစံအတိုင်းရပ်နေရာ သူ့တွင်တုန့်ပြန်ရန်အချိန်ပင် မရလိုက်ပေ။
သူဘယ်လိုလုပ် အောက်ရောက်လာတာလဲ။
သူသည် ရုတ်တရက် သူ့ရှေ့ရောက်လာကာ စင်ပေါ်မှပစ်ချခံလိုက်ရ သလို ခံစားရလေသည်။
“ပွဲစင် ၅ ရှီမာယူယူ အနိုင်ရ” ဒိုင်၏ အသံသည် သူ့နားထဲဝင်လာမှပင် သတိပြန်ဝင်လာသည်။
သူဒီအတိုင်းပဲ ပြုတ်သွားတော့မှာလား။ သူမယုံနိုင်သော်လည်း ဒိုင်လူ ကြီးမှာ ရလဒ်ကိုကြေညာပြီးဖြစ်သဖြင့် လက်ခံရုံအပြင်မရှိတော့ပေ။
ထိုသည်မှာ အဆင့်ပြိုင်ပွဲတွင် ဒီလောက်မြန်မြန် ရှုံးသည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။ ပွဲကြည့်စင်မှလူများသည် မှင်တက်သွားကြသည်။
ရှီမာယူယူသည် လှည့်ထွက်ပြီး စင်ပေါ်မှဆင်းလာသည်။ သူမသည် သူမ၏ ပြိုင်ဘက်ကိုဖြတ်ကျော်ပြီးသည်နှင့် ကောင်းကောင်းလုပ်နိုင်ခဲ့သည် ဟု ပြောခဲ့ရာ ထိုပြိုင်ဘက်သည် ရှက်လွန်းသဖြင့် နီရဲသွားလေသည်။
သူမသည် ပွဲကြည့်စင်ဘက်ပြန်လာချိန်တွင် ပြိုင်ပွဲကို မြန်မြန် အဆုံးသတ်လိုက်သည်ကို ရှီမာယူယူနှင့် သူမ၏ သူငယ်ချင်းများ မအံ့သြ သော်လည်း ထန်ယန်းနှင့် တခြားသူများ အံ့သြနေလေသည်။
“ယူယူ မိုက်လိုက်တာ မင်းက တကယ်ပဲ ငါ့…. ဘယ်လိုပြောရမလဲ စံပြ ပဲ ဟုတ်တယ် စံပြ”
ထန်ယန်းသည် သူမအား လေးစားစွာကြည့်လေသည်။ လူတစ်ယောက် က ပြိုင်ပွဲကို ဒီလောက်မြန်မြန် အပြီးသတ်နိုင်ရတာလဲ။ ပြီးတော့ လူသစ်နဲ့ စီနီယာတွေလေ။
အရေးကြီးဆုံးမှာ သူမသည် တိုက်ခိုက်ရာတွင် ဝိဉာဉ်စွမ်းအင်ကို မသုံးခဲ့ သောကြောင့် သူမ မည်မျှသန်မာသည်ကို ဘယ်သူမှမသိနိုင်ပေ။
“စံပြဟုတ်လား လွင့်သွားအောင်လုပ်ပေးရမလား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။
“ဖူး….”
ဟော်ဖန်နှင့် တခြားသူများရယ်မောလိုက်ကြသည်။ ဖက်တီးကျူနှင့် တခြားသူများ စံပြဟုသုံးလိုက်သည့်စကားလုံးတွင် သက်ရောက်မှုရှိသည်ကို သူ့ကိုမပြောပြလိုက်ရပေ။
“ငါအဲလိုပြောချင်တာမဟုတ်ဘူး ယူယူ ငါ့ကိုအထင်မလွဲပါနဲ့” ထန်ယန်း ပြောလိုက်သည။
“နောက်တာပါ” ရှီမာယူယူ ဆက်ပြောလိုက်သည် “ငါပြိုင်ပွဲပြီးပြီဆို တော့ အရင်သွားနှင့်မယ် ဒီပြိုင်ပွဲပြီးရင် ငါ့ကိုပြောဦး”
“အင်း”
ရှီမာယူယူ ဒီအတိုင်းထွက်သွားသည်ကို ဟော်ဖန် ကြည့်နေလိုက်သည်။ သူမ ဘာတွေလုပ်နေလို့ ပြိုင်ပွဲကိုတောင်မကြည့်နိုင်လောက်အောင် အလုပ် များနေတာလဲ… သူအလွန်သိချင်မိသည်။
ထန်ယန်းသည် ဘေးတွင်ရှိသော ယူယူ၏ ကျောပြင်ကို ကြည့်နေသော ရှီမာယူလင်းအား မေးရာ ရှီမာယူလင်းသည် စိတ်မကောင်းစွာ ပြောလေသည် “သူက အလုပ်များနေတာကို ကျွန်တော်တို့ မကူညီနိုင်ဘူး”
“သူက အမြဲဒီလိုပဲအလုပ်များနေတာလား”
“ဟုတ်တယ် သူအမြဲအလုပ်များနေတာ ကျွန်တော် သူ့ကိုပထမဆုံး တွေ့ကတည်းက သူ့ကိုသူတောင် ဂရုစိုက်ဖို့အချိန်မရှိပဲ အမြဲဒီလိုပဲအလုပ် များနေတာ….”
***