သဝန်တိုနေတာပဲ ဟုတ်တယ်မလား
Vol. 009 Ch. 868
ရှီမာယူယူ မည်မျှကြိုးစားပြီး အားစိုက်ထုတ်သလဲဆိုသည်ကို အားလုံး မြင်ရသဖြင့် သူမအတွက် စိတ်မကောင်းဖြစ်ကြသည်။
သူမပခုံးတွင် တာဝန်များစွာထမ်းထားရပြီး ထိုဝန်ထုတ်ဝန်ပိုးကိုချရန် မည်သူမှ မဖျောင်းဖျပေ။ သူတို့သည် သူမဘေးတွင်သာနေပေးပြီး သူမနှင့် အတူတကွကျော်လွှားနိုင်ရန် မျှော်လင့်ထားသည်။
ထိုသည်မှာ သူမ၏ဉာဉ်ကို သစ္စာဖောက်သလိုပင်။ သူမသည် သူမ၏ ပတ်ဝန်းကျင်အား ပျော်ရွှင်အောင်ထားပြီး သူတို့၏အနာဂတ်ကို မျှော်လင့် တတ်အောင်လုပ်ပေးသည်။ အဘယ့်ကြောင့်ဆိုသော သူတို့အမြင်အရ သူမ သည် သူတို့၏ အနာဂတ်ကို ပိုကောင်းအောင်လုပ်ပေးနိုင်သည်။
ရှီမာယူယူသည် ခွဲခွာခြင်းဥယျာဉ်ကိုပြန်လာပြီး ဝိဉာဉ်စေတီအတွင်း သွားလိုက်သည်။
ရှီချူးရှောင်၏ အဆိပ်ကိုလေ့လာရာ တချို့အဆင့်များကျန်နေသေး သည်။ သူမသည် အဆိပ်ကိုရှာဖွေရာတွင် သံကိုအပူပေးပြီး နာနာရိုက်သကဲ့ သို့ ပြုလုပ်ရမည်။
သူမ ဝင်သွားသောအခါ မိုရှားသည် လင်းလုံနှင့် ကစားနေသဖြင့် သူမ ၏ နှုတ်ခမ်းများသည် တွန့်ကွေးကာ ပြုံးလိုက်သည်။
“ပြိုင်ပွဲကပြီးသွားပြီလား” သူသည် သူမအား ကြည့်လိုက်သည်။
“ဟုတ်တယ် ကျွန်တော်က အစောပိုင်းပြိုင်ပွဲထဲပါသွားတာ၊ အဲဒါကြောင့် ပြီးတာနဲ့ တစ်ခါတည်းပြန်လာလိုက်တာ”
“မင်း လေ့လာတာကိုဆက်လုပ်ချင်လား” မိုရှား မေးလိုက်သည်။
“ဟုတ်တယ်” ရှီမာယူယူ လျှောက်သွားကာ လင်းလုံကိုပုတ်လိုက်သည် “ဒီပြိုင်ပွဲအချိန်အတွင်းကို အဆုံးသတ်နိုင်ရင်တော့ အကောင်းဆုံးပဲ၊ ပြိုင်ပွဲပြီး သွားတာနဲ့ တခြားကိစ္စတွေလုပ်ဖို့ ထွက်သွားလို့ရတယ်”
တခြားကိစ္စဆိုသည်မှာ မိုရှား၏ ကိစ္စများနှင့် သူမကိုယ်ပိုင် အင်အား ကြီးတည်ထောင်ခြင်း အလုပ်များကို ဆိုလိုသည်။
သူမသည် ဆေးဖော်သည့်အခန်းထဲသို့ သွားလိုက်သည်။ စားပွဲပေါ်မှ ပစ္စည်းကိရိယာများကို ကြည့်ကာ သူမ သက်ပြင်းချလိုက်သည်။
သူမသည် အတွင်းဂိုဏ်းသို့ဝင်စဉ်ကပင် အဆင့်ပြိုင်ပွဲအကြောင်းကို သိ ခဲ့သဖြင့် ပြိုင်ပွဲကိုဝင်ပြိုင်ချင်ခဲ့ပြီး တိုင်းပြည်မှ တခြားသောလူငယ်များအကြား တွင် သူမသည် မည်သည့်အဆင့်တွင်ရှိသည်ကို သိချင်ခဲ့သည်။ သူမသည် ထိုလူငယ်များ၏ လုပ်နိုင်စွမ်းကို ကြည့်ချင်ခဲ့သည်။
သို့သော် ပြိုင်ပွဲမတိုင်ခင် အခုကဲ့သို့ကိစ္စများဖြစ်ခဲ့ပြီး အဆိပ်ဖြေဆေး အတွက် လေ့လာနေရမည်ဟု ထင်မထားခဲ့ပေ။ သူမသည် ပြိုင်ပွဲကိုကြည့်ရန် အချိန်ရော အင်အားရောမရှိခဲ့ပေ။
သူမ ထိုအကြောင်းအားတွေးမိသောအခါ အကူအညီမဲ့သလိုခံစားရလေ သည်။
သို့သော် အတွေးများသည် အတွေးသည်သာ… သူမသည် ဆက်လုပ် မှသာ ထိုကိစ္စကို မြန်မြန်ဖြေရှင်းနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ပြိုင်ပွဲဒုတိယအကြော့ပြီးသည့်တိုင် သူမသည် ခြေတစ်လှမ်း မှမထွက်ခဲ့ပေ။
ပြိုင်ပွဲတတိယအကြော့မတိုင်ခင်တွင် ဟန့်မြောင်ရွှမ်သည် သူမအား နောက်တစ်ခေါက်ပြန်လာရှာကာ နောက်တစ်နေ့တွင် ပြိုင်ပွဲတတိယအကြော့ ကိုပါဝင်ရန် သတိလာပေးလေသည်။
ဒုတိယအကြိမ်ဖယ်ထုတ်ပြီးနောက်တွင် လူသုံးရာသာကျန်တော့သည်။ စည်းမျဉ်းများမှာ အတူတူပင်။ အားလုံးသည် စင်ပေါ်တွင်တန်းစီပြီး မဲနှိုက်ရ သည်။
ဒီတစ်ကြိမ်တွင် သူမ၏ နံပါတ်မှာအနောက်ရောက်ပြီး သူမ မုန်းသော နံပါတ်ဖြစ်သည့် ၂၅၀ ဖြစ်သည်။
“၂၅၀ အာ ဒီတစ်ခါတော့ တကယ်ပဲ ၂၅၀ပဲ” သူမသည် နံပါတ်ကို ကြည့် ရင်း သူမကိုယ်သူမ သရော်လိုက်သည်။
ပြိုင်ပွဲ ၁၅၀ပွဲများတွင် သူမအလှည့်သည် ပထမသုံးရက်အတွင်း ရောက် မလာနိုင်ပေ။ ထို့ကြောင့် သူမသည် ထိုသုံးရက်အတွင်း ဝိဉာဉ်စေတီအတွင်း ပြန်လာခဲ့သည်။
သူမအလှည့်ဖြစ်သော ၄ရက်မြောက်နေ့ရောက်လာသည်။ သူမ ပြိုင်ပွဲ မတိုင်ခင်အထိ သူမ၏ ပြိုင်ဘက်သည် မည်သူဖြစ်သည်ကို မသိခဲ့ပေ။
“ငါကလော့ကျိယွမ်ပါ ပြီးခဲ့တဲ့ထိပ်တန်းအဆင့်ပြိုင်ပွဲမှာတုန်းက အဆင့် ၉၆ရခဲ့တာ” ယူယူ၏ ပြိုင်ဘက်ကပြောလိုက်သည် “ငါ မင်းကိုသိတယ်၊ မင်း က လူသစ်တွေထဲမှာ အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ မင်း မိုးကြိုးသွား အဖွဲ့ခေါင်းဆောင်နဲ့တိုက်တာကို ငါမြင်လိုက်တယ်၊ မင်းမှာ လူသစ်တွေမှာ မရှိတတ်တဲ့ အားမျိုးရှိတယ်ဆိုတာ ငါသိတယ် အဲဒါကြောင့် အရင်လူလုပ်ခဲ့ သလို မင်းကို ငါသတိလက်လွှတ်အဖြစ်မခံနိုင်ဘူး”
သူမ၏ ပြိုင်ဘက်ကို အကဲဖြတ်ရသလောက် ရှီမာယူယူသည် ဂုဏ်ယူ မိသည်။ ပြိုင်ဘက်သည် သူမကို ရွံရှာခြင်းမရှိ၊ နှိမ့်ချခြင်းမရှိ၊ ဘဝင်မြင့်ခြင်း မရှိခြင်းတို့ကြောင့် သူ့ကိုလေးစားမိသည်။
“ကျွန်တော်က ရှီမာယူယူပါ စီနီယာ ကျေးဇူးပြုပြီး ကျွန်တော့်ကိုအကြံ ပေးပါ” သူမ လက်အုပ်ချီကာ နှုတ်ဆက်လိုက်သည်။
“ကျေးဇူးပြုပြီး”
လော့ကျယွမ်သည် သူမအပေါ် စိတ်ချလက်ချမဖြစ်သော်လည်း သူ၏ အားအင်သည် သူမကို အောင်နိုင်စေလောက်သည်။ သူမ၏ ပြိုင်ဘက်ကို နာရီဝက်အတွင်း အနိုင်ရမလားဆိုသည်မှာ မသေချာပေ။
“ငါ အရှုံးကိုငါဝန်ခံပါ့မယ်” လော့ကျိယွမ်သည် သူ့လည်ပင်းမှဓားသွား ကိုမြင်သောအခါ တည်ငြိမ်စွာပြောလိုက်သည်။
ရှီမာယူယူသည် သူ့အတွက်ခက်ခဲအောင်မလုပ်ပေ။ သူအညံ့ခံသည်နှင့် သူမသည် ဓားသွားကို ဓားအိမ်ဖြင့်ပြန်သိမ်းကာ ပြောလိုက်သည် “တကယ် ကောင်းတဲ့တိုက်ပွဲပါပဲ”
ဒိုင်လူကြီး၏ ကြေညာချက်ကိုကြားပြီးနောက် သူတို့နှစ်ယောက်လုံး သည် စင်ပေါ်မှအတူဆင်းလာကြသည်။ ရှီမာယူယူသည် သူ့အပေါ် ထင်မြင် ချက်မှာကောင်းသဖြင့် သူနှင့် စကားပြောနေလိုက်သည်။
ဝိဉာဉ်စေတီအတွင်းတွင် သူမသည် ယောက်ျားလေးတစ်ယောက်နှင့် ရယ်မောကာစကားပြောနေသည်ကို တွေ့သောအခါ ရင်ထဲတွင် ထူးဆန်း သော ခံစားချက်မျိုးရလေသည်။ သူသည် အလွန်ဒေါသထွက်သဖြင့် အပြင် ထွက်ကာ ထိုလူအား မှတ်လောက်အောင်ရိုက်ပစ်ချင်မိသည်။
အရင်က သူမ တခြားယောက်ျားလေးများနှင့် စကားပြောသည်ကို မြင် လျှင် မသက်မသာဖြစ်မိသော်လည်း အခုလောက်ဒေါသမဖြစ်မိပေ။
“ဒီမှာ ဒီမှာ….. ဒီမှာတော့ ဖိအားတွေကျသွားအောင်မလုပ်လိုက်နဲ့” ဝိဉာဉ်လေးသည် မိုရှား၏ သန်မာသောညည်းညူလိုက်သည်ကို မြင်လိုက်ရ သည်။
မိုရှားသည် သူ့ကိုလျစ်လျူရှုကာ အပြင်တွင်ရှိသော ရှီမာယူယူကိုသာ ကြည့်နေလိုက်သည်။ သူသည် စိတ်ထဲတွင် အလွန်စိတ်ဆိုးနေပြီ။
“ဟင်” ရှီမာယူယူသည် ဝိဉာဉ်စေတီအတွင်းတွင် အပြောင်းအလဲကို ခံစားလိုက်ရသည်။ နားမလည်မှုနှင့်အတူ လော့ကျိယွမ်ကို ပြောလိုက်သည် “ကျွန်တော်လုပ်စရာရှိသေးလို့ သွားလိုက်ပါဦးမယ်”
“ပြိုင်ပွဲကိုကြည့်ဖို့မနေတော့ဘူးလား” လော့ကျိယွမ်သည် သူမ ပြန် တော့မည်ကိုတွေ့သောအခါ အလန့်တကြားမေးလေသည်။
ထိပ်တန်းအဆင့်ပြိုင်ပွဲဆိုသည်မှာ ကျောင်းသားအားလုံး လက်မလွှတ် သင့်သည့်ပွဲဖြစ်သည်။ အဲဒါကို သူမက မကြည့်တော့ဘူးလား။
“ကျွန်တော်လည်း ကြည့်ချင်ပါတယ် ဒါပေမဲ့ လုပ်စရာရှိတာလေး အရေး တကြီးပေါ်လာလို့ သွားလိုက်ပါဦးမယ်” ရှီမာယူယူသည် လက်ရမ်းကာ လျင်မြန်စွာ ထွက်ခဲ့လိုက်သည်။
ပြန်လာသောလမ်းတွင် သူမသည် ဝိဉာဉ်စေတီအတွင်းတွင် အရှုပ်အထွေးဖြစ်နေသည်ကို ခံစားမိသဖြင့် ဝိဉာဉ်လေးကိုမေးလိုက်သည် “ဘာဖြစ်တာလဲ”
“နတ်ဆိုးကြီးက ပေါက်ကွဲနေတာ” ဝိဉာဉ်လေး ဆက်ပြောလေသည် “ကံကောင်းလို့ တံခါးပိတ်ကျင့်နေတဲ့သူတွေ လန့်မသွားတာ၊ မဟုတ်ရင် သူ့ သရုပ်မှန်တော့ ပေါ်သွားတော့မှာ”
ဗျိုင်းဖြူမျိုးနွယ်မှ အကြီးအကဲများ၊ တောင်ပံလေးခုဂဠုန်များ၊ အဘိုးနှင့် အဒေါ်လန်တို့သည် တံခါးပိတ်ကျင့်ကြံနေသည်ကို ရှီမာယူယူတွေးမိလိုက် သည်။ ထိုလှုပ်ရှားမှုသည် သူတို့ကိုလန့်သွားစေနိုင်လောက်သည်။
“သူ့ကိုဘယ်သူက သွားစတာလဲ၊ ဘာလို့အဲလောက် သတိမဲ့ရတာလဲ” သူမ အပြစ်တင်လေသည် “ငါအထဲရောက်မှ သူနဲ့ရှင်းလိုက်မယ်”
မိုရှားသည် သူမပြောသည့်စကားကိုကြားသော်လည်း ဘာမှမတုန့်ပြန် ပေ။ သူမက သူနဲ့ရှင်းချင်တယ်ဟုတ်လား။ သူက သူမနဲ့ပိုပြီးရှင်းချင်သေး။ တခြားယောက်ျားလေးနဲ့ ဘယ်လိုဖြစ်ပြီး တရင်းတနှီးနေနိုင်ရတာလဲ။
ရှီမာယူယူသည် ခွဲခွာခြင်းဥယျာဉ်သို့ပြန်ပြီး ဘယ်သူမှ သတိမထား မိသည်မှာ သေချာအောင်လုပ်ကာ ဝိဉာဉ်စေတီအတွင်းဝင်လိုက်သည်။ သူမ သုန်မှုန်စွာ မေးလိုက်သည် “ခင်ဗျားရှိတာကို သူတို့မသိဘူးဆိုတာ မသိဘူး လား၊ ခင်ဗျားဒီလောက် ဂယက်ထအောင်လုပ်ရဲတာ၊ တခြားသူတွေ ခင်ဗျား အကြောင်းသိသွားရင် ဘယ်လိုလုပ်မလဲ”
“ဒါဆိုလည်း သိပါစေပေါ့” မိုရှားသည် တွေဝေခြင်းမရှိပြောလေသည်။
“ခင်ဗျားက ဘယ်လိုသရုပ်မှန်ရှိလဲဆိုတာ ကိုယ်တိုင်သိတာပဲ၊ အဲလောက်လူတွေအများကြီးကို ဘာလို့ပေးသိမှာလဲ” ရှီမာယူယူ ပြောလိုက် သည်။
“ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဒီနေရာကနေ ထွက်သွားလို့မရမှတော့ သတင်းမပြန့်နိုင်ပါဘူး”
“ဒါပေမဲ့ ခင်ဗျားရှိနေတာက သူတို့စိတ်ကို သက်ရောက်မှုရှိနိုင်တယ်၊ သူတို့ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံလို့ရတော့မှာမဟုတ်ဘူး”
“မင်း သူတို့ကို အလုံအလောက် နှိုးဆော်ပေးပြီးပြီမဟုတ်ဘူးလား” မိုရှား ဆက်ပြောလေသည် “မင်းသူတို့ကိုပေးတဲ့ လှုံ့ဆော်မှုက သူတို့စိတ်ထဲ က အားကိုပိုတိုးဖို့ လုံလောက်နေပြီလေ”
“ခင်ဗျားရဲ့ သရုပ်မှန်ကို သူတို့ကိုပေးမသိစေချင်ဘူးဆိုလည်း ဘာလို့ ကျွန်တော့်နေရာကို ရှုပ်အောင်လုပ်ရတာလဲ” ရှီမာယူယူ သူ့ကို စိုက်ကြည့် လိုက်သည်။
သူက ဒီအကြောင်းကို မေးရဲသေးတယ်။
“မင်း ပြိုင်ပွဲပြီးတာတောင် ပြန်လာပြီး အဆိပ်ဖြေဆေးမဖော်ပဲ အဲမှာ ဘယ်သူက နေခိုင်းလို့လဲ ပြိုင်ပွဲက တစ်ဝက်တောင်ပြီးနေပြီ၊ မင်းက ဘာမှ မလုပ်တာ ငါ့ကိစ္စတွေ နှောင့်နှေးသွားရင် ဘယ်လိုလုပ်မှာလဲ” မိုရှား ဆက် ပြောလေသည် “မင်း ပြန်မလာတာတင်မဟုတ်ဘူး တခြားယောက်ျား တစ် ယောက်နဲ့ ပျော်ပျော်ပါးပါးကြီး စကားပြောနေလိုက်သေးတယ်၊ အဲတော့ ငါ့ကို ဒေါသထွက်အောင်လုပ်တာ မင်းပဲ”
“ကျွန်တော်က တခြားယောက်ျားလေးနဲ့ ပျော်ပျော်ကြီး စကားပြောနေ တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ကျွန်တော်တို့က ဒီနေ့ပြိုင်ပွဲအကြောင်းပဲ ပြောတ၊ ဒါကို ပျော်ပျော်ပါးပါးစကားပြောတယ်လို့ ခေါ်တာလား၊ မဟုတ်ဘူး အဲဒါ ပြောချင်တဲ့အချက်မဟုတ်သေးဘူး တခြားယောက်ျားလေးလား၊ မိုရှား ခင်ဗျား သဝန်တိုနေတာပဲ မဟုတ်ဘူးလား”
**